မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Monday, December 30, 2013

မော်တော်ကား နည်းပညာအတွက် Google နဲ့ Apple လုပ်ဆောင်နေ

Tuesday, December 31, 2013

နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Google နဲ့ Appleတို့ဟာ မော်တော်ကား ဘက်မှာ သူတို့ရဲ့နည်းပညာတွေကို
 ချဲ့ထွင်သွားဖို့ရှိပါတယ်။ နောက်တစ်ပတ် Las Vegas မှာပြသမယ့် သုံးစွဲသူ အီလက်ထရောနစ် ပြပွဲကြီးမှာ Google
 နဲ့ ဂျာမနီကားထုတ်လုပ်ရေး Audi တို့ဟာ မော်တော်ကားပိုင်းဆိုင်ရာ ဖျော်ဖြေရေးနှင့်သတင်းအချက်အလက် စနစ
် ကို Googleရဲ့ Android ဆော့ဖ်ဝဲလ် အခြေခံပြီး ဖွံ့ဖြိုးတိုးတက်အောင်၊ လူတွေနဲ့ အကျွမ်းတ၀င်ဖြစ်အောင် လုပ်ဖို့ရှိ
တယ်လို့ ကြေညာခဲ့ပါတယ်။
       Android ဟာ အနာဂတ် ယာဉ်တွေအတွက် အရေးပါတဲ့နည်းပညာတစ်ရပ်ဖြစ်ကြောင်းကို ထုတ်ပြန်ကြေညာဖို့
အတွက် ချစ်ပ် ထုတ်ကုမ္ပဏီ Nvidia Corp. အပါအ၀င် မော်တော်ကားကုမ္ပဏီတွေ၊ နည်းပညာ ကုမ္ပဏီတွေနဲ့ အတူ
အနီးကပ်ပူပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ပါတယ်။ ရည်ရွယ်ရင်းကတော့ ယာဉ်မောင်းသူနဲ့ လိုက်ပါစီးနင်းသူတွေဟာ
သီချင်းဖွင့်ဖို့၊ လမ်းပြစနစ်သုံးနိုင်ဖို့ နဲ့ Androidစနစ်သုံး ဖုန်းတွေမှာ သုံးလို့ရတဲ့ ၀န်ဆောင်မှုစနစ်တွေနဲ့ အလားတူ
စနစ်တွေကို သုံးနိုင်ဖို့ ဖြစ်ပါတယ်။တစ်နှစ်ကို ကားနဲ့ ထရပ်ကား အစီးရေ သန်း၈၀ရောင်းနေရတဲ့ ကားဈေးကွက်ဟာ
 Apple နဲ့ Google တို့အတွက် အခွင့်အလမ်းသစ်တစ်ရပ် ဖြစ်လာပါတယ်။

Ref:online
Trend Myanmar

Mobile Guide Journal ၊အတွဲ(၂)၊အမှတ်(၃၅)

အပတ်စဉ်တင်ဆက်ပေးနေကျ Mobile Guide Journal အတွဲ(၂)၊အမှတ်(၃၅)ကို အောက်ပါလင့်တွင် Download ရယူနိုင်ပါပြီ.

                                                             Download

Friday, December 27, 2013

အင်တာနက် မသုံးနိုင်သူများအတွက် ဖေ့စ်ဘွတ်၏ စီမံကိန်း


Friday, December 27, 2013

Facebook ၏ CEO လည်းဖြစ် founder လည်းဖြစ်သည့် Mark Zucker-berg အနေဖြင့် ကမ္ဘာပေါ်ရှိ လူသားအားလုံး
အင်တာနက်အသုံးပြုနိုင်ဖို့ ရည်ရွယ်ချက်ဖြင့် Internet.Org ၀က်ဘ်ဆိုဒ်နဲ့ စတင်ထားတဲ့ အစီအစဉ်တစ်ခုကို စတင်လိုက်ပြီ ဖြစ်သည်။
လက်ရှိအချိန်တွင် ကမ္ဘာ့အတိုင်းအတာဖြင့် ၂ ဒသမ ၇ ဘီလီလျံသောသူများ သာ အင်တာနက်အသုံးပြု နိုင်ပြီး နှစ်စဉ် ကိုးရာခိုင်နှုန်းသာ
 နှေးကွေးစွာ တိုးတက်လာနေတယ်လို့ ဆိုပါသည်။ ထို့အတွက် ရည်ရွယ် ခဲ့သည့် Internet.Org အနေနဲ့ data ကို အပြည့်အ၀အသုံးချနိုင်
ရန် ကုန်ကျစရိတ်နည်းသည့် အင်တာ နက်ချိတ် ဆက်နိုင်ဖို့၊ အင်တာနက်အသုံးပြုနိုင်ဖို့ လမ်းကြောင်းပေးနိုင်တဲ့ စီးပွားရေးမူဝါဒများ ချ
မှတ်နိုင် မည့် စီးပွားရေးလုပ်ငန်းတွေ ဖန်တီးဖို့အတွက်ရည်ရွယ်ထားပြီး၊ founder များအနေဖြင့်Facebook, Ericsson, MediaTek, Nokia,
 Opera, Qualcomm, Samsung စသည့် ကုမ္ပဏီကြီးများ ပါဝင်ကြောင်း သိရသည်။
         ပြီးခဲ့သည့် ရက်များစွာကလည်း Google က ကမ္ဘာအနှံ့ကို အင်တာနက် ချိတ်ဆက်နိုင်ဖို့ မိုးပျံပူဖောင်းတွေ နဲ့ အင်တာနက် ထပ်ဆင့်လွှင့်ဖို့
Project Loon ဆိုတဲ့ စီမံကိန်းတစ်ခု စတင်ထားခဲ့ပြီး Facebook နှင့် ထိပ် တိုက်တွေ့မည့် သဘောဆောင်နေကြောင်း သိရသည်။
Potential project တွေအနေဖြင့် တန်ဖိုးနည်းအရည်အသွေးမြင့် smart-phone တွေ ထုတ်လုပ်နိုင်ဖို့၊ ဖွံ့ဖြိုးဆဲ/ ဖွံ့ဖြိုးမှုမရှိတဲ့ နေရာတွေမှာ
 အင်တာနက် ရရှိနိုင်ဖို့၊ mobile ဖုန်းတွေကို မိခင်ဘာသာ စကားနဲ့ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့စတဲ့ စီမံကိန်းတွေရှိပြီး လောလောဆယ်
အချိန်မှာတော့ Internet.O rg ၀က်ဘ်ဆိုဒ်က ဗီဒီယိုတစ်ခုသာရှိသေးပြီး မကြာခင်မှာ သတင်းတွေ၊ လှုပ်ရှားမှုတွေ ဆက်တိုက် တင် ပေးသွား
မှာဖြစ်ကြောင်း သိရသည်။

Mizzima - News in Burmese

မြန်မာဖောင့် နှင့် iOS 7+ အတွက် အကောင်းဆုံး Cydia Sources များ

iOS 7+ နှင့် လိုက်ဖက်ညီစေမယ့် "Cydia" version 1.1.9 ကို အခုဆိုရင် Update လုပ်နိုင်ကြပါပြီ...
iOS 7 Themes နဲ့အတူ အမြင်သစ်နှင့် Cydia ကို မြင်တွေ့ကြရပါလိမ့်မယ်၊ Cydia ကို Upgrade လုပ်ရန်အတွက်
 Cydia icon ကို နှိပ်ပါ၊ pop up message ပေါ်လာပါက "Upgrade Essential" (သို့) "Upgrade Complete"
တစ်ခုခုကို ရွေးပေးလိုက်ပါက အလိုလျှောက် Update လုပ်သွားပါလိမ့်မည်..
Cydia အသစ်နှင့်အတူ ၂၀၁၄ ခုနှစ်အတွက် iOS 7+ အတွက် အကောင်းဆုံး Sources အသစ်များကို ဖော်ပြပေးလိုက်ပါတယ်..
၁) Sources များကို သွင်းယူရန် "Cydia" ကို ဖွင့်ပါ။
၂) Manage -> Sources -> Edit -> Add (http:// နှင့် စသောကို သွင်းယူပါ)
**2014 Top Cydia Sources**
   * Mobilefarm: http://cydia.myrepospace.com/mobilefarm/ **မြန်မာစာသွင်းရန်**
    * Repo Cydia: http://RepoCydia.com
    * BiteYourApple: http://repo.biteyourapple.net
    * HackStor repo: http://cydia.myrepospace.com/Hackstore/
    * HackYouriPhone: http://repo.hackyouriphone.org
    * iHacks: http://ihacksrepo.com
    * insanelyi: http://repo.insanelyi.com
    * idwaneo: http://idwaneo.org/repo
    * ihackstore: http://ihackstore.com/repo
    * theiphonespotrepo: http://apt.theiphonespotrepo.net
    * myrepospace (iAP Cracker): http://cydia.myrepospace.com/urus
    * Xsellize: http://cydia.xsellize.com
    * THIS LINK IS FORBIDDEN: http://THIS LINK IS FORBIDDEN.com
    * EasyWakeup.net: http://easywakeup.net/repo/
    * iFone1 Norway: http://c.ifon1.no/
    * Ste: (ScuummVM): http://urbanfanatics.com/cydia/
    * Intelliborn (IntelliScreen) : http://intelliborn.com/cydia
    * Games Team source: http://apt.123Locker.com
    * SOSiPhone: http://cy.sosiphone.com/
    * Pushfix: http://cydia.pushfix.info/
**မြန်မာစာဖောင့်သွင်းယူရန်**
Source: "http://cydia.myrepospace.com/mobilefarm/" ကိုသွင်းယူပါ။
ထိုနောက် ပုံတွင် ပြထားသော "Zawgyi Font iOS" ကို Install လုပ်ပါ။
iOS 7+ နှင့် ကောင်းမွန်စွာ အလုပ်လုပ်ပေးနိုင်မယ့် AppSync 7+
Source: " http://cydia.appaddict.org " and Appsync for iOS 7.0 + install.
**Working Tweaks with iOS 7+**
    * Accelerate
    * AirPlayServer
    * BadgeClearer
    * DateCarrier
    * Deck
    * F.lux
    * FireWall iP
    * FolderCloser
    * GridLock
    * Icon Renamer
    * MiniPlayer
    * MyWi
    * NoNewsIsGoodNews
    * NoStoreButton
    * OverAchiever
    * PandoraSkips
    * Plugication
    * Poof
    * PrivaCy
    * Repsring
    * ShakeToUndo Killer
    * Signal 2
    * Signal Booster
    * SIGnify
    * Software Update Killer
    * StatusHUD
    * SwipeSelection
    * TimeForAlarm
    * WelcomeMew
    * Five Icon Dock iOS 7
    * Flipswitch
    * HiddenSettings7
    * iCleaner Pro
    * iPhone4Parallax
    * KillBackground7
    * Mobile Terminal
    * Movie Box
    * Music Box
    * MyFile
    * Open
    * Preference Loader (Must Reinstall after every tweak/cydia app install or reboot)
    * Poof
    * Sicarius
    * Speed Intensifier
    * SwipeToRespring
    * HarlemShake7
    * AirDrop Enabler 7.0+

မိုးသိကြား
Ref & Credit-  မိုးသိကြား

မြန်မာ font ၃၄၀ ပါဝင်တဲ့ ဒီဇိုင်းသစ်

 မင်္ဂလာ နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုနိုင်ကြပါစေဗျာ. နှစ်သစ်မှာ
ဒီဇိုင်းသစ်တွေ ရေးဖို့ မြန်မာ font ၃၄၀ ပါဝင်တဲ့ ဒီဇိုင်းသစ် တစ်ခုကို
စုစည်းပြီး အားလုံးအတွက် တင်ပေးလိုက်ပါတယ်..
    keyboard လက်ကွပ်တွေကလည်း zawgyi နဲ့တူတွေတာများတဲ့အတွက်
zawgyi font အသုံးများတဲ့ မိတ်ဆွေများ အတွက် အားသာချက်များနေပါတယ်
ဒီဇိုင်းသစ်တွေ ကိုမှ ကြိုက်ပါတယ် ဆိုတဲ့ မိတ်ဆွေများ အောက်မှာ ဒေါင်းနိုင်ပါပြီ
        
                               DOWNLOAD

Wednesday, December 25, 2013

Winamp free download

PC သမားများအတွက် Winamp အသံကြည်လန်ပြတ်သားပြီး
အသုံးရလွယ်တဲအတွက် ပြန်လည်တစ်ခါ တင်ပေးလိုက်ပါတယ်
ဒီဇင်ဘာ အားလက်ရက်တွေမှာ ပျော်ရွှင်နိုင်ကြပါစေဗျာ...
                                        DOWNLOAD


Tuesday, December 24, 2013

Nokia ရဲ့  ပထမဆုံး Android ဖုန်းထွက်မည်

EvLeaks ဝဘ်ဆိုဒ်မှာ ဖော်ပြခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပြီး Nokia ရဲ့  ပထမဆုံး Android OS သုံး စမတ်ဖုန်း ဖြစ်
ကြောင်း သိရပါတယ်။ ဖုန်းရဲ့  codename အနေနဲ့ Normandy လို့အမည်ပေးထားကြောင်း ဆိုပါတယ်။
ဖုန်းက Nokia Lumia လိုပဲ အရောင်စုံ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ့ ကတော့ သာမန်
Android OS သုံးဖုန်းများနဲ့ အတူအောင် ထိပ်တန်း Android Application များကို အသုံးပြုနိုင်မယ့် အဆင့်မြင့်
စမတ်ဖုန်း တစ်လုံး ဖြစ်အောင် ဖန်တီးထားကြောင်း ဆိုပါတယ်။ Android OS ကို အသုံးပြုပြီး ဖုန်းစမ်းသပ်နေ
တယ် ဆိုတဲ့ သတင်းက မှန်ကန်စေခဲ့ပြီး ယခုတော့ စမ်းသပ်အဆင့်မှာတင် မဟုတ်တော့ပဲ ဖုန်းပါ ထွက်ရှိ လာစေ
 တော့မှာ ဖြစ်ပါတယ်။ ဖုန်းမှာ ပါဝင်မယ့် Specification တွေ ကိုတော့ ဖော်ပြ ပေးထားခြင်း မရှိသေး ပါဘူး။
Nokia ကို ၂၀၁၄ မှာ Microsoft သို့အပြီးတိုင် ပြောင်းလဲမှာ ဖြစ်ပါတယ်။ Microsoft ဆိုတာ Nokia အတွက်
အသင့်တော်ဆုံး Windows Phone OS ကို ထောက်ပံ့ပေးခဲ့တဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ ယခုတော့ Nokia ဟာ Microsoft
 ရဲ့  ပြိုင်ဘက် ဖြစ်တဲ့ Google ရဲ့  Android OS ကို အသုံးပြုတယ် ဆိုတော့ ဖုန်းအခြေအနေက ဘယ်လိုလာမယ်
ဆိုတာ သေချာမသိရ သေး ပါဘူး။ Microsoft အနေနဲ့ ၎င်းတို့ လက်အောင်က ဖုန်းတွေ Android အသုံးပြုမှုသာ
လက်ခံရင် Windows Phone OS ကို ပြန်နှိမ်ရာကျတာနဲ့ အတူတူပါပဲ။ Nokia ရဲ့  Android ဖုန်း Project ထဲမှာ
Microsoft တို့ ပါဝင်ခဲ့ခြင်း မရှိကြောင်း ဆိုပါတယ်။၂၀၁၄ နှစ်ဆန်းကာလ အတွင်းမှာပဲ Nokia ထုတ် Android
ဖုန်းများကို ဖြန့်ဖြူးရောင်းချ သွားမှာ ဖြစ် ကြောင်း သိရ ပါတယ်။
.
Ref: pocketlint

အောင်ခမ်း ( smart.com.mm )

Monday, December 23, 2013

ဘာမြူဒါတြိဂံနယ်မြေ (သို့) သေမင်းခံတွင်း


(Bermuda Triangle/Devil's Triangle)

ဘာမြူဒါတြိဂံနယ်မြေဟာ ပုံပြင်တစ်ပုဒ်လိုပါပဲ။အဲဒီနေရာကိုရောက်သွားရင် သင်္ဘောတွေလေ ယာဉ်ပျံတွေ ပျောက် သွား
တတ် ကြ တယ်။ သူဟာ အန္တလန်တိတ်သမုန္ဒရာရဲ့မြောက်ပိုင်းတွင် တည် ရှိသည်။ အ မေ ရိ ကန် ရေ တပ် (US Navy)
က တော့ ဒီ ဘာမြူဒါတြိဂံနေ မြေ ဟာ တကယ် မရှိဘူး ဆိုပြီး တရားဝင် သတ်မှတ်ထားတဲ့ နေရာများ(US Board Of
Geographic Names) တွင် ထည့် သွင်း ထား ခြင်းမရှိပါဘူး။ လေယာဉ်တွေ သ င်္ဘော တွေ ဘာ လို့ ပျောက်သွားကြတာလဲ?

ဘာမြူဒါတြိဂံနယ်မြေ ရဲ့ ပ ဟေဋ္ဌိကို သိပ္ပံပညာရှင် များ (Melbourne Researchers)က ၂၀၀၃ ခုနှစ်က ဒီလိုမျိုးဖြေရှင်းခဲ့ကြပါတယ်။
'ဒီလိုမျိုး သ င်္ဘော တွေ ပျောက် ဆုံး ခြင်း ရဲ့ အဓိကတရားခံ က တော့ပင်လယ်ရေအောက် မြေကြီးက ထွက်ပေါ်လာတဲ့ အလွန်ကြီးမားတဲ့
ဓါတ်ငွေ့ပူဖောင်းတွေ(Massive Gas Bubbles)ကြာင့်ဖြစ်ပါသည်။
          သ င်္ဘောတွေကို နစ် မြုပ်စေတဲ့ ဒီ ပူဖောင်းလေးတွေ ဘာကြောင့်ထွက်ပေါ်ရတာလဲဆိုတော့ အနှစ်နှစ် အလလမှ ပင်လယ်ရေအောက်
တွင် တည်ရှိနေတဲ့ မီသိန်းဓါတ်ငွေ့(Methane Gas) တွေကြောင့်ဖြစ် တယ်လို့ဆိုပါတယ်။ဒီဓါတ်ငွေ့တွေဟာ လေယာဉ်အင်ဂျင်နဲ့ ထိတွေ့တဲ့အခါ
လေယာဉ်ကို ပေါက်ကွဲစေနိုင် တယ် လို့ ဆို ပါ တယ်။
      
သူတို့နောက် တစ်ခုတွေ့ရှိချက်ကတော့ ဒီပူဖောင်း လေးတွေရဲ့ အ ပေါ်တည့်တည့်မှာ သင်္ဘောရပ်မိ ရင် အန္တရာယ်ကင်းပြီး ဘေးအစွန်မှာ
ဖြတ်သွားမိရင်တော့ နစ်မြုပ်စေနိုင်ပါတယ်။သင်္ဘောတွေဘာလို့ နစ်မြုပ်တာလဲဆိုတော့ ပင်လယ်မြေအောက်က ဓါတ်ငွေ့ပူဖောင်းတွေ ရေ
မျက်နှာပြင်ကို ရောက်လာတဲ့အခါ ကြီးမားတဲ့ ရေလှိုင်းတွေ ဖြစ်ပေါ်လာတတ်သောကြောင့် ဖြစ်ပါ သည်။'

Credit to စိတ်ဝင်စားဖွယ်အချက်လေးများ
မြန်မာ့ရောင်စဉ်

Idevices များအတွက် လက်တွေ့သုံးနည်းပညာ E Book

i Phone , iPod နှင့် iPad အမျိုးမျိုး တွင် လက်တွေ့သုံးနိုင်ရန် ရေရွယ်ခက်ဖြင့်
ပြည်စုံစွာရှင်းပြထားတဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါဗျာ.. i Phone , iPod နှင့် iPad
အသုံးပြုသူများအတွက် ဆောင်ထားသင်မယ်လို့ထင်ပါတယ် အလိုရှိနေတဲ့ မိတ်ဆွေများနဲ့
i Phone , iPod နှင့် iPad များကို ကျွမ်းကျန်စွာ မသုံးတတ်သေးတဲ့ မိတ်ဆွေများ
အောက်မှာ ဒေါင်းလော့လုပ်ထားကြပါနော်...
                        
                                        DOWNLOAD

Saturday, December 21, 2013

နောက်ဆုံးပေါ် Desktop Computer ကို စတင် ရောင်းချလိုက်သည့် Apple

အဲပဲလ် ကုမ္ပဏီဟာ သူတို့ရဲ့ နောက်ဆုံးပေါ် Desktop ကွန်ပျူတာ Mac Pro  ကို ကြာသပတေးနေ့က
 စတင် ရောင်းချလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ မိုဘိုင်းတွေရဲ့လွှမ်းမိုးမှုကို ခံနေရတဲ့ စားပွဲတင် ကွန်ပျူတာတွေရဲ့
ဂုဏ်ရောင်ကို ပြန်လည် ထွန်းပြောင် စေမှာဖြစ်တယ်လို့ သိရပါတယ်။ အဲပဲလ် ၀က်ဘ်ဆိုက်နဲ့ အဲပဲလ် စတိုးမှာသာ
 ကြိုတင် မှာယူနိုင်တဲ့  Mac Pro  ရဲ့ ဈေးနှုန်းဟာ အမေရိကန် ဒေါ်လာ သုံးထောင် ကျော် ရှိတာကြောင့် လူအများစု
တတ်နိုင်တဲ့ ကွန်ပျူတာ တွေထက် အများကြီး ဈေးပိုကြောင်းလည်း သိရပါတယ်။
       Mac Pro  ဟာ ဈေးကွက်ထဲက ဘယ်ကွန်ပျူတာနဲ့မှ မတူသလို သူ့ရဲ့ ပုံသဏ္ဍာန်ဟာလည်း အရှည် ၁၀ လက်
မသာရှိတဲ့ ငွေရောင်နဲ့ အနက်ရောင်ဒုလုံးရှည် ပုံသဏ္ဍာန် မျိုးဖြစ်ကာ Intel နဲ့  Xeon  ပရိုဆက်ဆာ ထည့်သွင်း
ထားတာကြောင့် လွန်ခဲ့တဲ့ သုံးနှစ်က ထုတ်လုပ်တဲ့ ကွန်ပျူတာ တွေထက်  ၂ ဆကျော် မြန်ဆန် ကြောင်းလည်း
သိရပါတယ်။ ဒေါ်လာ ၂၉၉၉ နဲ့ စတင် ရောင်းချခဲ့တဲ့ အဲ့ဒီ Mac Pro  ကွန်ပျူတာကို ပရပ်ဖစ် Designers များ၊
ဓါတ်ပုံသမားများ၊   Videographers ၊   Animators  နဲ့ အလားတူ ပညာရှင်တွေ အတွက် အဓိက ထုတ်လုပ်
ထားကြောင်းလည်း သိရှိရပါတယ်။
Ref:MRTV-4

Thursday, December 19, 2013

သန်းသန်းထွေးကစ်ချက်ပြင်းတဲ့ ဒီဂိုးကို ဒိုင်ညစ်တာလား ကြည့်ကြပါ

 မြန်မာနိုင်ငံ အိမ်ရှင် အဖြစ် ကျင့်ပသည့် 27 th SEA GAMES ပွဲမှာ  မြန်မာ ထိုင်း
အမျိုးသမီး ဘောလုံး ပွဲစဉ်ကို Decemger 18 ရက် 2013 ဗုဒ္ဓဟူး နေ့ ညနေ ၇း ၃၀
 စတင်ကန်ဖြစ်ရာ ပွဲချိန် မိနစ် ၁၅ ဝန်ကျန်တွင် သန်းသန်းထွေးကစ်ချက်ပြင်းတဲ့ ဒီဂိုးကို
 ဒိုင်ညစ်တာလား ကြည့်ကြည့် ကြပါ အငြင်းပွားနေတဲ့ ဒီဂိုးကို ဘောလုံးဝါသနာရှင်များ
ဆုံးဖြတ်ကြပါ အမြဲတမ်းကြည့် လို့ရအောင် Blogger Post အဖြစ် တင်ထားလိုက်ပါတယ်
 မြန်မာဘောလုံးအဖွဲ့ ချုပ်ကတော့ အထောက်ထားနဲ့ အတူ အာရှဘောလုံးအဖွဲချုပ်ထိ
တိုင်မယ်လို့ သတင်းတွေထွက်နေပါတယ်.ပညာရှင်များလေ့လာကြည့်ပါ ဂိုးတာ တကယ်လား အမှန်လားဆိုတာ အားလုံးကြည့် ကြပါဗျာ...

Tuesday, December 17, 2013

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ် ဥက္ကဌ ဦးဇော်ဇော်ကို နှင့်ဧရာဝတီသတင်းဌာနက ဆက်သွယ်ပြီး မေးထားတဲ့အင်တာဗျူး

ဘောလုံးနှင့် ပတ်သက်လျှင် မြန်မာတို့သည်လည်း အရူးအမူး နှစ်သက်စွဲလန်းသည့် နိုင်ငံများထဲတွင် အပါအ၀င်ဖြစ်သည်။ ထို့အတွက်
လက်ရှိ ကျင်းပနေသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်တွင် ဘောလုံး
အားကစားနည်း၌ ရွှေတံဆိပ် ရရှိအောင် အပြင်းအထန် ပြင်ဆင် ကြိုးစားခဲ့သည်။
     သို့သော် ယမန်နေ့ ညပိုင်းကမူ မြန်မာအသင်းသည် အင်ဒိုနီးရှား အသင်းကို ၁ ဂိုး ဂိုးမရှိနှင့် ရှုံးကာ အုပ်စုအဆင့်မှ လှည့်ထွက်ခဲ့ရသည့်
အတွက် မြန်မာ ဘောလုံးပရိသတ်များ ပေါက်ကွဲကာ ရဲများနှင့် ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ်ပင် ဖြစ်ခဲ့ရသည်။ မမျှော်လင့်ဘဲ ဖြစ်ပွား
ခဲ့ရသည့် ရှုံးနိမ့်မှု၊ ဆူပူမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ဧရာဝတီ သတင်းဌာနမှ အကြီးတန်း
သတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ နည်းပြ ပတ်ဆောင်ဟွာက အခုပြိုင်ပွဲစနစ် Head to Head ကို မသိဘူးလို့ သတင်းစာရှင်းလင်းပွဲများမှာ ပြောသွားတယ်၊ မြန်မာနိုင်ငံ
ဘောလုံးအဖွဲ့ချုပ်နဲ့ နည်းပြအကြားမှာ ဒီစနစ်နဲ့ ပတ်သက်ပြီး ဆက်သွယ် ရှင်းလင်းပြောကြားတာမျိုး မရှိဘူးလား။
ဖြေ ။ ။ အဲဒါတော့ မဟုတ်ပါဘူး၊ ဒီ Head to Head စနစ်နဲ့ ပတ်သက်ပြီး အာရှ ဘောလုံးအဖွဲ့ချုပ်ရော၊ ကျနော်တို့ရော ရှိရှိသမျှ အသင်းမှာ
ရှိတဲ့ မြန်မာတာဝန်ခံရော၊ စကားပြန်ရော အကုန်ပြောပြီးပါပြီ။ ပရိသတ် ၃ သောင်းတောင် သိတာ၊ သူမသိဘူး ဆိုတာတော့ ဘယ်လိုဖြစ်နိုင်မလဲ။
မေး။ ။ လူထုတ်ပုံနည်းစနစ်နဲ့ ပတ်သက်ပြီး နည်းပြအဖွဲ့မှာရှိတဲ့ မြန်မာ တာဝန်ခံတွေကရော ထောက်ပြတာမျိုး မရှိဘူးလား။
ဖြေ ။ ။ နည်းပြသဘောထားက သူပဲလုပ်မယ် ဘေးလူ ဘာမှလာမပြောနဲ့၊ ၀င်ရောက်စွက် ဖက်တာကို လုံးဝ လက်မခံတဲ့ လူစားမျိုး၊ ပြောလေ
 ကန့်လန့်တိုက်လေ လူမျိုး။ ကျနော်တို့ အဖွဲ့ချုပ်ကလည်း စာချုပ်သက်တမ်း ၂ နှစ်နဲ့ ငှားပြီးနေတော့ အားလုံးက သည်းခံပြီး စာချုပ်ကုန်တဲ့
အထိ ထားမယ်လို့ ဆုံးဖြတ်လိုက်တာပါ။ လူထုတ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတဲ့အတွက်လည်း ကျန်တဲ့ မြန်မာနည်းပြတွေနဲ့ စကားများ
ရတာလည်း အကြိမ်ကြိမ်ပါ။ အခု အင်ဒိုနီးရှားနဲ့ ပွဲမတိုင်ခင်မှာ ကျနော်ကိုယ်တိုင် သူ့ကို ပြောပါတယ်၊ အခုပွဲကို ဗိုလ်လုပွဲလို ကစားဖို့၊
ဘောလုံးဆိုတာ ဘာမဆို ဖြစ်လာနိုင်တဲ့အတွက် အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ဖို့ ပြောတယ်၊ စကားပြန်ကတဆင့် “စိတ်ချပါ၊
ဘာမှမဖြစ်ပါဘူး ” လို့ သူက ဖြေတယ်။
ကန်မယ့်နေ့ မနက်မှာလည်း သူတိုနဲ့ တွေ့တော့ “တဖက်အသင်းက ဖောင်ဖျက်တိုက်မှာ၊ မထင်မှတ်တာတွေ ဖြစ်တတ်တယ်၊ ပထမပိုင်း
သေချာဖိကစား၊ နှစ်ဂိုးလောက်ရလို့ သေချာပြီဆိုမှ မင်းကြိုက်တာလုပ် ” ဆိုတော့ စိတ်ချပါလို့ ထပ်ကတိပေးတယ်။
ပွဲမစခင်မှာတင် တိုက်စစ်မှူး “ကျော်ကိုကို” ကို မထည့်ဘူး လုပ်ပြန်တယ်၊ ဒါကြောင့် ကျော်ကိုကို ကို ကျနော်ကိုယ်တိုင်ခေါ်ပြီး၊
 နည်းပြ ပတ်ဆောင်ဟွာကို ကျေအေးအောင် ကန်တော့ခိုင်းပြီး Line up ထဲထည့်ဖို့ ပြောရတယ်၊ ဒါတောင် ဒုတိယပိုင်းမှ ထည့်တယ်။
ဖိအားတွေနဲ့ ကစားရတော့ ကစားသမားလေးတွေလည်း ဘယ်လိုလုပ်ရတော့မလဲ၊ အခြေအနေကို ကြည့်ပြီးတော့ လူစားထိုးသင့်တာ
 ထိုးရမယ်လေ။
မေး။ ။ အခုနည်းပြ ပတ်ဆောင်ဟွာကို ထုတ်လိုက်ပြီလား၊ မြန်မာ့ဘောလုံးအသင်းအတွက် ရှေ့ကို ဘာဆက်လုပ်မလဲ။
ဖြေ။ ။ ထုတ်လိုက်ပြီးပါပြီ။ ဒါပေမယ့် ကျနော်တို့ ဘောလုံးက အများကြီး လုပ်ရမယ်၊ အခြေခံ အဆောက်အအုံတွေ၊နည်းပညာတွေ၊
 နိုင်ငံတကာ ပြိုင်ပွဲတွေ အများကြီးလုပ်ရမယ်။ လက်ရွေးစင်အသင်းတခုထဲ ပြုပြင်ဖို့မဖြစ်နိုင်ဘူး၊ ကလပ်အသင်းတွေလည်း ပြုပြင်နိုင်မှဖြစ်မှာ။
ကန်တော့မှ နိုင်ချင်ရုံနဲ့တော့ မရဘူး။ အခုဆိုရင် U -၁၉၊ U- 22 လည်း အာရှခြေစစ်ပွဲအောင်ပြီးပြီ။ အခုဟာက ရွှေရနိုင်တဲ့ အနေအထားမျိုး
ရောက်ပြီးမှ ရင်ဝ ဆောင့်ကန်ချ လိုက်သလိုပဲ၊ ဒီပွဲက မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလိုပဲ၊ ပြည်သူလူထုကလည်း အရမ်းကို မျှော်လင့်နေတဲ့
အချိန်မှာ ဖြစ်သွားတာ၊ ပရိသတ်တွေကို နားလည်ပါတယ်။
မေး။ ။ ဒါဆို တာဝန်ရှိတဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအနေနဲ့ ဒီပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုပြောချင်လဲ။
ဖြေ။ ။ ဒီပွဲ ရလဒ်နဲ့ ပတ်သက်ပြီး အလုပ်ပျက် အကိုင်ပျက်ခံပြီး လက်မှတ်တန်းစီပြီး ၀ယ်ယူအားပေးတဲ့ မြန်မာ ပရိသတ်ကြီးကို
တာဝန်ရှိသူတယောက်အနေနဲ့ အနူးအညွတ် တောင်းပန်ပါတယ်။ ။

Adмiи: Ciтizeи КШ

Credit to ဧရာဝတီသတင်း

Monday, December 16, 2013

Blogger Apk ဘလော့ကာ သမားများအတွက်

ဒီကောင်လေးကတော့ ဘလော့ရေးသားနေသူများအတွက် အသုံးဝင်လှပါတယ်..။ တစ်ကယ်..ကျုပ် ဟိုအရင် ကတည်းက 
တင်ပေးဖူးပြီးသာပါ။ အဲဒီတုန်းကတော့ စုစည်းမှုပေါ့ ခုကတော့ မစုဘဲ ဖြေလိုက်တယ်ပေါ့ဗျာ..။ ကဲဒါ
ပါဘဲ...။ 
Description
Download the latest release of the official Blogger app, and start blogging on the go. With Blogger for Android you can:
* Compose a post that you can save to draft or immediately publish
* Edit existing posts
* View list of your saved and published posts
* Switch account/blog if you have more than one
* Embed an image from the gallery, or, by taking a picture directly from the app
* Add labels to your posts
* Add location information
With the Blogger app for Android, you can quickly and easily publish posts to your blog wherever you are.
Post By မိုးကောင်းကင်

Sunday, December 15, 2013

IOS 7 တွင် ဘက်ထရီအား ကြာရှည်ခံအောင်လုပ်နည်း

Smart phone အသုံးပြုကြသူများ မကြာခဏ ကြုံတွေ့နေကြရတဲ့ ပြဿနာကတော့ ဖုန်းဘက်ထရီ ကြာကြာ
အသုံးမခံတာပဲဖြစ်ပါတယ်။ iOS 7 ထွက်လာပြီးတဲ့နောက်မှာ တစ်ချို့က iOS 7 သည် အစောပိုင်း iOS version
များထက် ဘက်ထရီ ပိုပြီးအကုန်မြန်တဲ့ ပြဿနာရှိတယ်လို့ ဆိုကြပါတယ်။ အဖြေဟာ မှန်တယ် မှားတယ်
ဆိုတာထက် သေချာတာကတော့ အခြား iOS များမှာ မပါတဲ့ လုပ်ဆောင်ချက် (features) အသစ်များကို iOS 7
မှာ ထပ်မံဖြည့်စွက်ထားတဲ့ အတွက် ဘက်ထရီ အကုန်မြန်တာနဲ့တော့ ဆက်စပ်မှု ရှိနေနိုင်ပါတယ်။
ဒီလိုအခါမျိုးမှာ iOS 7 ၏ Settings မှာ အနည်းငယ် ပြုပြင်ခြင်းဖြင့် ဘက်ထရီ အစားသက်သာစေနိုင်မယ့် နည်းလမ်း
အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ သို့သော် အားလုံးကို အတိအကျ လိုက်နာ လုပ်ဆောင်ရန် မလိုအပ်ပဲ မိမိနှင့်
သင့်လျှော်မည့် ပြုပြင်မှုများကိုသာ လုပ်ဆောင် အသုံးပြုနိုင်ပါတယ်။ iOS 7 ရဲ့ လုပ်ဆောင်ချက် အသစ်တစ်ခုဖြစ်သော
“Background App Refresh” ကို “Disable” လုပ်ထားခြင်းက ဘက်ထရီ အသုံးချမှု သက်သာစေပါတယ်။ သတိပြုရမှာက
 “Disable” လုပ်လိုက်တဲ့အခါမှာ Location services ပါ Off သွားမှာဖြစ်လို့ Navigation အသုံးမပြုနိုင်ပါ။
AirDrop ကို အသုံးမပြုသည့်အခါ “Off” ထားပါ။
“Automatic downloads” ကို “Off” ထားပါ။ အသုံးဝင်လှသော လုပ်ဆောင်ချက်ဖြစ်ပေမယ့် နောက်ကွယ်ကနေ App
များအတွက် data အသစ်များကို အမြဲထောက်လှမ်းနေတဲ့ အတွက် ဘက်ထရီ အကုန်မြန်စေပါတယ်။


 “Brightness” ကို လျှော့ချထားခြင်းကလည်း ဘက်ထရီပါဝါကို သိသိသာသာ သက်သာစေတာမို့ တတ်နိုင်သမျှ
အနိမ့်ဆုံးသို့ လျှော့ချထားပေးပါ။ “Auto Brightness” On ထားရုံမျှနှင့်တော့ သိပ်ပြီး အလုပ်မဖြစ်ပါဘူး။

Notification Center” မှာလည်း မိမိအတွက် လိုအပ်သော App ကိုသာ ရွေးချယ် “On” ထားပါ။
Mail setting ရှိ “Fetch New Data” တွင် “Push” ကို “Disable” လုပ်ထားပါ။




Location Services” ကို မလိုအပ်ပါက “Off” ထားပါ။
iOS 7 Home screen မှာ icon လေးတွေကို parallax effect နဲ့ လိုက်လံရွေ့လျားအောင် စွမ်းဆောင်ထားတာကို တွေ့ကြရမှာပါ၊ ဒါဟာလည်း ဘက်ထရီပါဝါကို ပိုပြီး အသုံးပြုရပါတယ်။
အဲဒါလေးကို ရပ်တန့်ဖို့ဆိုရင် Settings -> General -> Accessibility -> “Reduce Motion” ကို “Enable” လုပ်ပါ။
iOS 7 ရဲ့ Wallpaper မှာ “Dynamic” နဲ့ “Stills” ဆိုပြီး တွေ့ကြရပါလိမ့်မယ်၊ Dynamic ကတော့ အလှုပ်အရွလေးတွေနဲ့မို့ ဘက်ထရီ ပိုကုန်နိုင်ပါလိမ့်မယ်။
Siri ၏ setting ရှိ “Raise to Speak” ကို “Disable” လုပ်ထားခြင်းဖြင့် နောက်ကွယ်မှနေ၍ proximity sensor ကို အမြဲတမ်း စစ်ဆေးနေသော အလုပ်လုပ်ခြင်းကို ရပ်တန့်ပါလိမ့်မည်။

Spotlight Search” တွင် ရှာဖွေရန် မလိုအပ်သည်များကို “Off” လုပ်ထားပေးပါ။

Phone Calls, messages များနှင့် အခြားလုပ်ဆောင်ချက်များအတွက် “Vibrations” ကို တတ်နိုင်ရင် အသုံးမပြုပါနှင့်။
Cellular Data setting ရှိ “LTE” ကို “Off” ထားခြင်းဖြင့်လည်း ဘက်ထရီကို သက်သာစေပါတယ်။

General -> Auto Lock ကို အချိန်အနည်းဆုံး သတ်မှတ်ပေးထားပါ။

Limit Ad Tracking” ကို “Enable” လုပ်ပေးထားခြင်းဖြင့် အချို့ App များတွင်ပါလာသော ကြော်ငြာမျာကို တားဆီးနိုင်ပြီး ပါဝါအသုံးပြုမှုကို သက်သာစေပါတယ်။ Privacy -> Advertising -> Limit Ad Tracking ->Enable

အထက်ပါအတိုင်း Settings တွင် ပြောင်းလဲပြီးနောက် သိသိသာသာ ဘက်ထရီစား သက်သာသာ သွားတာကို တွေ့ရပါလိမ့်မည်။
Post by ဖိုးသီကြား

 

တောင်ကိုရီးယား တရားရုံးမှာ မူပိုင်ခွင့် ရှုံးနိမ့် သွားသည့် Samsung ကုမ္ပဏီ

တောင်ကိုရီးယား တရားရုံးက Apple ဟာ Samsung ရဲ့ Smartphone နဲ့ Tablet နည်းပညာ
 မူပိုင်ခွင့်ကို ခိုးယူတယ် ဆိုတဲ့ စွပ်စွဲချက်ကို ပယ်ချလိုက်ကြောင်း သိရပါတယ်။ Apple ကုမ္ပဏီက
 တောင်ကိုရီးယား Samsung ကုမ္ပဏီရဲ့ နည်းပညာ ၃ ခုကို ကူးယူခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့နှစ်
 မတ်လက Samsung က နည်းပညာ မူပိုင်ခွင့် တင်လိုက်တာ ဖြစ်ပါတယ်။ Apple က ခိုးယူခဲ့တယ် ဆိုတဲ့
နည်းပညာ တစ်ခု ကတော့ သုံးစွဲသူတွေဟာ message ရိုက်တဲ့အချိန်မှာ အခြား application တွေကိုလည်း
တစ်ချိန်တည်း အသုံးပြုနိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။ ဆိုးလ်ဗဟို တရားရုံးက Apple က ခိုးယူထားတယ်
ဆိုတဲ့ အခြား နည်းပညာ ၂ ခုဟာ ၁၉၉၀ လောက် ကတည်းက Apple ရဲ့ နည်းပညာတွေကို Samsung က
တိုးတက်လာအောင် ဖန်တီးထားတာ ဖြစ်နိုင်ကြောင်း၊ Apple အနေနဲ့ အခြား နည်းပညာ မူပိုင်ခွင့်ကို ခိုးယူတယ်
ဆိုတာ ကိုလည်း ရုံးတော်က ပယ်ချ လိုက်ကြောင်း ပြောကြား ခဲ့ပါတယ်။ Samsung တာဝန်ရှိသူတွေ ကတော့
တရားရုံးက စစ်ဆေး ထားတာတွေကို စဉ်းစား သုံးသပ်မယ်လို့ ပြောကြား ခဲ့ပါတယ်။ Samsung နဲ့ Apple တို့ဟာ
ကမ္ဘာတစ်ဝှမ်းက တရားရုံး တော်တော်များများမှာ ထိပ်တိုက် ရင်ဆိုင်ခဲ့ကြ ပြီးပါပြီ။ အမေရိကန်ြ  ပည်ထောင်စု၊
ကယ်လီဖိုးနီးယား ပြည်နယ် တရားသူကြီးတွေက Apple ကို ဘက်လိုက်ခဲ့တဲ့ အတွက် ပြီးခဲ့တဲ့လက Samsungက
 ၉၃၀ မီလီယံဒေါ်လာ ထက်မနည်း လျော်ကြေး ပေးခဲ့ရကြောင်း သိရပါတယ်။
Credit to:MRTV-4

Friday, December 13, 2013

RealPlayer® apk

RealPlayer ဆိုကွန်ပျူတာ သုံးသူတိုင်း သိကြပါတယ် သူရဲ့လုပ်ဆောင်ချက်တွေကိုတော့
အထူးပြောစရာ မလိုပါဘူးဗျာ ဒါပေမယ် ကျွန်တော် အခုတင်ပေးလိုက်တဲ့ RealPlayer ကတော့
ကွန်ပျူတာ အတွက် မဟုတ်ပါဘူး Android ဖုန်းသမား များအတွက် သာဖြစ်ပါတယ်
မိမိ Android ဖုန်းလေးမှာ ဒီ RealPlayer ကို RUN ထားပြီး သီချင်းဖွင့် VIDE ဖိုင်တွေကို
ကြည့်ရာမှာ အလွန်ကြည်လင်ပြီး ကြည့်ကောင်းပါတယ်ဗျာ နောက်ပြီး ဖုန်းထဲမှာ လည်း
ဒီဇိုင်း ဆန်းတစ်ခု တွေမြင်နေရမှာပေါ့နော်..
                 ကဲ  Android  မိတ်ဆွေများ စိတ်ဝင်စားရင် အောက်မှာ ယူလိုက်ကြပါဗျာ...
                                   DOWNLOAD

Power DVD 6 free

ဟောင်းပေမယ့်လည်း ကောင်းနေဆဲပါနော် ဒီ တောင်းထားတဲ့မိတ်ဆွေတစ်ယောက်အတွက်
Power DVD 6 ကိုတင်ပေးလိုက်ပါတယ် တောင်းထားတဲ့ မိတ်ဆွေနဲ့ အတူ အလိုဆိုနေတဲ့ 
သူငယ်ချင်း မိတ်ဆွေများအားလုံး အောက်မှာ ဒေါင်းနိုင်ပါပြီးဗျာ.
             နောက် အအလိုရှိနေတဲ့ ကွန်ပျူတာ ဆိုင်ရာ ဆော့ဝဲလ်များကို မိတ်ဆွေများ
အနေနဲ့ အမှာတော်ပါးနိုင်ပါတယ် အချိန်ရလျှင် ရသလိုရှာကြံပေးပါမယ်
 အားလုံး အဆင်ပြေနိုင်ကြပါစေဗျာ.....
                                            DOWNLOAD

Tuesday, December 10, 2013

Galaxy Note3 SM-N9005 (4G LTE) 4.3 Jellybean Build အမြင့် (XXUDMJ7) 09-12-2013

Samsung Galaxy Note3 SM-N9005 (4G LTE) 4.3 Jellybean Firmware တင်နည်း (TEL-N9005_XXUDMJ7)
အရင်ဆုံး Firmware တင်ဖို့ လိုအပ်တဲ့ ဖိုင်လေးကို ဒေါင်းပါ။
1. TEL-N9005_XXUDMJ7_20131209133210 Jellybean 4.3
2. Odin3 v3.09  
အရင်ဆုံး ဒေါင်းထားတာလေးတွေကို ဖြည်ချလိုက်ပါ။ Folder တစ်ခုထဲမှာနော်။ အဲ့ Folder ထဲမှာရှိနေရမှာက Odin
ကနေဖြည်ချထားတဲ့ File ၂ ဖိုင်ရယ်၊ Firmware ကနေဖြည်ချထားတဲ့ File ၂ ဖိုင်ရယ် ရှိနေရမှာ။  ရှိပြီဆိုရင် တော့
အဲ့ထဲက Odin3 v3.09.exe ကို ဖွင့်လိုက်ပါ။
 
AP = PDA ပါ။ အရင်က PDA နေရာမှာ AP ဆိုပြီးပြောင်းသွားတာပါပဲ။ Odin Version မြင့်သွားလို့ပါ။
Firmware ကို အရင်နည်းအတိုင်း ပဲတင်ပေးလိုက်ပါ။
ပြီးသွားရင်တော့ Recovery Mode ထဲဝင်ပြီး Factory Reset တွေ Wipe Cache တွေ လုပ်ပြီး Reboot System Now နှိပ်ပေးရုံပါပဲ။

Posted by Kaung MYat

လက်လုပ်ဗုံး တောင်ကြီး၌ပေါက်ကွဲ ဗုံးပြုလုပ်သူ ခြေချင်းဝတ်ပြတ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မြို့မရပ်ကွက် မြောက်ကျောင်းလမ်းနှင့် အုတ်ဖို လမ်းထောင့်ရှိ၊ အိမ်အမှတ် (၁၈၈)
နှစ်ထပ်နေအိမ်၌ ဒီဇင်ဘာ ၈ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်က လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ မြို့မရပ်ကွက်မြောက်ကျောင်းလမ်းနှင့် အုတ်ဖိုလမ်း ထောင့်ရှိ အိမ်အမှတ် (၁၈၈) နှစ်ထပ်အိမ်နေ
 ဟာဂျီယူစွတ်(ခ) ဦးမြင့်သိန်း (၄၈)နှစ်၊ အလယ်ဗလီ ဥက္ကဋ္ဌသည် ၎င်းနေအိမ်အောက်ထပ်၌ ကွန်ထရိုးမိုင်း ဒေသန္တ...ရဗုံးအား
 နှစ်လက်မခွဲခန့်ရှိ သံပိုက်ခေါင်း အဖုံးနှစ်ခုဖြင့် ယမ်းများ ထည့်၍ စမ်းသပ်ပြုလုပ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဦးမြင့်သိန်းတွင် ၀ဲဘက်ခြေထောက် ခြေချင်းဝတ်ပြတ်၊ ၀ဲဘက်လက်မနှင့် လက်ညှိုးပြတ်ရှ ဒဏ်ရာများရရှိခဲ့သဖြင့် တောင်ကြီးမြို့
စ၀်စံထွန်းဆေးရုံကြီး အရိုးကုသဆောင် အခန်း (၃)တွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူ လျက်ရှိသည်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး အိမ်က မိသားစုဝင် လေးယောက်နဲ့ အလုပ်သမား ခြောက်ယောက် စုစုပေါင်း ၁၀ ယောက်ကို တောင်ကြီးမြို့မ
 ရဲစခန်းမှာ ခေါ်ယူ စစ်ဆေးပါတယ်။ ပြည်နယ် ရဲတပ်ဖွဲ့မှူးနဲ့အဖွဲ့ကလည်း လာရောက်ကြည့်ရှု စစ်ဆေးပြီးသွားပါပြီ " ဟု မိသားစုဝင်
တစ်ဦးက ပြောသည်။ အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဟာဂျီယူစွတ် (ခ) ဦးမြင့်သိန်းသည် ရှမ်းပြည်နယ်၏ ဆိတ်၊
အမဲကန်ထရိုက် လုပ်ကိုင်သူ တစ်ဦးဖြစ်သည်။
      ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာမှ မီးလောင်ကျွမ်းထားသည့် ဘောစေ့များ (ယမ်းနံ့များရ)၊ မီးလောင်ကျွမ်းထားသည့် ဖုန်းအဖြူရောင်
ဟန်းဆက် တစ်လုံး (ဆင်းမ်ကတ်မပါ)၊ မီးလောင်ကျွမ်းထားသည့် ဖုန်းအား သွင်းကြိုးတစ်ခု၊ မီးလောင်ကျွမ်းထားသည့် အနက်ရောင်ဖုန်း
အိတ်တစ်ခု၊ အချင်းနှစ်လက်မခွဲ ခန့်ရှိ ၀က်အူရစ်ပါ ရေပိုက်ခေါင်းနှစ်ခု၊Hibo Tools Eagle စာတန်းပါ ခွရှင် တစ်ချောင်း၊King Eagle
စာတန်းပါ ညှပ်ပလာယာ တစ်ချောင်း၊ ၆×၇ ဆိုက် ခွတစ်ချောင်း၊အရှည် လေးလက်မခွဲခန့်ရှိ သံချောင်း တစ်ချောင်း၊ အရှည် ကိုးလက်
မခန့်ရှိ သံပြားတစ်ပြား၊ အချင်းခုနစ်စင်တီမီတာ အရှည် ငါးလက်မခွဲ ခန့်ရှိ သံပိုက်လုံးတစ်ချောင်း၊ အလျား ငါးလက်မခွဲ အနံလေးလက်
မခွဲခန့်ရှိ သံပြားတစ်ပြား၊ စူပါဂလူးကော်ဘူး အသေးနှစ်ဘူး၊ Ps-Lon စာတန်းပါ သံကော်ဘူးတစ်ဘူး၊ ဖန်ပုလင်းအတွင်းထည့်လျက်
အ၀ါရောင် ဓာတုဆေး ရည် ၁၀၀ မီလီမီတာခန့်ပါ တစ်ပုလင်း၊ အရှည်သုံး လက်မခန့်ရှိ ဗြောက်အိုး ၁၀ ချောင်း၊Quper Red စာတန်းပါ
 မိန်းမစီး အပြာရောင် ဒေါက်ဖိနပ်တစ်ရန်၊ တစ်ဖက်မှာ မီးလောင်ကျွမ်းလျက် ဟာဂျီ ယူစွတ်(ခ) ဦးမြင့်သိန်း အခင်းဖြစ် စဉ်က ၀တ်ဆင်
ခဲ့သော Class Seven စာတန်းပါ ခဲရောင်အနွေးထည်တစ် ထည် (သွေးနှင့်ဓာတုဆေး ရည်များ စွန်းထင်းနေသည်) စသည့် ပစ္စည်းများ
 ကို တောင်ကြီးမြို့ မြို့မ ရဲစခန်း စခန်းမှူး ဒုရဲမှူး ဥာဏ်လှိုင်ဦးနှင့်အဖွဲ့တို့က သက်သေများရှေ့၌ သိမ်းဆည်းခဲ့သည်။
           ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါက်ကွဲ စေတတ်သော ၀တ္ထုပစ္စည်းများအား ပြုလုပ် ခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် ကြီးကြပ်မှုအောက်တွင်
ထားရှိခြင်းများ ပြုလုပ် သူ ဟာဂျီယူစွတ်(ခ) ဦးမြင့်သိန်းအား တောင်ကြီးမြို့ မြို့မရဲစခန်းက (ပ) ၃၁၃/ ၂၀၁၃ ပေါက်ကွဲစေတတ်သော
ဝတ္ထုများ အက်ဥပဒေ ပုဒ်မ ၅ အရ အမှုဖွင့်အရေးယူထားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

အပတ်​စဉ်​တင်​ဆက်​​ပေး​နေကျဖြစ်​တဲ့မိုဘိုင်းဂိုက်​ဂျာနယ်

အပတ်​စဉ်​တင်​ဆက်​​ပေး​နေကျဖြစ်​တဲ့မိုဘိုင်းဂိုက်​ဂျာနယ်​ issue132 ကို တင်​​ပေးလိုက်​ပါပြီ။
အောက်တွင် ဒေါင်းနိုင်ပါပြီ
                                 DOWNLOAD

တစ်ခါသုံး ဂျီအက်စ်အမ်ကတ်များ၌ အင်တာနက်စနစ်ပါ တွဲဖက်ပါဝင်

Tuesday, 10 December 2013

ဆီးဂိမ်းအတွက် ရည်ရွယ်ရောင်းချခဲ့သည့် တစ်ခါသုံး ဂျီအက်စ်အမ်ကတ်များတွင် အင်တာနက် တွဲဖက်ပါဝင်လာခဲ့ကြောင်း
အဆိုပါတစ်ခါသုံးဂျီ အက်စ်အမ်ဖုန်းကတ်များ ရောင်းချနေသည့် Elite Tech ကုမ္ပဏီမှ တာဝန်ရှိသူ ကိုအောင်က ပြောသည်။
 ယခင်က တစ်ခါသုံးဂျီအက်စ်အမ်ဖုန်းလိုင်းများတွင် အင်တာနက်လိုင်းပါဝင်ခြင်းမရှိဘဲ၊ ဖုန်းလိုင်းသာ ပါဝင်ခဲ့သော်လည်း
ယခုအခါ အင်တာနက်လိုင်းတွဲဖက်ပါ ဝင်လာခဲ့သည်ဟုသိရသည်။ “တစ်လအတွင်းနံပါတ်မပြောင်းဘူး။ ငွေဖြည့်ပြီးတော့
ဆက်သုံးနေလို့ရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
         တစ်ခါသုံးဂျီအက်စ်အမ်ဖုန်းကတ်များကို နိုင်ငံခြားသားများအတွက် ရည်ရွယ်ရောင်းချခြင်းဖြစ်ပြီး ဝယ်ယူရန်အတွက်
Passport မိတ္တူလိုအပ်ကြောင်း သိရသည်။ “Access Point မှာ mptnet လို့ ပြောင်းလိုက်တာနဲ့ အင်တာနက်သုံးလို့ရပါတယ်။
ပထမဦးဆုံးပေးရတဲ့ ၂ သောင်းကျပ်မှာ ပြည်တွင်းအတွက် ၂၅၀၀ ပဲသုံးလို့ရတယ်။ ကတ်ဖိုးက ၁၅၀၀ ကျပ်။ ကျန်တာက
နိုင်ငံခြားခေါ်တာနဲ့ အင်တာနက်သုံးဖို့အတွက် သတ်မှတ်ထားတယ်” ဟု ဘီလ်ခွဲခြား သတ်မှတ်ထားခြင်းနှင့် ပတ်သက်၍
၎င်းကဆက်လက်ပြော သည်။
       တစ်ခါသုံးကတ်များသည် ငွေကြေးထပ်မံဖြည့်သွင်းသည့်အခါ၌လည်း အသုံးပြုနိုင်သည့်ဘီလ်ပမာဏသည် ပြည်တွင်းပြည်
ပဟူ၍ ခွဲခြားဝင်ရောက်ခြင်းဖြစ်သည့်အတွက် သတ်မှတ်ထားသည့်အတိုင်း အသုံး ပြုရန်လိုအပ်သည်။ ပုံမှန်အားဖြင့် တစ်ခါသုံး
ဂျီအက်စ်အမ်ကတ်ကို တစ်လအတွင်းသာ သုံးစွဲစေခဲ့ခြင်းဖြစ်သော်လည်း Ativiate ပြုလုပ်ခြင်းမရှိခဲ့ပါက သုံးလအထိ ကိုင်ဆောင်
အသုံးပြုနိုင်ကြောင်း သိရသည်။
       တစ်ခါသုံးဂျီအက်စ်အမ် ဖုန်းကတ်များကို ငွေဖြည့်ကတ် ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများအတွက်
ရောင်းချနေခြင်းဖြစ်သော်လည်း လက်ရှိကာလ၌ ရောင်းအားအခြေအနေ ကောင်းမွန်ခြင်း မရှိကြောင်း သိရသည်။


မြင့်ကျော်လှိုင်
internetjournal

Monday, December 9, 2013

ဂုဏ်ပြုပန်းစည်းသိမ်းထားဖို့ မိုးစက်ဝိုင်ကိုမှာကြားတဲ့ ထိုင်းမင်းသား

                                           ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

 ဆီးဂိမ်းအကြိုအဖြစ် ပရိသတ်များနှင့် ထိုင်း၊ မြန်မာ အနုပညာရှင်များ တွေ့ဆုံပွဲတွင် ဖိလစ်ပိုင်နိုင်ငံ missosology Organization
 မှ ပေးအပ်သော People Choice Award ရရှိခဲ့သည့် Miss Universe Myanmar မိုးစက်ဝိုင်အား ထိုင်းမင်းသား Mos Patiphan
Patavikran က ဒူးထောက်ကာ ဂုဏ်ပြုပန်းစည်း ချီးမြှင့်ခဲ့သည်။
        မိုးစက်က အရမ်းချစ်စရာကောင်းတယ်။ ပြီးတော့ အခုလိုတွေ့ရတာ ၀မ်းသာတယ်။ ဒီပန်းလေးကို သေချာလေး သိမ်းပေးထားပါ။
 နောက်တစ်ခါလာရင် ဒီပန်းလေးကို ပြန်လိုချင်ပါတယ်”” ဟု ထိုင်းမင်းသားက မိုးစက်ဝိုင်ကို မှာကြားခဲ့သည်။အဆိုပါပွဲတွင် ထိုင်းမင်းသား
 Mos Patiphan Patavikran က ထိုင်းသီချင်းသုံးပုဒ် သီဆိုခဲ့သည်။ Pee Mak ဇာတ်ကားမှ ထိုင်းမင်းသမီး Davika Hoorne က စိုင်းစိုင်း
နှင့်အတူ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်များ ကစားပေးခဲ့ပြီး ၎င်းကိုယ်တိုင် ဒီဇိုင်းထွင်ထားသော ပုဝါများကို ပရိသတ်များအား
ဝေမျှပေးခဲ့သည်။ ထိုင်းမင်းသား၊ မင်းသမီးတို့သည် မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ဖူးခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင်လည်း စိုင်းစိုင်းခမ်းလှိုင်၊
 လူမင်းတို့နှင့် ဇာတ်ကားရိုက်ကူးရန် ထပ်မံလာရောက်မည်ဖြစ်ကြောင်း သိရသည်။ထိုင်းအနုပညာရှင်များသည် ဒီဇင်ဘာ ၄ ရက် နေ့လယ်၌
 ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြသည်။

7day Daily

ကျွန်တော်မွေးဌာနီ mp3

ဒီနေ့မိတ်ဆွေများတွက် ဓာတ်ပြားတေးသီချင်းခေးတစ်ခွေ တင်ပေးလိုက်ပါတယ်
တေးသံရှင် သန်းထွန်လေး သီဆိုခဲ့တာပါ ဒီအဆိတော်ကို မိတ်ဆွေများသိကြမယ်မထင်ပါဘူး
ကျွန်တော် တို့  အဖို့တို အကြိုက်တေးစု တစ်ခွေပါ အားလုံးသော မိတ်ဆွေများအတွက်
တင်ပေးလိုက်ပါပြီး နားထောင်ကြည့်ချင်ရန်တော့ အောက်ပါ လင့်မှာ ရယူပါ...
                                              DOWNLOAD

Sunday, December 8, 2013

White Card- ကိုင်ဆောင်သူများကို မဲပေးစေတဲ့  ပါတီတွေကို ကန့် ကွက်ဆန္ဒပြပွဲတွေ စတင်ပေါ်ပေါက်လာတော့မည်

မြန်မာနိုင်ငံအစိုးရက ဘာလုပ်သင့်သလဲ
ဒီဗွီဘီကနေပြီး ကုလားရွှေမောင်ကို အင်တာဗျူး လုပ်တယ် ။ သတင်းထောက်က မိုက်ခွက်ကိုပေးပြီး ပြောခိုင်းတာ့ ကုလားရွှေမောင်က 
ပြောပြီပေါ့ ။ ဒီနေရာမှာ ကျွန်တော်က ဒဲ့  ပြောပြလိုက်မယ် ။ ဒီဗွီဘီမှာ ကျွန်တော်က အပါတ်စဉ်စနေ့ နေ့ တိုင်း ရေဒီိယိုဇတ်လမ်းပမာကို 
ရေးသားထုတ်လွှင့်နေခဲ့ တာ ဆယ်စုနှစ် နှစ်ခုနီးကပါး ရေးသားနေခဲ့ တယ် ။ တိုင်းရင်းသားဘာသာ အသံလွှင့်အစီအစဉ်မှာလဲ တိုင်းရင်းသားရိုးရာ 
ယဉ်ကျေးမှု အစီအစဉ်မှာ ရိုးရာယဉ်ကျေးမှုဆောင်းပါးနဲ့  နိုင်ငံရေးဆောင်းပါးတွေ ရာနဲ့  ထောင်နဲ့ ချီလို့  ရေးသားဖေါ်ပြခဲ့ တယ် ။ -RFA- 
မှာကျပြန်တော့လဲ ပြည်တွင်းမှာနေကတည်းက အဲဒီအသံလွှင့်ဋ္ဌါန ပေါ်လာတာနဲ့  ဆောင်းပါးတွေကို ရေးသားပေးပို့ ခဲ့ လို့  အသံလွှင့်ဖေါ်ပြခဲ့ တယ် ။
ပြည်ပကိုရောက်တော့ ပြည်ပအသံလွှင့်ဋ္ဌါနတွေမှာ ရေးလိုက်ရတဲ့  ဆောင်းပါး-ပြောလိုက်ရတဲ့  အင်တာဗျူးတွေ မနည်း ။ အဲဒီတော့ -DVB-RFA- စတဲ့ 
သတင်းထောက်တွေနဲ့  ရင်းနှီးတယ် ။ သူတို့ တွေကို အင်တာဗျူးလုပ်တဲ့ အခါ မေးခွန်းတွေမေးပုံနဲ့  သတင်းအတည်ပြုချက်တွေကို ဘယ်လိုယူရတယ် 
ဆိုတာကအစ ပြောပြတာတွေ အများကြီးဆွေးနွေးပြောပြခဲ့ တာတွေ ရှိတယ်
လွန်ခဲ့ တဲ့  အပါတ်တွေလောက်က ကချင်ပြည်နယ်ဖက်မှာ ရှိနေတဲ့  မှတ်ပုံတင်မရှိတဲ့  သူတွေကို မဲပေးနိုင်အောင် ဘာမှ အထောက်အထားမရှိတဲ့ 
သူတွေကို လုပ်ပေးနေတယ် ဆိုတဲ့  သတင်းတွေ ကြားသိရတယ် ။ ဒီကတည်းက သမိုင်းလိမ်ဘင်္ဂလီကုလားတွေဆီက အသံတွေကြားလာရလိမ့်မယ်
ဆိုတာ ကျွန်တော်တို့ က သိပြီးသား ။ ခုတော့ ထင်တဲ့ အတိုင်းဘဲ ကုလားလော်ဘီ ဒီဗွီဘီက စတင်လုပ်လာတာ ကြားလာရတယ် ။
ခုကုလားရွှေမောင်ကို အင်တာဗျူး လုပ်နေတာကြည့်တော့ အင်တာဗျူးလုပ်တာလား ဒါမှမဟုတ် သူ့ ကို ပြောချင်ရာ ပြောခိုင်းနေတာလားဆိုတာက
အစ စိတ်ထဲမှာ သံသယတွေ ၀င်လာတယ် ။ သတင်းထောက်ကိုဘဲ အင်တာဗျူး ပြန်လုပ်ရမလို ဖြစ်နေပြီ ။ ကုလားလော်ဘီလုပ်နေတဲ့  ဒီအသံ
လွှင့်ဋ္ဌါနတွေကို ကျွန်တ်ေတို့ က လှည့်တောင် မကြည့်တော့တာ ကြာပေါ့ ။ သတင်းဋ္ဌါနတွေမှာ လုပ်ကိုင်နေတဲ့  ၀န်ထမ်းတွေနဲ့  ရင်းနှီးပါတယ် ။
ဒါပေမဲ့  ဒီအသံလွှင့်ဋ္ဌာနတွေက တကယ့်အထက်တန်း မီဒီယာတွေ မဟုတ်ဘဲ မီဒီယာကျင့်ထုံးကျင့်ဝတ်တွေကိုတောင် နကန်းတစ်လုံးမှ နားမလည်ဘဲ 
လုပ်နေလို့ ကတော့ မြန်မာနိုင်ငံမှာ ဒီလို သွေးထိုးနေတဲ့  မီဒီယာတွေက ရှိနေအုံးမှာဘဲ ဖြစ်တယ် ။
ကောင်းပြီ ။ ကုလားရွှေမောင် ပြောသလို -White Card-ကိုင်ဆောင်ထားသူများကို နိုင်ငံသားစီစစ်ရေး ကဒ်ပေးသင့်တယ် ဆိုရင် ဘယ်လို နိုင်ငံ
သားကဒ်မျိုးကို ပေးရမှာလဲ ဆိုတာ သတင်းထောက်က မေးဖို့  သင့်တယ်ပေါ့- ထားပါတော့ - သတင်းထောက်က မမေးတာကို ကျွန်တော်က မေးကြည့်
ပေးပါမယ် ။ နိုင်ငံသားစီစစ်ရေးကဒ်ပေးမှာမို့ လို့  ဘာလူမျိုးအနေနဲ့  အသိအမှတ် ပြုပေးရမှာလဲ ဆိုတာ မေးပြီ ဆိုပါစို့  ။ သူဘာဖြေမလဲ ဆိုတာ 
ကြည့်လိုက်ပါ ။ ဒီတော့ ကုလားရွှေမောင်က ဒီနှစ်ခုအနက် တစ်ခုကို တောင်းဆိုလာရင်
၁- White Card-ကိုင်ဆောင်သူများကို ရိုဟင်ဂျာလူမျိုးများအဖြစ် နိုင်ငံသားအဖြစ် ပေးရမယ် ။
၂-ဘင်္ဂလီလူမျိုးတိုင်းကို နိုင်ငံသားအဖြစ်ပေးရမယ် ။
ကဲ-ဒီတော့ ကျုပ်တို့ ကတော့ မြန်မာနိုင်ငံအစိုးရကို ဘာလုပ်ပေးသင့်သလဲ ဆိုတဲ့  အဖြေကို သိချင်တယ် ။ မြန်မာနိုင်ငံအစိုးရဟာ
ခုအချိန်ထိ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌါနနဲ့  ပြည်သူ့ အင်အားဦးစီးဋ္ဌါန-၀န်ကြီးဦးခင်ရီနဲ့  ဗဟိုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ -ဦးတင်အေးတို့ က 
တစ်ဦးကို တစ်ဦး ဘော်လီဘောပုတ်ရမဲ့ အချိန် မဟုတ်တော့ဘူးဆိုတာ ပြောချင်တယ် ။ -၂၀၁၄-ခုနှစ် ဇန္န၀ါရီလ- တစ်ရက်နေ့ ကစလို့  -White Card- 
ကိုင်ဆောင်သူများကို မဲပေးစေတဲ့  ပါတီတွေကို ကန့် ကွက်ဆန္ဒပြပွဲတွေ- မဲမပေးရေးဆိုတဲ့  ဆန္ဒပြ့ကန့် ကွက်ပွဲတွေကတော့ စတင်ပေါ်ပေါက်လာတော့မှာ
ဖြစ်ကြောင်း သတင်းတွေ ကြားနေမိတယ် ။ ဘာဖြစ်လို့ လဲ ဆိုတော့ မြန်မာနိုင်ငံကို မူဆလင်ဘာသာဝင်များ ကြီးစိုးသော နိုင်ငံမဖြစ်စေဖို့  ဗုဒ္ဒဘာသာဝင်
တွေက ဆက်လက်သည်းညည်း မခံနိုင်ကြတော့လို့  ပြောနေလို့ ဘဲ ဖြစ်ပါတယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )

Saturday, December 7, 2013

ဝေဟင်အောင် ရေးသားသည့် သွေးနဲ့ရေးသည့်မြေ စာအုပ်ကို ရခိုင်ပြည်နယ်နေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ စတင်ဖြန့်ချိမည်


၂၀၁၃ ခုနှစ်ဒီဇင်ဘာလ၁၅ရက်နေ့ မြန်မာတစ်ပြည်လုံးဖြန့်ချီမည်ဟုသိရသည်။ 
ဤစာအုပ်ထဲတွင် ၂၀၁၂ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်တွင် ဖြစ်သွားသော ကုလား-ရခိုင်အရေးအခင်း၏ အဖြစ်အပျက်များကို 
ဝတ္ထုပုံစံမျိုးဖြင့် ကွက်ကွက်ကွင်းကွင်းတင်ပြထားခြင်း၊ဇွန်လ တစ်လလုံးဖြစ်ပျက်သွားသည့် သတင်းများကို စုစည်းထားခြင်း၊
ဇွန်လအရေးအခင်းတွင် သေဆုံးသွားသူ ၃၄ ယောက်၏ ကိုယ်ရေးအချက်အလက်များကို ဖော်ပြထားသည်။
ရခိုင်ပြည် အရေးအခင်းကို စိတ်ဝင်စားသူတိုင်း ဆောင်ထားသင့်သည် စာအုပ်ကောင်း တစ်အုပ်ဖြစ်မည်လို့ ထင်ပါသည်။
ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ၀ံလက်ဖောင်ဒေးရှင်းရုံးခန်းမှာ စာအုပ်မိတ်ဆက်ပွဲကို ပြုလုပ်မည်ဖြစ်ပြီး၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ 
ရခိုင်ပြည်နယ်လုံး ဖြန့်ချီမည်ဖြစ်ဖြစ်ပါသည်။ ၀ယ်ယူအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်.။
နယ်ကမှာယူချင်တယ်ဆိုလျှင် - ကိုသိန်းဝင်း၊ ၀ံလက်ဖောင်ဒေးရှင်း ဒါရိုက်တာအဖွဲ့ဝင်။ ဖုန်း - ၀၉၄၅၀၅၄၀၄၀၁ ဆက်သွယ် 
မှာယူနိုင်ပါတယ်။တိုက်ရိုက်ဝယ်ယူချင်တယ်ဆိုရင်တော့ ၀ံလက်ဖောင်ဒေးရှင်းရုံးခန်း၊ စစ်တွေမြို့ကို တိုက်ရိုက် လာရောက် 
ဝယ်ယူနိုင်ပါတယ်။ ဒီစာအုပ်က ရောင်းရငွေရဲ့ အကျိုးအမြတ်ကို ဇွန်လအရေးအခင်းတွင် သေဆုံးသွားသူ ၃၄ ယောက်၏
 မိသားစုများ ပညာရေးတွင် လှူဒါန်းသွားမည် ဟုသိရသည်။

Friday, December 6, 2013

4.2.2နှင့်အထက်မှာRootမလုပ်ဘဲမြန်မာစာထည့်သွင်းခြင်း



Samsung Galaxy S4 အပြင်အခြား4.2.2 Samsung DevicesကိုRooting မလုပ်ပဲ မြန်မာလိုမြင်ရပြီးအသုံးပြုနိုင်အောင်လုပ်နည်း
လေးပါ။တခုတော့ရှိပါတယ်ခင်ဗျ။Facebook Wall,Timeline and Notification ,Tango and Viber စတာ တွေမှာမြင်ရနိုင်ပြီးတော့
 Browser တွေမှာတော့ မြန်မာလိုမမြင်ရသေးပါဘူးခင်ဗျ။ဒီမှာတော့Samsung Galaxy S4 ကိုအဓိကထားပြီးရှင်းပြထားပါတယ်...

အဆင့် (၁) Zawgyi-One Flipfont ကို install လုပ်လိုက်ပါ.
အဆင့် (၂) iFont ကို install လုပ်လိုက်ပါ.
အဆင့် (၃) Frozen Keyboard Pro ကိုလဲ install လုပ်လိုက်ပါ.
  အားလုံးကိုသွင်းပြီးသွားပြီဆိုရင်တော့ နောက်တဆင့်စပါမယ်။

For S4-i9505
============
Setting> My device > display> font style မှာ အောက်ဆုံးက samsung sans ဆိုတာကိုနှိပ်ပေးပါ ။
S4- i 9505 မှာအပေါ်ကမြန်မာဖောင့်Flipfont ထဲမှာပါဝင်တဲ့-(Myanmar+ xxxx?) Font style ၈မျိုးကိုinstall လုပ်မရပါဘူးး..
ပြီးရင်နောက်တစ်ဆင့်သွားပါမယ်။ Setting–>>My device–>> Language and input–>>Frozen keyboard Pro ကိုအမှန်ခြစ်ပေး
လိုက်ပြီး Default keyboard—>>Frozen Keyboard Pro  ကိုရွေးပေးထားပါ။ပြီးရင်နောက်တစ်ဆင့်သွားပါမယ်။
Ifont  ကိုဖွင့်ပါ အပေါ်အတန်းမှာ install ဆိုတာရှိပါတယ် နှိပ်လိုက်ပါ။မိမိကြိုက်နှစ်သက်ရာ-Myanmar font Style,E.g-
(Myanmar+iphone) ကိုရွေးပါ။Install လုပ်လိုက်ပါ set ဆိုတာကိုဆက်နှိပ်ပါ
Ok ထပ်နှိပ်လိုက်ပီး restart လုပ်ခိုင်းရင် power ကိုခဏဖိလိုက်ပါ အထဲက Restart ဆိုတာလေးကိုရွေးပေးလိုက်ပါ
power ပြန်တက်လာတဲ့အခါ facebook , Tango and Viber စာရိုက်ကြည့်လိုက်ပါ မြန်မာလိုမြင်ရပါပြီခင်ဗျား။

For S4-i9500
=============
Setting> My device > display> font style မှာ Flipfont ထဲမှာပါဝင်တဲ့ (Myanmar+ xxx?) ၈ မျိုးထဲကမိမိကြိုက်နှစ်သက်ရာ
Font Style ကိုရွေးပေးလိုက်ပါ။ ပြီးရင်နောက်တစ်ဆင့်သွားပါမယ်။Setting–>>My device–>> Language and input–>>
Frozen keyboard Pro ကိုအမှန်ခြစ်ပေးလိုက်ပြီး Default keyboard—>>Frozen Keyboard Pro  ကိုရွေးပေးထားပါ။
ပြီးရင်နောက်တစ်ဆင့်သွားပါမယ်။Ifont ကိုဖွင့်ပါ အပေါ်အတန်းမှာ install ဆိုတာရှိပါတယ် နှိပ်လိုက်ပါ။
မိမိကြိုက်နှစ်သက်ရာ-Myanmar font Style, E.g-(Myanmar+iphone) ကိုရွေးပါ။Install လုပ်လိုက်ပါ set ဆိုတာကိုဆက်နှိပ်ပါ
Ok ထပ်နှိပ်လိုက်ပီး restart လုပ်ခိုင်းရင် power ကိုခဏဖိလိုက်ပါ အထဲက Restart ဆိုတာလေးကိုရွေးပေးလိုက်ပါ
power ပြန်တက်လာတဲ့အခါ facebook ,Tango and Viber စာရိုက်ကြည့်လိုက်ပါမြန်မာလိုမြင်ရပါပြီခင်ဗျား။
===============@@@@@===============
လိုအပ်သောဖိုင်များကိုအောက်မှာဒေါင်းလော့ရယူနိုင်ပါသည်။
=================================
(1) ifont—-–>>> DWONLOAD
(2)–frozen keyboard pro.0.5.3 –>>> DOWNLOAD
(3)–zawgyi flip font–>>> DOWNLOAD

Facebook pages and groups တွေထဲမှာမြန်မာလိုမြင်ရနိုင်တဲ့Friendcaster pro for facebook  ကိုလည်းထဲ့သွင်းပြီးစမ်းသုံးလိုက်ကြပါ။
Friendcaster pro for facebook—>> DOWNLOAD
အားလုံးအဆင်ပြေကြပါစေခင်ဗျား။
ကူညီပေးသော ကိုသားစိုးအားလည်းကျေးဇူးတင်ရှိပါတယ်။

iFont Latest Version အား ဒီမှာ ရယူနိုင်ပါတယ်...
Credit-MMAS -   မှတ်ချက် ။   ။ ပျဉ်းမနားသား Post 


Twitter Delicious Facebook Digg Stumbleupon Favorites More