မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...
WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်
Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး
မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
Windows 7 Manager v 4.3.2 For Win 7 (13MB)
Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ
သင့်ဖုန်းအတွက် ANDROID APPS များ...
သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.
I T သတင်းများ အားရသမျှ သင်သိစေရန်...
သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...
ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ
သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........
Wednesday, October 29, 2014
လိပ်ကျွန်းလူသတ်မှု အတွက် AC အရက်ဘား ပိုင်ရှင် လိပ်ကျွန်း သူကြီးသား DNA စစ်ဆေးခံမည်
BY: ဧရာဝတီ
          ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်ပြီး မျိုးဗီဇ(DNA) စစ်ဆေးခံရန် ငြင်းဆိုထားသော
 AC အရက်ဘား ပိုင်ရှင် ကျွန်း သူကြီးသား Warot Tuwichianက ယခုအခါ လူသိရှင်ကြား စစ်ဆေးခံယူတော့မည်
ဟု ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ပြောဆိုလိုက်သည်။
               လူသတ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု ကောလာဟလများ ပျံ့နှံ့နေ၍ DNA စစ်ဆေးခံရန် ဆုံးဖြတ်ခြင်း
ဖြစ်ကြောင်း ယမန်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
               သတင်းစာ ရှင်းလင်းပွဲ၌ ထိုင်း အမျိုသား ရဲတပ်ဖွဲ့ ရဲချုပ် မစ္စတာ Somyot Pumpanmuang နှင့် ထိုင်း အာ
ဏာပိုင် တချို့ လည်း အတူရှိနေခဲ့ကြောင်း သိရသည်။ သတင်းစာ ရှင်းလင်းပွဲမတိုင်ခင် AC ဘားဆိုင်ပိုင်ရှင် လိပ်ကျွန်း
သူကြီး မစ္စတာ Woraphan က ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ရဲချုပ် နှင့် သွားရောက်တွေ့ ဆုံပြီး ထိုင်းလူမှုကွန်ရက် စာမျက်
နှာများက လိပ်ကျွန်းလူသတ်မှုတွင် ၄င်းတို့မိသားစု ပါဝင်ပတ်သက် နေ သည်ဟူသော စွပ်စွဲနေမှုများကို သံသယရှင်းလင်း
စေရန် သားဖြစ်သူက DNA စစ်ဆေးပြမည်ဖြစ်ကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံ ဆိုင်ရာ ဗြိတိန်သံရုံးမှ တာဝန်ရှိသူများနှင့်အ
တူ သတင်းစာရှင်းလင်းပွဲ လုပ်မည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောဆိုခဲ့ သည်​။
                လိပ်ကျွန်း သူကြီး မစ္စတာ Woraphan ၏ ညီဖြစ်သူ အသက် ၄၅ နှစ်ရှိ မစ္စတာ Montriwat Tuwichian နှင့် 
သားဖြစ်သူ အသက် ၂၂ နှစ် ရှိ တက္ကသိုလ် ကျောင်းသား Warot Tuwichian တို့သည် လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်
၍ DNA စစ် ဆေးမှု ခံယူခြင်း မရှိသေးကြောင်း ထိုင်းသတင်းများက ရေးသားကြသည်။
ယရှိသူများအဖြစ် CSI LA ဆိုသည့် ထိုင်း လူမှုကွန်ရက် စာမျက်နှာအပါအ၀င် အခြားသော လူမှုကွန်ရက် စာမျက်နှာများက 
ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေခြင်း ဖြစ်သည်။
             လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ တရားခံအဖြစ် ထိုင်းရဲက ဖမ်းဆီးထားသူ မြန်မာနိုင်ငံသား မောင်ဝင်းဇော်ထွန်း
နှင့် မောင် ဇော်လင်းတို့ကလည်း ၄င်းတို့အား ရဲနှင့် စကားပြန်တို့က အသက်အန္တရာယ် ခြိမ်းခြောက်နှိပ်စက်၍ ၀န်ခံခဲ့ရခြင်း
ဖြစ် ကြောင်း ၄င်းတို့၏မိသားစုအပါအ၀င် မြန်မာသံရုံး အထူးအဖွဲ့ကို တရားဝင် ပြောဆိုထားသည်။
                  ယမန်နေ့က မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့၏ ပြစ်မှု လုံးဝ မကျူးလွန်ကြောင်းထွက်ဆိုချက်နှင့် ရဲစ
ခန်းထွက်ဆိုချက် ကို တရားဝင်ရုပ်သိမ်းသည်စာအား ၄င်းတို့၏ မိဘများနှင့်အတူ မြန်မာသံရုံးအထူးအဖွဲ့တို့က ထိုင်းနိုင်ငံ 
အမျိုးသားလူ့အခွင့် အရေးကော်မရှင်ထံ ပေးအပ်ခဲ့သည်။
               လိပ်ကျွန်း လူသတ်မှုနှင့်ပတ်သက်၍ တရားမျှတမှု ရရှိရေး အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီး
 ဦးဝင်းမောင်၊ အတွင်းဝန် ဦးထွန်းအေး အပါအဝင် သံရုံး အထူးစုံစမ်းရေး အဖွဲ့နှင့် မောင်ဝင်းဇော်ထွန်း၊ မောင်ဇော်လင်းတို့၏ 
မိဘများက လည်း အမှုကို တရားဝင် လိုက်ပါဆောင် ရွက်ခွင့်အတွက် ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီထံ ယနေ့ နံနက်ပိုင်းက
 အပ်နှင်း လိုက်ကြောင်း သိရသည်။
               မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း Koh Tao ခေါ် လိပ်ကျွန်းပေါ်၌ ပြီးခဲ့သည့် 
စက်တင်ဘာ လ ၁၅ ရက်က ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံခဲ့ရမှုတွင် တရားခံများအဖြစ် ထိုင်းရဲက စွပ်စွဲဖမ်းဆီးထားပြီး 
လူသတ်မှု၊ မုဒိန်းမှု၊ ပစ္စည်း လုယူမှု၊ တရားမဝင် ခိုးဝင်မှု၊ အမှုထိန်ချန်မှု များနှင့် စွဲဆိုထားသည်။
Saturday, October 25, 2014
ဗြိတိန်ကမ္ဘာလှည့်ခရီးသည် ဘန်ကောက်တွင် အလှအပဆိုင်ရာ ခွဲစိတ်မှုခံယူနေစဉ် သေဆုံး
By ဒီဗွီဘီ
          ဗြိတိန်ကမ္ဘာလှည့်ခရီးသည် ဂျွိုင်း နိုအာ ဝီလျံဟာ ဘန်ကောက်မြို့ အလှပြင်ဆေးခန်းမှာ အောက်တိုဘာလ
 ၂၃ ရက်နေ့က အလှအပဆိုင်ရာ ခွဲစိတ်မှုခံယူနေတုံး သေဆုံးခဲ့ပါတယ်။ Thaiဘန်ကောက်လူနေရပ်ကွက် ဖြစ်တဲ့ 
လဒ်ဖ ရာအို ရပ်ကွက်ထဲက SP အလှအပဆိုင်ရာ ခွဲစိတ်ဆေးခန်းမှာ အသက် ၂၄ နှစ်အရွယ် ဝီလျံရဲ့အလောင်းကို 
တွေ့တယ်လို့ ရဲတွေက ပြောပါတယ်။
             ဆိုင်ရှင် အသက် ၅၀ အရွယ် ဆွန်ပေါ့ ဆာအန်စီရီနဲ့ ဝီလျံကိုခွဲစိတ်တဲ့ ဆရာဝန်ကို စစ်မေးရာ မှာတော့
 မေ့ဆေးပေးထားလို့ သတိလစ်အပြီး သူ့ကို သတိပြန်လည်လာအောင် လုပ်ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း သက်သေ
ခံတယ်လို့ ရဲက ပြောပါတယ်။
                ဝီလျံဟာ တင်ပါးပိုကြီးအောင် ပစ္စည်းထည့်ဖို့ ဆေးခန်းကို အောက်တိုဘာ ၁၅ ရက်နေ့ မတိုင်ခင်က 
လာခဲ့တယ်။ အဲဒီနောက် ခွဲစိတ်ခံဖို့ အောက်တိုဘာ ၂၃ ရက်နေ့က ပြန်လာခဲ့တာလို့ ဆေးခန်းဝန်ထမ်းတွေက ပြော
ပါတယ်။ ရဲတွေကတော့ ဆိုင်ရှင်ကို လျစ်လျူရှုမှုနဲ့ တရားစွဲမယ်လို့ ပြောပါတယ်။ ပြစ်မှုထင်ရှားရင် ဆိုင်ရှင်ဟာ ထောင်
ဒဏ်အများဆုံး ၁၀ နှစ် ကျခံရနိုင်ပါတယ်။ သေဆုံးရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဖို့ အလောင်းကို ရဲမှုခင်း
ဆေး ပညာဌာနဆီ ပို့ပြီးပြီလို့ ရဲက ပြောခဲ့ပါတယ်။
Thursday, October 23, 2014
MH370 ၏ အပျက်အစီး အစိတ်အပိုင်းများ အင်ဒိုကမ်းခြေတွင် တင်ရှိနေနိုင်ဟုဆို
MH370 ၏ အပျက်အစီး အစိတ်အပိုင်းများ အင်ဒိုကမ်းခြေတွင် တင်ရှိနေနိုင်ဟုဆို
On  Thu, 2014-10-23 13:42Issue No.No.540 Thursday, October 23, 2014
              ပျောက်ဆုံးနေသည့် MH370 ခရီးသည်တင် လေယာဉ်၏ အပျက်အစီး အစိတ်အပိုင်းများသည် 
အင်ဒိုနီးရှား ကမ်းခြေ တစ်နေရာရာတွင် လာတင်နေနိုင်သည့် အလားအလာရှိကြောင်း ဩစတြေးလျ တာ
ဝန်ရှိသူများက ပြောကြားခဲ့သည်။
         မလေးရှား လေကြောင်းပိုင် လေယာဉ်ကို လိုက်လံရှာဖွေနေသည့် လုပ်ငန်းစဉ်ကို အဓိက ပံ့ပိုးနေသည့် 
ဩစတြေးလျ ပို့ဆောင်ရေး လုံခြုံမှု ဗျူရို (ATSB)က လေယာဉ်ပျက်၏ ရေပေါ် မျောပါနိုင်သည့် အစိတ်အပိုင်း
များသည်  အင်ဒိုနီးရှား ကမ်းခြေ တစ်နေရာရာတွင် တင်နေနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။
       မတ်လ(၈)ရက်က လူ(၂၃၉)ဦးကို တင်ဆောင်ကာ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်သို့
 ပျံသန်းနေရင်း ရုတ်တရက် လမ်းကြောင်းပြောင်းကာ အိန္ဒိယ သမုဒ္ဒရာဘက် ဦးတည်ရင်း ပျက်ကျခဲ့သည်ဟု 
ယုံကြည်ရသော လေယာဉ်ကို ဩစတြေးလျ အနောက်ပိုင်း ကမ်းခြေဒေသတွင် ဖြန့်ကျက် ရှာဖွေနေဆဲ ဖြစ်သည်။ 
လေယာဉ်ပျက်၏ အစိတ်အပိုင်းများသည် လှိုင်းများ သယ်ဆောင်မှုဖြင့် အင်ဒိုနီးရှား ကမ်းခြေဘက်တွင် တင်နေ
နိုင်သဖြင့် ကူညီစစ်ဆေးပေးပါရန် ATSB က အင်ဒို တာဝန်ရှိသူများကို တိုက်တွန်းခဲ့သည်။
          ထို့အပြင် MH370 ၏ အပျက်အစီးများဟု ယူဆရသည့် မသင်္ကာဖွယ် လေယာဉ် အစိတ်အပိုင်းတစ်ခုခု
 တွေ့ရှိပါက သတင်းပေးပါရန်လည်း ဩစတြေးလျ ကမ်းခြေဒေသနေ ပြည်သူများကို ATSB က နှိုးဆော်ထားသည်။
MH370 ကို ရေအောက်တွင် လိုက်လံရှာဖွေမှု လုပ်ငန်းစဉ် အသစ်တစ်ရပ်ကို အောက်တိုဘာလတွင် အစပြု လုပ်ဆောင်
နေသည်။ ရှာဖွေရေး လုပ်ဆောင်နေသူများက (၁)နှစ်မျှ အချိန်အတွင်း ရေအောက်ကြမ်းပြင် စတုရန်း ဧရိယာ
 (၆၀၀၀၀)ကျော်မျှကို ဖြန့်ကျက် ရှာဖွေထားနိုင်ရန် မျှော်လင့်နေကြောင်းလည်း သိရှိရသည်။
Ref: 7daydaily
Saturday, October 18, 2014
ယူ ၁၉ ပြိုင်ပွဲ ပရိသတ်ကွင်းထဲဝင်ရင် အိမ်ကွင်းပွဲစဉ် ပိတ်ပင်မည်ဟု အာရှဘောလုံးအဖွဲ့ချုပ်ပြော
By ဒီဗွီဘီ
             မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပြုလုပ်နေတဲ့ ၂၀၁၄ ခုနှစ် အာရှ ယူ ၁၉ ပြိုင်ပွဲမှာ
 ကွင်းအတွင်းကို ပရိသတ်တွေ ထပ်မံဝင်ရောက်ခဲ့ရင် အိမ်ကွင်း ပွဲစဉ်တွေ လက်ခံကျင်းပခွင့် ပိတ်ပင်သွား
မယ်လို့ အာရှဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ပြောကြားလိုက်ပါတယ်။
             လာမယ့် ပွဲစဉ်တွေမှာလည်း တင်းကျပ်တဲ့ လုံခြုံရေး အစီအစဉ်တွေ ချမှတ်ဖို့နဲ့ လုံခြုံရေးအင်အား 
တိုးမြှင့်ထားဖို့ကိုလည်း အာရှဘောလုံးအဖွဲ့ချုပ်က တောင်းဆိုထားပါတယ်။ပြီးခဲ့တဲ့ မြန်မာ ယူ ၁၉ အသင်းန့ 
ယူအေအီး ယူ ၁၉ အသင်းတို့ ပွဲစဉ်အပြီးမှာ ကွင်းအတွင်းကို ဘောလုံးပရိသတ်တွေ ၀င်ရောက် အောင်ပွဲခံခဲ့
တဲ့အတွက် လုံခြုံရေး အားနည်းမှုကို အာရှဘောလုံးအဖွဲ့ချုပ်က သတိပေးလိုက်တာဖြစ်ပြီး စည်းကမ်းထိန်း
သိမ်းရေး ကော်မတီရဲ့ အရေယူးခံရဖွယ်လည်း ရှိနေပါတယ်။
                  အောက်တိုဘာလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ဆီမီးဖိုင်နယ် ပွဲစဉ်မှာလည်း လုံခြုံရေး
 အစီအစဉ်တွေ တိုးမြှင့်ပေးဖို့နဲ့ အသင်းတဖွဲ့လုံးရဲ့ လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူပေးဖို့ ကာတာအသင်း
က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုထားပါတယ်။
ဗြိတိသျှရဲများကို လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးခွင့် ထိုင်းခွင့်ပြုပြီ
BY:  ဒီဗွီဘီ
              ထိုင်းနိုင်ငံ လိပ်ကျွန်းက  ဗြိတိသျှလူမျိုး ၂ ဦး အသတ်ခံရတဲ့အမှုကို ဗြိတိသျှရဲတွေ သွားရောက် 
စုံစမ်းစစ်ဆေးဖို့ ထိုင်းအစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းက ထိုင်းဝန်
ကြီးချုပ်နဲ့တွေ့ဆုံစဉ် ဗြိတိန်က  ရဲအရာရှိတွေ အခင်းဖြစ်ရာကို သွားရောက်စစ်ဆေးဖို့ ပြောကြားတဲ့အခါမှာ ထိုင်း
ဝန်ကြီးချုပ်က ဗြိတိန်ရဲ့ အကူအညီကို ယူဖို့ လက်ခံလိုက်တာဖြစ်ပါတယ်။
               လက်ရှိမှာတော့ ထိုင်းရဲက မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို လူသတ်မှုနဲ့ ပတ်သက်ပြီး စွပ်စွဲ
ဖမ်းဆီးထားပါတယ်။ လူသတ်တယ်လို့ စွပ်စွဲခံရသူ ၂ ဦးကို ထိုင်းရဲက ရိုက်နှက်နှိပ်စက်ပြီး ထွက်ဆိုခိုင်းတယ်လို့ 
ဝေဖန်ပြောဆိုတာတွေရှိပေမယ့် ထိုင်းရဲကတော့ ဒီစွပ်စွဲချက်ကို ငြင်းပါတယ်။
                ထိုင်းဘက်က စုံစမ်းစစ်ဆေးမှုတွေက ခိုင်မာတိကျမှု မရှိဘူးလို့ အများက ယူဆကြပြီး ဗြိတိသျှအစိုး
ရကို သီးခြား စုံစမ်းစစ်ဆေးပေးဖို့ အွန်လိုင်းကနေ လူပေါင်း ၁ သိန်းနီးပါးက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါ
တယ်စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး 
ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) ကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦး စွပ်စွဲဖမ်း
ဆီးခံနေရတာပါ။
Friday, October 17, 2014
သမိုင်းသစ်ရေးထိုးခဲ့တဲ့ မြန်မာ ယူ-၁၉
၁၉၆၁ခုနှစ်ကနေ ၁၉၇၀ခုနှစ်အထိ ကျင်းပခဲ့တဲ့ အာရှယူ-၁၉ပြိုင်ပွဲတွေမှာ ၇ကြိမ် ဗိုလ်စွဲပြီး ဒုတိယတစ်ကြိမ် 
ရခဲ့တာက မြန်မာ ယူ-၁၉အသင်းရဲ့ အစဉ်အလာကောင်းခဲ့တဲ့ သမိုင်းကြောင်းပါ။ ဒါ့ကြောင့် အာရှ ယူ-၁၉ ပြိုင်ပွဲ
သမိုင်းမှာ တောင်ကိုရီးယားပြီးရင် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့
မြန်မာ ယူ-၁၉အသင်းရဲ့ ယူအေအီးကိုပေးသွားတဲ့ဂိုးကိုမကြည့်လိုက်ရတဲ့သူများပြန်ကြည်ရအောင်
Youtub ကို Share လိုက်ပြီ
မြန်မာ ယူ ၁၉ ယူအေအီးကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်
BY: DVB
           ရန်ကုန် သုဝဏ္ဏကွင်းမှာ ဒီနေ့ ညနေ ယှဉ်ပြိုင်ကစားကြတဲ့ အာရှ ယူ၁၉ လူငယ် အားကစားပြိုင်ပွဲ 
ကွာတားဇိုင်နယ် ပွဲစဉ်မှာအိမ်ရှင် မြန်မာအသင်းက ယူအေအီး အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ပြီး ဆီမီးဖိုင်
နယ်ကို တက်ရောက်သွားပါတယ်။
              ပထမပိုင်းမှာ တဖက်နဲ့တဖက် ဂိုးသွင်းနိုင်ခြင်းမရှိပမယ့် ဒုတိယပိုင်း ၅၂ မိနစ် မှာ ငြိမ်းချမ်းအောင်
ချပေးတဲ့ ဘောလုံးကို သန်းပိုင်က အနီးကပ်ကန်သွင်းပြီး မြန်မာအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးသွား
ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာလူငယ်အသင်းအနေနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်သလို 
နယူးဇီလန်နိုင်ငံမှာ လာမယ့်နှစ်ကျင်းပမယ့် ယူ၂၀ ကမ္ဘာ့ ဖလား လူငယ်ဘောလုံး ပြိုင်ပွဲကို ၀င်ရောက်ခွင့်ရ
သွားပြီဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စုပွဲစဉ်တွေမှာတုန်းက ယီမင်နဲ့သရေ၊ ထိုင်းကို ၃-၀ ဂိုး၊ အီရန်ကို 
၂-၀ ဂိုးနဲ့ရှုံးပြီးနောက် ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာပါ။ ကွာတာဖိုင်နယ်မှာတော့ ယူအေအီးကို ၁-၀ 
ဂိုးနဲ့ အနိုင်ရပြီး ဆီးမီးဖိုင်နယ်ကို တက်ရောက်သွားတာပါ။
ဦးဆန်းဆင့်ကို ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေတစ်သိန်း ချမှတ်
      By: 7daydaily   
              သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ဒက္ခိဏသီရီခရိုင်တရားရုံးက 
ယနေ့နံနက်တွင် ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေ ကျပ်တစ်သိန်း ကျခံရန် အမိန့်ချမှတ်လိုက်သည်။
နိုင်ငံပိုင်ငွေ အလွဲသုံးစားလုပ်မှုပုဒ်မ (၄၀၉)ဖြင့် ထောင်ဒဏ်သုံးနှစ်၊ နိုင်ငံတော်အကြည်ညိုပျက်စေ
မှုပုဒ်မ ၁၂၄(က)ဖြင့် ဒဏ်ငွေတစ်သိန်းနှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် ယနေနံနက် ၁၁ နာရီဝန်း
ကျင်တွင် ဒက္ခိဏခရိုင်တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
             ဦးဆန်းဆင့်ကို နိုင်ငံပိုင်ငွေအလွဲသုံးစားလုပ်မှုဖြင့် ၂၀၁၄ ဇွန်လ ၁၉ ရက်တွင် စတင်ဖမ်းဆီး
စစ်ဆေးခဲ့ပြီး၊ တရားရုံးတင်စစ်ဆေးစဉ် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် ထပ်မံတရားစွဲဆိုခဲ့ခြင်း
အား ပြစ်မှုများရုပ်သိမ်းပေးရန် လွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးက လက်မှတ်ရေးထိုးတောင်းဆိုထားပြီး
 ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုတရားသူကြီးချုပ်
ထံသို့ အဆိုပါတောင်းဆိုထားချက်နှင့်ပတ်သက်၍ သဝဏ်လွှာပေးပို့ထားသည်။
Thursday, October 16, 2014
သက်သေခံကတ်ပြားနမူနာပုံစံများ ရေးကူးဖြန့်ဝေရန် ဆောင်ရွက်သူ ဘင်္ဂလီတစ်ဦးအား ဖမ်းဆီးစစ်ဆေးနေ
ဘူးသီးတောင်၊ ၁၆၊ အောက်တိုဘာလ၊ ၂၀၁၄။ Coral Arakan News 
               ယနေ့ညနေ(၅း၃၀)အချိန်ခန့်က ဘူးသီးတောင်မြို့၊ မြို့မဈေးအနီး မိတ္တူဆိုင်တစ်ဆိုင်တွင် 
ဘင်္ဂလီတစ်ဦးသည် နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံကို အတုယူရေးသားထားသော ပုံစံများကိုမိတ္တူကူး
ယူနေကြောင်း တွေ့ရှိသဖြင့် ထိန်းသိမ်းစစ်ဆေးနေကြောင်း သိရှိရသည်။
            ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာနေ၊ ဂျာကဲရ်အာမက် (ဘ) ဖွေယော့စ် ၊ အသက်
(၂၇)နှစ်သည် မြို့မဈေးအနီးရှိ စိုး ဓါတ်ပုံနှင့် ကွန်ပျူတာ၊ မိတ္တူဆိုင်တွင် နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံပါ 
အချက်အလက်များကို အတုယူ၍ ဗလာစာရွက်ပေါ်တွင် လက်ရေးဖြင့် ရခိုင်ပြည်နယ်သက်သေခံလက်မှတ်
ဟု ခေါင်းစဉ်တပ်ကာ ရေးသားထားသော ပုံစံများလာရောက်ကူးယူနေကြောင်း အကြောင်းကြားချက်အရ 
စည်းကမ်းထိန်းသိမ်းရေး သံဃာတော်များအဖွဲ့မှ မြို့မရဲစခန်းသို့ ထပ်ဆင့်အကြောင်းကြားခဲ့ကြောင်း၊ ထို
သူကို သက်သေခံစာရွက်များဖြင့် တွေ့ရှိသဖြင့် မြို့မရဲစခန်းတွင်ခေါ်ယူစစ်ဆေးနေကြောင်း ဘူးသီးတောင်မြို့
 စည်း/ထိန်းအဖွဲ့မှ အတွင်းရေးမှူးဆရာတော် အရှင်နာယက, က ပြောပါသည်။
လက်ဝယ်တွေ့ရှိရသော စာရွက်ရှေ့ဘက်တွင် အမှတ် ဘသတ(နိုင်)၁၂၃၅၇၂၊ အမည် မောင်တင်ရွှေ
(ခေါ်) ဂျာကဲရ်အမောက်၊ လူမျိုး/ဘာသာ ရခိုင်နှင့်ဗုဒ္ဓဘာသာ စသည်ဖြင့်ရေးသားထားပြီး အချက်အလက်များမှာ
 နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံအတိုင်းဖြစ်သည်။ ကျောဘက်တွင် အရပ် ၅’-၂”၊ သွေးအုပ်စု ရခိုင်သားကို အား
ပေးတဲ့အုပ်စု စသည်ဖြင့်ရေးသားဖေါ်ပြပြီး နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံ ရေးသားကာ လက်ဗွေနှိပ် ထားသည်
ကိုတွေ့ရှိရသည်။ (ပုံပါအတိုင်း) ထိုသို့ဖမ်းမိခြင်းနှင့်ပတ်သက်၍ အရှင်နာယက, က `ဦးဇင်းတို့က သက်ဆိုင်ရာ
ကို အရေးယူပေးဖို့ အပ်ခဲ့ပါပြီ။ နောက်ပြီးကူးတာက တစ်ခုထဲမဟုတ်ပဲ စောင်ရေ ၄၀လောက်တောင် ကူးတာပါ။ 
ဒါက ဖြန့်ဝေဖို့လုပ်နေတာ ဖြစ်ပါတယ်။ ဓါတ်ပုံလဲကပ်ထားတာ တွေ့ပါတယ်။ အလွတ်တွေလဲ ပါပါတယ်။ ရေးထား
တဲ့ အချက်အလက်တွေကို ကြည့်ပါဦး။ ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာတဲ့၊ ဒါကတော့ လူမျိုး၊ ဘာသာကို ထိခိုက်ညှိုးနွမ်း
စေတဲ့ အပြုအမူလို့ပဲ သတ်မှတ်ပါတယ်။ နိုင်ငံသားကတ်ကို ပုံစံတူ ဆင်တူယိုးမှား အချက်အလက်တွေနဲ့ဆိုတော့ 
ဘာကိုရည်ရွယ်ပြီးလုပ်သလဲ၊ ဘယ်လိုပယောဂတွေ ပါသလဲဆိုတာ သေချာအောင် စုံစမ်းဖို့တော့ လိုပါမယ်။ အခု 
၈၂ဥပဒေအရ နိုင်ငံသားစီစစ်ရေးလုပ်မယ့် ကိစ္စတွေလဲရှိတယ်ဆိုတော့ သွေးထိုးလှုံ့ဆော်မှုလည်း ဖြစ်နိုင်ပါတယ်။ 
အခုတော့ သက်ဆိုင်ရာက စစ်ဆေးနေပါပြီ၊ ဦးဇင်းတို့ကတော့ ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူ
ပေးဖို့ပဲ တိုက်တွန်းပါတယ်´ဟု ပြောပါသည်။
           အချို့က အဆိုပါလုပ်ရပ်ကို ရူးကြောင်ကြောင်လုပ်ရပ်အဖြစ် ထင်မြင်သူများရှိသော်လည်း 
အချို့က နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း၊ မိတ္တူဆိုင်တွင် တမင်လာ
ရောက် ကူးယူခြင်းဖြင့် ပဋိပက္ခဖြစ်လာအောင် တမင်ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။ 
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစီစစ်ရေးလုပ်ငန်းများ ဆောင်ရွက်တော့မည်ဟု သတင်းများဖြစ်
ပေါ်နေချိန်တွင် ယခုကဲ့သို့ နိုင်ငံသားကတ် ပုံစံတူနမူနာများကို ဖြန့်ဝေခြင်းဖြင့် ဘင်္ဂလီများအနေဖြင့် နိုင်ငံသား
အဖြစ်ရရှိရန် စည်းရုံးဆောင်ရွက်နေကြောင်း သက်သေခံ တစ်ခုဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။
ဗေဒါပျံ
ပူးတွဲပါ - ထိန်းသိမ်းစစ်ဆေးခံနေရသူနှင့် မိတ္တူကူးယူထားသည့် ပုံစံ
(ဓာတ်ပုံ - စည်း/ထိန်း၊ ဘူးသီးတောင်)
ကမ္ဘောဇလေယာဉ်ပေါ်မှာ ISနဲ့ ပတ်သက်တဲ့ စာရွက်တွေတွေ့
               အောက်တိုဘာ ၁၃ ရက်နေ့ က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်လာတဲ့ ရန်ကုန်
-ညောင်ဦး-မန္တလေး-ဟဲဟိုး ခရီးစဉ် KBZ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ပေါ်မှာ IS အစ္စလာမစ် နိုင်ငံ 
လက်နက်ကိုင် အဖွဲ့နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း တချို့ကို တွေ့ခဲ့အပြီး လုံခြုံရေး စိုးရိမ်မှုတွေ ဖြစ်သွားခဲ့ကြပါတယ်။
မန္တလေး လေဆိပ်မှာ လေယာဉ် ဆိုက်ထားချိန် လေယာဉ် သန့်ရှင်းရေး လုပ်စဉ်မှာ အဲဒီ စာရွက် စာတမ်းတွေကို တွေ့
ရှိခဲ့တာ ဖြစ်ပြီး မန္တလေး ရဲတပ်ဖွဲ့ကနေ လေကြောင်း လုံခြုံရေး တပ်ဖွဲ့ကို အကြောင်းကြားခဲ့တယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့
ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး မြင့်ဦးက ဘီဘီစီကို ပြောပါတယ်။
             စာရွက်စာတမ်း တွေ့ရှိခဲ့ရာ ထိုင်ခုံမှာ ထိုင်သွားခဲ့သူ ခရီးသည်ကို လိုက်လံ စုံစမ်းပြီး စစ်ဆေး မေးမြန်းခဲ့ရာမှာ 
အဲဒီ ခရီးသည်က သူ့ရဲ့ စာရွက်စာတမ်းတွေ မဟုတ်ကြောင်း ငြင်းဆိုတယ်လို့ ဆိုပါတယ်။
               IS အဖွဲ့နဲ့ ပတ်သက်တဲ့ အဲဒီ စာရွက်တွေဟာ အင်တာနက်ကနေ download လုပ်ထားတဲ့ စာရွက်တွေ ဖြစ်တယ်
လို့လည်း ဒုရဲမှူးကြီး မြင့်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံကို အကြမ်းဖက် တိုက်ခိုက်ဖို့ အယ်လ် ကိုင်ဒါအဖွဲ့ က စီစဉ်နေတယ် 
ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရှမ်းပြည်ကနေ မန္တလေးကို လာတဲ့ ကားတစင်းပေါ်မှာ 
ဖေါက်ခွဲရေး ပစ္စည်းတွေ သိမ်းဆည်းမိခဲ့ပါတယ်။
              အရင်ကထက် စာရင် မြို့အဝင် ဂိတ်တွေမှာ ရှာဖွေ စစ်ဆေးမှုတွေ ပိုလုပ်နေပြီး လုံခြုံရေး စီမံချက် တရပ်အနေနဲ့
 ဆောင်ရွက်နေတယ်လို့ ဒုရဲမှုကြီး မြင့်ဦးက ဘီဘီစီကို ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
လိပ်ကျွန်းကိစ္စ ဥရောပမှာ ထိုင်းဝန်ကြီးချုပ် ကန့်ကွက်ဆန္ဒပြခံရ
  BY: ဧရာဝတီ      
           ဒီကနေ့ စောစောပဲ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ တခု ဖြစ်တဲ့ တအီတလီနိုင်ငံကို ရောက်ခဲ့တဲ့ ထိုင်းဝန်ကြီး 
ချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာကို ဥရောပမှာတော့ လိပ်ကျွန်း လူသတ်မှု၊ အာဏာသိမ်းမှုတွေနဲ့ ကန့်ကွက်
ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ရတယ်လို့ သိရပါတယ်။ 
            ဗြိတိန်နိုင်ငံ လန်ဒန်မှာတော့ လိပ်ကျွန်း လူသတ်မှု စုံစမ်းစစ်ဆေးရေး ကိစ္စအပေါ် ကန့်ကွက်ဆန္ဒပြတာ 
ထိုင်း ဝန်ကြီးချုပ် ရင်ဆိုင်ရမှာဖြစ်ပြီး အီတလီနိုင်ငံ မီလန်မြို့မှာတော့ စစ်အာဏာသိမ်းမှုကို ပြည့်ပရောက် ထိုင်း
ပညာရှင်တွေ၊ တက်ကြွ လှုပ် ရှားသူတွေနဲ့ စိတ်ဝင်စားသူတွေက ကန့်ကွက်ဆန္ဒပြကြတယ်လို့ ဒီကနေ့ ထုတ် 
ဘန်ကောက်ပို့စ်က ရေးပါတယ်။ 
             အောက်တိုဘာလ ၁၄ ရက်နေ့က ဗြိတိန်သံအမတ်၊ မြန်မာသံအမတ်၊ ထိုင်း နိုင်ငံခြားရေးဌာနနဲ့ ထိုင်း
ဘုရင့် ရဲ တပ်ဖွဲ့ တို့ ၃ ပွင့်ဆိုင် ၃ နာရီကြာ အကြိတ်အနယ် ဆွေးနွေးပြီး ဗြိတိန်နဲ့ မြန်မာနိုင်ငံတို့က လိပ်ကျွန်း လူ
သတ်မှု တရားခွင်ကိုသာ လေ့လာရေးအဖွဲ့တွေ ခွင့်ပြုမယ်လို့ မူအရ သဘောတူခဲ့ကြပါတယ်။ 
                ဒါပေမယ့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်က ဗြိတိန်အစိုးရက ကမ်းလှမ်းတဲ့ လိပ်ကျွန်း လူသတ်မှု 
စုံစမ်းစစ်ဆေးရေး ကိစ္စမှာ ဗြိတိန်ရဲတပ်ဖွဲ့က ကူညီဖို့ အသင့်ဖြစ်နေတယ်ဆိုတာကို နိုင်ငံခြားသားတွေဖြစ်လို့ လက်မ
ခံ ပယ်ချခဲ့ပါတယ်။ 
Wednesday, October 15, 2014
လိပ်ကျွန်းလူသတ်မှု ဗြိတိန်အကူ ထိုင်းဝန်ကြီးချုပ် ပယ်ချ
By ဒီဗွီဘီ
            ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဗြိတိန်က ကမ်းလှမ်းခဲ့တဲ့ အကူအညီကို 
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပယ်ချလိုက်ပါတယ်။ ဒါ့အပြင် ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ရဲတွေရဲ့ ကိုင်တွယ်မှုအပေါ် 
ကြီးထွားလာတဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုကိုလည်း သူက လျော့ပါးအောင် လုပ်ဆောင်လိုက်ပါတယ်။
                အောက်တိုဘာ ၁၃ ရက်နေ့က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗြိတိန် အခြေစိုက် ထိုင်းသံရုံး ယာယီ တာဝန်ခံကို
 ဆင်ခေါ်တယ်ဆိုတဲ့ ကိစ္စကို ငြင်းဆိုလိုက်ပြီး ရှင်းလင်းဖို့ အတွက် တွေ့ဆုံတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ဆွေးနွေးပွဲမှာ 
ထိုင်းသံမှူးက လုပ်ဆောင်နေတဲ့ အခြေအနေတွေကို ရှင်းပြခဲ့တယ်လို့ ချန်အိုချာက ပြောပါတယ်။
                   စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး သူတို့တွေမှာ သံသယမရှိတော့သလို အစကမဖြစ်နိုင်ဘူးလို့ ထင်မှတ်ထားတဲ့ 
သံသယရှိသူတွေကို အလျင်အမြန် ဖမ်းဆီးဖို့ စီမံနိုင်တဲ့အတွက် ဒါတွေအားလုံးကို နားလည်ဖို့ အချိန်အနည်းငယ် လိုအပ်တယ်လို့ 
သူက ပြောပါတယ်။ ဗြိတိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေကို အကူအညီပေးဖို့ အသင့်ရှိတဲ့ အကြောင်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး
ရုံးရဲ့ ၀န်ကြီး ဟူဂိုးဆွာရားက ထိုင်းသံမှူးနဲ့တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
               စက်တင်ဘာ ၁၄ ရက်နေ့မှာ ထိုင်းနိုင်ငံအခြေစိုက် ဗြိတိန် သံမှူးက နိုင်ငံခြားရေးဝန်ကြီး၊  ရဲတပ်ဖွဲ့တွေနဲ့  ၃ နာရီကြာတွေ့
ဆုံကာ အမှုကို ပြန်လည်သုံးသပ်ခဲ့ပြီး ဗြိတိန်က အကူအညီပေးဖို့ ထပ်မံကမ်းလှမ်းခဲ့ပါတယ်။ ပရာယွတ်ကတော့ ဒါဟာသူတို့ နိုင်ငံရဲ့
 ပြည်တွင်းရေး ကိစ္စ အဖြစ် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ထိုင်းလိပ်ကျွန်းလူသတ်မှု အစိုးရသက်သေ ၃ ဦး လွတ်လပ်ခွင့်ပေး
By အေးနိုင် DVB
             ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းလူသတ်မှုနဲ့ဆက်စပ်ပြီး အစိုးရသက်သေအဖြစ် ထိန်းသိန်း
ထားတဲ့ ကိုမောင်မောင်အပါအ၀င် ၃ ဦးကို မနေ့က ကော့စမွီခရိုင်တရားရားရုံးမှာ ကြားနာပြီးတဲ့နောက် ထိုင်းရဲက 
လွတ်လပ်စွာသွားလာခွင့်ပေးလိုက်တယ်လို့ သံရုံးက ဖွဲ့ပေးထားတဲ့ အထူးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေ
 ဦးအောင်မျိုးသန့်က ပြောပါတယ်။
                   “ပြီးခဲ့တဲ့ အပတ်တုန်းက ကော့စမွီ ဘော်ဖုရဲစခန်းမှာ သက်သေမောင်မောင်ကို တွေ့ဖူးပါတယ်။ 
အဲဒီတုန်းက သက်သေမောင်မောင်ဟာ ရဲရဲ့ထိန်းသိမ်းမှုအောက်မှာရှိပြီးတော့ ဘာသာပြန်နဲ့အတူ ပါလာတာတွေ့
ပါတယ်။ တွေ့တော့ ကျနော်တို့က ပြောပါတယ်။ ဒီဟာက တရားခံမဟုတ်ဘူး၊ တရားလိုပြသက်သေဖြစ်လို့ ဘာဖြစ်
လို့ ဒီလို ရဲရဲ့ထိန်းသိမ်းမှုအောက်မှာ နေရတာလဲလို့ ပြောခဲ့ဖူးတာရှိပါတယ်။ မနေ့ကတော့ ၃ ယောက်လုံးကို မနက်
ဆယ်နာရီခွဲကနေ ည ရှစ်နာရီခွဲအထိ စစ်လိုက်ရပါတယ်။ စစ်တဲ့အခါမှာ အမှုနဲ့ပတ်သက်လို့ တရားလိုပြသက်သေ
 ၃ ယောက်ဟာ ကြိုတင်ထွက်ချက်တရားသူကြီးရှေ့မှာ ရယူတာဖြစ်ပါတယ်။ အဲဒီထွက်ချက်ကြားနာပြီးတဲ့အခါ 
သူတို့ရဲ့ သက်သေထွက်ချက်ပြီးဆုံးပြီမို့လို့ ဒီသက်သေအနေနဲ့ ဘယ်လို ဆောင်ရွက်ထားပါသလဲလို့ ပြောတဲ့အခါမှာ
 ဒီသက်သေတွေကို ပြန်လွှတ်ပေးလိုက်တာပါ။
                       “မနေ့က သုံးယောက်လုံးရဲ့ စစ်ဆေးချက်ကို ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ စွပ်စွဲခံရတဲ့ ဇော်လင်း
နဲ့ ၀င်းဇော်ထွန်းတို့နှစ်ယောက်စလုံးဟာ ပြစ်မှု ကျူးလွန်ကြောင်း မြင်တွေ့တယ်၊ သိရှိတယ်ဆိုတဲ့ သက်သေတွေ မဟုတ်
ပါဘူး။ သဘောကတော့ သူတို့ထွက်ချက်တွေဟာ စွပ်စွဲခံရတဲ့သူတွေကို ငြိစွန်းတဲ့အချက် မရှိဘူးလို့ပဲ ကျနော်ထင်ပါတယ်”
 လို့ ပြောပါတယ်။
                      ဒီလူသတ်မှုကို လိုက်ပါကူညီဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ဒါရိုက်တာ
 ဦးကျော်သောင်းက ပြန်လွတ်လာသူနှစ်ဦးက လိပ်ကျွန်းကိုပြန်သွားပြီး ကိုမောင်မောင်ကိုတော့ စောင့်ရှောက်ထားတယ်
လို့ ပြောပါတယ်။“မနေ့က မျက်မြင်သက်သေ ၃ ယောက် စစ်ဆေးချက်တွေပြီးတော့ သူတို့တွေ လူတွေအကုန်လုံး ပြန်
လွှတ်တယ်။ လွှတ်တော့ အဲဒီ ၂ ယောက် ညီညီအောင်နဲ့ အောင်လင်းဇော်က ပတ်စပို့ရှိတဲ့အတွက် သူတို့ ကျွန်းကို ပြန်သွား
တယ်။ ဆိုတော့ အရင်ကျနော်တို့ တွေ့ဖို့ အခက်အခဲရှိထားတဲ့ မောင်မောင်ကျတော့ တခုခုဖြစ်မှာစိုးတဲ့အတွက် ကျနော်တို့က 
မနေ့ညနေကတည်းက ဒီကလေးသုံးယောက်ကို ကျနော်တို့တည်းတဲ့ ဟိုတယ်မှာပဲ ခေါ်သိပ်တယ်။”
              အစိုးရသက်သေဖြစ်တဲ့ ကိုမောင်မောင်က သူ့ကို အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ထိုင်းတာဝန်ရှိ
သူတွေက ထိန်းသိမ်းထားပြီး အခု မြန်မာပြည်ကိုပြန်ချင်တယ်လို့ ပြောပါတယ်။ သူ့ကို ရဲကစစ်မေးရာမှာရော၊ တရားရုံးမှာ 
စစ်မေးရာမှာရော စွပ်စွဲခံရသူနှစ်ဦးနဲ့ ဘီယာအတူတူသောက်တာ၊ စီးကရက်ဝယ်တာ ဒီနောက် စွပ်စွဲဖမ်းခံထားရတဲ့ သူငယ်
ချင်းနှစ်ယောက်ကို ထားပြီး သူ့ချစ်သူထံ သွားရောက်တာ၊ မနက်ငါးနာရီမှာ အခန်းပြန်လာတဲ့အခါ နှစ်ယောက်သား အိပ်နေ
ကြတာ။ အခင်းဖြစ်ပြီး ရဲတွေ စစ်နေချိန်မှာ အဲဒီနှစ်ယောက် ဘယ်မှ ထွက်မပြေးဘဲ ဆက်နေနေကြတာတွေကို ထောက်ပြပြီး 
သိတာ သိတဲ့အတိုင်း ဖြေဆိုခဲ့တယ်လို့ သူက ပြောပါတယ်။
             “ကျနော်က ထိုင်းနိုင်ငံ အစိုးရဘက်က လည်း (မျက်နှာ) မထောက်ဘူး။ ကိုယ့်သူငယ်ချင်း ဘက်ကလည်း မထောက်ဘူး။ 
ဘာဖြစ်လို့ဆို တရားဥပဒေဆို တာ ထောက်လို့ မရဘူး။ တကယ်လို့များ အဲလိုမျိုးဖြစ် လာလို့ရှိရင် ဒီအမှုဟာ တော်တော်ကြောက်
စရာကောင်းတဲ့အမှုပေါ့နော်။ ကျနော်အစကတည်းကနေ အမှန်အတိုင်းပဲ ပြောသွားတယ်ပေါ့နော်။ ကျနော့်သူငယ်ချင်း ဒီလိုမျိုး 
အဲတာ ဒီကောင်တွေ သတ်ပါတယ်ဆိုတဲ့စကားဟာ ကျနော် ကိုယ်တခုခုဖြစ်ပါမယ်ဆိုတာတောင်မှ ကျနော် မပြောဘူး။ ဘာဖြစ်လို့
လည်းဆိုတော့ ကိုယ်က မမြင်ဘူးဆို၊ မမြင်ဘူးပဲ ပြောတယ်။ မသိဘူးဆို မသိဘူးပဲ ပြောတယ်။ ဘာဖြစ်လို့လည်းဆို ကိုယ်က 
မဟုတ်တာကို အဟုတ်လုပ် ပြောလို့မရဘူးလေ” လို့ ပြောပါတယ်။
                     အောက်တိုဘာ ၁ ရက်နေ့က စတင်ထိန်းသိမ်းစဉ်ကစလို့ စိတ်ကျဉ်းကျပ်မှုရှိပေမယ့် စစ်မေးတဲ့အခါ ရိုက်နှက်ခြင်း၊
 ခြိမ်းခြောက်ခြင်း မရှိကြောင်းနဲ့ ဒါပေမယ့် ဒီလို ရုပ်ခြည်းပြန်လွှတ်ပေးလိမ့်မယ်လို့တော့ မမျှော်လင့်ကြောင်း သူက ပြောပါတယ်။
“ကျနော့်ကိုယ် ကျနော် ဒီအကျဉ်းအကျပ်ထဲမှာ နေခဲ့တဲ့အချိန်က  ကော့စမွေမှာ နေခဲ့တဲ့အချိန်က ကျနော့်ကိုယ်ကျနော် လုံးဝကို 
မျှော်လင့်ချက်မထားဘူး မနေ့က လွှတ်မယ်လို့၊ အဓိကကတော့ ဆရာကြီးတွေ (ကူညီလိုက်ပါဆောင်ရွက်သူတွေ) ကြောင့်ပေါ့။ 
သူတို့တောင်းဆိုတဲ့ အတွက်ကြောင့်ပေါ့။ သက်သေခံကို ဒီလိုမျိုးအကျဉ်းအကျပ်မှာ မထားသင့်ဘူးလို့ တောင်းဆိုလို့။”
            “ကျနော်ကတော့ ကိုယ့်ကိုယ်ကိုယ် လွတ်တယ်ဆိုတာ အိပ်မက်မက်နေသလား၊ ဒါမှမဟုတ် စိတ်ကူးယဉ်နေတာလားလို့
 ထင်တယ်ပေါ့နော်။”ပုလိပ်ဗိုလ်တယောက်က သူ့ကို ထိုင်းဘတ်ငွေ ၁၀၀၀ ပေးပြီး သွားလိုရာသွားနိုင်ကြောင်း ခွင့်ပြုတဲ့အတွက် 
စတင်လွတ်မြောက်လာပြီး မြန်မာသံရုံးက ကိုယ်စားလှယ်အဖွဲ့နဲ့ အတူရှိနေတယ်လို့ ဆိုပါတယ်။
           သူငယ်ချင်း ၂ ဦး သတ်ဖြတ်တယ်လို့ ရဲက စွပ်စွဲပြီး ဖြောင့်ချက်ထုတ်ပြန်ထားတဲ့အပေါ် ကိုမောင်မောင်အမြင်ကတော့ 
ခုလို ဖြစ်ပါတယ်။“ကျနော့်အထင်ကတော့ သူတို့ လုပ်ဖို့သတ္တိလည်း ရှိမယ်မထင်ဘူးပေါ့။ နောက် လူအများကလည်း ကြည့်တာက
 လူတယောက်ကို သတ်ထားတာမဟုတ်ဘူး။ လူတ်ယောက်ကို ထိုးမိရင်တောင်မှ အဲဒီနှစ်ယောက်က နေရတာ တော်တော်ခက်တယ်
နော်။ ဒါ လူအတော်များများက လူကြီးတွေကရော ပြည်သူလူထုကရော အကုန်လုံးကို၊ လူတယောက်ကို သတ်ထားရင် ဒီလိုမျိုးနေ
လို့ မရဘူးဆိုတာ ဒီလိုမျိုး ပြောနေကြတာပေါ့” လို့ ပြောပါတယ်။
                “ကျနော့်စိတ်မှာ ဘာမှတော့ သူတို့ကို မသင်္ကာမဖြစ်ဘူး။ ကိုယ့်လူကို ကိုယ်ပေါ့နော်။  ခုထက်ထိလည်း မသင်္ကာမဖြစ်ဘူး။
 ဘာဖြစ်လို့လဲဆိုတော့ ခုနပြောသလို လူတယောက်ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွေ့တယ် (ဓာတ်ပုံ) ရက်ရက်စက်စက်သတ်နိုင်ဖို့ 
ဆန္ဒရှိတယ်ဆိုတာ အဲလောက်ထိ ပြင်းထန်တဲ့ဆန္ဒ သူတို့မှာရှိမယ်လို့ လုံးဝကို မယူဆဘူး။”
                    စက်တင်ဘာ ၁၅ ရက်နေ့က ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ ဦး သတ်ဖြတ်ခံရတဲ့
အတွက် ကိုမောင်မောင်ရဲ့ သူငယ်ချင်းနှစ်ဦးဖြစ်ကြတဲ့ ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းကိုတော့ ရဲက မုဒိမ်းမှု၊ လူသတ်မှု စတဲ့အမှု
တွေနဲ့ တရားစွဲဆိုနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ မနေ့က အစိုးရသက်သေ ၃ ဦးကို ကော့စမွီတရားရုံးမှာ ကြိုတင်စစ်ဆေးခဲ့ပါတယ်။
လာမယ့်ရက်ပိုင်းအတွင်းမှာ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ရှေ့နေများအဖွဲ့၊ သံရုံးက ဖွဲ့ပေးထားတဲ့ အထူးကိုယ်စားလှယ်အဖွဲ့နဲ့ 
လူ့အခွင့်အရေးကော်မရှင်အဖွဲ့တို့ အမြန်ဆုံးတွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အထူးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေဦးအောင်မျိုးသန့်က 
ပြောပါတယ်။
Tuesday, October 14, 2014
IS အဖွဲ့ကို လက်စားချေမှုအဖြစ် အီရတ်တွင် ဆွန်နီမွတ်ဆလင်များ သတ်ဖြတ်ခံနေရ
       အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို လက်စားချေသည့် အနေဖြင့် ဆွန်နီမွတ်ဆလင် 
အရပ်သားများကို အီရတ်ရှိ ရှီးဟိုက် မွတ်ဆလင် ပြည်သူ့စစ်များက သတ်ဖြတ်နေကြောင်း နိုင်ငံတကာ 
လူ့အခွင့်အရေးအဖွဲ့ (IA)က ပြောကြားခဲ့သည်။
            IS သည် အစွန်းရောက် ဆွန်နီ အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်းတို့၏ 
ရည်မှန်းချက်များတွင် ရှီးဟိုက် မွတ်ဆလင်များကို ဖိနှိပ်ရန်ဆိုသည့် အတွေးအမြင် မူဝါဒလည်း ပါရှိသည်။
 IS အဖွဲ့သည် အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေ အများအပြားကို သိမ်းပိုက်ကာ အစ္စလာမ်မစ် ကိုယ်ပိုင်နိုင်ငံ
 တစ်ခုကို (ကမ္ဘာက အသိအမှတ် မပြုဘဲ) ထူထောင်ထားသည်။
          IS အဖွဲ့၏ ကြမ်းတမ်းရန်လိုမှုများကို လက်စားချေသည့် အနေဖြင့် အီရတ်ရှိ  ရှီးဟိုက် မွတ်ဆလင် 
တိုက်ခိုက်ရေးသမား အချို့ကလည်း ဆွန်နီ မွတ်ဆလင် အရပ်သားများကို ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်းများ
 ပြုလုပ်နေမှု တစ်စထက်တစ်စ မြင့်တက်လာကြောင်း IA က ဆိုသည်။ အဆိုပါ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို 
အီရတ် အစိုးရက ကျောထောက်နောက်ခံပြုကာ လက်နက် တပ်ဆင်ပေးထားခြင်း ဖြစ်သည်။
           IAက ဘဂ္ဂဒက်မြို့တော် မြောက်ပိုင်းရှိ ဆွန်နီ မွတ်ဆလင် အများစု နေထိုင်ရာ ဆာမာရာမြို့တွင် ဇွန်လ
နောက်ပိုင်း ကတည်းက ဆွန်နီအမျိုးသား (၁၇၀)ထက်မနည်း ပြန်ပေးဆွဲခံရကြောင်း ဖော်ပြခဲ့သည်။ ဇွန်(၆)ရက်
 တစ်ရက်တည်းတွင်ပင် ဆွန်နီအမျိုးသား (၃၀)မျှသည် နေအိမ်မှ အဓမ္မ ခေါ်ထုတ်ပြီး ပစ်သတ်ခံခဲ့ရကြောင်း၊ ၎င်း
တို့၏ ရုပ်အလောင်းများကို ပစ်သတ်သည့် နေရာတွင်ပင် စွန့်ပစ်သွားခဲ့ကြောင်း IA အဖွဲ့က ဆိုသည်။
          “အခုလို သတ်ဖြတ်မှုတွေဟာ IS စစ်သွေးကြွတွေရဲ့ ဩဇာလွှမ်းမိုးမှုတွေကို တုံ့ပြန်တဲ့ သဘောနဲ့ လုပ်
ဆောင်နေတာပါ”ဟုလည်း အဖွဲ့ကြီးက သုံးသပ်ခဲ့သည်။ IS စစ်သွေးကြွ တပ်များကို အမေရိကန်နှင့် မဟာမိတ် 
နိုင်ငံများက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေသည့်တိုင် ၎င်းတို့၏ အရှိန်အဟုန်ကို ရပ်တန့်တားဆီးရန် အခက်
အခဲများ ကြုံနေဆဲ ဖြစ်သည်။
_Ref: BBC
Saturday, October 11, 2014
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် AFC U-19 Championship Myanmar 2014 မြန်မာ ဂိုးရလဒ်များ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် AFC U-19 Championship Myanmar 2014
 ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အသင်းနှင့် ထိုင်းအသင်းတို့ 11 ရက် October ည ၆း၃၀ အုပ်စု ပွဲစဉ် ယှဉ်ပြိုင်
ကစားကြရာ မြန်မာအသင်းမှ ထိုင်းအသင်းကို (၃) ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ဂိုးများကိုကြည့်ရှုးနိုင်ပါပြီ
မြန်မာ ၂ ဦး မတရားစွပ်စွဲခံနေခြင်းအပေါ် NLD နှုတ်ဆိတ် နေမှု ဝေဖန်ခံရ
             ထိုင်းနိုင်ငံတောင်ပိုင်း စူရဌာနခရိုင် လိပ်ကျွန်း(ခိုတောင်ကျွန်း) ပေါ်တွင်ဖြစ်ပွားခဲ့သော
 ဗြိတိန်နိုင်ငံသားနှစ်ဦး အသက်ခံရမှုတွင် မြန်မာ ၂ ဦး မတရားစွပ်စွဲခံနေခြင်းအပေါ်NLD နှုတ်ဆိတ်နေမှု 
ဝေဖန်ခံနေရကြောင်းသတင်းရရှိသည်။ ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များတွင် ဟာကွက်များစွာရှိနေရာ
 ထိုင်းသတင်းစာများသာမက ကမ္ဘာ့တင်းစာများကပါ ထောက်ပြမှုများရှိခဲ့ပြီး သမ္မတဦးသိန်းစိန်မှ အထူး
ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ကာ ပြန်လည်စစ်ဆေးစေခဲ့သည်။
           မြန်မာလူမှုကွန်ရက်များတွင်လည်း ကန့်ကွက်မှုများ ပြင်းထန်နေပြီး ဂျပန်နှင့် UK ရှိမြန်မာများမှလည်း
 ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိချိန်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ပါတီမှ ဝေဖန်ချက် (သို့မဟုတ်) ကန့်ကွက်ချက်ဟူသော ကြေညာချက် တစ်စုံတစ်ရာ ထွက်မလာခြင်းအပေါ်
 မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူများသာမက သာမန်ပြည်သူများကပါ စိတ်ပျက်စွာ ဝေဖန်လျက်ရှိကြောင်း သိရ
သည်။ ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်မယူမှုနှင့်ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်း ချင်းမိုင်မှ မြန်မာ 
ရွေ့ပြောင်း အလုပ်သမားတစ်ဦးမှ ယခုလိုပြောဆိုခဲ့သည်။
            “အမေစုကို အရင်ကအားကိုးတယ်.. ဒီကိုလာတုန်းကလည်းသွားကြိုခဲ့တယ်.. အခုတော့ အားကိုးလို့ 
မရမှန်း တဖြည်းဖြည်းသိလာတယ်.. ဥပဒေဆိုတာ နိုင်ငံသားတွေကို ကာကွယ်ဖို့၊ တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုပြီး
 သူပဲပြောခဲ့တာပဲ… အခုတော့ ဘာသံမှထွက်မလာဘူး.. အရမ်းစိတ်မကောင်းဖြစ်မိတယ်..” ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးမှ NLD ပါတီဝင်တစ်ဦးမှ ဒေါ်အောင်ဆန်းစုကြည်နှုတ်ဆိတ်နေခြင်းနှင့် ပတ်သက်၍ ယခု
ကိစ္စတွင် အဖွဲ့ချုပ်ဥက္ကဌနှင့် ဘာမှမဆိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ သာမန်ပါတီ ဥက္ကဌ တစ်ဦးသာဖြစ်
ခြင်းကြောင့် ဘာမှလုပ်မပေးနိုင်ကြောင်း ဖြေရှင်းထားသည်ကို တွေ့ရသည်။
            အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှလည်း ယခင်တုန်းက တစ်ခုခုဖြစ်တိုင်း ကြေညာချက် ထုတ်ခဲ့ပြီး
 ယခုတစ်ကြိမ်မှ ဘာကြေညာချက်မှမထွက်လာတာ မရိုးသားကြောင်း အခုလိုပြောခဲ့သည်။“အရင်တုန်းက စက္ကူပေါတိုင်း
 ကြေညာချက်တွေ ဆက်တိုက်ထုတ်နေတာပဲ၊ မှတ်ချက်တွေ ပေးနေတာပဲ… ရခိုင်အရေး၊ မိတ္ထီလာအရေးနဲ့ အစိုးရလုပ်
ဆောင်မှုတွေနဲ့ ပတ်သက်ပြီး သူနဲ့ ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ဝင်ပြောနေတာပဲလေ.. အခုဟာက တရားဥပဒေစိုးမိုးရေးကိစ္စနဲ့ 
ဥပဒေအရ ကာကွယ်ရေးကိစ္စပဲ.. တာဝန်ရှောင်တာ အသိသာကြီးပါ…” ဟု ဆိုသည်။
           ပြည်ပရောက် သံဃာတစ်ပါးမှလည်း “ဘာလုပ်ပိုင်ခွင့်မှမရှိရင် ကုလားကိစ္စလည်းမလုပ်နဲ့လေ၊ မပြောနဲ့လေ 
မလုပ်နဲ့လေ၊ ဘာဖြစ်လို့ လျှာရှည်နေရတာလည်း၊ ဒီမိုကရေစီဆို ဒီမိုကရေစီပဲလုပ်လေ မိတ္ထီလာ ဗလီပြန်ဆောက်မှပိုက်
ဆံထုတ်ပေးပီး မောင်တောကဘုန်းကြီးကျောင်း ဆယ်ကျောင်းကုလားမီးရှို့ခံရလို့ ပြန်ဆောက်တော့ ဘယ်ကုလားနဲ့အ
လေလိုက်နေတာလည်း အဲဒါတာဝန်ရှိလို့တာဝန်ယူတာလား ဘယ်သူက ပေးတဲ့ တာဝန်လည်း၊ အခုကိစ္စမှာ ချိုတယ် 
ငံတယ်လောက်တော့ ပြောလို့ ရပါတယ်လေ” ဟု မိန့်ကြားသည်။
               ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်စိတ်ပျက် မိ
ကြောင်းနှင့် လူထုခေါင်းဆောင်ဟု အမည်မခံသင့်တော့ကြောင်း ပြောဆိုခဲ့သည်။ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်
 David Miller နှင့် HannahWitheridge တို့နှစ်ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များမှာ 
ဟာကွက်များစွာရှိနေပြီး မြန်မာပြည်သူ တို့၏ လူမှုကွန်ရက်များတွင် အလျှင်အမြန် ပျံ့နှံ့လာကာ ဝေဖန်မှုများ၊ တောင်း
ဆိုမှုများ ပြင်းထန်လာခဲ့ရာ သမ္မတအမိန့်ဖြင့် စစ်ဆေးရေးအဖွဲ့များ ချက်ချင်းစေလွှတ်ခဲ့သည်။
              ထို့ပြင် စစ်ဆေးမေးမြန်းရန် ပြည်ထောင်စု အဆင့်အဖွဲ့တစ်ခုဖွဲ့စည်းပြီး ထပ်မံသွားရောက်စစ်ဆေးရန် နိုင်ငံတော်
သမ္မတရုံးက ညွှန်ကြားထားကြောင်း သိရသည်။ မနေ့က ဝန်ကြီးချုပ်ပရာရွတ် နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံချိန်တွင်လည်း 
သမ္မတမှ တောင်းဆိုခဲ့ပြီး ကာချုပ်မင်းအောင်လှိုင်မှလည်း ထိုင်းဒုဝန်ကြီးနှင့်တွေ့ဆုံစဉ် တောင်းဆိုပေးခဲ့ကြောင်း သိရသည်။
မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်ကမှ စွပ်စွဲခံ မောင်ဇော်လင်း နှင့် မောင်ဝင်းဇော်ထွန်း နှစ်ဦးလုံးကို တွေ့ဆုံ
ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးကို ဝန်ခံမှုရရှိအောင် ညှင်းဆဲစစ်ဆေးမှုများရှိကြောင်း မီဒီယာများသို့ ပြောဆိုခဲ့သည်။
             ဘန်ကောက်ပို့စ် သတင်းစာ၏ လက်ထောက်အယ်ဒီတာ မစ္စ Sanitsuda Ekachai မှ စွပ်စွဲမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်
သာမှုမရှိကြောင်း၊ ဟာကွက်များရှိကြောင်း ဝေဖန်ထားသည့်အပြင် ရစ်ချက်ဘားနက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးဆိုင်ရာအဖွဲ့
 (Richard Bennett, AmnestyInternational ) မှလည်း " နှိပ်စက်ပြီး ၀န်ခံခိုင်းမှုဆိုတဲ့ကိစ္စကို ထိုင်းအာဏာပိုင်တွေမှ ထိထိ
ရောက်ရောက် ၊ ပွင့်လင်းမြင်သာပြီး မှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရမယ်" ဟု ပြောဆိုထားသည်။
             လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ရှေ့နေများကွန်ယက်နှင့် အခြားလူ့အခွင့်အရေး လှုပ်ရှားသူများ နှုတ်ဆိတ် 
နေသော်လည်း မနေ့က ရန်ကုန်မြို့ နှင့် တိုကျိုမြို့တို့တွင် ဆန္ဒပြခဲ့ကြသည်။ ပြည်တွင်းပြည်ပရှိ ပြည်သူများမှာ နိုင်ငံအသီးသီးရှိ 
ထိုင်းနိုင်ငံသံရုံးများတွင် ဆန္ဒပြရန် တက်ကြွလှုပ်ရှားသူများနှင့် ရွှေ့ပြောင်းအလုပ်သမားများ အရေး လှုပ်ရှားသူများကစီစဉ်လျက်
ရှိကြောင်း သတင်း ရရှိသည်။
ဇော်မျိုးဦး
 မြန်မာပြည်သား
ကော့ကရိတ်မြ၀တီလမ်း အလယ်ဗိုလ်တဲတွင်ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့
 ယနေ့ နေလည် ၁၂း၀၀နာရီခန့် တွင်ကော့ကရိတ်မြ၀တီလမ်း အလယ်ဗိုလ်တဲတွင် မည်သည့်နေရာ
ကပစ်မှန်းမသိသောလက်နက်ကြီးပေါက်ကွဲခဲ့သည်။ ပေါက်ကွဲမှုအနီးတ၀ိုက်ရှိ ခရီးသည်ကားနှင့်ဈေးရောင်း
သူများ ထိခိုက်ဒါဏ်ရာရ သေကြေခဲ့သည်။
               အခင်းဖြစ်နေရာတွင်ပင် ၂ဦးသေဆုံးပြီးထိခိုက်ဒါဏ်ရာရသူများကို ကော့ကရိတ်ဆေးရုံသို့
ပို့ဆောင်ဆေးကုသမှု ခံနေကြသည်။ဒါဏ်ရာရသူများထဲမှကျား၁ဦးမှာ ဆေးကုသမှုခံယူနေစဉ်သေဆုံးသွားသဖြင့်
စုစုပေါင်းသေဆုံးသူ ၃ဦးဖြစ်သည်။ဒါဏ်ရာရသူများမှာ မောင်ဝေဦး အသက်၁၈နှစ် (ရင်ဘတ်ထိ)ရွှေတောကျေးရွာ
 ဘားအံမြို့နယ်၊မရိုင်း ၃၂နှစ် (၀ဲဘက်ခြေသလုံး ဒါဏ်ရာ၃ချက်)ကော့ရမိုင်ရွာ ဘားအံမြို့နယ်၊စောလာပုန်းအွာ ၁၇
နှစ် (၀ဲဘက်ပေါင် ၁ချက်)ကော့အိမိတ်ရွာ ဘားအံမြို့နယ်။
           ကလေးနှစ်ယောက် မောင်အာကာမင်း၉နှစ်၊မခင်ချိုဝင်း ၂တန်း(အမက.၉)လက်ပေါက်ပြဲဒါဏ်ရာ၊ တံတား
ဦးကော့ကရိတ်မြို့၊ကိုဇော်လင်းဦး မခင်မာဝေ (၀ဲဘက်ပေါင်ပေါက်ပြဲ) တံတားဦးရပ်၊ကော့ကရိတ်မြို့၊စောထမွီး ၁၂နှစ် 
၃တန်း(အ.မ.က၂)ကျောက်ဖျာ ၊ရွှေတောရွာ ဘားအံမြို့နယ်၊၃ဦးသေ၊ကလေး၃ဦး၊ မ ၃ဦး၊ ကျား ၅ဦးဒဏ်ရာရရှိသည်။
အလယ်ဗိုလ်တဲ ဘုန်းတော်ကြီးကျောင်းဆရာတော်လည်း ခြေထောက်တွင်
          လက်နက်ကြီးစထိမှန်ဒါဏ်ရာရသည်၊ဆရာတော်ကို မြ၀တီတွင်ဆေးကုသရန်အတွက်ဒါယကာများမှပင့်ဆောင်
သွားခဲ့ကြသည်။ကော့ကရိတ်ဆေးရုံသို့ ကော့ကရိတ်ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ရဲမှူးကြီးနှင့်ရဲတပ်ဖွဲ့ သတင်း
တပ်ဖွဲ့များမှတာဝန်ရှိသူများ၊ သွေးအကူအညီပေးရေးအဖွဲ့၊ကရုဏာဖောင်ဒေးရှင်းအဖွဲ့၊ရပ်ကွက်နာရေးအသင်းများမှ 
တာဝန်ရှိသူများ ကော့ကရိတ်ဆေးရုံမှ ၀န်ထမ်းများမှကူညီဆောင်ရွက်ပေးနေပါသည်၊။
BY: Dawna Aungtoe
Friday, October 10, 2014
ကော့တောင်(လိပ်ကျွန်)လူသက်မှုနှင့်ပက်သက်၍ မသင်္ကာစရာကောင်သူ တစ်ဦးဖမ်းဆီးစစ်ဆေး
By: အဘ ကိုဖြိုး သစ်ဆန်း
              လွန်ခဲ့တဲ့ စက်တင်ဘာ ၁၅ရက်နေ့ က သတ်ခံရတဲ့ နိုင်ငံခြားသားစုံတွဲနဲ့ ပတ်သက်လို့   မကြာခင် 
အချိန်အတွင်းကပဲ မသင်္ကာစရာကောင်းလောက်အောင် စိတ်ခြောက်ခြားနေသည့်ဟု ယူဆရသည့် လူတစ်ဦး
အား ဖမ်းဆီးမိကြောင်း ဖငမ်းကျွန်းမှ တာဝန်ရှိရဲများထံမှ သတင်းရရှိခဲ့ပါတယ်။
               နယ်မြေခံ ကာကီလူမျိုးများ၏ သတင်းပေးပို့ ချက်အရ အသက် ၂၃ နှစ်အရွယ် အမည်Le Phong wellness 
အား လွန်ခဲ့တဲ့ ရက်အနည်းငယ်တည်းက မျက်နှာစိမ်းလူတစ်ယောက် သည် ကာကီ လူမျိုးတို့ ၏ ရွာအတွင်း လာရောက်
ပုန်းအောင်းနေပြီး စားသောက်ရန် ထမင်း၊ဟင်းများ တောင်းရမ်း စားသောက်လျှက်ရှိကြောင်း အကြောင်းကြားသဖြင့် 
သွားရောက်ဖမ်းစီးရာ ထိုသူမှာ ရဲများနှင့် ထိတ်တိုက် စတင်တွေ့ ဆုံစဉ်မှာပင် " နိုင်ငံခြားသားကို မရိုက်သတ် ရပါဖူး " 
ဟု ထိတ်လန့် စွာ ပြောဆိုနေပါသည်။ ယခုအခါ ရဲတပ်ဖွဲ့၏ ဖမ်းစီးစစ်ဆေးခြင်း ကို ခံနေရသည်။ 
              စစ်ဆေးချက်အရ လောလော ဆယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ အဖြစ်တွေ့ ရှိရပြီး လိပ်ကျွန်းလူသတ်မှုနှင့် 
စပ်စပ်မှု ရှိမရှိအား အသေးစိတ်ထပ်မံစစ်ဆေးနိုင်ရန် ထိန်းသိမ်းထားပြီး DNA စစ်ဆေးရေး လုပ်ဆောင်ချက်များကို ပြု
လုပ်၍ သေဆုံးသူ အမျိုးသမီးကိုယ်တွင် တွေ့ ရသည့် DNA နှင့် ကိုက်ညီမှု ရှိ/မရှိအား ထပ်မံစစ်ဆေးမည်။
                  ထို့ အပြင် လိပ်ကျွန်းတွင် နိုင်ငံခြားသား စုံတွဲ အသတ်ခံရပြီးကာလ၊ နောက်ပိုင်းတွင် နခေါန်စီထမရမြို့ နယ်
 ပင်လယ်အတွင်းရှိ တငါများ၏ သတင်းပေးပို့ ချက်အရ အမည်မသိ ထိုင်းလူမျိုး ၁ဦးသည် Little Doug အမည်ရေးထိုးထား
ပြီး အဖြူ-လိမ္မော်-အနီရောင် စပ်ထားသော စပိဘုတ်ဖြင့် ဖငမ်းကျွန်းဖက်မှ တောင်ဖက် တည့်တည့်သို့ ဦးတည် မောင်းနှင်
လာပြီး ၄င်းတို့ အား နခေါန်စီထမရနယ်အတွင်းရှိ ခနောမ် သို့ ဦးတည်ရမည့် လမ်းအား မေးမြန်းခဲ့ပြီး လမ်းညွှန်မှုအတိုင်း 
ဦးတည် မောင်းနှင်သွားသော်လဲ အရှေ့ တွင်ရှိသော နယ်မြေခံရဲတပ်ဖွဲ့ များ ၏လှည့်ကင်းများအား အဝေးမှ လှမ်းမြင်ပြီး 
တောင်ဖက်သို့ အလျှင်အမြန် ချိုးကွေ့ ၍ မောင်းနှင် ထွက်ခွာသွားခဲ့သည် ဟုတ် ထိုင်းရဲများအား သတင်းပို့ ခဲ့သည်။
ထိုင်းရဲများအနေဖြင့် မှုခင်းနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့် အပေါင်းပါများ ဖြစ်နိုင်ပြီး ကျွန်းပေါ်မှ ပျောက်
သွားသော လူအချို့  ထဲမှ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ASTV Manager ภาคใต้ သတင်းဌာနဖော်ပြချက်အား Lu Gyi Minမှ ဘာသာပြန် ဖော်ပြလိုက်ပါသည်။
မူရင်းသတင်းလင့်==>>>> http://www.manager.co.th/South/ViewNews.aspx?NewsID=9570000108726 — 
Thursday, October 9, 2014
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အား ဆန္ဒပြမှုတစ်ခုဖြစ်ပွား
             ထိုင်းနိုင်ငံ၌ လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထား ရသည့် မြန်မာနိုင်ငံသားနှစ်ဦးနှင့်ပတ်သက်၍ 
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အား ဆန္ဒပြမှုတစ်ခု ရန်ကုန်မြို့လယ် မဟာဗန္ဒလ
ပန်းခြံအနီးတွင်ဖြစ်ပွားခဲ့သည်။ တတ်ကြွလှုပ်ရှားသူဆယ်ဦးခန့်သည် ဗြိတိန်နိုင်ငံသားနှစ်ဦးအား သတ်ဖြတ်
မှုဖြင့် ထိုင်းနိုင်ငံအတွင်း တရားခံအဖြစ်စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးအား သံယအကျိုး 
ခံစားခွင့်ပေးရန်နှင့် ဥပဒေအရဖြေရှင်းပေးရန် တောင်းဆိုထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြ
ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ဆန္ဒပြသူများသည် မဟာဗန္ဒုလပန်းခြံကို လမ်းလျှောက်လှည့်လည်ခဲ့ကာ ဆူးလေ
စေတီတော်ကို တတ်ရောက်ပြီး အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးအတွက်ရည်ရွယ်ပြီး ၀တ်ပြုဆုတောင်းခဲ့ကြ
သည်။
(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)
Wednesday, October 8, 2014
ထိုင်းနိုင်ငံလိပ်ကျွန်းလူသတ်မှု ထိုင်းရဲတပ်ဖွဲ့၏ စွဲချက် သက်သေမလုံလောက်သဖြင့် ထိုင်းဗဟိုတရားရုံးက ပယ်ချ၊ စွပ်စွဲခံ မြန်မာလူငယ် နှစ်ဦးအတွက် မျှောက်လင့်ချက်ရောင်ခြည်သန်းလာ
BY:News Watch(စောင့်ကြည့်သတင်းဂျာနယ်)
             ထိုင်းရဲတပ်ဖွဲ့၏အမှုစွဲဆိုရန် တင်ပြချက်ကို ထိုင်းနိုင်ငံအစိုးရဥပဒေအကြံပေးအဖွဲ့မှ တရားစွဲတင်ရန်မလုံ
လောက်ဟူသော အကြောင်းပြချက်ဖြင့် ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။အမှုကိုပြည့်စုံတိကျအောင်ပြန်လည်
တည်ဆောက်ရမည်ဖြစ်၍စွပ်စွဲခံရသော မြန်မာလူငယ်နှစ်ဦးအတွက် မျှော်လင့်ချက်ရောင်ခြည်ပင် ဖြစ်တော့သည်။
ယင်းအပြင် ယခုအခြေအနေတွင် ထိုင်းရဲတပ်ဖွဲ့က နောက်တကြိမ်အမှုမတည်ဆောက်ခင်တွင် မြန်မာအစိုးရအနေနှင့် 
အထူးစုံစမ်းရေးအဖွဲ့အမြန်ဆုံးစေလွှတ်ရန် လိုအပ်ကြောင်း ၎င်းတို့အဖွဲ့၏ အကြံပေးဖြစ်သူ ထိုင်းအမျိုးသမီးရှေ့နေက
 အကြံပေးကြောင်းလည်း သိရသည်။
            “ဟုတ်ပါတယ်ခင်ဗျ၊ ဟုတ်ပါတယ်၊ သေချာသွားပါပြီ၊ ကျွန်တော်တို့ ထိုင်းရှေ့နေအမျိုးသမီး ဖုန်တောက်ရှောက်
ဖွင့်ပြီးတော့ ကျွန်တော်တို့ ဖြေနေတာ၊ ဒီညနေပိုင်းက သတင်းရရှိပါတယ်။ ဘာဆက်လုပ်ရမလဲဆို ထိုင်းရှေ့နေက 
အကြံပေးတားက မြန်မာအစိုးရအနေနဲ့ ထိုင်းရဲက နောက်တကြိမ် အမှုတွဲမတင်နိုင်ခင် မြန်မြန်ဆန်ဆန်လာရောက်ပြီး
 အထူးစုံစမ်းရေးအဖွဲ့ အမြန်ဆုံးလာရောက်ဖို့လိုတယ်လို့ ပြောပါတယ်၊ မြန်မာအစိုးရအနေနဲ့ မှုခင်းဆိုင်ရာ ကျွမ်းကျင်တဲ့ 
ဆရာဝန်တို့၊ ရဲတို့ CID တို့နဲ့ အမြန်လာရောက်ဖို့လိုတယ်လို့ ထိုင်းရှေ့နေမက အကြံပေးပါတယ် နော်၊ အာမခံကတော့
 ပိုက်ဆံရှိရင် ရနိုင်တာပေါ့ဗျာ” ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း ညွှန်ကြားရေးမှူး ဦးကျော်သောင်းက
 News Watch ကို ပြောသည်။
             ထိုင်းနိုင်ငံ၊ စူရတ်နီဌာနီခရိုင်၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) တွင် စက်တင်ဘာ ၁၅ ရက်နေ့ လပြည့်နေ့ ပွဲတော်
ညက အသက် ၂၀ ကျော် ဗြိတိန်စုံတွဲတစ်တွဲ အသတ်ခံရမှုတွင် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို 
သံသယရှိသူများအဖြစ် ထိုင်းရဲက ဖမ်းဆီးကာတရားစွဲဆိုထားသည်။
Tuesday, October 7, 2014
လိပ်ကျွန်းလူသတ်မှု စုံစမ်းရေး ဗြိတိန်က ကူညီပေးမည်
BY:DVB
               ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးရာမှာ ထိုင်းရဲတပ်ဖွဲ့ကို နည်းပညာ
အကူအညီပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှာ ဗြိတိန်သံအမတ်က ကမ်းလှမ်းခဲ့တယ်လို့ အင်္ဂလိပ်
ဘာသာနဲ့ ရေးသားတဲ့ ထိုင်းသတင်းဌာန ကော့ဆောင်သတင်းက ထုတ်ပြန်ပါတယ်။
              ထိုင်းရဲတပ်ဖွဲအကြီးအကဲနဲ့  ဗြိတိန် သံအမတ်တို့ အောက်တိုဘာ ၂ ရက်နေ့ တွေ့ဆုံရာမှာ ပစ္စည်း
ကိရိယာ ကျွမ်းကျင်သူနဲ့ တခြား အကူအညီတွေပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ဗြိတိန်နိုင်ငံ 
သား ဒေးဗစ်မေလာနဲ့ ဟန်နာ ၀ှစ်သာရစ်တို့က လိပ်ကျွန်းမှာ အသတ်ခံရပြီး ၂ ပတ်ကျော်အကြာ အခုလို 
ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
                ထိုင်းရဲတပ်ဖွဲ့အကြီးအကဲက လူသတ်မှုအတွက် ထိုင်းရဲတပ်ဖွဲ့တွေက အစွမ်းကုန် ကြိုးစားဆောင်
ရွက် နေသလို စုံစမ်း စစ်ဆေးမှုက အချိန်ယူရမယ်လို့ ပြောပါတယ်။ဗြိတိန်က ကမ်းလှမ်းတဲ့ နည်းပညာအကူအညီ 
ယူ၊ မယူကိုတော့ တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။ ရှေ့နောက်မညီတဲ့ ထုတ်ပြန်ချက်ကြောင့် လူသတ်မှုအပေါ် ထိုင်းရဲတပ်
ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် ခံနေရပါတယ်။
လိပ်ကျွန်းလူသတ်မှုကိစ္စ စိတ်ဝင်စားဖွယ် သတင်းစာရှင်းလင်းပွဲ
 OCTOBER 8, 2014
BY: ဧရာဝတီ
          ထိုင်းတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနဲ့ မြန်မာ ၂ ဦးကို လူသတ်တရားခံအဖြစ် ထိုင်းရဲက ဖမ်းဆီးထားတာ
 နဲ့ ညှင်ပန်း နှိပ်စက်မှုတွေ ရှိတယ်ဆိုတဲ့ ထိုင်းမီဒီယာတွေနဲ့ ကမ္ဘာ့မီဒီယာတွေက ဝေဖန်ပြောဆိုမှုတွေကို ထိုင်းရဲချုပ် 
ဆုမ်ယွတ် ပွန်ပန်မွန်က ခုခံကွာကွယ်ပြောသွားပါတယ်။ 
                   “ဒီအမှုမှာ အရာရှိတွေ အားလုံး သေချာ လုပ်ဆောင်ခဲ့ကြတယ်ဆိုတာ အခိုင်အမာပြောချင်ပါတယ်” လို့ 
အောက်တိုဘာလ ၇ ရက်နေ့က ထိုင်းနိုင်ငံ ရဲချုပ်ရုံးမှာ သတင်းစာ ရှင်းလင်းပွဲ ရဲချုပ် ဆုမ်ယွတ်က ပြော သွား တာပါ။ 
အဲဒီသတင်းစာရှင်းလင်းပွဲကိုတော့ သေဆုံးသွားတဲ့ ဒေးဗစ်နဲ့ ဟန်နာတို့ရဲ့ ဗြိတိန်နိုင်ငံရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်
ကြီး က ကနဦး တက်ရောက်ဖို့ မူလက စီစဉ်ထားခဲ့ပါတယ်။ 
                 ဒါပေမယ့် ဖမ်းဆီးခံထားရသူတွေကို ရဲက ညှင်းပန်းနှိပ်စက်ထားခံရ တယ်ဆိုတဲ့ သတင်းတွေ ထွက်ပြီး တဲ့
နောက် ဗြိတိန်သံအမတ်ဟာ သတင်းစာ ရှင်းလင်းပွဲကို မ တက်ရောက်ဖြစ်ခဲ့ဘူးလို့ ဘန်ကောက် ပို့စ် သတင်းတပုဒ်မှာ
 ရေးပါတယ်။  ဒါပေမယ့် ထိုင်းအခြေစိုက်သတင်းဌာနတွေနဲ့ နိုင်ငံခြား သတင်းထောက်တွေတော့ တက်ရောက်ခဲ့ပြီး ဖမ်း
ဆီးခံထားရတဲ့ မြန်မာတွေ ညှင်းပန်းနှိပ်စက်ခံရတာတွေနဲ့ပတ်သက်လို့လည်း မေးခဲ့ကြပါတယ်။  
           “ဘယ် သံသယဖြစ်ခံရသူကိုမှ ညှင်းပန်းနှိပ်စက်တာ မရှိခဲ့ဘူးဆိုတာ ကျနော် အတည်ပြုပါတယ်” လို့ စုံစမ်းရေး
 ရဲမှူး Suwat Chaengyodsook က ဘန်ကောက်ပို့စ်ကို ပြောတယ်။ သူက ဆက်ပြောတာက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေ
တုံး သံသယဖြစ်သူတွေရဲ့ ရှေ့နေလည်း ရှိပြီး လူခန္ဓာ ကိုယ်ကိုလည်း စစ်ဆေးမှုတွေလည်း လုပ်ခဲ့ပြီး ဒါတွေကို ဆရာဝန်
ဆီ ပို့ထားတယ်တဲ့။ သံသယဖြစ်ခံရ သူတွေက သူတို့ ဖာသာ သူတို့က ဝန်ခံခဲ့တာလို့ ပြောထားပါတယ်။ 
           လူ့အခွင့်ရေး တက်ကြွလှုပ်ရှားသူတွေ အခိုင်အမာထောက်ပြတာကတော့ သံသယဖြစ်ခံရသူတွေဟာ တရားစွဲခံရပြီး
ချိန် ထိ ရှေ့နေနဲ့ တွေ့ခွင့်မရခဲ့ဘူးလို့ ထောက်ပြထားတာကို ဘန်ကောက်ပို့စ်က ဆိုပါတယ်။ လိပ်ကျွန်း ဗြိတိန် ၂ ဦး အသတ်
ခံရတဲ့ ကိစ္စနဲ့ CCTV၊ သက်သေအထောက်အထား၊ မူခင်းသဲလွန်စ၊ စတဲ့ အချက်တွေ အ ပေါ် အခြေခံပြီး နိုင်ငံခြားသား ၁၈၇
 ဦး၊ ထိုင်း ၅၈ ဦးကို သံသယဖြစ်သူစာရင်းသွင်းခဲ့တာ လို့ လည်း ထိုင်းရဲတွေက သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။ 
          သေဆုံးသူဗြိတိန်အမျိုးသမီးခန္ဓာကိုယ်က ရတဲ့ DNA ကို ချင်းမိုင်တက္ကသိုလ်နဲ့ ချူလာလောင်ကွန် တက္ကသိုလ်တွေမှာ 
စစ် ဆေးခဲ့တာလို့ ရဲက ပြောတယ်။ “DNA စစ်ဆေးမှုက သေဆုံးသူဆီက ရတာနဲ့ သံသယဖြစ်ခံရသူတွေရဲ့ DNA က ကိုက်ညီ
တယ်၊ ဒါ ငြင်း လို့ မရနိုင်တာပဲ”လို့ ရဲမှူး ဆူဝပ်က ရှင်းပြတယ်။ 
                ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှာလည်း ပါဝင် လုပ်ကိုင်နေသူ ထိုင်း NGO တခုဖြစ်တဲ့ Cross-Cultural 
Foundation- CCF ဒါရိုက်တာ Pornpen Kongkachornkiat ကတော့ ရဲတွေရဲ့ ကြိုးစားအား ထုတ်မှုကို အသိအမှတ် ပြုပေမယ့် 
ထိုင်းလူထုက ဒီစုံစမ်းစစ်ဆေးမှုမှာ လုံးဝ စိုးရိမ်မကင်းဖြစ်တယ်လို့ ပြော ထားပါတယ်။ ထိုင်းရဲချုပ်က ပြောတာမှာ စုံစမ်းမှုတွေကို 
လူတွေမျှော်လင့်ထားသလို မြန်ဆန်မှု မရှိခဲ့ဘူးလို့ ပြောပြီး လူမှု ကွန်ယက်တွေ မှာ ပြစ်တင်မှုတွေလည်း ရှိတယ်လို့ ဆိုတယ်။ 
လိပ်ကျွန်းမှာ သြဇာ ကြီးတဲ့ မာဖီးယားတွေကို စုံစမ်းဖော်ထုတ်ဖို့ တောင်းဆိုချက်တွေနဲ့ အရာရှိတွေဟာ ဖိအား ပေးခံခဲ့ရတာတွေ
ရှိတယ်လို့လည်း သူက ပြောတယ်။ 
             ဒီသတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေ မေးတဲ့ မေးခွန်းတွေထဲက ထိုင်းရဲချုပ်နဲ့ ရဲ အရာရှိတွေရဲ့ စိတ်ဝင်စား
ဖွယ် ဖြေကြားမှုကိုလည်း ထိုင်း PBS သတင်းဌာနရဲ့ သတင်းတခုမှာ ဖော်ပြထားပါ တယ်။ ဒီအမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ 
လူမှု ကွန်ယက်တွေက ပြောနေတဲ့ လိပ်ကျွန်း လူကြီးရဲ့ သားဆီက DNA ဘာလို့ မယူ တာလဲလို့ မေးတာကို ထိုင်းရဲက အဖေဆီက 
ယူထားပြီးဖြစ်လို့ သားဆီက ယူစရာမလို ဘူးလို့ ထိုင်းရဲက ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။ 
           လိပ်ကျွန်းလူသတ်မှု သံသယဖြစ်ဖွယ်အချက်တွေကို ထိုင်းလူမှု ကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာ တခုဖြစ်တဲ့ CSI LA ရဲ့ 
ဖော်ပြချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းတာကိုလည်း ထိုင်းရဲတွေက ဒီစာမျက်နှာဟာ အခြေ အမြစ် မရှိတဲ့ စာမျက်နှာဖြစ်ပြီး ဖော်
ပြချက်တွေကြောင်း လူထုက မရှုပ်ထွေးပါနဲ့လို့ ဖြေရင်း လူမှု ကွန်ယက် က ဖော်ပြတာတွေနဲ့ အငြင်းအခုန် လုပ်ဖို့ မဟုတ်ဘူးလို့ 
ဖြေသွားပါတယ်။ 
Koh Tao ကျွန်းလူသတ်မှူနဲ့ပတ်သက်ပြီး လူငယ်တစ်ဦဝေဖန်ချက်
Koh Tao ကျွန်းလူသတ်မှူနဲ့ပတ်သက်ပြီး ခုရေးတာကိုဆဲချင်လဲဆဲကြပါ။စပြီးအသတ်ခံရထဲကစိတ်ဝင်စားလို့ 
Mirror တို့Straight Time ကိုသေချာဖတ်ခဲ့တဲ့အတွက်ဒီအမှုအကြောင်းအတော်လေးသိခဲ့ပါတယ်။
ဘန်ကောက် Post ကိုလဲယုံမရပါဘူး ဒါ့ကြောင့်သူ့ဆီမှာတော့ comment ပဲဖတ်ပါတယ်။ 
          မြန်မာ Media တွေမှာခေက်စားလာတာဒီကလေးတွေအဖမ်းခံရပြီးမှပါ။ခုအဖမ်းခံနေရပြီးဝန်ခံလိုက်တဲ့
ကလေးနှစ်ယောက်ကိုတကယ်လူသတ်သမားမုဒိန်းသမားတွေအဖြစ်မြန်မာတွေကရော ကမ္ဘာကပါမယုံကြဘူး
 လက်မခံကြဘူး မဖြစ်နိုင်ဘူးလို့ရေးကြပြောကြတယ်။  သူတို့ရုပ်ရည်နဲ့လူသတ်သမား မုဒိန်းသမားမဖြစ်နိုင်း
ဘူး အစားထိုးခံရတယ် ငွေယူပြီးဝန်ခံခိုင်းတယ် မတရားနှိပ်စက်ပြီး ဖြောင့်ချက်တောင်းတယ် စသည်ဖြင့်ပြော
ကြပါတယ်။ တစ်ခုသတိချပ်ရမှာက သူတို့တကယ်သတ်တယ်ဆိုရင် ခင်ဗျားတို့ဘယ်လောက်အော်အော်သူတို့
အတွက်အထောက်အပံ့မဖြစ်ပါဘူး။ ဒီလိုအော်နေသူတွေကရောသူတို့မဖြစ်နိုင်တာကိုဘာနဲ့သက်သေပြနိုင်လဲ။ 
ဘယ်သူမှမပြနိုင်ပါဘူး။ ဒါကို တပ်ထဲမှာဆိုရင်တော့ ဟန်းကော ရိုက်တယ်လို့ခေါ်ပါတယ် ။ 
ကောလဟာလ ပေါ့ ဖြစ်စေချင်တာ ထင်ရာတွေကိုပြောတယ် ဘောင်မဝင်ဘူး ။ 
        ကလေးမျက်နှာလေးနဲ့ အမြဲပြုံးနေတဲ့လူသတ်သမားတွေ အရမ်းကိုသန့်ပြန့်တဲ့ရုပ်ရေသွင်ပြင်နဲ့မုဒိန်းမှုကျူး
လွန်သူတွေနိုင်ငံတိုင်းမှာရှိခဲ့ပါတယ်။ ဒါ့ကြောင့်ဒီလူငယ်တွေလူသတ်မှုကျူးလွန်တယ်လို့မယုံကြည်ရင် ဘာကြောင့်
ဆိုတဲ့နေရာမှာခင်ဗျားတို့အများဆုံးသုံးနေတဲ့ရုပ်ကလေးတွေကသန့်သန့်လေးတွေ ဒီရုပ်လေးတွေနဲ့ဒီလိုသတ်တယ်
ဆိုတာလုံးဝမဖြစ်နိုင်ဘူးဆိုတာတွေကိုရပ်လိုက်တော့။ ရေးထားတဲ့ comment တွေကို edit လုပ်ရင်လုပ် မလုပ်ရင်
 deleted သွားလုပ်လိုက်ဖို့အကြံပေးချင်တယ်။ 
            မြန်မာတွေရောထိုင်းတွေရော scapegoat မြင်တာနဲ့ goat ဆိုတာ ဆိတ်ပဲဆိုပြီး ကလေးတွေကို ဆိတ်ဖမ်း
သလိုဖမ်းလာတယ် ဘာညာလျှောက်ရေး ပုံတွေလုပ် တကယ်တော့ scapegoat ဆိုတာ ထိုးကျွေးခံရတာ အပြစ်မရှိပဲ
နဲ့တရားခံအဖြစ်ဖြစ်သုံးချခံရတယ်လို့ ပြောတဲ့ idiom စကားလုံးသာဖြစ်တယ်။ ခုချိန်ကျွန်တော့်အမြင်ကိုပြောပါဆိုရင်
တော့ဘာမဆိုဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူရဲ့ သွင်ပြင် အသက် ဥပတိရုပ် ကျွန်းပေါ်ရောက်တာကြာခြင်း
မကြာခြင်း ထိုင်းစကားတတ်ခြင်းမတတ်ခြင်းဟာဒီလိုလူသတ်မှုကျူးးလွန်ခြင်းနဲ့အချိုးချလို့မရဘူးခေါင်းအေးအေးနဲ့
စဉ်းစားသင့်ပါတယ်။ သူတို့မှာတကယ်အပြစ်ရှိရင်ထိုင်းနိုင်ငံဥပဒေအရအပြစ်ပေးတာကိုခံရပါမယ်။ 
သူ့နိုင်ငံထဲမှာဖြစ်တဲ့အမှု ထိုင်းရဲတွေမစစ်နဲ့ FBI ကိုခေါ်စစ်ခိုင်းမယ်။ စကော့တလန်ယာဒ် ခေါ်ကိုစစ်ခိုင်းမယ်လုပ်လို့
မရပါဘူး။ နိုင်ငံတိုင်းမှာလွတ်လပ်တဲ့တရားစီရင်ရေးနဲ့အချုပ်အခြာအာဏာတည်ပြီးသားဖြစ်တဲ့အတွက်ပါ။ နည်းပညာ
အကူအညီပေးတာ အကြံညဏ်ပေးတာပဲလုပ်လို့ရပါမယ်။ စဉ်းစားစရာတွေထဲမှာ သူတို့ဒီအမှုကျူးးလွန်ချိန်မှာမူးယစ်
ဆေးသုံးထားရင်ဘယ်လိုလုပ်မလဲ ??? Koh Taoမှာအဲ့ဒါတွေဘယ်လောက်ပေါလဲဆိုတာထိုင်းတောင်ပိုင်းမှာနေတဲ့သူ
တိုင်းသိပါတယ်နောက်တစ်ခုကသူတို့မှာဆွေမျိုးသားချင်းတွေမရှိပဲမနေဘူး ကျွန်းပေါ်မှာအားလုံးကအဆက်အသွယ်
တွေနဲ့လာကြတာပါ။ ခင်ဗျားတို့မေးကြတဲ့မေးခွန်းကိုဖြေပေးအုံးမယ် တကယ်သတ်တဲ့လူဆိုရင် ဒီကျွန်းမှာဆက်နေပါ့မ
လားဆိုတော့ ပြေးချင်တိုင်းပြေးမရပါဘူး။ ကျွန်းရဲ့လူအဝင်အထွက်ကိုကန့်သက်ထားပါတယ် ထိုင်းရဲတွေက ဘယ်သူမှ
ပေးမပြန်ဘူးလို့ယူဆရပါတယ်။ 
            လူတွေပြောတဲ့အထဲမှာ David Miller ရဲ့အရပ်က ခြောက်ပေ သုံးလောက်ရှိတယ် ဒီကလေးတွေလိုဖလံလေးတွေ
ကရေနှစ်သတ်တယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူး ဟုတ်ပြီ ဒါဆိုရင် ဗလမရှိလဲဇရှိတယ်တို့ Size is doesn't matter ဆိုတဲ့စ
ကားတွေကဘာလို့ပေါ်လာသေးလဲ ???
            တော်တော်ဆဲချင်နေပြီမှတ်တယ် သည်းခံအုံးနော်။ 
        နောက်တစ်ခုက မသေခင်ကမ်းခြေမှာဘယ်လိုတွေဖြစ်ခဲ့လဲ ဘယ်သူသိလဲ ဘယ်သူမှမသိဘူး။ 
အသတ်ခံရသူတွေရဲ့အဲ့ဒီ့အချိန်မှာ ကာယကြံ့ခိုင်မှု ပါတ်ဝန်းကျင်အနေအထား သတ်သူတွေရဲ့လူအင်အား လက်နက် အင်အား
 စိတ်ပိုင်းဆိုင်ရာအခြေအနေ မူးယစ်ဆေးသုံးထားခြင်းရှိမရှိစတဲ့ အခြေအနေစတာတွေ ကိုသိသူလုံးဝထွက်မလာပါဘူး ။
နောက်တစ်ခုက သေသူ ရဲ့ဒဏ်ရာတွေဟာအခင်းဖြစ်ရာအနီးမှာတွေ့တဲ့ ပေါက်တူးနဲ့မတူဘူးလို့ပြောကြတယ်။ ခင်ဗျားတို့
ထဲမှာမှုခင်းဆရာဝန်ဘယ်နှစ်ယောက်ပါလဲ ပေါက်ပြားအရွယ်ဘယ်လောက်လဲသိလား???ဘာနဲ့သတ်သေပြမလဲ??? 
သေသူမိန်းကလေးကို ပေါက်တူးနဲ့သတ်ပြီး အမျိုးသားကိုတခြားလက်နတ်နဲ့သက်တာရောမဖြစ်နိုင်ဘူးလား ဟုတ်ပြီ ဒါဆို
ရင်ဒီကလေးတွေသတ်တယ်လို့သေချာပြီလားဆိုတော့ သံသယအဖြစ်ခံရတုန်းပဲရှိသေးတယ် တရားခွင်မှာခုခံလို့ရသေးတယ်
သံသယအကျိုးကိုခံစားနိုင်သေးတယ်။ ထင်တာပြောတာကိုယ့်ပါတ်ဝန်းကျင်သိတဲ့သူချင်းပဲကောင်းတယ်
           English လိုရေးတဲ့ site တွေကိုတတ်ပြီးထိုင်းတွေပါရောပြီးဆဲတာတွေ လူစုံစုံမှာတတ်ပြီးဒီရုပ်လေးတွေကလူသတ်ပါ့
မလားသွားသွားမရေးနဲ့ ကြာရင်ကျန်တဲ့နိုင်ငံခြားသားတွေ ရောထိုင်းတွေပါအမြင်ကတ်လာလိမ့်မယ်ခုသူတို့ကကိုယ့်ဘက်မှာအများကြီး။
" ရေးသင့်တာကသေဆုံးသူတွေအတွက်ဝမ်းနဲကြောင်း အမှုကိုပွင့်လင်းမြင်သာပြီးအမှန်အတိုင်းဖြစ်စေချင်ကြောင်း
ထိုင်းရဲတပ်ဖွဲ့ရဲ့စွမ်းဆောင်ရေနဲ့လုပ်ရပ်ကိုပြန်စစ်ဆေးသင့်ကြောင်း " ဒီလောက်ဆိုကောင်းနေပြီဒီအမှုဟာ သံသယဖြစ်စရာ တွေ 
မေးခွန်းထုတ်ချင်စရာတွေနဲ့ပြည့်နေတယ် ဒါတွေကိုထိုင်းရဲကကောင်းကောင်းရှင်းပြရင်တော့ပွဲပြီးပြီ။ ခုချိန်ထိသူတို့ကောင်းကောင်း
မရှင်းနိုင်သေးဘူး။ဘယ်လိုအချက်တွေကြောင့်လဲဆိုတော့ဒီလောက်လူကောင်ကွာတဲ့စုံတွဲကိုသူတို့နှစ်ယောက်ဘယ်လိုအနိုင်ယူခဲ့လဲ
ကလေးတွေအရပ်က ငါးပေလေး နဲ့ငါးပေငါးပဲရှိတယ်သေသူရဲ့ဒဏ်ရာတွေဟာအောက်ကပင့်ပြီးလုပ်ထားတဲ့ပုံမပေါက်ဘူး
လှဲချပြီးလုပ်ရင်ရနိုင်တယ် ဒါပေမယ့်တစ်ယောက်ကိုလုပ်နေချိန်မှာကျန်တစ်ယောက်ကအော်တာ ထွက်ပြေးတာ တိုက်ခိုက်တာမ
လုပ်ဘူးလား အမျိုးသားကိုသတ်ပြီးမှအမျိုးသမီးကိုမုဒိန်းကျင့်လို့ရမှာဖြစ်တယ် လူတစ်ယောက်ကိုလောလောလတ်လတ်သတ်ပြီး
ဒီစိတ်ဖြစ်နိုင်လောက်အောင်ပြင်းထန်ပါ့မလား ??? ဒါမှမဟုတ်နှစ်ယောက်လုံးကိုသတ်ပြီးမှ အမျိုးသမီး body ကို rape လုပ်ခဲ့တာ
များလား ??? ဒီလောက်ဇပြင်းလား ??? ဒီကလေးတွေအရင်ကရောကျူးလွန်ဘူးတဲ့ပြစ်ချက်အဟောင်းရှိလား ??? 
အမျိုးသမီးကိုသတ်ပြီး သေသူအမျိုးသားဆီကဘောင်းဘီတိုကိုဘာ့ကြောင့်ယူဝတ်တာလဲသူတို့မှာဘာဒဏ်ရာမှမရှိရအောင် 
ကျဉ်စက်လိုဟာမျိုးသုံးပြီးမှပြန်မလုပ်နိုင်မှသတ်ခဲ့တာလား??? နောက်တစ်ခုကဒဏ်ရာတွေအရလူသတ်သမားဟာ
ဘယ်သန်လို့သိရတယ် ကလေးနှစ်ယောက်လုံးကညာသန်တွေဖြစ်နေတယ်သူတို့ဟာ အရင် DNA အစစ်ခံရတဲ့ အယောက် 30 
ထဲမှာပါဝင်ပြီးဖြစ်တယ်သီချင်းဆိုခဲ့တာလဲအမှန်ပဲ ဒါပေမယ့် သေသူအမျိုးသမီးဆီကလူသတ်သမားရဲ့ သုတ်ရည်ကိုစစ်ရာမှာတွေ့တဲ့ 
DNA နဲ့ကိုက်ညီမှုမရှိဆိုပြီးပြန်လွှတ်ခဲ့တယ် လူတွေသိချင်တာက DNA က ခုမှဘာလို့လာပြီးတူနေတာလဲ ဒါမျိုးရှိလို့လား ???
အသတ်ခံရတဲ့စုံတွဲဟာ AC ဘားကထွက်မလာခင်သူတို့ဘားက လူတွေနဲ့စကားများကတောက်ကဆဖြစ်ခဲ့တယ်
           သူတို့ထွက်သွားချိန်မှာတခြားအဖြူ စုံတွဲတစ်တွဲလဲအတူပါခဲ့တယ်သူ့တို့ကိုခြေရာခံလို့မရတဲ့အတွက်က လျှို့ဝှတ်သောစုံတွဲလို့
အမည်တပ်ခဲ့တယ်သူတို့ကဘယ်သူတွေလဲ ခုဘယ်မှာလဲ ???
ဟယ်နာရဲ့လက်ထဲမှာတွေ့ရတဲ့ဆံပင်ဟာဘယ်သူ့ဆံပင်လဲ???
ဒီဆံပင်ပိုင်ရှင်ဟာလူသတ်သမားမဖြစ်နိုင်ဘူးလား ???ကလေးနှစ်ယောက်မဟုတ်တာတော့သေချာတယ် 
DNA အရဥရောပတိုက်သားတစ်ယောက်ရဲ့ဆံပင်ပါAC ဘားမှာ part time အလုပ်လုပ်တဲ့ သေသူရဲ့သူငယ်ချင်း စကော့လူမျိုး Sean 
ဟာ ကမ်းခြေကနေ တောထဲထွက်ပြေးပြီး ပုန်းနေခဲ့တယ်သူ့ ဖေ့ဘုတ်မှာ AC ဘားပိုင်ရှင်သတ်ခဲ့တယ်လို့ ယူဆရတဲ့ status ရယ် 
AC ဘားက ထိုင်းဖီးယားတွေ သူ့ကို လိုက်သတ်ဖို့ရှာနေကြပြီ ကယ်ကြပါဆိုပြီး Status တင်ခဲ့တယ်
သူဟာတော်တော်ထိတ်လန့်သွေးပျက်ပြီးဒီအမှုကိုဗူးကွယ်ခဲ့တယ်လို့ယူဆရပြီးတစ်ဦးတည်းသောမျက်မြင်သတ်သေဖြစ်နိုင်ပါတယ်
ခု သူပြောတဲ့မာဖီးယားတွေဘယ်ပျောက်နေလဲ ???Sean ရဲ့စကားကိုပိုပြီးခိုင်လုံစေတာက သူရဲ့လက်နဲ့ခြေထောက်မှာသေသူ အမျိုး
သားရဲ့မျက်နှာနဲ့ဦးခေါင်းကဒဏ်ရာနဲဆင်တူတဲ့ဒဏ်ရာတွေကိုတွေ့ရတယ်လက်နက်ဟာလက်သီးထဲကိုထည့်ပြီးသုံးတဲ့ဓားတိုကလေး
တွေလို့ယူဆရတယ် ဒီလက်နက်နဲ့ ကလေးတွေအကျွမ်းဝင်လား??? ဘယ်သူတွေဆောင်တတ်လဲ ??? 
ဒါကို Sean ဘာလို့ ဆိုင်ကယ်စီးရင်းဒဏ်ရာရတာလို့လိမ်ပြီးထွက်ဆိုခဲ့လဲ ??? သူဟာသေဆုံးသူနဲ့အဲ့ညကအတူမရှိဘူးဆိုတာပေါ်
လွင်အောင် facebook မှာဘာလို့ status တင်ပြီး 
ထိုင်းနိုင်ငံကနေချက်ချင်းပြန်ပြေးဖို့လေဆိပ်ကိုသွားရတာလဲ???
တကယ်ပဲကလေးတွေကို ခြိမ်းခြောက်တာတွေ ရက်ရက်စက်စက်နှိပ်စက်ပြီးဖြောင့်ချက်ရယူခြင်းခံခဲ့ရလား???
ပြန်လွှတ်လိုက်ပြီဆိုတဲ့နောက်တစ်ယောက်ဘာလို့ပျောက်နေရလဲ ???
စကားပြန်ရဲ့ဘာသာပြန်မှုဘယ်လောက်ကျွမ်းကျင်လဲ??? 
စူရတ်က ပလာတာရောင်းတဲ့ကုလားကိုဘာကြောင့်သုံးလဲ???
ကလေးတွေ ဂစ်တာတီးသီချင်းဆိုတဲ့ နေရာနဲ့ ဒီလောက်ကပ်နေတဲ့နေရာမှာ 
ချစ်တင်းနှောတာဖြစ်နိုင်ပါ့မလား ??? ဘာ့ကြောင့်ဘယ်သူမှနေရာရွှေ့ဖို့မစဉ်းစားခဲ့ရတာလဲ??? 
ဒါမျိုးမြင်ယုံနဲ့စိတ်မထိမ်းနိုင်ရအောင်ကမ်းခြေမှာအရင်ကရောဒီလိုတွေမလုပ်ကြလို့လား သူတို့မမြင်ဘူးလို့လား ???
AC ဘားပိုင်ရှင်ကျွန်းသူကြီးရယ် သူ့ညီရယ် သူ့သားရယ် အစပိုင်းမှာ DNA စစ်တာကိုဘာလို့ အစစ်မခံလဲ ???
စစ်ပြီးတဲ့အခါမှာကိုက်ညီခြင်းမရှိဆိုတာရောသေချာလား(အဲ့ဒီ့အချိန်မှာရဲချုပ် Koh tao ဆင်းမလာသေးပါဘူး)
AC ဘားပိုင်ရှင်ကျွန်းသူကြီးကသူ့အမေနဲ့ ဝန်ကြီးချုပ်နဲ့အရမ်းရင်းနှီးပြီး 
ဝန်ကြီးချုပ်ရဲ့ပွဲတွေကိုသူပဲတာဝန်ယူပြီးလုပ်ပေးရတယ်ဆိုတာ
               ဘာကြောင့်ပြောသွားတာလဲ??? ဒါ့အပြင် သူကသတင်းစာတွေကိုတရားစွဲမယ် သူတို့လုပ်တာသတ်သေပြနိုင်ရင်ပိုက်ဆံ
ဘယ်လောက်ပေးမယ်ဆိုပြီးဘာလို့ထလုပ်ရတာလဲ ??? ကာဗာယူတာလား မလုံတာလား ????
အလောင်းတွေတွေ့ပြီး ကျွန်းအသွားအလာကိုပိတ်လိုက်တာမနက် 10am မှဖြစ်ပြီး 
မနက်ငါးနာရီခန့်မှာ ကျွန်းကနေ ရေကြောင်းမေးပြီးထွက်သွားတဲ့ ကိုယ်ပိုင်မော်တော်ဘုတ်ပေါ်မှာဘယ်သူတွေပါသွားလဲ ????
သေသူရဲ့ဖုန်းကိုရဲတွေလက်ထဲသူ့သူငယ်ချင်းတွေကအပ်ခဲ့တာဖြစ်ရဲ့သားနဲ့
ဘာလို့ဒီကလေးတွေဆီကရတယ်လို့ပြောရတာလဲ ??? သူ့မှာဖုန်းနောက်တစ်လုံးရှိသေးရင်တောင်ဒီကလေးတွေက
လူသတ်ပြီးယူလာတဲ့ဖုန်းကိုအိမ်မှာပဲသိမ်းထားပါ့မလား ???
ဒီကလေးတွေဟာကျွန်းပေါ်မှာ cctv ကင်မရာတွေဒီလောက်များတာသိရဲ့သားနဲ့
လူသတ်ပြီး သေသူရဲ့ဘောင်းဘီကိုချွတ်ဝတ် အပေါ်ပိုင်းဗလာနဲ့ ပြေးနေတယ်ဆိုတာရော ယုတ္တိရှိရဲ့လား ???
ဒါ့အပြင်ဘာကြောင့် cctv footage clip ထဲက သုံးမိနစ်စာကိုဖျတ်ထားရတာလဲ ???
သတ်တာ မြန်မာလို့ ပြောလိုက် ထိုင်းလို့ ပြောလိုက် လူဖြူလို့ ပြောလိုက် နဲ့အမျိုးမျိုးပြောပြီး ဟိုလူ့ဖမ်း ဒီလူ့ဖမ်း ပြီးရင်ပြန်လွှတ်အနဲဆုံး
သုံးခါလုပ်ခဲ့တယ်ထိုင်းရဲတွေ
ဒီတခါရောသေချာပြီလား ????
ထိုင်းတွေရော နိုင်ငံခြားသားတွေကပါ ဝိုင်းပြီးစောက်သုံးမကျဘူးလို့ 
ပြောတာခံနေရတဲ့ထိုင်းရဲတွေရဲ့အရည်အသွေးဘာလဲ ဘယ်လဲ ????
ထိုင်းရဲတွေကကမဖော်ထုတ်နိုင်တဲ့အတွက်ဖိအားတွေပျောက်အောင်
လက်တလောကုစားခြင်းများလား ????
သူတို့အတွက်ဆားပုလင်းနှင်းမောင်တို့ CID တို့ FBI တို့ကဝိုင်းကူမှရမှာလား ဘာကြောင့်ပွင့်လင်းမြင်သာမှုမရှိတာလဲ ???
ထိုင်းမှာငွေပေးရင်အားလုံးငြိမ်းတယ်လို့နိုင်ငံခြားသားတွေကပါတညီတညာထဲပြောရအောင်ထိုင်းရဲကရုပ်ပေါက်တာရဲချုပ်မသိဘူးလား ???
သို့လော သို့လော တွေအများကြီးနဲ့လူသတ်မှုပါ
ဦးစံရှားလေနဲ့ပြောရရင်တော့အမှုကထင်တာပိုပြီးနတ်နဲလာပြီဗျ။
အခန့်မသင့်ရင်စစ်တောင်ထဖြစ်နိုင်တယ်။
တကယ်ပဲ ဒီကလေးတွေဟာ ထိုးကျွေးခံရတာဆိုရင်တော့တကယ်သနားစရာပါ။
တရားဥပဒေမှာစကားတစ်ခုရှိတယ် အပြစ်ရှိတဲ့သူ ၁၀၀ မှားလွှတ်မိတာထက် အပြစ်မဲ့သူတစ်ယောက်မှားပြီးအပြစ်ပေးခံရမှာပိုစိုးရိမ်ပါတယ်တဲ့။ 
ဘယ်သူသတ်သတ် အမှန်အတိုင်းဖြစ်စေချင်တယ်။
BY:Austin.hein
ကွန်ဒုံး၊ ဒီအန်အေ၊ ဟန်းဖုန်း၊ အရပ်အမောင်း၊ ရှပ်အင်္ကျီ၊ ပေါက်ပြား နှင့် လူသတ်တရားခံဟု စွပ်စွဲခံထားရသည့် မြန်မာလူငယ် ၂ ဦး
7 October 2014 15:44(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)
BY: သစ်ထုးလွင်
              ထိုင်းနိုင်ငံ ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းက ဗြိတိသျှ ကမ္ဘာလှည့်နှစ်ဦး ရက်စက်စွာ အသတ်ခံ ရခြင်းကြောင့်
 မြန်မာ အမျိုးသား နှစ်ဦးကို ဖမ်းဆီးခြင်း သည် တရားခံအစစ် မဟုတ်ဘဲ မှားယွင်း ဖမ်းဆီး ထားကြောင်း အပြစ်တင်သံ 
များပေါ်ထွက်နေပါသည်။ ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက် စာမျက်နှာပါ သတင်း မှတ်ချက် ပေးမှုများ အရ ထိုင်း
လူမျိုးများ အပါအ၀င် ပြည်တွင်း ပြည်ပက လူများက ထိုမြန်မာ အမျိုးသား နှစ်ဦင်္းသည် ထိုင်းရဲများ ပြောသလို မုဒိန်းမှုနှင့် 
လူသတ်မှူများ ကျူးလွန်ခဲ့သည် ဆိုတာကို ယုံကြည်ခြင်း မရှိကြောင်း သိရသည်။
             ထိုင်းရဲတပ်ဖွဲ့ က အဆိုပါ တရားမ၀င်နေထိုင်သူ မြန်မာအလုပ်သမားနှစ်ဦး သည် ဗြိတိသျှ ခရီးသည် ဒေးဗစ်မေ
လာအသက် ၂၄နှစ်နှင့် ဟန်နာ ၀ီသာရစ်ခ်ျ ၂၃နှစ်ကို သတ်ခဲ့ကြောင်း ၀န်ခံ ထားသည်ဟု စွပ်စွဲထား ပါသည်။ မြန်မာ အလုပ်
သမား ၂ ဦး သရုပ်ပြခဲ့တဲ့ အတိုင်း ပေါက်ပြားပေါက်ချွန် ဖြင့် ဒေးဗစ်မေလာ အား စတင် တိုက်ခိုက်ခဲ့သည် ဟု သရုပ်ပြ ခဲ့သော်
လည်း ဒေးဗစ်မေလာ၏ အလောင်းပေါ်မှ ဒဏ်ရာနှင့် ပုံစံ ကိုက်ညီမှု မရှိကြောင်း ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိပါသည်။ 
အဲသည်အချက် အပေါ် ထိုင်းရဲ က ပေါက်ပြား၏ အစွန်းပိုင်းနှင့် ထိမိသည့် ဒဏ်ရာများဟု ချေပခဲ့ ပါသည်။
                   ဗြိတိသျှ ကမ္ဘာလှည့် ခရီးသည်နှစ်ဦး၏ အလောင်းကို လိပ်ကျွန်းတွင် စက်တင်ဘာ လ ၁၅ ရက်နေ့ က တွေ့ 
ရှိခဲ့သည်။မြန်မာအလုပ်သမားနှစ်ဦး၏ မျိုးရိုးဗီဇ ဒီအန်အေ စစ်ဆေးချက် သည် ဗြိတိသျှအမျိုးသမီး ဟန်နာဝီသာရစ်ချိ၏ ခန္ဒာ
ကိုယ်မှ ဒီအန်အေနှင့် တူညီနေကြောင်းတွေ့ ရသည်ဟု ထိုင်းရဲတပ်ဖွဲ့ ကပြောကြားသည်။ ထိုင်းရဲတပ်ဖွဲ့ သည် ကျွန်းပေါ်ရှိ 
အလုပ်လုပ်နေသော အမျိုးသား၂၀၀ ကျော်၏ ဒီအန်အေများကို စစ်ဆေးခဲ့ ပြီး အများစု မှာ မြန်မာအလုပ်သမားများ ဖြစ် ပါ
သည်၊ သို့ရာတွင် ဒီအန်အေ စစ်ဆေးမှု သည် ဗြိတိသျှအမျိုးသမီး ကိုယ်ပေါ်က ဒီအန်အေများနှင့် ကိုက်ညီမှု မရှိဟု ရဲများက
 အစပိုင်း တွင် ပြောကြားခဲ့ပါသည်။
              ထို့ နောက် မြန်မာအမျိုးသားနှစ်ဦးက လူသတ်မှူု ကျူးလွန်ကြောင်း ၀န်ခံခဲ့ပြီး သူတို့ နှစ်ဦင်္း သည် ဗြိတိသျှအမျိုး
သမီး ဟန်နာဝီသာရစ်ခ်ျ၏ ခန္ဒာကိုယ်မှ ဒီအန်အေနှင့် တူညီနေကြောင်းတွေ့ ရသည်ဟု ရဲတပ်ဖွဲ့ က တဖန်ကြေညာ ခဲ့ ပြန်သည်။
ထို့ အပြင် အစောပိုင်းက ရဲတပ်ဖွဲ့  က ကြေညာရာတွင် အခင်းဖြစ်ပွား သည့်နေရာ တွင် ကွန်ဒုံး တခုကို တွေ့ ရပြီး ဟန်နာဝီသာ
ရစ်ချိ၏ ခန္ဒာကိုယ်မှ ဒီအန်အေကို အဆိုပါ ကွန်ဒုံးအပြင်ဘက် တွင် တွေ့ ရသည်ဟုဆိုသည်။ သို့ ရာတွင်ကွန်ဒုံး၏အတွင်းတွင် 
မည်သူ့၏ ဒီအန်အေ ကို တွေ့ ရှိသည် ဆိုသည် ကို ထိုင်းရဲက ပြောကြားခြင်း မရှိပါ။
               အဆိုပါ အမှုကို စုံစမ်းနေသော ထိုင်းစုံစမ်းရေးအဖွဲ့ က မြန်မာလုပ်သား ကိုဝင်း အသက် ၂၁ နှစ်နှင့် ကိုစိုး အသက် 
၂၁နှစ်ကိုတရားခံ အဖြစ် ဖော်ထုတ် ထား ပါသည်။ ထို့ အပြင် ကိုမောင် အသက် ၂၃နှစ်ကိုလည်း အစိုးရ သက်သေအဖြစ် 
ထိန်းသိမ်းထားသည်။ ကိုမောင်မှာ ကိုဝင်း၊ ကိုစိုးတို့နှင့် အခင်းဖြစ်ပွားသည့် ညက ဂစ်တာအတူတီးခဲ့ပြီး စောပြန်သွားခဲ့သည်ဟု 
ထိုင်းရဲက ဆိုသည်။
                    ထိုင်းရဲက ဟန်နာ၏ လက်ကိုင်ဖုန်းကို အဆိုပါ မြန်မာလုပ်သားများ နေထိုင် ရာ နေရာ နောက်ဖေးမှာတွင် တွေ့
ရှိခဲ့သည်ဟု သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သော် လည်း အခင်းဖြစ်ပွားပြီး နောက်တစ်ရက်တွင် ဟန်နာ၏ မိတ်ဆွေများ
က (ဟန်နာ မေ့ကျန်ခဲ့သည့်) ဖုန်းကို ရဲထံ လူကိုယ်တိုင်သွားရောက် အပ်နှံခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ထောက်ပြချက်များ ထွက်
ပေါ်လာပြီးနောက် ဖုန်းမှာ ဒေးဗစ်၏ ဖုန်းကို ရှာတွေ့ ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲက ဌာနမှ အတည်ပြုချက်ရယူခြင်း မရှိပဲ ချက်ချင်း
ပင် ပြင် ဆင်ပြောကြား ခဲ့ကြောင်း ဘန်ကောက် ပို့စ်သတင်း တွင် ဖော်ပြ ခဲ့သည်။ ဟန်နာ၏ ဖုန်းကို စက်တင်ဘာလ ၁၈ ရက်
နေ့ကပင် ဟန်နာ၏ မိသားစုထံ ထိုင်းရဲမှ ပြန်လည် အပ်နှံ ခဲ့ပြီး ဖြစ်သည်။
               သို့သော် ဝေဖန်သူများကမူ လက်ရှိအချိန်တွင် တန်ဖိုးတစုံတရာ မရှိတော့သည့် ဖုန်း အဟောင်း တစ်လုံးကို ထိုမျှ နိုင်ငံ
တကာ၏ အာရုံစူးစိုက်မှုရနေသည့် လူသတ်မှုကြီးကို ကျူးလွန်ထား ပါက မိမိတို့ အနီးအနားတွင် သိမ်းထား စွန့်ပစ်ထားမည် မဟုတ်
ဟု ပြန်လည်ထောက်ပြကြသည်။ အလွယ်တကူပင် လူသွားနည်းသည့် ကမ်းခြေတစ်နေရာမှ ပင်လယ်ထဲသို့ လွင့်ပစ်လိုက်နိုင် သည် 
ဟု ထောက်ပြကြ သည်။
               ထို့ပြင် ဒေးဗစ်၏ ၆ ပေ ပတ်ဝန်းကျင် အရပ်နှင့် လူသတ်တရားခံအဖြစ် စွပ်စွဲခံ ထားသည့် မြန်မာ ၂ ယောက်၏ အရပ်အ
မောင်းများကိုလည်း ယှဉ်ပြပြီး CSI LA စာမျက်နှာ မှ မေးခွန်းထုတ်ခဲ့သည်။ ဒေးဗစ် အလောင်းမှ ရဲက ပြသထားသည့် ဒဏ်ရာများ 
အားလုံးသည့် ဦးခေါင်းနှင့် ပုခုံးပိုင်းတွင် ဖြစ်နေကြောင်း တွေ့ရှိ ရသည်။
                     ထပ်ဆင့်၍ မြန်မာတရားခံတစ်ဦးမှာ စတိုးဆိုင်တွင် ဆေးလိပ်ဝယ်စဉ် ၀တ်ဆင် ထားသည့် အင်္ကျီကို ကမ်းခြေ
တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှာပင် ၀တ်ဆင် ထားသည်။ တရားခံမှန်ပါက ၄င်းတို့၏ ပြစ်မှုကျူးလွန်စဉ်က ၀တ်ဆင် ခဲ့သည့်
 အ၀တ်အစားမှန်သမျှကို ရဲက သိမ်းဆည်းပြီး ဟန်နာ၏ သွေးဇီဝ အထောက်အထားများ ကပ်ညှိနေမှု ရှိမရှိ စစ်ဆေးမှုများ အမြန်
 ပြုလုပ်ရမည်ဟု ထိုင်းရဲမှုးဟောင်းတစ်ဦးက ဘန်ကောက်ပို့စ်သို့ ပြောကြားခဲ့သည်။
               "ဒီအန်အေ တွေ့ရှိမှုဟာ အပြန်အလှန်ဖြစ်ရမယ်။ မဟုတ်၇င် သံသယဖြစ်ဖွယ် ရှိပြီး တရား သူကြီးရဲ့ ယုံကြည်မှုကို 
ရရှိဖို့ ခက်ခဲပါတယ်" ဟု ၄င်းက ဆက်လက်ပြောကြား ခဲ့ကြောင်း ဖော်ပြထားပါသည်။ ထိုင်း Rights and Liberties Protection 
Department မှလည်း မြန်မာ တရားခံ ၂ ဦးမှာ အဆိုပါပြစ်မှုကို ကျူးလွန်ခဲ့သည်ဟု ယုံကြည်နိုင်ရန် ခက်ခဲနေသေးကြောင်း၊
 လိုအပ်ပါက ကျွမ်းကျင်သည် ရှေ့နေများကို ပံ့ပိုးပေး သွားမည် ဖြစ်ကြောင်း သည်နေရှင်း သတင်းစာ သို့ ပြောကြားခဲ့သည်။
မကြာမီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည့် ထိုင်းစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ် ကမူ ထိုင်းရဲများ၏ 
တွေ့ရှိချက်ကို အကြွင်း မရှိ ယုံကြည်ကြောင်း၊ ထိုင်းရဲ များတွင် သက်သေအထောက်အထား အတိအကျရှိပြီး ၄င်းတို့၏ အမှုကို
 မြန်ဆန်စွာ ဖော် ထုတ်နိုင်မှုကို ချီးကျူးကြောင်း သတင်းထောက်များ၏ အမေးကို ဖြေဆိုခဲ့ကြောင်း ထိုင်းသတင်း များတွင် ဖော်
ပြခဲ့သည်။ ၀န်ကြီးချုပ် ပရာရွတ်က အဆိုပါ ရဲတပ်ဖွဲ့ကို ဂုဏ်ပြုဆုများပင် ပေးအပ် မည်ဟု ဆိုသည်။
               ထိုင်းရဲက လူသတ်လက်နက်ကို ဆက်လက်ရှာဖွေဆဲ ဖြစ်ကြောင်း ထိုင်းသတင်းထောက်များကို အသိပေးခဲ့ပြီး အဆိုပါ 
ချွန်ထက်သည့်လက်နက် မှာ ပေါက်ပြား ပေါက်ချွန် ပေါက်တူး အစရှိ သည်ဖြင့် မည်သည့် (ပေါက်) အမျိုးအစားဖြစ်သည်ကို 
ဖော်ပြခြင်း မရှိသေးပေ။
ဘာသာပြန် - လင်းလင်း + သည်လေဒီးစ်
Monday, October 6, 2014
IS နိုင်ငံတကာ အကြမ်းဖက်သမားစာရင်း မြန်မာလက်ခံရရှိ
VOA (မြန်မာ)
          ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံပေါင်း ၃၃ နိုင်ငံရဲ့အကြမ်းဖက်သမား ၇၈၁
 ဦးစာရင်းကို မြန်မာနိုင်ငံကလည်း လက်ခံ ရရှိထားပြီး ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို နယ်စပ်ဖြတ်ကျော် မှုခင်း
ဌာန ရဲမှူးကြီးတဦး ကပြောပါတယ်။
                  ရှေ့လထဲမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အမေရိကန် သမ္မတ ဘရက်ခ် အိုးဘားမား 
ကိုယ်တိုင် လာရောက်ဖို့ရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့လုံခြုံရေး ကိုလည်း အခုထဲက တိုးမြှင့်ထားတယ်လို့ သူကပြောပါတယ်။
 အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။ ၆၉ ကြိမ်မြောက် ကုလ
သမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံပေါင်း ၅၀ ကျော်ပါဝင်ပြီးတော့ ကုလလုံခြုံရေးကောင်စီ ဆွေးနွေးပွဲကို အမေရိကန်
သမ္မတ အိုဘားမားက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တာပါ။ အဲဒီအစည်းအဝေးအတွင်းမှာပဲ နိုင်ငံပေါင်း ၃၃ နိုင်ငံက အကြမ်း
ဖက်သမား ၇၈၁ ဦးရဲ့ စာရင်းကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအကြမ်းဖက်သမား ၇၀၀ ကျော် အစ္စလာမ်မစ် အစွန်း
ရောက်အဖွဲ့ IS နဲ့ ပူးပေါင်းထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
                       အခုထုတ်ပြန်ခဲ့တဲ့ စာရင်းဟာ အမေရိကန် CIA က ဦးဆောင်ပြီးတော့ ရရှိထားတဲ့ စာရင်းကို နိုင်ငံတကာ
 ရဲတပ်ဖွဲ့ (Interpol) ကနေတဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပေးပို့လာတာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံဖြတ်ကျော်
 မှုခင်းဌာနက ရဲမှူးကြီး ဦးအောင်ဌေးမြင့် က ပြောပါတယ်။
               "အမေရိကန် အစိုးရကတော့ အားလုံးသိတဲ့အတိုင်းပဲလေ၊ Leading Role မှာပဲ သူပါတယ်။ အဲဒီဟာနဲ့ ပတ်သက်
လို့ အချက်အလက်တွေရတယ်၊ ဘာညာဆိုလို့ရှိရင် Interpol ကိုပေးတယ်၊ Europol ဆိုတာ ဥရောပသမဂ္ဂ ရဲအဖွဲ့ဆိုတာရှိ
တယ်။ Europol ကိုပေးတယ်၊ Interpol ကိုပေးတယ်။ ပြီးရင်ကျနော်တို့ ဒီဘက်ကနိုင်ငံတွေနဲ့ ဆက်စပ်မယ်ဆိုလို့ရှိရင် 
အာဆီယံ နိုင်ငံတွေနဲ့ ဆက်စပ်မယ်ဆိုရင် Aseanapol ကို သူပေးတယ်။ အဲဒါကတော့ သူကတော့ အကုန်လုံး အချက်
အလက်တွေကိုပေးမယ်၊ ဒါကတော့ အားလုံးနိုင်ငံတွေ ၀ိုင်းဝန်းပြီးတော့ ကာကွယ်ထိန်းသိမ်းနိုင်ဖို့ ဆိုတဲ့ဟာပေါ့။ ဒီအကြမ်း
ဖက်သမားလို့ သတ်မှတ်ချက်ဆိုတာ သူတို့ရဲ့ CIA ရဲ့ ရရှိတဲ့ သတင်းအချက်အလက်တွေအပေါ်မှာ မူတည်ပြီး သတ်မှတ်
ထားတယ်။ ဒါက terrorist, terrorism ဒါက ဘယ်သူတွေ၊ ဘယ်သူတွေဆိုတာ သတ်မှတ်ချက်ပေါ့နော်။"
                    အကြမ်းဖက်သမားလို့ သတ်မှတ်ခံထားရတဲ့ ၇၈၁ ဦးလုံးရဲ့ အမည် စာရင်းကို ရရှိထားပေမဲ့လည်း အားလုံးရဲ့ 
အချက်အလက် ပေါင်းစုံကိုတော့ မရသေးဘူးလို့ သူက ဆက်ပြောပါတယ်။"ဟုတ်ကဲ့ အဲဒီဟာနဲ့ ပတ်သက်လို့ သူတို့ကတော့ 
အကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ လူတွေနဲ့ပတ်သက်ရင် ကျနော်တို့ Interpol ပေါ့နော်၊ Interpol အဖွဲ့ဝင်နိုင်ငံတွေ 
အားလုံးကိုတော့ သူတို့ share လုပ်ပါတယ်။ share လုပ်ပြီးတော့မှ အဲဒီအကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ လူတွေရဲ့ 
ကိုယ်ရေးအချက်အလက်တွေ၊ ပတ်စ်ပို့မှတ်ပုံတင် နံပတ်တွေ၊ ဒါတွေကတော့ အကုန်လုံး share ထားတာပေါ့နော်။ ဒါပေမဲ့ 
၇၀၀ ကျော်လုံးရဲ့ အချက်အလက်တွေ အားလုံးကတော့ ကျနော်တို့ဆီ မရောက်သေးဘူး။ ကျနော်တို့က Interpol နဲ့ ဆက်
တဲ့အခါမှ 24/7 Channel နဲ့ ဆက်တာပေါ့နော်။ Chat-7 ဆိုတာကလည်း ဘယ်လိုခေါ်မလဲ ကျနော်တို့ Gmail လိုပါပဲ။ 
ဒါပေမဲ့ safety connection တခုနဲ့ ဆက်ထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မရောက်သေးပါဘူး။ အဲဒါတွေ၊ နောက်ကျရင် 
ကျနော်တို့ကို ဆက်ပြီးပေးမှာပဲ။ အခုတော့ အကြမ်းဖျဉ်းပဲ သိရတယ်ပေါ့နော်ရှေ့လ နိုဝင်ဘာလထဲ မြန်မာနိုင်ငံမှာ အရှေ့
တောင်အာရှ ထိပ်သီးဆွေးနွေးပွဲတွေလည်း ကျင်းဖို့ ရှိနေတာပါ။ ဒီအစည်းအဝေးကို နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့အ
တူ အမေရိကန်သမ္မတ အိုဘားမားလည်း လာရောက်ဖို့ ရှိပါတယ်။ ဒါကြောင့် အခုလို အကြမ်းဖက်သမားစာရင်းတွေ ထွက်
ပေါ်လာတာနဲ့အတူ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု ခံထားရတဲ့ မြန်မာနိုင်ငံ အနေနဲ့လည်း လေဆိပ်ဝင်ပေါက် 
အပါအ၀င် နယ်စပ်ဝင်ပေါက်တွေမှာပါ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ရဲမှူးကြီးက ဆက်ပြောပါတယ်။
            "လုံခြုံရေး ဆက်တိုးမြှင့်ထားတယ် ဆိုတာကတော့ ဒီလိုပါ။ မကြာခင် ကျနော်တို့နိုင်ငံမှာ Summit ဆိုတာကြီးကို 
ကျင်းပတော့မှာ ဖြစ်တယ်လေ။ အားလုံးသိတဲ့အတိုင်း၊ ဒီ Summit မှာ ကျနော်တို့ Asean plus ပေါ့ dialogue partner အင်
အားကြီးနိုင်ငံတွေက အကြီးအကဲတွေ လာမှာဖြစ်တယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ယခင်ကထက် ပိုပြီးတော့မှ ကျနော်
တို့က လုံခြုံရေး ဆောင်ရွက်မှုတွေကို ဂရုစိုက်တယ်ပေါ့။ အဲဒီတော့ လုံခြုံရေးဆောင်ရွက်မှုတွေကို ဂရုစိုက်တယ်ဆိုတဲ့ ဥစ္စာမှာ
 ဘာတွေကို စလုပ်ရလဲဆိုတော့ အဝေးစည်းတွေပေါ့၊ နယ်စပ်ဝင်ပေါက်တွေကနေမှ အ၀င်အထွက် နေရာတွေမှာ စစ်ဆေးမှု
တွေကို ကျနော်တို့ ပိုပြီးတော့မှ၊ စနစ်တကျ ပိုပြီးတော့မှလုပ်တယ်။ မသင်္ကာတာတွေ့လို့ရှိရင် ဟိုဖက်နိုင်ငံ ဒီဖက်နိုင်ငံ၊ ဥပမာ 
ထိုင်းနယ်စပ်မှာ ဆိုလို့ရှိရင် ကျနော်တို့ မဲဆောက်ကနေ ၀င်တဲ့လမ်းရှိတယ်။ ဟိုဖက်က မဲဆိုင်ကနေ ၀င်တဲ့လမ်းရှိတယ်။ ကော့
ကရိတ်က ၀င်တဲ့လမ်းရှိတယ်။ အဲဒီ တရားဝင် ၀င်ထွက်ခွင့်လမ်းထားတဲ့ Legal Routes တွေကနေ ၀င်တဲ့လမ်းကြောင်းတွေမှာ
 ပိုပြီးတော့မှ စိစစ်မှုတွေကို ဂရုစိုက်ဆောင်ရွက်တယ်။ တခြား international airports တွေမှာ၊ မန္တလေး၊ ရန်ကုန်၊ နေပြည်တော် 
အဲဒီမှာ ၀င်တဲ့ဟာတွေကို ကျနော်တို့ စစ်တဲ့ဟာတွေရှိတယ်။ Interpol Channel ကနေပြီးမှ ပြစ်မှုနဲ့ပတ်သက်ပြီးမှ ကျူးလွန်
တဲ့ Data တွေအားလုံး သူတို့မှာရှိတယ်။ အဲဒီ Data တွေကို အင်တာနက်နဲ့ တခါတည်းဆက်ပြီး တန်းစစ်၊ တန်းစစ် မိနစ်ပိုင်း
အတွင်းမှာ ဒီကောင်တွေ ပတ်စ်ပို့အားဖြင့်သော်လည်းကောင်း၊ လက်ဗွေအချက်အလက် အားဖြင့်သော်လည်းကောင်း လူဆိုး
စာရင်းဝင်၊ အကြမ်းဖက်စာရင်းဝင် စသဖြင့် အဲဒီလိုမျိုး စာရင်းဝင်ထားတဲ့လူ ပါလာတာနဲ့ ကျနော်တို့က ချက်ခြင်းသက်ဆိုင်ရာ 
နိုင်ငံကို အကြောင်းကြားတယ်။"
            Al-Qaida ခေါင်းဆောင် Ayman al-Zawahiri က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေက
 မူဆလင်တွေအတွက် Al-Qaida အိန္ဒိယအဖွဲ့ခွဲ ဖွဲ့စည်းပြီးစီးကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ကြေညာခဲ့အပြီး မြန်မာ
နိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲမယ်လို့ သူက ကြေညာထားတာပါ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအင်အားစုတွေကလည်း အဲဒီလို
 ပြောဆိုခဲ့ပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး အပါအ၀င် နေပြည်တော်မှာပါ လုံခြုံရေးတိုးမြှင့်မှုတွေ တောက်လျှောက် လုပ်ဆောင်
ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ အခုလို အကြမ်းဖက် ခြိမ်းခြောက်မှု ခံထားရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ 
မရှိဘူးဆိုပြီးတော့လည်း သူ့ရဲ့ အောက်တိုဘာလ ၁ ရက်နေ့ မိန့်ခွန်းမှာ ပြောဆိုခဲ့ပါသေးတယ်။
Twitter Delicious Facebook Digg Stumbleupon Favorites More