Saturday, October 18, 2014

ယူ ၁၉ ပြိုင်ပွဲ ပရိသတ်ကွင်းထဲဝင်ရင် အိမ်ကွင်းပွဲစဉ် ပိတ်ပင်မည်ဟု အာရှဘောလုံးအဖွဲ့ချုပ်ပြော


By ဒီဗွီဘီ
             မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပြုလုပ်နေတဲ့ ၂၀၁၄ ခုနှစ် အာရှ ယူ ၁၉ ပြိုင်ပွဲမှာ
 ကွင်းအတွင်းကို ပရိသတ်တွေ ထပ်မံဝင်ရောက်ခဲ့ရင် အိမ်ကွင်း ပွဲစဉ်တွေ လက်ခံကျင်းပခွင့် ပိတ်ပင်သွား
မယ်လို့ အာရှဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ပြောကြားလိုက်ပါတယ်။
             လာမယ့် ပွဲစဉ်တွေမှာလည်း တင်းကျပ်တဲ့ လုံခြုံရေး အစီအစဉ်တွေ ချမှတ်ဖို့နဲ့ လုံခြုံရေးအင်အား 
တိုးမြှင့်ထားဖို့ကိုလည်း အာရှဘောလုံးအဖွဲ့ချုပ်က တောင်းဆိုထားပါတယ်။ပြီးခဲ့တဲ့ မြန်မာ ယူ ၁၉ အသင်းန့ 
ယူအေအီး ယူ ၁၉ အသင်းတို့ ပွဲစဉ်အပြီးမှာ ကွင်းအတွင်းကို ဘောလုံးပရိသတ်တွေ ၀င်ရောက် အောင်ပွဲခံခဲ့
တဲ့အတွက် လုံခြုံရေး အားနည်းမှုကို အာရှဘောလုံးအဖွဲ့ချုပ်က သတိပေးလိုက်တာဖြစ်ပြီး စည်းကမ်းထိန်း
သိမ်းရေး ကော်မတီရဲ့ အရေယူးခံရဖွယ်လည်း ရှိနေပါတယ်။
                  အောက်တိုဘာလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ဆီမီးဖိုင်နယ် ပွဲစဉ်မှာလည်း လုံခြုံရေး
 အစီအစဉ်တွေ တိုးမြှင့်ပေးဖို့နဲ့ အသင်းတဖွဲ့လုံးရဲ့ လုံခြုံရေးကို အပြည့်အ၀ တာဝန်ယူပေးဖို့ ကာတာအသင်း
က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုထားပါတယ်။

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More