Wednesday, October 29, 2014
လိပ်ကျွန်းလူသတ်မှု အတွက် AC အရက်ဘား ပိုင်ရှင် လိပ်ကျွန်း သူကြီးသား DNA စစ်ဆေးခံမည်
BY: ဧရာဝတီ
          ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်ပြီး မျိုးဗီဇ(DNA) စစ်ဆေးခံရန် ငြင်းဆိုထားသော
 AC အရက်ဘား ပိုင်ရှင် ကျွန်း သူကြီးသား Warot Tuwichianက ယခုအခါ လူသိရှင်ကြား စစ်ဆေးခံယူတော့မည်
ဟု ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ပြောဆိုလိုက်သည်။
               လူသတ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု ကောလာဟလများ ပျံ့နှံ့နေ၍ DNA စစ်ဆေးခံရန် ဆုံးဖြတ်ခြင်း
ဖြစ်ကြောင်း ယမန်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
               သတင်းစာ ရှင်းလင်းပွဲ၌ ထိုင်း အမျိုသား ရဲတပ်ဖွဲ့ ရဲချုပ် မစ္စတာ Somyot Pumpanmuang နှင့် ထိုင်း အာ
ဏာပိုင် တချို့ လည်း အတူရှိနေခဲ့ကြောင်း သိရသည်။ သတင်းစာ ရှင်းလင်းပွဲမတိုင်ခင် AC ဘားဆိုင်ပိုင်ရှင် လိပ်ကျွန်း
သူကြီး မစ္စတာ Woraphan က ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ရဲချုပ် နှင့် သွားရောက်တွေ့ ဆုံပြီး ထိုင်းလူမှုကွန်ရက် စာမျက်
နှာများက လိပ်ကျွန်းလူသတ်မှုတွင် ၄င်းတို့မိသားစု ပါဝင်ပတ်သက် နေ သည်ဟူသော စွပ်စွဲနေမှုများကို သံသယရှင်းလင်း
စေရန် သားဖြစ်သူက DNA စစ်ဆေးပြမည်ဖြစ်ကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံ ဆိုင်ရာ ဗြိတိန်သံရုံးမှ တာဝန်ရှိသူများနှင့်အ
တူ သတင်းစာရှင်းလင်းပွဲ လုပ်မည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောဆိုခဲ့ သည်​။
                လိပ်ကျွန်း သူကြီး မစ္စတာ Woraphan ၏ ညီဖြစ်သူ အသက် ၄၅ နှစ်ရှိ မစ္စတာ Montriwat Tuwichian နှင့် 
သားဖြစ်သူ အသက် ၂၂ နှစ် ရှိ တက္ကသိုလ် ကျောင်းသား Warot Tuwichian တို့သည် လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်
၍ DNA စစ် ဆေးမှု ခံယူခြင်း မရှိသေးကြောင်း ထိုင်းသတင်းများက ရေးသားကြသည်။
ယရှိသူများအဖြစ် CSI LA ဆိုသည့် ထိုင်း လူမှုကွန်ရက် စာမျက်နှာအပါအ၀င် အခြားသော လူမှုကွန်ရက် စာမျက်နှာများက 
ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေခြင်း ဖြစ်သည်။
             လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ တရားခံအဖြစ် ထိုင်းရဲက ဖမ်းဆီးထားသူ မြန်မာနိုင်ငံသား မောင်ဝင်းဇော်ထွန်း
နှင့် မောင် ဇော်လင်းတို့ကလည်း ၄င်းတို့အား ရဲနှင့် စကားပြန်တို့က အသက်အန္တရာယ် ခြိမ်းခြောက်နှိပ်စက်၍ ၀န်ခံခဲ့ရခြင်း
ဖြစ် ကြောင်း ၄င်းတို့၏မိသားစုအပါအ၀င် မြန်မာသံရုံး အထူးအဖွဲ့ကို တရားဝင် ပြောဆိုထားသည်။
                  ယမန်နေ့က မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့၏ ပြစ်မှု လုံးဝ မကျူးလွန်ကြောင်းထွက်ဆိုချက်နှင့် ရဲစ
ခန်းထွက်ဆိုချက် ကို တရားဝင်ရုပ်သိမ်းသည်စာအား ၄င်းတို့၏ မိဘများနှင့်အတူ မြန်မာသံရုံးအထူးအဖွဲ့တို့က ထိုင်းနိုင်ငံ 
အမျိုးသားလူ့အခွင့် အရေးကော်မရှင်ထံ ပေးအပ်ခဲ့သည်။
               လိပ်ကျွန်း လူသတ်မှုနှင့်ပတ်သက်၍ တရားမျှတမှု ရရှိရေး အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီး
 ဦးဝင်းမောင်၊ အတွင်းဝန် ဦးထွန်းအေး အပါအဝင် သံရုံး အထူးစုံစမ်းရေး အဖွဲ့နှင့် မောင်ဝင်းဇော်ထွန်း၊ မောင်ဇော်လင်းတို့၏ 
မိဘများက လည်း အမှုကို တရားဝင် လိုက်ပါဆောင် ရွက်ခွင့်အတွက် ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီထံ ယနေ့ နံနက်ပိုင်းက
 အပ်နှင်း လိုက်ကြောင်း သိရသည်။
               မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း Koh Tao ခေါ် လိပ်ကျွန်းပေါ်၌ ပြီးခဲ့သည့် 
စက်တင်ဘာ လ ၁၅ ရက်က ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံခဲ့ရမှုတွင် တရားခံများအဖြစ် ထိုင်းရဲက စွပ်စွဲဖမ်းဆီးထားပြီး 
လူသတ်မှု၊ မုဒိန်းမှု၊ ပစ္စည်း လုယူမှု၊ တရားမဝင် ခိုးဝင်မှု၊ အမှုထိန်ချန်မှု များနှင့် စွဲဆိုထားသည်။
0 ထင်မြင်ချက်ပေးရန်:
Twitter Delicious Facebook Digg Stumbleupon Favorites More