Tuesday, December 24, 2013

Nokia ရဲ့  ပထမဆုံး Android ဖုန်းထွက်မည်

EvLeaks ဝဘ်ဆိုဒ်မှာ ဖော်ပြခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပြီး Nokia ရဲ့  ပထမဆုံး Android OS သုံး စမတ်ဖုန်း ဖြစ်
ကြောင်း သိရပါတယ်။ ဖုန်းရဲ့  codename အနေနဲ့ Normandy လို့အမည်ပေးထားကြောင်း ဆိုပါတယ်။
ဖုန်းက Nokia Lumia လိုပဲ အရောင်စုံ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ့ ကတော့ သာမန်
Android OS သုံးဖုန်းများနဲ့ အတူအောင် ထိပ်တန်း Android Application များကို အသုံးပြုနိုင်မယ့် အဆင့်မြင့်
စမတ်ဖုန်း တစ်လုံး ဖြစ်အောင် ဖန်တီးထားကြောင်း ဆိုပါတယ်။ Android OS ကို အသုံးပြုပြီး ဖုန်းစမ်းသပ်နေ
တယ် ဆိုတဲ့ သတင်းက မှန်ကန်စေခဲ့ပြီး ယခုတော့ စမ်းသပ်အဆင့်မှာတင် မဟုတ်တော့ပဲ ဖုန်းပါ ထွက်ရှိ လာစေ
 တော့မှာ ဖြစ်ပါတယ်။ ဖုန်းမှာ ပါဝင်မယ့် Specification တွေ ကိုတော့ ဖော်ပြ ပေးထားခြင်း မရှိသေး ပါဘူး။
Nokia ကို ၂၀၁၄ မှာ Microsoft သို့အပြီးတိုင် ပြောင်းလဲမှာ ဖြစ်ပါတယ်။ Microsoft ဆိုတာ Nokia အတွက်
အသင့်တော်ဆုံး Windows Phone OS ကို ထောက်ပံ့ပေးခဲ့တဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ ယခုတော့ Nokia ဟာ Microsoft
 ရဲ့  ပြိုင်ဘက် ဖြစ်တဲ့ Google ရဲ့  Android OS ကို အသုံးပြုတယ် ဆိုတော့ ဖုန်းအခြေအနေက ဘယ်လိုလာမယ်
ဆိုတာ သေချာမသိရ သေး ပါဘူး။ Microsoft အနေနဲ့ ၎င်းတို့ လက်အောင်က ဖုန်းတွေ Android အသုံးပြုမှုသာ
လက်ခံရင် Windows Phone OS ကို ပြန်နှိမ်ရာကျတာနဲ့ အတူတူပါပဲ။ Nokia ရဲ့  Android ဖုန်း Project ထဲမှာ
Microsoft တို့ ပါဝင်ခဲ့ခြင်း မရှိကြောင်း ဆိုပါတယ်။၂၀၁၄ နှစ်ဆန်းကာလ အတွင်းမှာပဲ Nokia ထုတ် Android
ဖုန်းများကို ဖြန့်ဖြူးရောင်းချ သွားမှာ ဖြစ် ကြောင်း သိရ ပါတယ်။
.
Ref: pocketlint

အောင်ခမ်း ( smart.com.mm )

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More