Saturday, October 4, 2014

KIA နှင့် တာလီဘန်များပူးပေါင်း၍ စစ်အခြေခံနှင့် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းဖွင့်မည်ဟုဆို


Oct 4, 2014
KIA နှင့် တာလီဘန်များပူးပေါင်း၍ စစ်အခြေခံနှင့်အကြမ်းဖောက်ခွဲရေးသင်တန်းကို KIA ဌာနချုပ်တွင် 
ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်း စစ်အခြေခံနှင့်အကြမ်းဖောက်ခွဲရေးသင်တန်းတက်ရောက်ရန်
 အတွက် ပဏာမ လူ အယောက် ၅၀ ဦးခန့် ရွေးချယ်ထားပြီး ထိုထဲမှ အမိန့်နာခံမှု ကောင်းသူ ၄၀ ဦးအား 
နှုတ်ထုတ်ရွေးချယ်သွားမည်ဖြစ်သည်။ထိုသင်တန်းဖွင့်လှစ်ရန်အတွက် ပါကစ္စတန်အခြေစိုက် RNSC (Rohinga
 National Security Council)လိုအပ်သည့် ငွေကြေးဆိုင်ရာအခက်အခဲအားလုံးကိုဖြည့်တင်းပေးသွားမည်ဖြစ်
ကြောင်းသိရှိရသည်။
           လက်ရှိအနေအထားတွင် သင်တန်းတက်ရောက်ရန်အတွက် ကေအိုင်အေဌာနချုပ်တွင် လူအယောက်၅၀ 
အားစုစည်းထားပြီး ထိုအထဲမှ အယောက် ၄၀ ကို ဆန်ကာတင်ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။ထိုလူ ၄၀ဦး
အား နှစ်ဖွဲ့ခွဲကာ ပါကစ္စတန်သို့ ၂၀ ၊ KIA ဌာနချုပ်တွင် ၂၀သင်ကြားပေးသွားမည်ဖြစ်သည်။KIA ဌာနချုပ်တွင် 
တက်ရောက်မည့် အယောက် ၂၀ အား နာဂ လွတ်မြောက်ရေးတပ်ဦး၏ အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ
တစ်ဆင့် အိန္ဒိယနယ်စပ်အားဖြတ်ကျော်ကာ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းခိုင်လုံသော သတင်းတစ်ရပ်အရ
သိရသည်။
          ထို့အပြင် မကြာသေးခင်ကပင် ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ RSO (Rohingya Solidarity Organization)
 ၊ BRAT (Burmese Ro-hingya Association in Thai-land) အဖွဲ့ဥက္ကဋ္ဌ မောင်ကျော်နု တို့နဲ့ KIO ဗဟိုကော်မတီ 
ဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင် တို့ KIO ထိန်းချုပ်နယ်မြေအတွင်း ရိုဟင်ဂျာ တပ်မတော် ထူထောင် အခြေစိုက်ခွင့်
ပြုရေး ဆွေးနွေးမှု ရုပ်သံဖိုင်များလည်း ပျံ့နှံ့ခဲ့သေးသည်။
ခွန်တူး
မြန်မာပြည်မြောက်ဖျားဆီက
New Myanmar News

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More