Saturday, December 21, 2013

နောက်ဆုံးပေါ် Desktop Computer ကို စတင် ရောင်းချလိုက်သည့် Apple

အဲပဲလ် ကုမ္ပဏီဟာ သူတို့ရဲ့ နောက်ဆုံးပေါ် Desktop ကွန်ပျူတာ Mac Pro  ကို ကြာသပတေးနေ့က
 စတင် ရောင်းချလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ မိုဘိုင်းတွေရဲ့လွှမ်းမိုးမှုကို ခံနေရတဲ့ စားပွဲတင် ကွန်ပျူတာတွေရဲ့
ဂုဏ်ရောင်ကို ပြန်လည် ထွန်းပြောင် စေမှာဖြစ်တယ်လို့ သိရပါတယ်။ အဲပဲလ် ၀က်ဘ်ဆိုက်နဲ့ အဲပဲလ် စတိုးမှာသာ
 ကြိုတင် မှာယူနိုင်တဲ့  Mac Pro  ရဲ့ ဈေးနှုန်းဟာ အမေရိကန် ဒေါ်လာ သုံးထောင် ကျော် ရှိတာကြောင့် လူအများစု
တတ်နိုင်တဲ့ ကွန်ပျူတာ တွေထက် အများကြီး ဈေးပိုကြောင်းလည်း သိရပါတယ်။
       Mac Pro  ဟာ ဈေးကွက်ထဲက ဘယ်ကွန်ပျူတာနဲ့မှ မတူသလို သူ့ရဲ့ ပုံသဏ္ဍာန်ဟာလည်း အရှည် ၁၀ လက်
မသာရှိတဲ့ ငွေရောင်နဲ့ အနက်ရောင်ဒုလုံးရှည် ပုံသဏ္ဍာန် မျိုးဖြစ်ကာ Intel နဲ့  Xeon  ပရိုဆက်ဆာ ထည့်သွင်း
ထားတာကြောင့် လွန်ခဲ့တဲ့ သုံးနှစ်က ထုတ်လုပ်တဲ့ ကွန်ပျူတာ တွေထက်  ၂ ဆကျော် မြန်ဆန် ကြောင်းလည်း
သိရပါတယ်။ ဒေါ်လာ ၂၉၉၉ နဲ့ စတင် ရောင်းချခဲ့တဲ့ အဲ့ဒီ Mac Pro  ကွန်ပျူတာကို ပရပ်ဖစ် Designers များ၊
ဓါတ်ပုံသမားများ၊   Videographers ၊   Animators  နဲ့ အလားတူ ပညာရှင်တွေ အတွက် အဓိက ထုတ်လုပ်
ထားကြောင်းလည်း သိရှိရပါတယ်။
Ref:MRTV-4

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More