မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Showing posts with label မီဒီယာ. Show all posts
Showing posts with label မီဒီယာ. Show all posts

Friday, August 1, 2014

သမ္မတ ဦးသိန်းစိန်ရဲ့ သြဂုတ်လ ရေဒီယို မိန့်ခွန်းအပြည့်အစုံ


            သမ္မတ ဦးသိန်းစိန်က လစဉ် ရေဒီယို မိန့်ခွန်းပြောလေ့ရှိပါတယ်။ အခု ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့ မိန့်ခွန်းမှာ
 မကြာသေးခင်က မန္တလေးပဋိပက္ခမှာ မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်သူတွေကို ဖော်ထုတ် အရေးယူနေပြီဆိုတာလည်း 
ထည့်သွင်းပြောဆိုသွားသလို အာဇာနည်ခေါင်းဆောင်ကြီးများနဲ့ပတ်သက်တာ၊ ဒီမိုကရေစီ ဖော်ဆောင်ရာမှာ အာဏာ ၃ 
ရပ် သီးခြား လွပ်လပ်စွာ တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုတွေမှာ စိန်ခေါ်မှုတွေရှိနေတာတွေကိုလည်း ထည့်သွင်းပြောဆို
သွားပါတယ်။ 
           အပြည့်အစုံကို ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း ပြန်လည်း ကူးယူဖော်ပြပေးလိုက်ပါ တယ်။ 

မိဘပြည်သူများခင်ဗျား 
            ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေးပြောကြား 
နေကြဖြစ်တဲ့ အတိုင်း ဇူလိုင်လအတွင်း မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်း လဲမှုများကို ပြောကြားရခြင်းဖြစ် ပါတယ်။ 
တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ဇူလိုင်လအတွင်းမှာ တိုင်းရင်းသား 
လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များစုစည်းပြီး ကချင်ပြည်နယ် လိုင်ဇာ မှာ ဆွေးနွေးပွဲများ ဆောင်ရွက်နိုင်ဖို့ 
ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ကြိုဆိုပြီးတော့ လိုအပ်တဲ့ ကူညီဆောင်ရွက် မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ 
          တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ စာချုပ်ချုပ်ဆိုပြီး ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်တဲ့
 နိုင်ငံရေးဆွေးနွေးပွဲကြီးကို တက်လှမ်းနိုင်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် လိုအပ်
တဲ့သဘောတူညီ ချက်တွေရရှိနိုင်ဖို့ ဒီဆွေးနွေးပွဲများ ကနေ ပိုမိုကောင်း မွန်တဲ့ ရလဒ်များ ဆောင်ကြဉ်း လာနိုင်မယ်လို့ ကျွန်
တော်တို့ ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီများ အပါ အဝင် ပြည်သူ လူထုတစ်
ရပ် လုံးက မျှော်လင့် နေကြပါတယ်။ 
              လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်ပြောင်းလဲ လျက်ရှိနေတဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများဟာ အခက်အခဲ များနဲ့ စိန်
ခေါ်မှုများစွာကို ရင်ဆိုင်ကျော်လွှားရင်းနဲ့ ဒီဖြစ်စဉ်ရှင်သန်ဖို့ ကြိုးပမ်းနေရတဲ့ အချိန်ကာလဖြစ် ပါတယ်။  ဒီနေရာမှာ ကွဲပြားခြား
နားတဲ့ နိုင်ငံရေးအင်အားစုများ အကြားမှာ တူညီတဲ့ သဘောတူညီချက်အနေနဲ့ ထားရှိနိုင်တဲ့ သဘောထား ရပ်တည်ချက်ကတော့ 
ဒီနိုင်ငံရေး ဖြစ်စဉ်ဆက်လက် ရှင်သန်ရေးကနေ ဒီမိုကရေစီ စနစ် အမြစ်တွယ်ရှင်သန်ရေးဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ 
ကျွန်တော်တို့အစိုးရ စတင်တာဝန်ယူတဲ့အချိန်ကစပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို တစိုက်မတ် မတ် လုပ်ဆောင်လာ
ခြင်းက ကျွန်တော်တို့အနေနဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ချပြီး လုပ်ဆောင်ခဲ့တယ်ဆိုတာကို သက်သေထူရာရောက်မှာလည်း ဖြစ်ပါတယ်။ 
ကျွန်တော်တို့ တာဝန်ယူခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ ပြစ်တင်ဝေဖန်မှုများနဲ့ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေး အကြပ် အတည်းများ
 ရှိခဲ့တာကလည်း အမှန်ပဲဖြစ်ပါတယ်။ 
           ကျွန်တော့်အနေနဲ့ အခိုင်အမာပြောကြားနိုင်တဲ့ အချက် တစ်ခုကတော့ ကြုံတွေ့ခဲ့ရတဲ့နိုင်ငံရေး အကြပ် အတည်း အားလုံး
ကို ပြည်သူလူထုရဲ့ လိုလားချက်များအပေါ် ရှေးရှုတဲ့ အဖြေရှာမှုမျိုးနဲ့သာ ချဉ်းကပ်ပြီး မှန်ကန်တဲ့စေတနာနဲ့ ဆောင်ရွက်ခဲ့ တယ်ဆို
တာပဲဖြစ်ပါတယ်။  ဒီကနေ့ကာလလို စနစ်ဟောင်းကနေ စနစ်သစ်ကို ကူးပြောင်းတဲ့အခါ နိုင်ငံရေးအကြပ် အတည်းများ ကြုံတွေ့
ရခြင်းဟာ အသွင်ကူးပြောင်းရေး ဖြစ်စဉ်တိုင်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ် မှုတွေ ဖြစ်တယ်ဆိုတာကို သတိချပ်စေ
လိုပါတယ်။ ကျွန်တော့်အနေနဲ့ ဝေဖန်ထောက်ပြ ပြောဆိုရေးသားမှုအားလုံးကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ 
သွင်းအားစုများအဖြစ်ရှုမြင်ပြီး လက်တွေ့ကျတဲ့ အဖြေများရရှိဖို့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေ အနေနဲ့ လိုက်လျောညီထွေဖြစ်နိုင်
မယ့် အတိုင်းအတာအတွင်းကနေ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက် နေတယ်ဆိုတာကို အသိပေးပြောကြားလိုပါတယ်။ 
အနာဂတ်မှာ ကျွန်တော်တို့အနေနဲ့ ရောက်ရှိရမယ့် စံနှုန်းများနဲ့တိုင်းတာရင် လိုအပ်ချက်များစွာ ရှိနေသေး တာက အမှန်ပဲဖြစ်ပါတယ်။ 
သို့သော်လည်း အဲ့ဒီလိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက်တဲ့ အခါ တစ်ဦးတစ်ယောက်အား၊ အဖွဲ့အစည်းတစ်ခုတည်းရဲ့အားနဲ့ 
တည်ဆောက်လို့မရနိုင်ဘဲ မိမိတို့ အဖွဲ့အစည်း တစ်ခုလုံး တူညီသော ရပ်တည်ချက် တစ်ခုထားရှိပြီး အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြ
မှသာ ရရှိနိုင်မှာဖြစ်တဲ့ အကြောင်း ပြောကြား လိုပါတယ်။ 
         ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို အနှောင့်အယှက်ပြုမှုများ ကိုတော့ ထိရောက်စွာ အရေး
ယူမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ မကြာခင်က မန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့ မဟုတ်မမှန် လုပ်ကြံစွပ်စွဲမှုကိုအသုံးချပြီး 
ဘာသာရေးပဋိပက္ခတွေဖြစ်အောင် ဖန်တီးလှုံ့ဆော် လုပ်ဆောင်ခဲ့ သူများကို ဖော်ထုတ် အရေးယူ ဆောင်ရွက်နေ ပြီဖြစ်ပါ တယ်။ 
မန္တလေးမြို့တည်ငြိမ်အေးချမ်းရေးမှာ အသိရှိရှိ၊ သတိရှိရှိနဲ့ တာဝန်သိသိ ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ခဲ့ကြ သူများကိုလည်း နိုင်ငံတော်
ကိုယ်စား ဂုဏ်ယူပါ ကြောင်း ချီးကျူးပြောကြားအပ်ပါတယ်။ 
           ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြို့မှာသဘင်၊ ဂီတ၊ ရုပ်ရှင်အဖွဲ့အစည်းများမှ အနုပညာရှင်များနဲ့
 ရင်းနှီးစွာတွေ့ဆုံခဲ့ပါတယ်။ အဖွဲ့အစည်းအသီးသီးမှ အနုပညာရှင်များရဲ့ ဆွေးနွေးပြော ကြားချက်များကို အလေးထားမှတ်ယူပြီး
နိုင်ငံတော်အပိုင်းက လတ်တလော ကူညီဆောင်ရွက် ပေးရမည့် ကိစ္စများ၊ အချိန်ယူဆောင်ရွက် ပေးရမည့် ကိစ္စများကို ကြိုးပမ်းဆောင်
ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ 
             အနုပညာ ရှင်များဟာ ပြည်သူများ ချစ်ခင်မြတ်နိုးတဲ့ ရတနာများ ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် ရေး မှာ ပြည်သူများရဲ့
 ပျော်ရွှင်ချမ်းမြေ့မှုဟာ အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်တာဖြစ်တဲ့အတွက် သဘင်၊ ဂီတ၊ ရုပ်ရှင်အနုပညာရှင်များကို ကျွန်တော့်အနေ
နဲ့ တန်ဖိုးထားလေးစားပါကြောင်း ပြောကြား လိုပါတယ်။ 
          ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ကြီးများဟာ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေစဉ် အတွင်း မှာ မသမာသူများရဲ့
 လက်ချက်နဲ့ ကျဆုံးသွားခဲ့ရတဲ့ ဇူလိုင် ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ်သတ် မှတ်ပြီး ပြည်သူများဟာ အာဇာနည်ကြီးများရဲ့ ကျေး
ဇူးများကို အောက်မေ့တသရင်း ဝမ်းနည်းကြေကွဲ မှုတွေကို သတိတရ ထုတ်ဖော်ပြသလာခဲ့ ကြတာအခုဆိုရင် နှစ်ပေါင်း(၆၇)နှစ် တိုင်ခဲ့
ပြီဖြစ်ပါတယ်။ 
             တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့အားလုံး အနေနဲ့ ဝမ်းနည်းကြေကွဲနေရုံမျှ သက်သက်ထက် အာဇာနည် ကြီးများရဲ့ ကျေး
ဇူးများကို နည်းလမ်းမှန်နဲ့ ပြန်လည်ပေးဆပ်ကြဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို လည်း နှလုံးသွင်းကြရမှာဖြစ်ပါတယ်။ အာဇာနည်နေ့
အခမ်း အနားဟာဆိုရင် ခေါင်းဆောင်ကြီး ကိုးဦးကို ရည်မှန်းဂုဏ်ပြုခြင်းအပြင် တိုင်းပြည် အတွက် လူမသိသူမသိပေးဆပ်ရင်း ကျဆုံး
သွားခဲ့ရတဲ့ ပြည်ထောင်စုဖွား အာဇာနည်များကိုလည်း မမေ့မလျော့ ဦးညွတ် အလေးပြုကြတဲ့ အနှစ်သာရကို ဖော်ကျူးတဲ့ အခမ်းအ
နားတစ်ခုလည်း ဖြစ်ပါတယ်။ 
            တိုင်းပြည်နဲ့လူမျိုး အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြတဲ့ အာဇာနည်များကို ကြည့်မယ်ဆိုရင် သူတို့လာ ခဲ့ကြတဲ့ နိုင်ငံရေး
နောက်ခံ၊ အသိုင်းအဝိုင်း၊ လူမျိုးစု၊ ကိုးကွယ်ယုံကြည်မှု စသည်ဖြင့် မတူညီတဲ့ ကြန်အင် လက္ခဏာများကို တွေ့ကြရမှာဖြစ် ပါတယ်။ 
သို့သော်လည်း သူတို့အားလုံးမှာ တူညီတဲ့အချက်ကတော့ နိုင်ငံနဲ့လူမျိုးရဲ့ ကောင်းကျိုးချမ်းသာ အတွက်ဆို တဲ့ ကိုယ်ကျိုးစွန့် အနစ်နာ
ခံလိုစိတ်ပဲ ဖြစ်ပါတယ်။ 
             မိမိတို့ မြန်မာနိုင်ငံသားအားလုံးအနေနဲ့ ဒီစိတ်ဓာတ်ခွန်အားတွေကို ဆက်လက်ရှင်သန်စေဖို့ကြိုးစားပြီး လက်ရှိအကောင်အ
ထည်ဖော်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်များနဲ့ ဒီမိုကရေစီ အရေးတည်ဆောက်ရေး လုပ်ငန်းစဉ်များမှာ
 လူမျိုးဘာသာ မကွဲပြားဘဲအတူတကွ ညီညွတ်စွာပူးပေါင်း ကြိုးစားကြဖို့ တိုက်တွန်းပြောကြားအပ်ပါတယ်။ 
           ဇူလိုင်လအတွင်းမှာ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေး စီမံချက်တစ်
ရပ်ကို သက်ဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့ အစည်းများ၊ အစိုးရအဖွဲ့အစည်းများနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ပါဝင်ကူညီနေကြတဲ့ အဖွဲ့
အစည်းများဆီက အကြံဉာဏ်များရယူ ရေးဆွဲခဲ့ပါတယ်။ ဒီစီမံချက်ကို စနစ်တကျ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ 
အခုလို စီမံချက်တွေကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ပါက ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ပြည် သူ များရဲ့ဘ၀များ ကောင်း
မွန် တိုးတက်လာစေမယ်လို့ ယုံကြည်ပါတယ်။ 
             ဒီလိုစီမံချက်တွေအောင်မြင်အောင် အကောင်အထည် ဖော်တဲ့ အခါမှာလည်း ကျွန်တော်တို့ အစိုးရတစ်ဖွဲ့ တည်းအနေနဲ့ 
လုပ်ဆောင်လို့မရနိုင်ဘဲ ရခိုင်ပြည်နယ် အတွင်းမှာ ရှိကြတဲ့အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများနဲ့ နိုင်ငံတကာ အဖွဲ့အစည်း
များအားလုံး ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုး
တိုးတက်ရေး လုပ်ငန်းများမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြတဲ့ အဖွဲ့အစည်းအသီးသီးကို လိုအပ်တဲ့ ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေး
 သွား မှာဖြစ်သလို ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူများ အနေနဲ့ လည်း မိမိတို့ပြည်နယ် တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုး
တိုးတက်ရေးကို ရှေးရှုပြီး သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ ဆောင် ရွက် သွားကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။ 
လက်ရှိအခြေအနေမှာ ခက်မသုံးဖြာ အာဏာသုံးရပ်ဖြစ်တဲ့ တရားစီရင်ရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုရေး အာဏာ
တို့ကို ပီပြင်စေတဲ့ သီးခြားလွတ်လပ်မှုနဲ့ အချင်းချင်းအပြန်အလှန်ထိန်းကျောင်းမှုများ စတင်အသက်ဝင်ဖို့ ကြိုးပမ်းတည်ဆောက်ရာမှာ
 ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု အနေနဲ့ လက်တွေ့ကြုံတွေ့နေ ရတဲ့ ကာလဖြစ်ပါတယ်။ 
             အဲဒီလိုကြိုးပမ်း တည်ဆောက်မှုများမှာ နိုင်ငံသားအခွင့်အရေးကို အကာအကွယ်ပေးနိုင်တဲ့၊ လွတ်လပ်မျှတ တဲ့ တရားစီရင်
ရေးစနစ်သို့ အသွင်ကူးပြောင်းရေး၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရများ၊ တာဝန်ယူရတဲ့ အုပ်ချုပ်ရေး ယန္တရား
ကို ပြည်သူလူထုအခြေပြုတဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး စနစ်သို့ အသွင်ကူးပြောင်းရေး၊ မိမိတို့လူ့အဖွဲ့အစည်းအတွင်း ဆယ်စု
နှစ် များစွာလစ်ဟာခဲ့တဲ့ လွှတ်တော်များပေါ်ပေါက်ရေး၊ လွှတ်တော်စနစ်ကို အခြေခံသည့် ဥပဒေပြုရေးဖြစ်စဉ်များ အသက်ဝင် ရှင်သန်
ရေး များဟာ အဓိကကျတဲ့ လုပ်ငန်းစဉ်များပဲ ဖြစ်ပါတယ်။ 
               ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များ အတွင်း အဆင့်ဆင့်တာဝန်ယူ လုပ်ဆောင်ခဲ့ရတဲ့ ဝန်ထမ်းအဖွဲ့ အစည်းများအနေနဲ့ 
အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်းဆောင်ရွက် နေပေမယ့် နှောင့်နှေးမှုများ၊ အား နည်း မှု များနဲ့ လိုအပ်ချက်များရှိနေသေး တာ အမှန်
ပဲဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အထူးပြု ပြောကြားချင်တာကတော့ ဝန်ထမ်းများ အနေနဲ့ ချက်ချင်းလက်ငင်း အကောင်
အထည်ဖော်နိုင်တဲ့ ကိစ္စရပ်များ၊ ရေတိုလုပ်ဆောင်ရမယ့် ကိစ္စရပ်များ၊ ရေရှည်တည်ဆောက်ရ မယ့် လိုအပ်ချက်များကို ရည်မှန်းချက် 
အဖြစ်ထားပြီး ဒီကနေ့ လက်တွေ့ လုပ်ဆောင်နိုင်မယ့် ကိစ္စတွေကို ဦးစားပေးကြိုးပမ်းတည်ဆောက်ကြဖို့နဲ့ ဝန်ထမ်းရဲ့ ဂုဏ်သိက္ခာကို 
ထိန်းသိမ်းကြဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
             ပြည်သူလူထု အနေနဲ့ကလည်း ဒီလိုကြိုးပမ်းမှုများမှာ နိုင်ငံသားတာဝန် ကျေပွန်စွာဖြင့် ပူးပေါင်းပါ ဝင် ဆောင်ရွက်ကြဖို့ တိုက်
တွန်းအပ်ပါတယ်။ အဓိကအားဖြင့်တော့ ဒီမိုကရေစီနိုင်ငံကြီးများသည်ပင် လက်ရှိအခြေ အနေမျိုးကို ရောက်ရှိဖို့ အတွက် နှစ်ပေါင်း 
ရာချီပြီး တည်ဆောက်ခဲ့ကြရတယ် ဆိုတာ အားလုံးသိရှိပြီးဖြစ်ပါတယ်။ 
                သုံးနှစ်ကျော်ကာလအတွင်း ကျွန်တော်တို့ လက်ရှိရရှိထားတဲ့ အခြေအနေများဟာ မိမိတို့လိုလားတဲ့ ဒီမိုကရေစီ စံနှုန်းများနဲ့ 
တိုင်းတာတဲ့အခါ အကောင်းဆုံး အခြေအနေများကို မရောက်ရှိသေးတာ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် မိမိတို့ ပြည်သူလူထု တစ်ရပ်လုံး 
ကြိုးပမ်းတည် ဆောက်ပြီး လက်ဝယ်ရရှိပိုင်ဆိုင် ထားတဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်များရဲ့ လမ်းစများ၊ အခွင့်အလမ်းများကို 
ဆုံးရှုံးမသွားစေဖို့ ဝိုင်းဝန်းကြိုးပမ်း ရမယ့် အချိန်ကာလဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။ 
                ကျွန်တော့်အနေနဲ့စည်းလုံးညီညွတ်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် ရှင်သန်နိုင်အောင် ပြည်တွင်း ငြိမ်းချမ်းရေး
ရအောင်၊ ပြည်သူများရဲ့ စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်း
မွန်တဲ့ အနာဂတ်တွေ ဖန်တီး ပေးနိုင်အောင် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့အကြောင်းပြောကြားရင်း နိဂုံးချုပ်ပါတယ်။ 
မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေ။ 
Ref: ဧရာဝတီ

Monday, May 5, 2014

ထိုင်းနိုင်ငံမြောက်ပိုင် ၆.၀ မဂ်နီကျူ ပြင်း တုန်းလှုပ်သွားတဲ့မြေငလျှင်ကြောင့် ပျက်စီဆုံးရှုံးမှုမြင်ပုံရိပ်များ


  ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာပြည်တို့ကို ပြင်းထန်သော ငလျင်တခု ယနေ့ တနင်္လာနေ့
 ညနေပိုင်းတွင် ရိုက်ခတ်သွားခဲ့သည်။ အမေရိကန်ပြည်ထောင်စု ငလျင်တိုင်းထွာတွက်ချက်မှုအရ ထိုင်း
မြောက်ပိုင်း ချင်းရိုင်မြို့ အနောက်တောင်အရပ်ရှိ မဲလောင်ဒေသအနီးတွင် ဗဟိုပြုပြီး ၆.၀ မဂ်နီကျူ ပြင်း
ထန်ကြောင်း သိရသည်။ ချင်းရိုင်မြို့တွင် လမ်းနှင့် အဆောက်အဦများ ကွဲအက်မှု မြင်ကွင်းများ
ပျက်စီးဆုံးရှုံးမှု မြင်ကွင်းများ ကိုတင်ပေးလိုက်ပါတယ်

Monday, April 28, 2014

အိုဘားမားဖြေသည် စိုင်းထက်အောင်ခန့်မေးသည်


( မလေးရှား ဧပြီလ ၂၇ ၊ ၂ဝ၁၄ )
ဘာသာပြန်ဆိုသူ - ကိုညီညီ ( တောင်ကြီး )
        အစီအစဉ်တင်ဆက်သူ ။ ။ သမ္မတကြီးရှင့် ၊ အခုမေးမယ့်မေးခွန်းက အမေရိကန်အစိုးရရဲ့ လူမှုကွန်ယက်
မှာမေးထားတဲ့ မေးခွန်းပါ ၊ သူက ကျွန်မတို့သူငယ်ချင်းဖြစ်တဲ့ မြန်မာနိုင်ငံက စောထက်အောင်ခန့် ဖြစ်ပါတယ် ၊
 သူမေးခွန်းလေးကဒီလိုပါ ။
စောထက်အောင်ခန့် ။ ။ သမ္မတကြီးခင်များ ၊ မတူညီတဲ့လူမျိုးနွယ်စုကြီး ၊ မတူညီတဲ့ဘာသာစကား ၊ ကွဲပြားတဲ့ကိုး
ကွယ်မှု နဲ့ အမျိုးမျိုးသောယျဉ်ကျေးမှုတွေကြားမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ ကျွန်တော်တို့ရဲ့ နောင်လာနောက်သား
မျိုးဆက်သစ် ခေါင်းဆောင်တွေအတွက် မြန်မာပြည်သာမက ကမ္ဘာအတွက်ကိုပါ သမ္မတကြီးရဲ့ ကိုယ်ပိုင်ထိရောက်တဲ့
စကား နဲ့ အားပေးမှုကို သိချင်ပါတယ် ။
        သမ္မတ ဘရက်အိုဘားမား ။ ။ သိပ်ကောင်းတဲ့မေးခွန်းပါ ၊ ကမ္ဘာတစ်လွှားလုံးရဲ့ ပဋိပက္ခတွေ ၊ စစ်ပွဲတွေ ၊ ကြမ်း
တမ်းမှုတွေဖြစ်စေတဲ့ အကြီးမားဆုံးအကြောင်းရင်းကိုကြည့်မယ်ဆိုရင် အဖြစ်တတ်ဆုံး အရေးကြီးဆုံးအကြောင်းအရာ
က ကိုယ်မကြိုက်တဲ့လူတွေအပေါ် မတူညီအောင် တစ်မျိုးထား ဆက်ဆံကြလို့ပဲဖြစ်တယ် ၊ ဟုတ်တယ်မဟုတ်လား ၊ 
ဒါဆို အခု မြန်မာနိုင်ငံမှာ သူတို့ဟာ ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ အရှေ့အစိုးရလက်ကနေ ပြုပြင်ပြောင်းလဲရေးတေ
ွလုပ်နေတယ် ၊ အရာရာကို ဖွင့်ပေးဖို့ကြိုးစားနေတယ် ၊ နိုင်ငံကို ဒီမိုကရေစီကျအောင် ပြုလုပ်နေတယ် ၊ သူတို့သွားနေ
တာ အင်မတန် ရဲ့ရင့်တဲ့လုပ်ငန်းစဉ်ဖြစ်တယ် ။
       အခုလို ဒီမိုကရေစီအသွင်းကူးပြောင်းရေးရဲ့ အန္တရာယ်က ပြည်တွင်းက မတူညီတဲ့လူမျိုးစုတွေ နဲ့ ဘာသာမတူသူ
တွေကြားမှာရှိနေတယ် ၊ လူတွေက သူတို့ရဲ့ဘာသာရေးတူတွေကိုစည်းရုံးတယ် ၊ နိုင်ငံရေးအရ သိမ်းသွင်းတယ် ၊ ဒိမိုက
ရေစီစကား ပြောဆိုကြတယ် ၊ အားလုံးခြုံပြီးတော့ အခြေခံလူ့ကျင့်ဝတ် ၊ တရားမျှတရေး ၊ တရားဥပဒေစိုးမိုးရေး နဲ့ 
ဒီမိုကရေစီစံနှုန်းတွေကို ဆွေးနွေးကြတယ် ၊ လက်တွေ့မှာ မြန်မာနိုင်ငံကို ဦးတည်ချက်လွဲသွားစေမယ့် ပဋိပက္ခတင်းမာ
မှုအကြောင်းတရားတွေ စမြင်နေရတယ် ။
---- အထူးသဖြင့် နိုင်ငံတွင်းက သမိုင်းကြောင်းရှိခဲ့တဲ့ လူနည်းစုမွတ်ဆလင်တွေကို ကျန်အများစုက ခွဲခြားဆက်ဆံတာ
ကိုခံနေကြရတယ် ၊ သူတို့ရဲ့အခွင့်ရေးတွေကို မကာကွယ်နိုင်ပဲ ဖြစ်နေတယ် ၊ ဒါဟာ မြန်မာတစ်နိုင်ငံထဲဖြစ်နေတာမဟုတ်
ဘူး ၊ ဒီလိုပဲ မွတ်ဆလင်အများစုနေထိုင်တဲ့ မလေးရှားမှာ မွတ်ဆလင်မဟုတ်သူ လူနည်းစုတွေ အခွင့်အရေးမရတာ သို့
မဟုတ် ခွဲခြားဆက်ဆံခံနေကြရတာတွေရှိတယ် ။
--- အမေရိကားသမိုင်းမှာလည်း လူမျိုးရေးပဋိပက္ခတွေ ရှိခဲ့တယ် ၊ ဒါကြောင့် ကျွန်တော်တို့ လူမှုတော်လှန်ရေးစစ်ပွဲတွေ 
လူမျိုးရေးတော်လှန်ရေးစစ်တွေ မျိုးဆက်နဲ့ချီပြီးတိုက်ခဲ့ကြတာ အခု ကျွန်တော်ကိုယ်တိုင် ခင်များတို့ရှေ့မှာ အာဖရိကနွယ်
ဖွားသမ္မတတစ်ယောက်အနေနဲ့ မတ်တပ်လာမရပ်နိုင်ခင် အထိပဲ ၊ လုပ်ရမယ့်အလုပ်က အခုထိမပြီးသေးဘူး ၊ အသားအ
ရောင်ခွဲခြားဆက်ဆံတာ နဲ့ အမေရိကန်လူမျိုးရေးပဋိပက္ခတွေ ကို အခုထိ ကျွန်တော်တို့ ပြည်လည်ကြည့်မြင် ဆန်းစစ်
နေရတယ် ။
---- ကျွန်တော့ဆိုလိုရင်းက ကျွန်တော်တို့အားလုံးရဲ့ရင်တွင်းမှာ ဘက်လိုက်မှုတွေ ၊ ကျွန်တော်တို့နဲ့အမြင်မတူသူတွေ
အပေါ်ထားတဲ့ စိတ်ခံစားမှုတွေ ၊ ကွဲပြားတဲ့လူမျိုးခြားနောက်ခံကိုလိုက်ပြီး ခွဲခြားတဲ့စိတ်တွေရှိနေကြတုန်းပဲ ၊ ဒါပေမယ့် 
ကမ္ဘာကြီးက ကျုံ့သွားပြီ သေးသွားပြီ ၊ ကျွန်တော်တို့ ရွာလေးတွေမှာ သီးခြားလူမျိုးအနေနဲ့နေကြတယ်ဆိုကြပါဦး ၊ အင်
တာနက်တို့ စမတ်ဖုန်းတွေရဲ့အကူအညီနဲ့ ကွဲပြားတဲ့ခံယူချက်ယျဉ်ကျေးမှုတွေဟာ လဲကျပြိုပျက်သွားကြပြီ ၊ ဟုတ်တယ် 
ကမ္ဘာဟာ တစ်ကယ်သေးသွားပြီ ။
     ---- ပြီးတော့ လူဦးရေတစ်ချို့ကို သီးခြားနေခိုင်းပြီး ခွဲခြားဆက်ဆံတဲ့ မည်သည့်နိုင်ငံမဆို မအောင်မြင်နိုင်ဘူး ၊ မွတ်ဆ
လင်မဟုတ်သူတွေကို အခွင့်အလမ်းမပေးရင် မလေးရှား မအောင်မြင်နိုင်ဘူး ၊ မွတ်ဆလင်တွေကိုဖိနှိပ်ထားမယ်ဆိုရင် မြန်မာလဲ
 မအောင်မြင်နိုင်ဘူး ၊ နိုင်ငံရဲ့လူဦးရေတစ်ဝက် တစ်နည်းအားဖြင့် အမျိုးသမီးတွေကို ယောက်ျားသားတွေကဲ့သို့ တန်းတူ
ပညာရေး ၊ တန်တူအလုပ်အကိုင်အခွင့်အလမ်းမပေးရင် ဘယ်လူမှုအဖွဲ့အစည်းမှ မအောင်မြင်နိုင်ဘူး ။
- ဒါကြောင့် ခင်များတို့ကိုပြောချင်တဲ့ အဓိကလူငယ်တွေကိုပြောချင်တဲ့အချက်က ခင်များတို့ ကိုယ်ယဉ်ကျေးမှုကိုကိုယ်ချိုး
ဖျက်စရာမလိုဘူး ၊ ခင်များတို့ဘယ်သူဆိုတာဂုဏ်ယူရမယ် ၊ နောက်ခံသမိုင်းကြောင်းကိုမြတ်နိုးရမယ် ၊ မတူညီတဲ့ဘာသာ
စကားတတ်မြောက်တာကို တန်ဖိုးထားရမယ် ၊ ကိုယ်ပိုင်အစားအသောက်ကိုတပ်မက်ရမယ် ၊ ခင်များတို့ ဘုရားကိုဘယ်လို
ဘယ်ပုံ ရှိခိုးပူဇော်တယ်ဆိုတာကတော့ တူမှာမှမဟုတ်တာ ၊ ဒီအချက်တွေအားလုံးဟာ ခင်များတို့ မြတ်နိုးတန်ဖိုးထားရမှာ ၊
 ဒါပေမယ့် ဒီအချက်တွေဟာ သူတစ်ပါးကိုဖိနှိပ်ဖို့အသုံးချတဲ့ ကိရိယာ လက်ကိုင်ပစ္စည်း မဖြစ်သင့်ဘူး ၊ မတရားခွဲခြားဆက်
ဆံဖို့ အကြောင်းပြချက်မဖြစ်သင့်ဘူး ၊ ခင်များတို့ကအစ ခေါင်းဆောင်တွေအထိ နေ့တိုင်းမတူညီတဲ့ ဘာသာစကားတွေ 
ပြောပြီးတော့ လူတွေကိုခွဲထုတ်လိုက်မယ့်အစား လုံခြုံမှုရှိတဲ့ နိုင်ငံရဲ့ အတွင်းကို စည်းရုံးသိမ်းသွင်းဖို့ သေသေချာချာ လုပ်
သင့်တယ် ၊ ဒီအချက်ဟာ အခုလက်ရှိမျိုးဆက်အတွက် အကြီးမားဆုံးအရာဖြစ်ပါတယ် ။
---- ဒီလိုလုပ်နိုင်ဖို့ အချက်တစ်ခုက သူများခြေရာကို နင်းနိုင်ရမယ် ၊ သူတစ်ပါးနဲ့ မျက်စိချင်းဆုံပြီး အမှန်မြင်နိုင်ရမယ် ၊ 
အားလုံးနီးပါးသော ဘာသာရေးတွေမှာ တူတဲ့အခြေခံယူဆချက်အရ ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ကျွန်တော့ကို ခရစ်တော်
ကသင်ပေးတဲ့အဆုံးအမက “ မိမိကိုဆက်ဆံစေချင်သလို အပြုအမူနဲ့ သူတစ်ပါးကိုဆက်ဆံပါ “ ဆိုတာပါ ၊ ဒီလိုအခြေခံလူ့
ကျင့်ဝတ်ကို မလေးစား မကျင့်ကြံတဲ့ လူ့အဖွဲ့အစည်းဟာ ရှေ့ဆက်ကောင်းအောင်သွားမယ့်အစား နောက်ပြန်ဆွဲနေတာ
ဖြစ်တယ် ၊ ဒီအချက်ဟာ ကမ္ဘာတစ်လွှားလုံးအတွက် အမှန်တရားဖြစ်တယ် ။
---- တခါတရံ အပြင်ဘက်က လူ့အဖွဲ့အစည်းဟာ သီးခြားဖြစ်နေပေမယ့် ကျွန်တော်တို့နဲ့တူနေတာတွေ့ရမယ် ၊ မြောက်အိုင်
ယာလန်မှာ လူမျိုးရေးပဋိပက္ခတွေကို နောက်ဆုံးမှာ ငြိမ်ချမ်းအောင်ဆောင်ရွက်နိုင်ခဲ့တယ် ၊ တစ်ချို့တစ်ဝက်က ကက်သလစ်
ဘာသာဝင်ဖြစ်ပြီး ကျန်တစ်ဝက်က နောက်ဘာသာတစ်မျိုးဖြစ်နေတယ် ၊ အပြင်ဘက်ကလကူကြည့်ပြီးပြောတယ် သူတို့ဘာ
သာစကားအတူတူပြောလျက်နဲ့ ဘာကြောင့်အငြင်းပွားနေရမှာလဲ ၊ ပြသနာမဖြစ်တဲ့ အိုင်ယာလန်နိုင်ငံဘက်ခြမ်းက စကားများ
ရန်ဖြစ်နေတဲ့ဘက်ခြမ်းထက် အများကြီးတိုးတက်တယ် ။
---- အာဖရိကမှာဆိုရင် ကျွန်တော့အဖေရဲ့နိုင်ငံ ကင်ညာမှာ လူမျိုးရေးပဋိပက္ခတွေရှိတယ် ၊ ဒီလိုပဲ အပြင်ကလူကပြောတယ် 
ခင်များတို့ဘာကြောင့် ငြင်းနေဦးမှာလဲ ၊ နိုင်ငံက လူမျိုးစုတွေကို နိုင်ငံရေးအရစည်းရုံးပြီး အကြီးအကျယ် တိုးတက်ကြီးပွားရမယ့်
အချိန်မှာ မတည့်ပဲကျိတ်ပြီးစကားများလို့ဘယ်ဖြစ်မလဲ ၊ တစ်ဖွဲ့က အပေါ်ရောက်သွားရင် နောက်တစ်ဖွဲ့ကဆွဲချပြီး အာဏာ
အလှည့်အပြောင်းတွေဖြစ်ကြတယ် ၊ ပြန်လုကြတယ် ၊ ဒီလိုပုံစံတွေကို အဖွဲ့အစည်းတော်တော်များများမှာ ကျွန်တော့်တို့တွေ့
နေရတယ် ၊ အခုလက်ရှိလူငယ်မျိုးဆက်သစ်အတွက် ခင်များတို့ရဲ့ အတွေးအမြင် - MINDSET ကို အဆင့်ဆင့်ခွဲခြမ်းစိတ်ဖြာ
တတ်ဖို့ဟာ အရေးကြီးဆုံးဖြစ်ပါတယ် ။
         - ကျွန်တော် တိုကျိုရောက်တုန်းက ပြပွဲတစ်ခုမှာ ဂျပန်အာကာသယျာဉ်မှူး က အာကာသစခန်းမှာအလုပ်လုပ်တဲ့ပုံကို
တွေ့ခဲ့တယ် ၊ သူက ကမ္ဘာမြေကိုလှမ်းထောက်လှမ်းပြီး ရေထု ရေစီးကြောင်းကိုလေ့လာနေတာ ။ ဂျပန် ၊ အမေရိကန် ၊ ရှရှား
အာကာသယျာဉ်မှူးတွေ အာကာသထဲမှာ တတူတကွအလုပ်လုပ်ရင်း အကွာအဝေးတစ်ခုကနေ ကမ္ဘာကိုလှမ်းကြည့်လိုက်ရင် 
ကျွန်တော်တို့အားလုံးဟာ စကြာဝဠာထဲက ကျောက်တုံးအသေးလေးတစ်တုံးပေါ်မှာနေနေကြတာပဲ ၊ တစ်ကယ်တမ်း ကျွန်တော်
တို့အင်မတန်အရေးကြီးလှပါတယ်ဆိုတဲ့ကိစ္စကို အကွာအဝေးတစ်ခုကလှမ်းကြည့်နိုင်မယ်ဆိုရင် ဘာမှမဟုတ်လောက်ဘူးဆို
တာ တွေ့ရလိမ့်မယ် ၊ ဒီအယူအဆကို မျိုးပွားပြီးတော့ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်လေးစားရမယ် ၊ ကောင်း
မွန်စွာဆက်ဆံရမယ် ၊ တန်းတူညီမျှ ဥပဒေအတွင်းမှာနေကြရမှာဖြစ်တယ် ၊ ဒီအခြေခံယူဆချက်နဲ့ ခင်များတို့လူငယ်တွေအား
လုံးရဲ့အိမ်တွေကို ပြန်ကြရမှာဖြစ်တယ် ၊ သိပ်ကောင်းတဲ့မေးခွန်းပါ ။

Ellay Ericsai မှ 

Monday, April 7, 2014

မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကာလ အထူးအစီအစဉ်

ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ၊ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ မိုဘိုင်းတယ်လီဖုန်း သုံးစွဲသူ မိဘပြည်သူများ အတွက် မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်
ကာလ အထူးအစီအစဉ်အဖြစ် သင်္ကြန်ရုံးပိတ်ရက် များတွင် အပိုငွေ ထပ်ဆောင်း ဖြည့်စွက်ပေးရန်
အစီအစဉ် ပြုလုပ်ထားပါကြောင်း အသိပေး တင်ပြ အပ်ပါသည်။
                 မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ကာလ အထူးအစီအစဉ်
၁။ မဟာသင်္ကြန် ရုံးပိတ်ရက်ကာလ (၁၂.၄.၂၀၁၄) နေ့မှ (၂၁.၄.၂၀၁၄) နေ့ အတွင်း ကြိုတင် ငွေဖြည့်
သော (GSM / WCDMA / CDMA ) မိုဘိုင်းတယ်လီဖုန်းများ အတွက် ငွေဖြည့်ကတ် တန်ဖိုး၏ (၂၀%)
ကို လက်ဆောင် (Bonus) အဖြစ် ထပ်ဆောင်းဖြည့်ပေး မည် ဖြစ်ပါသည်။
၂။ မိုဘိုင်းဖုန်း သုံးစွဲသူအတွက် ရရှိသော (Bonus) ငွေပမာဏ ကို Bonus Account တစ်ခု ထပ်မံ ဖွင့်လှစ်
ထိန်းသိမ်း ပေးသွားမည် ဖြစ်ပြီး အဆိုပါ Account ရှိ ငွေများကို နောက်ဆုံး ငွေဖြည့်သည့် ရက်မှစ၍ နောက်
ထပ် (၁၀)ရက် အတွင်း ပြည်တွင်း Call ခေါ်ဆိုမှု များအတွက် သုံးစွဲနိုင်မည် ဖြစ်ပါသည်။
၃။ ထို့ကြောင့် နောက်အကျဆုံး (၂၁.၄.၂၀၁၄) ရက်နေ့တွင် ငွေဖြည့်သော မိုဘိုင်းဖုန်းများ၏ Bonus Account
ရှိ Balance ငွေကို (၃၀.၄.၂၀၁၄) ရက်နေ့ (၂၄:၀၀) နာရီအထိ သုံးစွဲ နိုင်မည်ဖြစ်ပြီး ကျန်ရှိသော Bonus
Account Balance ငွေလက်ကျန် များသည် (၁.၅.၂၀၁၄) ရက်နေ့ တွင်ပိတ်သိမ်း သွားမည် ဖြစ်ပါသည်။



Credit :  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

Saturday, March 29, 2014

ရခိုင်ပြည်သူ၊ပြည်သားတွေ သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး စိတ်ချမ်းသာရမည့်သတင်း

 ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရာမှာ ဘင်္ဂါလီများက ရိုဟင်ဂျာလို့
ပြောလာရင် လုံးဝ..ကောက်မှာမဟုတ်ဘူး။ အဲဒီနာမည်ကိုလည်းသန်းခေါင်စာရင်းမှာ လုံးဝအ
သုံးပြုမှာမဟုတ်ဘူး။တကယ်လို့ ပြောလာခဲ့ရင် ပြောတဲ့သူ ကို လုံးဝမကောက်တော့ဘူးလို့
လူဝန်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးခင်ရီ ကစစ်တွေ
 မြို့မှာ ဒေသခံ ပြည်သူတွေကို ယခု ဘဲပြောကြားလိုက်ပါပြီ။

မာန်ယုကျော်(ရွှေဝမြေ)
(မတ်လ ၂၉ ရက်၊ ည ၇ နာရီ ၁၅ မိနစ်)

Thursday, March 13, 2014

facebook သုံးသူများသို အထူသတိပေးခြင်း


မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးအင်း ၇၇၇ လေကြောင်းခရီးစဉ် MH 370 ထူးဆန်း အံ့သြဖွယ်
ကောင်းစွာ ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံးက လူတွေ အာရုံစိုက်နေချိန်မှာ
MH 370 ကိုပင်လယ်ရေမျက်နှာပြင်မှာ တွေရှိတယ်ဆိုတဲ့ Video ဖိုင်အတုတစ်ခုဟာ
face book စာမျက်နှာမှာ ပျံနှံလျှက်ရှိနေပါတယ် ၄င်း မလေးရှားလေယာဉ်သတင်းအကြောင်းပါ
 ဗွီဒီယိုဖြတ်ပိုင်းတွင် ဗိုင်းရပ်စ်ပါရှိနေပါကြောင်းအထူသတိပေးလိုက်ရပါတယ် ဖေ့စ်ဘွတ်စာမျက်နှာမှ
တစ်ဆင့် ရောက်ရှာလာသော သတင်းတစ်ခုဖြစ်သည့် ဗီယက်နမ်ပင်လယ်ထဲတွင် ပျေက်ဆုံးနေသော
မလေးရှားလေယာဉ် တွေ့ ရှိကြောင်း ကြားဖြတ်သတင်းအား ဗွီဒီယိုဖြတ်ပိုင်းဖြင့် ရောက်ရှိလာပါက
မဖွင့်ကြည့်ကြရန် သတိပေးအပ်ပါတယ်။ အဆိုပါ လင့်ခ်သည် ဗိုင်းရပ်စ် ပါကြောင်း သိရှိရပါသဖြင့်
သတိပေးအပ်ပါသည်။


Thursday, February 27, 2014

Miss 27th SEA Games Myanmar ပြိုင်ပွဲ ကျင်းပမည်

MRTV
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် Volunteer များအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည့်
 မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်လေးများအား ဂုဏ်ပြုသည့်အနေဖြင့် Miss 27th SEA Games Myanmar
ပြိုင်ပွဲကြီးကို (၃၀-၃-၂၀၁၄) ရက်နေ့တွင် ကျင်းပနိုင်ရန်အတွက် အကြိုစာနယ်ဇင်းရှင်းလင်းပွဲကို (၂၆-၂-၂၀၁၄)
ရက်နေ့တွင် ယုဇနဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။

Tuesday, December 17, 2013

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ် ဥက္ကဌ ဦးဇော်ဇော်ကို နှင့်ဧရာဝတီသတင်းဌာနက ဆက်သွယ်ပြီး မေးထားတဲ့အင်တာဗျူး

ဘောလုံးနှင့် ပတ်သက်လျှင် မြန်မာတို့သည်လည်း အရူးအမူး နှစ်သက်စွဲလန်းသည့် နိုင်ငံများထဲတွင် အပါအ၀င်ဖြစ်သည်။ ထို့အတွက်
လက်ရှိ ကျင်းပနေသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချိန်တွင် ဘောလုံး
အားကစားနည်း၌ ရွှေတံဆိပ် ရရှိအောင် အပြင်းအထန် ပြင်ဆင် ကြိုးစားခဲ့သည်။
     သို့သော် ယမန်နေ့ ညပိုင်းကမူ မြန်မာအသင်းသည် အင်ဒိုနီးရှား အသင်းကို ၁ ဂိုး ဂိုးမရှိနှင့် ရှုံးကာ အုပ်စုအဆင့်မှ လှည့်ထွက်ခဲ့ရသည့်
အတွက် မြန်မာ ဘောလုံးပရိသတ်များ ပေါက်ကွဲကာ ရဲများနှင့် ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ်ပင် ဖြစ်ခဲ့ရသည်။ မမျှော်လင့်ဘဲ ဖြစ်ပွား
ခဲ့ရသည့် ရှုံးနိမ့်မှု၊ ဆူပူမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးဇော်ဇော်ကို ဧရာဝတီ သတင်းဌာနမှ အကြီးတန်း
သတင်းထောက် ရန်ပိုင်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး ။ ။ နည်းပြ ပတ်ဆောင်ဟွာက အခုပြိုင်ပွဲစနစ် Head to Head ကို မသိဘူးလို့ သတင်းစာရှင်းလင်းပွဲများမှာ ပြောသွားတယ်၊ မြန်မာနိုင်ငံ
ဘောလုံးအဖွဲ့ချုပ်နဲ့ နည်းပြအကြားမှာ ဒီစနစ်နဲ့ ပတ်သက်ပြီး ဆက်သွယ် ရှင်းလင်းပြောကြားတာမျိုး မရှိဘူးလား။
ဖြေ ။ ။ အဲဒါတော့ မဟုတ်ပါဘူး၊ ဒီ Head to Head စနစ်နဲ့ ပတ်သက်ပြီး အာရှ ဘောလုံးအဖွဲ့ချုပ်ရော၊ ကျနော်တို့ရော ရှိရှိသမျှ အသင်းမှာ
ရှိတဲ့ မြန်မာတာဝန်ခံရော၊ စကားပြန်ရော အကုန်ပြောပြီးပါပြီ။ ပရိသတ် ၃ သောင်းတောင် သိတာ၊ သူမသိဘူး ဆိုတာတော့ ဘယ်လိုဖြစ်နိုင်မလဲ။
မေး။ ။ လူထုတ်ပုံနည်းစနစ်နဲ့ ပတ်သက်ပြီး နည်းပြအဖွဲ့မှာရှိတဲ့ မြန်မာ တာဝန်ခံတွေကရော ထောက်ပြတာမျိုး မရှိဘူးလား။
ဖြေ ။ ။ နည်းပြသဘောထားက သူပဲလုပ်မယ် ဘေးလူ ဘာမှလာမပြောနဲ့၊ ၀င်ရောက်စွက် ဖက်တာကို လုံးဝ လက်မခံတဲ့ လူစားမျိုး၊ ပြောလေ
 ကန့်လန့်တိုက်လေ လူမျိုး။ ကျနော်တို့ အဖွဲ့ချုပ်ကလည်း စာချုပ်သက်တမ်း ၂ နှစ်နဲ့ ငှားပြီးနေတော့ အားလုံးက သည်းခံပြီး စာချုပ်ကုန်တဲ့
အထိ ထားမယ်လို့ ဆုံးဖြတ်လိုက်တာပါ။ လူထုတ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတဲ့အတွက်လည်း ကျန်တဲ့ မြန်မာနည်းပြတွေနဲ့ စကားများ
ရတာလည်း အကြိမ်ကြိမ်ပါ။ အခု အင်ဒိုနီးရှားနဲ့ ပွဲမတိုင်ခင်မှာ ကျနော်ကိုယ်တိုင် သူ့ကို ပြောပါတယ်၊ အခုပွဲကို ဗိုလ်လုပွဲလို ကစားဖို့၊
ဘောလုံးဆိုတာ ဘာမဆို ဖြစ်လာနိုင်တဲ့အတွက် အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ဖို့ ပြောတယ်၊ စကားပြန်ကတဆင့် “စိတ်ချပါ၊
ဘာမှမဖြစ်ပါဘူး ” လို့ သူက ဖြေတယ်။
ကန်မယ့်နေ့ မနက်မှာလည်း သူတိုနဲ့ တွေ့တော့ “တဖက်အသင်းက ဖောင်ဖျက်တိုက်မှာ၊ မထင်မှတ်တာတွေ ဖြစ်တတ်တယ်၊ ပထမပိုင်း
သေချာဖိကစား၊ နှစ်ဂိုးလောက်ရလို့ သေချာပြီဆိုမှ မင်းကြိုက်တာလုပ် ” ဆိုတော့ စိတ်ချပါလို့ ထပ်ကတိပေးတယ်။
ပွဲမစခင်မှာတင် တိုက်စစ်မှူး “ကျော်ကိုကို” ကို မထည့်ဘူး လုပ်ပြန်တယ်၊ ဒါကြောင့် ကျော်ကိုကို ကို ကျနော်ကိုယ်တိုင်ခေါ်ပြီး၊
 နည်းပြ ပတ်ဆောင်ဟွာကို ကျေအေးအောင် ကန်တော့ခိုင်းပြီး Line up ထဲထည့်ဖို့ ပြောရတယ်၊ ဒါတောင် ဒုတိယပိုင်းမှ ထည့်တယ်။
ဖိအားတွေနဲ့ ကစားရတော့ ကစားသမားလေးတွေလည်း ဘယ်လိုလုပ်ရတော့မလဲ၊ အခြေအနေကို ကြည့်ပြီးတော့ လူစားထိုးသင့်တာ
 ထိုးရမယ်လေ။
မေး။ ။ အခုနည်းပြ ပတ်ဆောင်ဟွာကို ထုတ်လိုက်ပြီလား၊ မြန်မာ့ဘောလုံးအသင်းအတွက် ရှေ့ကို ဘာဆက်လုပ်မလဲ။
ဖြေ။ ။ ထုတ်လိုက်ပြီးပါပြီ။ ဒါပေမယ့် ကျနော်တို့ ဘောလုံးက အများကြီး လုပ်ရမယ်၊ အခြေခံ အဆောက်အအုံတွေ၊နည်းပညာတွေ၊
 နိုင်ငံတကာ ပြိုင်ပွဲတွေ အများကြီးလုပ်ရမယ်။ လက်ရွေးစင်အသင်းတခုထဲ ပြုပြင်ဖို့မဖြစ်နိုင်ဘူး၊ ကလပ်အသင်းတွေလည်း ပြုပြင်နိုင်မှဖြစ်မှာ။
ကန်တော့မှ နိုင်ချင်ရုံနဲ့တော့ မရဘူး။ အခုဆိုရင် U -၁၉၊ U- 22 လည်း အာရှခြေစစ်ပွဲအောင်ပြီးပြီ။ အခုဟာက ရွှေရနိုင်တဲ့ အနေအထားမျိုး
ရောက်ပြီးမှ ရင်ဝ ဆောင့်ကန်ချ လိုက်သလိုပဲ၊ ဒီပွဲက မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလိုပဲ၊ ပြည်သူလူထုကလည်း အရမ်းကို မျှော်လင့်နေတဲ့
အချိန်မှာ ဖြစ်သွားတာ၊ ပရိသတ်တွေကို နားလည်ပါတယ်။
မေး။ ။ ဒါဆို တာဝန်ရှိတဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအနေနဲ့ ဒီပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုပြောချင်လဲ။
ဖြေ။ ။ ဒီပွဲ ရလဒ်နဲ့ ပတ်သက်ပြီး အလုပ်ပျက် အကိုင်ပျက်ခံပြီး လက်မှတ်တန်းစီပြီး ၀ယ်ယူအားပေးတဲ့ မြန်မာ ပရိသတ်ကြီးကို
တာဝန်ရှိသူတယောက်အနေနဲ့ အနူးအညွတ် တောင်းပန်ပါတယ်။ ။

Adмiи: Ciтizeи КШ

Credit to ဧရာဝတီသတင်း

Sunday, November 24, 2013

LinkAsia မှ ပြောသော မြန်မာပြည်နဲ့ ဘင်္ဂလီ - OIC


ပြည်ပက အမျိုးသားသစ္စာဖေါက်လုပ်စား အသံထွက်
ဌာနများ မပြောရဲ မသုံးရဲတဲ့ ဝေါဟာရတွေကိုသုံးပြီး
အမှန်ကိုအမှန်အတိုင်း သတင်းထုတ်ပြန်ခဲ့သော
LinkAsia ကိုအထူးပဲ ကျေးဇူးတင်ပါသည်။

Rohin+++a (Bengali Immigrants) လို့ သုံးထားပြီး
OIC ခဏတဖြုတ်ရော ထာဝရရောလက်မခံနိုင်ဘူး
ဆိုတာကို ဆရာတော်အရှင်ဘန္တဒ္ဓပါမောက္ခရဲ့ပြော
ကြားချက်ကိုပါ ဘာသာပြန်ကြေငြာပေးသွားပါတယ်။

Nov 22, 2013

Rangoon police recently broke up a bomb plot targeting mosques. And, for weeks now, Buddhist monks have been leading protests against a plan backed by Muslim nations to establish an office of the Organization of the Islamic Conference in Burma. LinkAsia's Kenneth Wong reports on the conflict.

Thursday, November 21, 2013

နေ့စဉ် MRTV-4 အစီအစဉ်ကို အွန်လိုင်းမှတိုက်ရိုက်ကြည့်ရှုနိုင်ရန် ထုတ်လွှင့်လျှက်ရှိနေပါပြီ

မိုဘိုင်းဖုန်းကကြည့်ချင်သူများအတွက် လွယ်လွယ်ကူကူဝင်ရောက်နိုင်ရန်နှင့် ပေါ့ပါးစွာမထစ်ပဲကြည့်နိုင်ရန်အတွက်
Apk လေး လုပ်လိုက်ခြင်းပဲဖြစ်ပါတယ် ။ အဝေးရောက် ရွှေညီကို အမများအတွက် အဆင်ပြေစေတာပေါ့ ...
Apk လေးကို အင်စတောလုပ်ပြီးသည့်အခါ ဖွင့်လိုက်ပါမြှားပြထားသောနေရာကိုနှိပ်လိုက်ပါ
မိမိဖုန်းထဲက Player ဖြင့် ပွင့်လာပါမယ် ။ လိုချင်သူများ ဒီမှာသွားရောက်ဒေါင်းယူပါ
Apk လေးကို အင်စတောလုပ်ပြီးသည့်အခါ ဖွင့်လိုက်ပါမြှားပြထားသောနေရာကိုနှိပ်လိုက်ပါ
မိမိဖုန်းထဲက Player ဖြင့် ပွင့်လာပါမယ် ။
MRTV-4 Version 0.1 ကို လိုချင်သူများ Dev-Host လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 258 Kb လေးပဲ ရှိပါတယ် ။MRTV-4 Version 0.1 ကို လိုချင်သူများ Zippyshare လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 258 Kb လေးပဲ ရှိပါတယ် ။ MRTV-4 Version 0.1 ကို လိုချင်သူများ Limelinx လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 258 Kb လေးပဲ ရှိပါတယ် ။ MRTV-4 Version 0.1 ကို လိုချင်သူများ pCloud လင့်ဖြင့် ဒီမှာဒေါင်းယူပါ ဆိုဒ်က 258 Kb လေးပဲ ရှိပါတယ် ။
ကွန်ပြူတာနဲ့ကြည့်ချင်သူများကတော့ဒီလင့်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်
 http://www.mrtv4.tv/

Post By : Djjoe Man (MMF)


Sunday, October 13, 2013

မိုးစက်ကရှမ်းမြန်မာတရုတ်ပါ

မန်မာပြည်ကို ကိုယ်စားပြုပြီး ဒီနှစ်အတွက် မယ်စကြာဝဠာသရဖူ ရယူဖို့ ကြိုးစားနေတဲ့ မိုးစက်ဝိုင်က သူ
ဘာလူမျိုးလဲ ဆိုတာကို သူ့ဖေ့စ်ဘုတ်မှာ မနေ့က ကြေညာလိုက်ပါတယ်။
သူဟာ မြန်မာပြည်သားစစ်စစ်ဖြစ်တယ်၊ ရန်ကုန်သူ၊ လူမျိုးကတော့ "ရှမ်းမြန်မာတရုတ်" လို့ ဆိုပါတယ်။
အပြည့်အစုံကို သူ့ဖေ့စ်ဘုတ်ကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။

   " မိဘပြည်သူများအားလုံးပဲမင်္ဂလာပါရှင်... အားလုံး သိချင်နေကြတဲ့အကြောင်းလေးတစ်ခုကို မိုးစက်ရှင်းပြပါရစေ,
 မိုးစက်ကရှမ်းမြန်မာတရုတ်ပါ.. မိုးစက်မိဘများက ရှမ်းပြည်မှာမွေးတာပါ... မိုးစက်က ရန်ကုန်မှာမွေးတာပါ..
.ထို့အတွက်ကြောင့် မိုးစက်မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ပါတယ်... တရုတ်ပြည်မှာလည်းပြိုင်ပွဲမဝင်ဘူးပါ..
 ကုန်သည်ကြီးများအသင်းနှစ်၁၀၀ပြည့် အထိမ်းအမှတ်အတွက်Trader hotel တွင် ကျင်းပတဲ့ပွဲတစ်ခုတည်းသာပါဝင်ဖူးပါသည်။
မိဘပြည်သူများကို မိုးစက်အနေဖြစ်ဤမျှသာ ရှင်းပြလိုပါသည်။ ချစ်ခင်လေးစားရသော မိဘပြည်သူများအားလုံး အားရကျေနပ်နိုင်
မည်ဟုမျှော်လင့်ပါသည်....
    ကျေးဇူးတင်ပါတယ်ရှင်
    မိုးစက်ဝိုင် "
ဒီပုံက မနေ့တုန်းက ရိုက်ကူးထားတာဖြစ်တယ်လို့ သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။
အပေါ်ဆုံးကပုံကတော့ မယ်စကြာဝဠာပြိုင်ပွဲကျင်းပတဲ့အဖွဲ့ရဲ့ ၀က်ဆိုက်မှာ ဒီကနေ့ တက်လာတဲ့ပုံ ဖြစ်ပါတယ်။

    ဧရာဝတီ Facebook / ဧရာဝတီ Twitter

Twitter Delicious Facebook Digg Stumbleupon Favorites More