Monday, October 6, 2014

တိန်စုံတွဲ အသက်ခံရမှု၌ စွပ်စွဲဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးနှင့် မြန်မာသံရုံးက အထူးဖွဲ့ စည်းထားသောအဖွဲ့နှင့်တွေဆုံ

By: ရွှေလုပ်သား
             တိန်စုံတွဲ အသက်ခံရမှု၌ စွပ်စွဲဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးဖြစ်သည့် မောင်ဝင်းဇော်ထွန်း
 (အဖအမည် ဦးထွန်းထွန်းထိုက် အမိ ဒေါ်မေသိန်း ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကာပီကျေးရွာ)
မောင်ဇော်လင်း (အဖ ဦးမြအောင်(ကွယ်လွန်)+ အမိ ဒေါ်ဖြူနုချေ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် 
မိချောင်ရေသောက် ကျေးရွာ) တို့နှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထူးဖွဲ့ စည်းထားသောအဖွဲ့နှင့် 
ယနေ့၌ တွေ့ဆုံကြရာ တရားခံဟု စွပ်စွဲခြင်းခံထားရသော မြန်မာအလုပ်သမားနှစ်ဦး၏ ထွက်ဆိုချက်များ 
မှာ ရှေ့နောက်မညီညွတ်မှုများကို တွေ့ရှိခဲ့ရသလို မောင်ဇော်လင်း၏ရင်ဘက်၌ ရဲစခန်း၌ ဘာသာပြန်မှ 
လက်သီးနှင့်ထိုးထားသည့် ဒဏ်ရာနှင့် ပုလိပ်ခြေထောက်ဖြင့် ကန်ကျောက်ထားသည့် ဒဏ်ရာများမှ အပ
 ၎င်းတို့၏ နှစ်ဦးတွင် အခြာသူများနှင့် တိုက်ခိုက်ထားသည့် ဒဏ်ရာများလုံးဝ မတွေ့ရပါ။
            အဆိုပါ လူသက်တရားခံဟု စွပ်စွဲထားခြင်းခံရသော လူငယ်နှစ်ဦးနှင့် တွေ့ဆုံ မေးမြန်ရာ၌ သူတို့
နှစ်ယောက်သည် အသံသွင်းထားတဲ့ တိတ်ခွေတစ်ခုလို အသက်မပါပဲပြောသလိုဖြစ်နေပါသည်။ ယခုဖြစ်စဉ်
နှင့်ပက်သက်သော အမှုများကို ကိုယ်စာလှယ်အဖွဲ့မှ ကူးယူ ခွင့်တောင်း ရာ ထိုင်းအာဏာပိုင်များမှ လုံးဝကူး
ယူခွင့်မပေးဘူး။ လူသက်တရားခံဟု စွပ်စွဲခြင်းခံနေရသည် မြန်မာလူငယ်နှစ်ဦးသည် ရှေ့နေပါဝါလွှာစာမှာ
 လက်မှတ်ထိုးခဲ့ပါသည်။
             ယခုအမှုကို စိတ်ပါသူများ မနက်ဖြန်၌ ဘန်ကောက်မြို့ ထိုင်းရဲဌာနချုပ်မှာ ယခုအမှုနှင့်ပက်သက်၍ 
သတင်းထုတ်ပြန်မည်ဟု သိရပါသည်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထူးဖွဲ့ စည်းထားသောအဖွဲ့က
 မှုခင်းဖြစ်ပွား ရာ ကော့တောင်ကျွန်သို့ မနက်ဖြန်ထပ်မံသွားရောက်မည်ဟု သိရပါသည် ။

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More