Thursday, October 23, 2014

MH370 ၏ အပျက်အစီး အစိတ်အပိုင်းများ အင်ဒိုကမ်းခြေတွင် တင်ရှိနေနိုင်ဟုဆို

MH370 ၏ အပျက်အစီး အစိတ်အပိုင်းများ အင်ဒိုကမ်းခြေတွင် တင်ရှိနေနိုင်ဟုဆို
On  Thu, 2014-10-23 13:42Issue No.No.540 Thursday, October 23, 2014
              ပျောက်ဆုံးနေသည့် MH370 ခရီးသည်တင် လေယာဉ်၏ အပျက်အစီး အစိတ်အပိုင်းများသည် 
အင်ဒိုနီးရှား ကမ်းခြေ တစ်နေရာရာတွင် လာတင်နေနိုင်သည့် အလားအလာရှိကြောင်း ဩစတြေးလျ တာ
ဝန်ရှိသူများက ပြောကြားခဲ့သည်။
         မလေးရှား လေကြောင်းပိုင် လေယာဉ်ကို လိုက်လံရှာဖွေနေသည့် လုပ်ငန်းစဉ်ကို အဓိက ပံ့ပိုးနေသည့် 
ဩစတြေးလျ ပို့ဆောင်ရေး လုံခြုံမှု ဗျူရို (ATSB)က လေယာဉ်ပျက်၏ ရေပေါ် မျောပါနိုင်သည့် အစိတ်အပိုင်း
များသည်  အင်ဒိုနီးရှား ကမ်းခြေ တစ်နေရာရာတွင် တင်နေနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။
       မတ်လ(၈)ရက်က လူ(၂၃၉)ဦးကို တင်ဆောင်ကာ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်သို့
 ပျံသန်းနေရင်း ရုတ်တရက် လမ်းကြောင်းပြောင်းကာ အိန္ဒိယ သမုဒ္ဒရာဘက် ဦးတည်ရင်း ပျက်ကျခဲ့သည်ဟု 
ယုံကြည်ရသော လေယာဉ်ကို ဩစတြေးလျ အနောက်ပိုင်း ကမ်းခြေဒေသတွင် ဖြန့်ကျက် ရှာဖွေနေဆဲ ဖြစ်သည်။ 
လေယာဉ်ပျက်၏ အစိတ်အပိုင်းများသည် လှိုင်းများ သယ်ဆောင်မှုဖြင့် အင်ဒိုနီးရှား ကမ်းခြေဘက်တွင် တင်နေ
နိုင်သဖြင့် ကူညီစစ်ဆေးပေးပါရန် ATSB က အင်ဒို တာဝန်ရှိသူများကို တိုက်တွန်းခဲ့သည်။
          ထို့အပြင် MH370 ၏ အပျက်အစီးများဟု ယူဆရသည့် မသင်္ကာဖွယ် လေယာဉ် အစိတ်အပိုင်းတစ်ခုခု
 တွေ့ရှိပါက သတင်းပေးပါရန်လည်း ဩစတြေးလျ ကမ်းခြေဒေသနေ ပြည်သူများကို ATSB က နှိုးဆော်ထားသည်။
MH370 ကို ရေအောက်တွင် လိုက်လံရှာဖွေမှု လုပ်ငန်းစဉ် အသစ်တစ်ရပ်ကို အောက်တိုဘာလတွင် အစပြု လုပ်ဆောင်
နေသည်။ ရှာဖွေရေး လုပ်ဆောင်နေသူများက (၁)နှစ်မျှ အချိန်အတွင်း ရေအောက်ကြမ်းပြင် စတုရန်း ဧရိယာ
 (၆၀၀၀၀)ကျော်မျှကို ဖြန့်ကျက် ရှာဖွေထားနိုင်ရန် မျှော်လင့်နေကြောင်းလည်း သိရှိရသည်။
Ref: 7daydaily

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More