Saturday, October 18, 2014

ဗြိတိသျှရဲများကို လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးခွင့် ထိုင်းခွင့်ပြုပြီ


BY:  ဒီဗွီဘီ
              ထိုင်းနိုင်ငံ လိပ်ကျွန်းက  ဗြိတိသျှလူမျိုး ၂ ဦး အသတ်ခံရတဲ့အမှုကို ဗြိတိသျှရဲတွေ သွားရောက် 
စုံစမ်းစစ်ဆေးဖို့ ထိုင်းအစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းက ထိုင်းဝန်
ကြီးချုပ်နဲ့တွေ့ဆုံစဉ် ဗြိတိန်က  ရဲအရာရှိတွေ အခင်းဖြစ်ရာကို သွားရောက်စစ်ဆေးဖို့ ပြောကြားတဲ့အခါမှာ ထိုင်း
ဝန်ကြီးချုပ်က ဗြိတိန်ရဲ့ အကူအညီကို ယူဖို့ လက်ခံလိုက်တာဖြစ်ပါတယ်။
               လက်ရှိမှာတော့ ထိုင်းရဲက မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို လူသတ်မှုနဲ့ ပတ်သက်ပြီး စွပ်စွဲ
ဖမ်းဆီးထားပါတယ်။ လူသတ်တယ်လို့ စွပ်စွဲခံရသူ ၂ ဦးကို ထိုင်းရဲက ရိုက်နှက်နှိပ်စက်ပြီး ထွက်ဆိုခိုင်းတယ်လို့ 
ဝေဖန်ပြောဆိုတာတွေရှိပေမယ့် ထိုင်းရဲကတော့ ဒီစွပ်စွဲချက်ကို ငြင်းပါတယ်။
                ထိုင်းဘက်က စုံစမ်းစစ်ဆေးမှုတွေက ခိုင်မာတိကျမှု မရှိဘူးလို့ အများက ယူဆကြပြီး ဗြိတိသျှအစိုး
ရကို သီးခြား စုံစမ်းစစ်ဆေးပေးဖို့ အွန်လိုင်းကနေ လူပေါင်း ၁ သိန်းနီးပါးက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါ
တယ်စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး 
ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း (လိပ်ကျွန်း) ကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦး စွပ်စွဲဖမ်း
ဆီးခံနေရတာပါ။

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More