Tuesday, December 10, 2013

လက်လုပ်ဗုံး တောင်ကြီး၌ပေါက်ကွဲ ဗုံးပြုလုပ်သူ ခြေချင်းဝတ်ပြတ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မြို့မရပ်ကွက် မြောက်ကျောင်းလမ်းနှင့် အုတ်ဖို လမ်းထောင့်ရှိ၊ အိမ်အမှတ် (၁၈၈)
နှစ်ထပ်နေအိမ်၌ ဒီဇင်ဘာ ၈ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်က လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ မြို့မရပ်ကွက်မြောက်ကျောင်းလမ်းနှင့် အုတ်ဖိုလမ်း ထောင့်ရှိ အိမ်အမှတ် (၁၈၈) နှစ်ထပ်အိမ်နေ
 ဟာဂျီယူစွတ်(ခ) ဦးမြင့်သိန်း (၄၈)နှစ်၊ အလယ်ဗလီ ဥက္ကဋ္ဌသည် ၎င်းနေအိမ်အောက်ထပ်၌ ကွန်ထရိုးမိုင်း ဒေသန္တ...ရဗုံးအား
 နှစ်လက်မခွဲခန့်ရှိ သံပိုက်ခေါင်း အဖုံးနှစ်ခုဖြင့် ယမ်းများ ထည့်၍ စမ်းသပ်ပြုလုပ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဦးမြင့်သိန်းတွင် ၀ဲဘက်ခြေထောက် ခြေချင်းဝတ်ပြတ်၊ ၀ဲဘက်လက်မနှင့် လက်ညှိုးပြတ်ရှ ဒဏ်ရာများရရှိခဲ့သဖြင့် တောင်ကြီးမြို့
စ၀်စံထွန်းဆေးရုံကြီး အရိုးကုသဆောင် အခန်း (၃)တွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူ လျက်ရှိသည်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး အိမ်က မိသားစုဝင် လေးယောက်နဲ့ အလုပ်သမား ခြောက်ယောက် စုစုပေါင်း ၁၀ ယောက်ကို တောင်ကြီးမြို့မ
 ရဲစခန်းမှာ ခေါ်ယူ စစ်ဆေးပါတယ်။ ပြည်နယ် ရဲတပ်ဖွဲ့မှူးနဲ့အဖွဲ့ကလည်း လာရောက်ကြည့်ရှု စစ်ဆေးပြီးသွားပါပြီ " ဟု မိသားစုဝင်
တစ်ဦးက ပြောသည်။ အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဟာဂျီယူစွတ် (ခ) ဦးမြင့်သိန်းသည် ရှမ်းပြည်နယ်၏ ဆိတ်၊
အမဲကန်ထရိုက် လုပ်ကိုင်သူ တစ်ဦးဖြစ်သည်။
      ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာမှ မီးလောင်ကျွမ်းထားသည့် ဘောစေ့များ (ယမ်းနံ့များရ)၊ မီးလောင်ကျွမ်းထားသည့် ဖုန်းအဖြူရောင်
ဟန်းဆက် တစ်လုံး (ဆင်းမ်ကတ်မပါ)၊ မီးလောင်ကျွမ်းထားသည့် ဖုန်းအား သွင်းကြိုးတစ်ခု၊ မီးလောင်ကျွမ်းထားသည့် အနက်ရောင်ဖုန်း
အိတ်တစ်ခု၊ အချင်းနှစ်လက်မခွဲ ခန့်ရှိ ၀က်အူရစ်ပါ ရေပိုက်ခေါင်းနှစ်ခု၊Hibo Tools Eagle စာတန်းပါ ခွရှင် တစ်ချောင်း၊King Eagle
စာတန်းပါ ညှပ်ပလာယာ တစ်ချောင်း၊ ၆×၇ ဆိုက် ခွတစ်ချောင်း၊အရှည် လေးလက်မခွဲခန့်ရှိ သံချောင်း တစ်ချောင်း၊ အရှည် ကိုးလက်
မခန့်ရှိ သံပြားတစ်ပြား၊ အချင်းခုနစ်စင်တီမီတာ အရှည် ငါးလက်မခွဲ ခန့်ရှိ သံပိုက်လုံးတစ်ချောင်း၊ အလျား ငါးလက်မခွဲ အနံလေးလက်
မခွဲခန့်ရှိ သံပြားတစ်ပြား၊ စူပါဂလူးကော်ဘူး အသေးနှစ်ဘူး၊ Ps-Lon စာတန်းပါ သံကော်ဘူးတစ်ဘူး၊ ဖန်ပုလင်းအတွင်းထည့်လျက်
အ၀ါရောင် ဓာတုဆေး ရည် ၁၀၀ မီလီမီတာခန့်ပါ တစ်ပုလင်း၊ အရှည်သုံး လက်မခန့်ရှိ ဗြောက်အိုး ၁၀ ချောင်း၊Quper Red စာတန်းပါ
 မိန်းမစီး အပြာရောင် ဒေါက်ဖိနပ်တစ်ရန်၊ တစ်ဖက်မှာ မီးလောင်ကျွမ်းလျက် ဟာဂျီ ယူစွတ်(ခ) ဦးမြင့်သိန်း အခင်းဖြစ် စဉ်က ၀တ်ဆင်
ခဲ့သော Class Seven စာတန်းပါ ခဲရောင်အနွေးထည်တစ် ထည် (သွေးနှင့်ဓာတုဆေး ရည်များ စွန်းထင်းနေသည်) စသည့် ပစ္စည်းများ
 ကို တောင်ကြီးမြို့ မြို့မ ရဲစခန်း စခန်းမှူး ဒုရဲမှူး ဥာဏ်လှိုင်ဦးနှင့်အဖွဲ့တို့က သက်သေများရှေ့၌ သိမ်းဆည်းခဲ့သည်။
           ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါက်ကွဲ စေတတ်သော ၀တ္ထုပစ္စည်းများအား ပြုလုပ် ခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် ကြီးကြပ်မှုအောက်တွင်
ထားရှိခြင်းများ ပြုလုပ် သူ ဟာဂျီယူစွတ်(ခ) ဦးမြင့်သိန်းအား တောင်ကြီးမြို့ မြို့မရဲစခန်းက (ပ) ၃၁၃/ ၂၀၁၃ ပေါက်ကွဲစေတတ်သော
ဝတ္ထုများ အက်ဥပဒေ ပုဒ်မ ၅ အရ အမှုဖွင့်အရေးယူထားသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More