မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...
WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်
Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး
မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
Windows 7 Manager v 4.3.2 For Win 7 (13MB)
Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ
သင့်ဖုန်းအတွက် ANDROID APPS များ...
သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.
I T သတင်းများ အားရသမျှ သင်သိစေရန်...
သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...
ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ
သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........
Wednesday, October 30, 2013
၇၉ ဒေါ်လာတန် ဥရောပ Android Tablet Avoca 7
မြန်မာငွေ ၆ သောင်းလောက် နဲ့ ဥရောပ ဖြစ် ကျောက်သင်ပုန်း ကွန်ပြူတာ တစ်လုံး ကောင်းကောင်း သုံးရမယ်ဆိုရင် တရုတ် ပြည် ထွက် Tablet တွေကို ခဏ မေ့ထား နိုင်မှာ အမှန်ပါပဲ။
အမည်ကတော့ Avoca 7 လို့ ခေါ်ပါတယ်။ ဗြိတိန် ပေါင် ၄၉ နဲ့ ဗြိတိန် အခြေ ဆိုက် Carphone Warehouse က ထုတ်တာ ပါ။ Display အရွယ် ၇ လက်မ ရှိပြီး Resolution က 800x400 ပါ။ RAM 512 MB ရှိပြီး Processor ကတော့ 1GHz ပါပဲ။ ဘက်ထရီ က 3000 mAh တောင် ရှိပါတယ်။ ၈ နာရီ လောက်ထိ အသုံးခံ ပါတယ်။ 192x117x10.7 mm အတိုင်း အတာ ရှိပြီး အလေးချိန် ကတော့ ၃၅၀ ဂရမ် ရှိပါတယ်။ Wi Fi ရပါ တယ်။ နောက်ကော အဖြူ၊ ရှေ့ အနက် ပုံစံ ကာလာ တစ်မျိုး ထဲ ထွက်ပါတယ်။...
Android 4.2 Jelly Bean OS ကို အသုံးပြု ထား ပါတယ်။ built in storage က 8GB ရှိပြီး SD card ထပ်ဆိုက် နိုင်ပါသေး တယ်။ ဒါကို မြန်မာ ကျပ်ငွေ ၇ သောင်း၊ ၈ သောင်းနဲ့ ရမှာ မို့ တော်တော် လေး တန်ပါတယ်။ UK made ဖြစ်ပြီး အာမခံလည်း ရရှိမယ့် ပစ္စည်း Avoca 7 Tablet အား အောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာ ဝယ်ယူ နိုင်ပါတယ်။
http://www.carphonewarehouse.com/special-offers/categories/half-price-tablet?stop_mobi=yes#phonedetailstabs
Aung Kham ( TSJ team )
အင်တာနက်လိုင်းကို 200% လောက်ဆွဲအားပိုကောင်းစေမယ့် - Internet Cyclone v2.18 (full version) for windows
အင်တာနက်လိုင်းဆွဲအားကို 200% လောက်ကို Speed Up လုပ်ပေးနိုင်တယ်ဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်မှာပါ။ Window XP , Vista , Window 7 , 8 အားလုံးမှာ အလုပ်လုပ်ပါတယ်။ အသုံးပြုပုံကလည်းလွယ်ပါတယ်။ မိမိအသုံးပြု နေ တဲ့ Type ကိုရွေးခြယ်ပေးပြီး Optimize ကို နှိပ်လိုက်ပါ။ ပြီး ရင် Restart ချပြီး ပြန်တက်လာတာနဲ့ အင်တာနက် လိုင်းဆွဲအားပိုမြန်လာမှာဖြစ်ပါတယ်။ ကျွန်တော်လည်း ရရခြင်းစမ်းသပ်ပြီးအသုံးပြုနေတုန်းပါဘဲ။ အမြဲတမ်း အသုံးပြုနိုင်အောင် Keygen ကိုပါထည့်ပေးလိုက်ပါတယ်ဗျာ။ အသေးစိတ်ကိုတော့ အောက်မှာ မူရင်းအတိုင်း ဘဲလေ့လာနိုင်ပါတယ်ဗျာ။
Internet Cyclone - is a powerful, easy-to-use, Internet Speed Booster / Internet Accelerator for Windows 95, 98, ME, NT, 2003, XP, Vista, 7 and 8 designed to automatically optimize your Windows settings which will boost your Internet connection speed up to 200%. Internet Cyclone is compatible with all modems and high speed LAN, ISDN, CABLE, DSL, T1 or other connections. This software will still be useful to you after upgrading your Internet connection.
Using this software you will gain guaranteed faster Internet speed for the time you're online. Surfing, downloading files, emailing, playing online games, and anything else you do online will be faster. This is an excellent software for slow dial-up modems as well as high speed access connections.
This software will be extremely valuable to you as you continue to upgrade your computer and connections. It will work with all internet connections and all browsers so it will still be extremely useful to you in the future. You should use Internet Cyclone as a REAL alternative to expensive upgrades.
What can Internet Cyclone offers to you ?
Internet Cyclone optimizes your Windows settings automatically in order to increase internet speed or you can customize them manually.
You can speed internet connection without changing your Hardware.
Works with all Browsers.
It is compatible with all Dial-Up modems and high speed LAN, CABLE, DSL, DSL (PPPoE), T1 or other internet connections.
nternet Cyclone will speed up web surfing, online gaming, e-mailing, chat and video conference and it will even speed up downloads.
How does this work ?
While the actual maximum transfer speed of your Internet connection cannot be changed except by upgrading your hardware, Internet Cyclone can increase the performance of your existing modem/network hardware by optimizing Windows modem/network settings to maximize the efficiency of your current hardware. By default, your Windows PC does not manage Internet connections as optimally as possible.
Internet Cyclone is designed to automatically change many registry settings in Windows such as: Maximum Transmission Unit (MTU), Maximum Segment Size (MSS), Time To Live (TTL), TCP Receive Window (Rwin), Cache Size (NDI), PMTU Black Hole Detect, PMTU Auto Discovery (PAD), Session Keep Alive (SKA) and some Windows Extra settings like: Selective Acknowledgement (SACK), Maximum Duplicate Acknowledge (Max DupAcks), Large Window Scaling, Ports COM, VCache value, Combuffer value, Internet Explorer settings, Maximum connection per server and many other values in order to increase internet speed.
If these settings are not correctly optimized then you will not get the best performance of your Internet Connection. Internet Cyclone is a proof method to change these settings easily and quickly. If you are an experienced user, then with this Internet optimizer you can set these values manually and speed up Internet connection at maximum.
How much speed can you gain with Internet Cyclone ?
It will not make your 56k dial-up modem connection to 100k. If your Internet connection speed is a 56k dial-up modem, it will allow you to use it with the best performance. For example we were informed by other people that this Internet optimizer helped them to boost their high speed Internet connections up to 120kb/s (this means a boost of 400%). Microsoft publishes Windows operating systems with default settings (the most compatible settings with all systems). But you cannot get the best performance of your Internet connection with this default values. At that moment, you need Internet Cyclone to change this Windows Registry settings that affects Internet connection speed through a simple, intuitive interface, and by giving you the chance to speed internet connection.
In the UNREGISTERED version of Internet Cyclone there are disabled the extra settings in Windows registry such as: SlowNet Option, SACK Option, Max DupAcks, Large Window Scaling, Maxim Connection per Server, VCache value, Combuffer value, the speed of Com ports, Maximum Sockets Value and Maximum Connection Value, settings that will improve even more your Internet connection speed.
System Requirements:
Intel 800 or Higher
Microsoft(r) Windows(r) 8, 7, Vista, XP, 2003, 2000, Me, 98, 95
256Mb of Memory or Higher
Any connection to the net.
10 MB of free disk space
Install:
1.Run setup.
2.Use keygen.
www.pyaephyo.com (ပြည့်ဖြိုး ဆိုဒ်မှ ပြန်လည်ကူးယူဝေမျှတာပါ။ )
Download 
++++++++++++++++++++++++++
 Direct Download Link 
           <Or> 
        Copy Link
Tuesday, October 29, 2013
USB, Flash Drive, Hard Disk တွေကို Scan ဖတ်ပေးနိုင်တဲ့ Smadav Pro 9.2.4 Full + Serial
ကွန်ပျူတာက USB, Flash Drive, Hard Disk တွေကို Scan ဖတ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲကောင်းလေးပါဗျာ. Virus တွေကိုလည်း
သတ်ပေးနိုင်ပါတယ်...အင်ဒိုနီးရှားနိုင်ငံက ထုတ်လုပ်ထားတဲ့ Smadav Antivirus ဆော့ဝဲလ် လေးပဲဖြစ်ပါတယ်. ဖိုင်ဆိုဒ်သေးသေးလေးနဲ့
တော်တော် အလုပ်ဖြစ်တဲ့ဆော့ဝဲလ်လေးမို့ မိတ်ဆွေများသို မျှပေးလိုက်ပါတယ်   FullVersion ဖြစ်အောင် Kay ပါထည့်ပေးထားပါတယ်
သုံးကြည့်ချင်ရင်တော့ အောက်ပါလင့်မှာဒေါင်းယူလိုက်ပါဗျာ..
                                            Download
Monday, October 28, 2013
တန်ဖိုးနည်း Tablet ဈေးကွက်ထဲ ပါဝင်ယှဉ်ပြိုင်လာသည့် Avoca 7
Monday, 28 October 2013
တန်ဖိုးနည်း Tablet ကွန်ပျူတာများ အပြိုင်အဆိုင် ထုတ်လုပ်လာသည့်
ဈေးကွက်တွင် Avoca 7ကလည်း ခြေလှမ်းကျဲကျဲဖြင့် ပါဝင်လာပြီ ဖြစ်သည်။ Android OSကို အသုံးပြုထားသည့် Tabletသည်
ဈေးလျှော့ထားသည့် 8GB Version တစ်ခုကို ထုတ်လုပ်လာပြီး ခရစ္စမတ် ကာလတွင် ပြိုင်ဘက်များကို ဖိအားပေးရန် ကြိုးစားလာခဲ့သည်။
 သိုလှောင်မှု ပမာဏ 8GBသာ ဝင်ဆံ့မည့် (၇)လက်မအရွယ် Displayနှင့် Tabletသည် ယခင်က ထုတ်လုပ်ထားသည့် Tescoနှင့် Argosတို့၏
 Tabletများကို ဦးတည် ယှဉ်ပြိုင်ဖွယ် ရှိနေကြောင်း သိရသည်။ Avoca 7သည် သာမန်အားဖြင့် ဗြိတိန်သုံး ငွေကြေး (၉၉)ပေါင်ဖြင့် ဈေးနှုန်း
သတ်မှတ်ထားသော်လည်း ယခုအခါ (၄၉)ပေါင်မျှဖြင့် ဈေးလျှော့ ရောင်းချမည်ဟု ကြေညာခဲ့သည်။
        ငွေကုန်ကြေးကျ သက်သာသည့် အဆိုပါ ပစ္စည်းလေးသည် ငယ်ရွယ်သော ကလေးငယ်များအတွက် စိတ်ကျေနပ်စရာ ခရစ္စမတ်
လက်ဆောင် ဖြစ်လာစေဖွယ် ရှိနေသည်။
        သိုလှောင်မှု ပမာဏကို 8GBသာ ထည့်သွင်းပေးထားသော်လည်း SD Card Slot ပါရှိခြင်းကြောင့် နောက်ထပ် 32GB ထပ်မံ မြှင့်တင်နိုင်မည်
 ဖြစ်သည်။ Carphone Warehouse၏ Tablet ကွန်ပျူတာသည် 1GHz Processor၊ 512MB RAMနှင့် 0.3megapixel အရည်အသွေးရှိ ရှေ့ဘက်
ကင်မရာတို့ ပါရှိလာသည်။ (၃၅၀)ဂရမ် အလေးချိန်စီးသော Tabletတွင် အဓိက OSအဖြစ် Android 4.2 Jelly Beanကို အသုံးပြုထားသည်။
ဘက်ထရီသည် တစ်ကြိမ်အားသွင်းပြီးလျှင် (၈)နာရီမျှ အသုံးခံမည်ဟု ကုမ္ပဏီက ဆိုသည်။
         Argos၏ MyTabletနှင့် Tesco၏ Hudlတို့သည် ရောင်းဈေး ပေါင်(၁၀၀)နှင့် (၁၁၉)ပေါင်တို့မှ အစပြုသော်လည်း Avoca 7၏ ဈေးနှုန်းသတ်
မှတ်ချက်မှာ အလွန်နည်းပါးသဖြင့် ငယ်ရွယ်သည့် ကလေးငယ်များအတွက် လက်ဆောင်အဖြစ် ဝယ်ယူပေးရန် မိဘများအတွက် ကောင်းမွန်သော
 ရွေးချယ်မှုလည်းဖြစ်လာနိုင်သည်။
         Carphone Warehouse၏ CEOဖြစ်သူ ဂရေဟမ် စတက်ပလီတန်က "Tablet ဈေးကွက်မှာ ဝယ်လိုအား (၃)ပုံ (၁)ပုံက ကလေးငယ်တွေ
အတွက် ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမဲ့ Tabletတွေ ဈေးကြီးနေတာက ကလေးတွေလက်ထဲ အမှန်တကယ်
ရောက်မသွားအောင် အတားအဆီးလို ဖြစ်နေခဲ့တယ်။ ဒီအတွက် Avoca 7က အဖြေကောင်းတစ်ခု ဖြစ်လာဖို့ မျှော်လင့်ပါတယ်"ဟု
ပြောကြားခဲ့သည်။ တန်ဖိုးနည်း Tabletဈေးကွက်တွင် Google၏ Nexus 7မှာ လက်ရှိ လူကြိုက်အများဆုံးအဖြစ် ယူဆနိုင်ပြီး ပေါင်စတာလင်
(၁၉၉)ဖြင့် စတင်ရောင်းချနေသည်။ Kindle၏ Fire HDX 7မှာလည်း Androidသုံး Tabletများအနက် ရွေးချယ်သင့်သည့် ထုတ်ကုန်တစ်ရပ်ဟု
 ယူဆနိုင်ပြီး Apple၏ iPad Miniမှာမူ အနိမ့်ဆုံး (၃၁၉)ပေါင်မျှ တန်ကြေးရှိကြောင်း သိရှိရသည်။
Planet Myanmar Network
Sunday, October 27, 2013
ဆီးဂိမ်းခြင်းလုံး game apk for Android
ဒိုမြန်မာတွေ အတွက် သတင်းကောင်းတစ်ခု တင်ပြပေးလိုက်ပါမယ်..
လာမည် ဆီးဂိမ်းအတွက် အကြိုဆော့လိုရအောင် Game apk for Android
ထုတ်လုပ်လိုက်ပါပြီး ခင်းလုံးခတ်တာ ဝါသနာပါတဲ့သူတွေအတွက် ဂိမ်းကောင်းလေးတစ်ခုပါ
Level တွေလည်းအများကြီးပဲဗျိုအွန်လိုင်းကနေပီး သူငယ်ချင်းတွေနဲ့ တူတူ ခြင်းခတ်လို့ ရပါသေးတယ်
 Play Store မှာလည်း ဖရီးပေးပါတယ်.ကစားချင်ရင်တော့အောက်ကလိပ်စာမှာရယူလိုက်ပါ
                                      Play Store မှာ ရယူပါဗျာ..
Saturday, October 26, 2013
CCleaner free download
CCleaner သစ်ထွက်လာလို့တင်ပေးလိုက်ပါတယ်  full သုံးလို့ရအောင် key ပါ တင်ပေးထားပါတယ်
ဒီ ကောင်းလည်းကိုတော့ လူတိုင်းလည်း သိပြီးသား သုံးဖူးပြီးသားဖြစ်မှာပါ  အလိုရှိသူများအတွက်
အသုံးပြုလိုရအောင် တင်ပေးလိုက်ပါပြီး အောက်ကလင့်မှာသာဒေါင်းလောရယူနိုင်ပါပြီ..
     အားလုံး ပျော်ရွှင်သော နေ့တွေကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ....
                                  DOWNLOAD...
Android ဖုန်းမှ ဘောလုံးပွဲကိုတိုက်ရိုက်ကြည့်မယ့်Apk
Android အတွက်  ဒီ Apk လေးကတော့ တော်တော်လေးစုံတယ် မိမိ စိတ်ကြိုက်အသင်းတစ်ခုကို
ရွေးထားပြီးတော့ အသင်းရဲ့ အခြေအနေတွေကိုလဲ ကြည့်ရှုနိုင်ပါတယ် ။ ဘောလုံးကြိုက်သူများ
အတွက် မိမိဖုန်းထဲကနေ တိုက်ရိုက်ကြည့်ရှူးနိုင်အောင် စုစည်းပေးလိုက်ပါပြီ...
အောက်ကလင့်မှာသာ ဒေါင်ဒလေံလုပ်လိုက်ကြပါဗျာ....
    အားလုံးဘဲ အဆင်ပြေကြပါစေ...
                                                        DOWNLOAD
Android ဖုန်းမဟုတ်သော်လည်း Android app သုံးနိုင်မည့် Jolla စမတ်ဖုန်း
Android, iOS, Blackberry, Windows Phone 8 တို့လောက်ပဲ မိုဘိုင်း OS လောကမှာ ရှိနေတာဟုတ်ပါဘူး။ Ubantu OS
ကလည်း Mobile ထဲ ဝင်လာသလို နောက်ထပ် Platfom တစ်ခု ဝင်လာပါတယ်။
Linux ကိုပဲ အခြေခံပြီး ရေးဆွဲထားတဲ့ မိုဘိုင်းဖုန်း OS တစ်မျိုး ဖြစ်ပြီး သူ့ကို Sailfish လို့ အမည်ပေး ထားပါတယ်။
 ဖင်လန်နိုင်ငံအခြေဆိုက်Jolla အမည်ရ ကုမ္မဏီက ဖုန်းရော၊ စမတ်ဖုန်းပါ တွဲထုတ်ခြင်း ဖြစ်ပါတယ်။ ဖုန်းကိုလည်း Jolla လို့ပဲ
အမည်ပေး ထးပါတယ်။ Nokia တို့ တစ်ချိန်တုန်းက Windows Phone OS ကို မထုတ်ခင် ဖန်တီးခဲ့ဖူးတဲ့ MeeGo OS ကိုမှ်
ပိုထူးခြားသွာစေတာမျိုးလောက်ပဲ နည်းပညာသမားတို့ ဝေဖန် ထားပါတယ်။ Sailfish က Android လိုပဲ Open Source ဖြစ်ပါတယ်။
 ကမ္ဘာတစ်ဝန်းက Developer Commuity များကို Welcome လုပ်ထားခြင်း ဖြစ်ပါတယ်။ အဓိက ထူးခြားချက်ကတော့ လက်ရှိ Android
OS platform က Application များကိုလည်း ရောနှော အသုံးပြုနိုင်မှုပါ။ ဒီတစ်ချက်ကြောင့် Android OS မှ Sailfish ကို Migrate လုပ်ဖို့
User တွေဝန်လေးတော့မှာ မဟုတ်ပါဘူး။
                  OS ပြီးတော့ ကင်မရာကတော့ ပထမဆုံး အလုံးမို့ Specification သိပ်အမြင့်နဲ့ ထုတ်မထားပါဘူး။ ၄.၅ လက်မ
960x540 resolution မျက်နှာပြင်ကို အသုံးပြုပြီး Processor က Dual-core Qualcomm Snapdragon 1.4 GHz ဖြစ်ပြီး RAM က 1GB ထဲပါ။
Storage က 16 GB ရှိပြီး MicrosoSD ကဒ်ထည့်နိုင်ပါသေးတယ်။ ကင်မရာက 8 megapixel Autofus ဖြစ်ပါတယ်။ LED flash ပါဝင်ပြီး ရှေ့ 
မှာလည်း 2MP ပါဝင်ပါသေးတယ်။ Jolla ဖုန်းတစ်လုံးဈေးနှုန်းက ဗြိတိန်ပေါင် ၃၃၇ ပါ။ အမေရိကန်ဒေါ်လာနဲ့တွက်ရင် ၅၄၀ ဒေါ်လာ ဝန်းကျင်ရှိပြီး
 မြန်မာကျပ် ၅ သိန်းဝန်းကျင်ပါ။ ဒီတော့ ဈေးအရ အနည်းငယ်များတဲ့အနေအထားတော့ ရှိပါတယ်။
Sailfish OS ပါဝင်တဲ့ Jolla စမတ်ဖုန်းများကို ၂၀၁၃ နှစ်ကုန်ပိုင်းအတွင်း စတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref:mashable
အောင်ခမ်း ( ရိုးရာလေး )
အသက် ၁၈ လနှင့် မဂ္ဂဇင်း ဖတ်နိုင်သော စင်္ကာပူ ကလေးငယ် အိုင်ကျူ ၁၄၀ ရှိ
စင်္ကာပူမှ Kyler Lim အမည်ရ ကလေးငယ် တစ်ဦး ဖြစ်သူ သည် အသက် ၁၈ လ ကတည်းက မဂ္ဂဇင်းများ ကို ဖတ်ရှု နိုင်ပြီး အိုင်ကျူ
အဆင့် ၁၄၀ ရှိကြောင်း သိရသည်။ ယခု Kyler သည် ၂၀၁၂ ဇူလိုင် က အသက် ၄ နှစ်ရှိ သာ ရှိသေးပြီး ကျောင်း ပညာရေး ပြဌာန်း
စာအုပ် များကို ဖတ်ရှု လေ့လာနေ မှတ် သားနေပြီ ဖြစ်ကြောင်း သိရ သည်။
            အသက် ၁၈ လ သာ ရှိခဲ့စဉ် က သူသည် မဂ္ဂဇင်း ကို အသံ... ကျယ်လောင်စွာ နှင့် ဖတ်ခဲ့ရာ မိဘများ အံ့သြ ၍ ဥာဏ်ရည်
အဆင့် လေ့လာရေး သုတေသီ သို့ သွားရောက် စစ်ဆေး ခဲ့ရာ အိုင်ကျူ အဆင့် ၁၄၀ ရှိသည် ကို တွေ့ရှိ ခဲ့သည်။ သာမန် စင်္ကာပူ လူမျိုး
တစ်ဦး ၏ အိုင်ကျူ အဆင့် သည် ၁၀၃ သာ ရှိသဖြင့် ကလေးငယ် ကို ဥာဏ်ကြီးရှင် ဟု သတ်မှတ် ခဲ့သည်။
          အင်္ဂလိပ် စကားလုံး ဝေါဟာရ များ ကို သီးသန့် သင်ကြား ပေးစရာ မလိုပဲ သူ့အလိုလို တတ်မြောက် လျက် ရှိသည် ကို လည်း တွေ့ရ သည်။
 ထို့အပြင် စာ ကိုလည်း ဘယ်ရော၊ ညာပါ လက် နှစ်ဖက်လုံး နှင့် ကျွမ်းကျွမ်း ကျင် ကျင် ရေးတတ် သည် ကို လက် တွေ့ပြ ခဲ့သည်။
ယခု အခါ Kyler Lim သည် စင်္ကာပူ ဥာဏ်ရည်မြင့် သူများ အဖွဲ့ ( Mensa Singapore ) ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်လာ ပြီး ဗဟုသုတ စွယ်စုံကျမ်း များ၊
အလယ် တန်း သင်ရိုး ညွန်း စာပေ၊စာအုပ် များ ဖတ်ရှု လေ့လာ မှတ် သား နေပြီ ဖြစ်ကြောင်း သိရသည်။
အောင်ခမ်း ( ရိုးရာလေး )
2G, 3G, Wifi, 4G ရဲ့ Internet Speed Android apk (19 မျိုး)
ဒီဆောဝဲလ်လေးကတော့  Wifi Speed တွေကို မြင့်တင်ပေးနိုင်တဲ့ Application တွေအစုံအလင်ပါတယ် စုစုပေါင်း
 19 မျိုးပါဝင်ပါ တယ် Application 19 မျိုးကို အောက်မှာရေးပြလိုက်ပါတယ်.. သုံးကြည့်ချင်လျှင့် အောက်က လင့်မှာ
ဒေါင့်နိုင်ပါပြီ.....
4G Speed Up Internet Browser v.4.0
All in one Booster v1.0
Boost Internet Speed v.1.0
Fast Internet v1.3
Faster Internet 2X v1.5.3
Internet Booster v1.0
Internet Turbo Booster v.1.0
Mobile Speed Up v1.0
Network Signal Speed Booster v.3.3
Network Speed Booster v.1.2.4
Signal Booster for Android  v5.33
Speed Booster Internet Booster v.1.7
Speed Up Internet Connection v2.1
Ultra Fast Internet v.3.1
WiFi Signal Booster  v.1.0
Wifi Speed Booster v.1.4
                                                   DOWNLOAD
Wednesday, October 23, 2013
ANDROID ဖုန်းများအတွက် 3D ဆိုင်ကယ်ပြိုင်ဂိမ်း
ANDROID ဖုန်းသုံး မိတ်ဆွေများအတွက် 3D ဆိုင်ကယ်ပြိုင်ဂိမ်းလေးကို တင်ပေးလိုက်ပါတယ်
အားလုံး အဆင်ပြေစွာဖြင့် ဒေါင်းလော့ လုပ်နိုင်ကြပါစေဗျာ...
                                        DOWNLOAD
မကြာမီ..လာမည်...Window 9
Windows 8 တောင်ထွက်တာမကြာသေးခင်မှာ Microsoft က Windows Blue ဆိုတဲ့နာမည်နဲ့ Windows version အသစ်ကိုပွဲထုတ်ဖို့
ပြင်ဆင်နေပါပြီ။ ပုံမှန်ဆိုရင် ဗားရှင်းအသစ်နဲ့အရင်ဗားရှင်းတစ်ခုကြားမှာ ကြာတဲ့အချိန်က နှစ်အနည်းငယ်စီခြားတတ်ပေမယ့် ဒီတစ်ခါတော့
နည်းနည်းမြန်တယ်လို့ဆိုရမှာပါ။ မိုက်ခရိုဆော့ကတော့ July ဒါမှမဟုတ် August 2013 မှာ ဗားရှင်းအသစ်ကို Release လုပ်မယ်လို့ဆိုပါတယ်။
 Windows 8 ထက်လည်းပါဝါသုံးစွဲမှုတွေ နည်းလာမည့်အပြင် ပိုကောင်းလာမည်လို့ မျော်လင့်ရပါတယ်။ Windows 7 ထွက်တုန်းက ကျွန်တော်တို့
 XP ကိုသိပ်မစွန့်လွှတ်နိုင်တာ အမှတ်ရပါသေးတယ်။ ဒီလိုပဲ သုံးလာတော့လည်း အဆင်ပြေသွားတာပါပဲ။
ဝင်းဒိုး 9 မှာ IE 11 ကိုထည့်သွင်းထားမှာပါ။ ကဲ Windows 8 ကိုတောင် ကြေညက်အောင်မသုံးရသေးဘူး လည်နေတာ ခုထိလုပ်လို.မရသေးတဲ
အရာတွေအများကြီးကို အခု Windows 9 ကထွက်လာပြန်တော့မည်။ ဘယ်လိုပုံးစံနဲ့ ထွက်လာမည်ဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရ
အုံးမှာပေါ့ဗျာ။ refer
*************
ရွှေမင်းဝံ
Monday, October 21, 2013
ထားထက်ထက်နှင့် မိုးစက်ဝိုင် People's Choice ဆုအတွက် ပထမနေရာတွင် ရပ်တည်နေ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် Miss Grand International ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်
ယှဉ်ပြိုင်နေသည့် အလှမယ် ထားထက်ထက်နှင့် ရုရှနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် Miss Universe 2013
 ပြိုင်ပွဲအတွက် သွားရောက်ယှဉ်ပြိုင်သည့် မိုးစက်ဝိုင်တို့ နှစ်ဦးစလုံးသည် အင်တာ နက်မှ မဲပေးရသည့် People's Choice
 ဆုအတွက် ပထမနေရာတွင် ရပ်တည်နေပြီဖြစ်သည်။
         Miss Universe ပြိုင်ပွဲတွင် People's Choice ဆုအတွက် ထားထက်ထက်က အောက်တိုဘာ ၂၀ ရက်တွင် မဲအရေ
အတွက် ၁၃၇၆၁၇ မဲဖြင့် ပထမနေရာတွင် ဦးဆောင်လျက်ရှိနေပြီး ဒုတိယနေရာတွင် နယူးဇီလန် အလှမယ်က ၉၆၁၁၄ မဲဖြင့်
ရပ်တည်နေသည်။ ယင်းအပြင် ရုရှနိုင်ငံ မော်စကိုတွင် ကျင်းပပြုလုပ်မည့် Miss Universe 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်
 အောက်တိုဘာ ၂၀ တွင် မဲအရေအတွက် ၈၄၂၂၄ နှင့် ပထမနေရာ ရောက်ရှိသွားပြီဖြစ်ပြီး Missosology People's Choice Award,
 Miss Universe မှ ချီးမြှင့်မည့် People Choice Award ဆုများအတွက်လည်း မိုးစက်ဝိုင်က ပထမနေရာတွင် ရပ်တည်နေသည်။
Miss Grand International ပြိုင်ပွဲကို ဦးဆောင်ကျင်းပသည့်T-pageant website မှ မဲအရေအတွက် အများဆုံးနိုင်ငံကို
People's Choice Award အတွက် ဆုပေးမည်ဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့ မှစတင်ပြီး Miss Popular Vote အတွက်
တရားဝင် မဲပေးနိုင်မည် ဖြစ်သည်။
        အင်တာနက်မှပေးသည့် မဲအများဆုံးရရှိသည့် အလှမယ်သည် Miss Popular Vote ဆု ရရှိမည်ဖြစ်ပြီး ဆုကြေးအနေဖြင့်
အမေရိကန်ဒေါ်လာ ၃၀၀၀ ချီးမြှင့်မည် ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပပြုလုပ်မည့် Miss Grand International 2013
 ပြိုင်ပွဲသည် ယခုနှစ်တွင် ပထမဆုံး ကျင်းပသည့်ပွဲဖြစ်ပြီး နိုဝင်ဘာ ၃ ရက်မှ ၂၀ ရက်ထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။
Mizzima
WINDOW 7 ကို WINDOW 8 ပုံစံဖြင့်သုံးမယ်
Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့်
အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ..
WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ်
ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး
         နောက်ပြီး ကွန်ပျူတာသမားများအတွက် သတင်းကောင်းတစ်ခု ပြောပြလိုက်ပါမယ် သိပြီးသားလူ
တွေ လည်းဖြစ်နေမှာပါ မသိသေးတဲ့ သူများအတွက်သာ ပြောလိုက်ပါမယ်ဗျာ
    Windows Operating System ရဲ့ နောက်ဆုံး မျိုးဆက် Windows 8 ရဲ့ Update အဖြစ် 8.1 ကို တကမ္ဘာလုံးကနေ
 ရယူနိုင်ဖို့ စတင် လွှင့်တင်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Windows 8 မှာ User တွေ တောင့်တနေကြတဲ့ start button
 ပြန်လည် ပါဝင်လာမှာ ဖြစ်ပါတယ်။ Windows 8.1 Update မှာ Feature အသစ်တွေလည်း များစွာ ပါဝင်လာတာ
 တွေ့ရပါတယ်။ အရင်က Microsoft က Operating System ကို Update ပေးရာမှာ Service Pack 1 2 အစရှိသဖြင့်
 အသုံးပြုခဲ့သော်လည်း ယခု Windows 8 မှာတော့ OS Name ကိုပါ ပြောင်းကာ Windows 8.1 ဟု တရားဝင် ခေါ်ဆို
လာခဲ့ခြင်း ဖြစ်ပါသည်။ 
   အားလုံး အဆင်ဖြေနိုင်ကြပါစေ...
                                                          DOWNLOAD
Sunday, October 20, 2013
မိုးစက်ဝိုင်နဲ့မြန်မာစောင်း
မြန်မာနိုင်ငံကိုယ်စားပြု မယ်စင်္ကြာဝဠပြိုင်ပွဲဝင်ဖို့ ရုရှားနိုင်ငံ မော်စကို ကို ရောက်နေတဲ့ Miss Universe Myanmar 2013
သရဖူ ရှင် မိုးစက်ဝိုင်ဟာ လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ မြန်မာ့စောင်းနဲ့ အတူ ဓာတ်ပုံကို သူ့ ဖေ့စ်ဘုတ်မှာ တင်လိုက်ပါတယ်။
                                     ဓာတ်ပုံ- Miss Myanmar Universe
ရိုးရာ တူရိယာ စောင်းကို မြင်လိုက်တာနဲ့  မြန်မာဆိုတာ အလွယ်တကူသိနိုင်မှာဖြစ်ပါတယ်။
မြန်မာ့ တူရိယာ စောင်းကောက် ဆိုတာ တေးဂီတ သံစဉ်တွေကို ဖော်ကျူးဖို့ ပြုလုပ်ထားတဲ့ ကြိုးတပ် တူရိယာ တမျိုးပဲ ဖြစ်ပါတယ်။
“စောင်း”ဟာ မြန်မာတွေ အမြတ်တနိုး တန်ဖိုးထားတဲ့ မြန်မာ့ ဂီတ အနုပညာ တူရိယာ ပစ္စည်းလည်း ဖြစ် သလို ကြေး၊ ကြိုး၊ သားရေ၊
 လေ၊ လက်ခုပ် ဆိုတဲ့ ကမ္ဘာ့ ဂီတ တီးမှုတ်မှု အနုပညာ အနွယ်ဝင် တမျိုး လည်း ဖြစ်ပါတယ်။
မြန်မာ့တူရိယာစောင်း ဟာ နိုင်ငံတကာ ဆက်ဆံရေးမှာပါ ကြားခံပစ္စည်းတခု ဖြစ်လာတာ သတိထား မိပါတယ်။
ဒီအကြောင်း ဧရာဝတီ မြန်မာပိုင်းစာမျက်နှာမှာ ကိုစိုးရေးသားတင်ပြထားတဲ့ ထိုင်း-မြန်မာဆက်ဆံရေး နဲ့ မြန်မာ့စောင်း
 (http://burma.irrawaddy.org/opinion/viewpoint/2013/10/13/49423.html) ဆို တာမှာလည်း ဖတ်နိုင်ပါတယ်။
မိုးစက်ဝိုင်ကတော့ မယ်စင်္ကြာဝဠာပြိုင်ပွဲမှာ စောင်းတီးပြီး ပြိုင်ပွဲဝင်မယ့်အခန်းတခု ပါမယ်လို့ ပြောထား ဖူးပါတယ်။
*****************
အိမ့်သံစဉ် ~
Saturday, October 19, 2013
ပြန်လာပါငှက်ကလေးရယ်..
ချစ်သူငယ်ချင်းတွေအားလုံးထဲက.. ရှမ်းတိုင်းရင်းသား မိတ်ဆွေများအတွက်
အထူးလက်ဆောင်.... ဒီသီချင်းလေးနားထောင်ပြီးရင်.  .. ရှမ်းတောင်းတန်းကို
အားလုံးသတိရစေချင်လို့ပါဗျာ... ရှမ်းတိုင်းရင်းသားများနဲ့အတူ အားလုံးသော
ချစ်သူငယ်ချင်းများ ခံစားနားထောင်ပေးကြပါဗျာ....
Tuesday, October 15, 2013
ချွတ်ချော်တဲ့ လွှတ်တော်၂
Type your summary here.Type the rest of your post here.
လတ်တလော Facebook ပေါ်တွင် အကောင့်များကို hack နိုင်သည့် vuirus လေးမျိုး ပျံ့နှံနေပါတယ်
Saturday, October 12, 2013
၁) သင့်ဆီသို့ သင်မသိသောသူထံမှ ဓာတ်ပုံ tag လုပ်ထားသော notification များရောက်လာလျှင်
မဖွင့်ပါနှင့် ။
၂) သင့်သူငယ်ချင်းထံမှ စော်ကားသော/ မနှစ်မြို့ဖွယ်ကောင်းသော အပြုအမူများ ပေးပို့သည်များ ရရှိလျှင် မဖွင့်ပါနှင့် ။
၃) လူအယောက် ၉၉% မျှ ၁၅ စက္ကန့်ထက်ပို၍ ကြည့်ရှုမရနိုင်ပါဟု ဖော်ပြထားသော Video ရောက်ရှိလာသည့်အခါ မဖွင့်ပါနှင့် ။
၎) သင့် သူငယ်ချင်းများထံမှာ link များရောက်လာလျှင် သေချာပြန်မမေးမြန်း မစူးစမ်းရသေးဘဲ မဖွင့်ပါနှင့်
ထိုအရာများအား သတိထားခြင်းဖြင့် အကောင့်များ hack ခံရခြင်းမှ ကာကွယ်ပေးနိုင်ပါတယ် ။
သုတဘဏ်
Monday, October 14, 2013
ရတနာမိုင် ပုံရိပ်များ
မိုင်လေးရဲ့ အသစ်စပ်စပ် ထွက်ရှိလာတဲ့ ပုံရိပ်များတေးစီရီး MP3 အခွေလေးကို
မိုင်လေးပရိတ်သက်များအတွက် တင်ပေးလိုက်ပါတယ်နော်.. တစ်ခါက.. မလွမ်းပို
ကိုလည်း ထည့်သွင်းဆိုပြထားပါသေးတယ်
                                DOWNLOAD
မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်တော့မည်
Monday, October 14, 2013
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာ ဟောပြောဆွေးနွေးပွဲကို သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့
 MICT Park တွင်ပြုလုပ်မည်ဖြစ်သည်။ ဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန မှ တွဲဖက် ပါမောက္ခ ဒေါက်တာ သန္တဖြူ တို့မှ
 "Cyber Security , Malware Incident" "Understanding Web Application Attacks" ခေါင်းစဉ်ဖြင့် ဆွေးနွေး မည်ဖြစ်သည်။
ဆွေးနွေးပွဲကို မနက် ၁၀ နာရီမှ ၁၂ နာရီထိ ကျင်းပမည်ဖြစ်ပြီး တက်ရောက်လိုပါက မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းဖုန်း
၀၁ -၆၅၂၂၇၆ သို့ဆက်သွယ်နိုင်သည်။
သုတလင်း
By Popular
Sunday, October 13, 2013
ဒီလို လည်ဖြတ်သတ်ဖြတ်မှုဟာ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ မဖြစ်နိုင်
ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ခင်တန်းကြီးအုပ်စု၊ ကျွဲမကူး ကျေးရွာတွင် မနေ့ ညနေ ပိုင်း (၁၂.၁၀.၂၀၁၃)နေ့ ညနေ(၆း၀၀)အချိန်ခန့်က လင်မယား(၂)ယောက်အား ခေါင်းဖြတ်သတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါတယ်။
ကျွဲမကူးကျေးရွာ၏ အနောက်ဘက် (၁)ဖာလုံခန့် အကွာ ဒေါ်သန်းသန်းလွင်၊(၄၉)နှစ်၊(ဘ)ဦးစိုးမြင့်၊ ဈေးရပ်ကွက်(၂)လမ်း၊ မြို့မအနောက်ရပ်ကွက်၊ ဖြူးမြို့နေသူ၏ ပျဉ်းကတိုး စိုက်ခင်းတွင် အစောင့် လုပ်ကိုင်နေသော ဦးဇော်မင်း၊(၅၆)နှစ်၊(ဘ) ဦးဇသန်းဘဟာဒူး၊ဂေါ်တဂါး/ဗုဒ္ဓ၊နှင့်၎င်း၏ ဇနီးဖြစ်သူ ဒေါ်တင်ရွှေ ၊(၅၅)နှစ်၊တို့ သတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။
အဆိုပါ လင်မယား ပြန်မလာသဖြင့် ကိုဝင်းလှိုင် နှင့် ကိုအေးနိုင်တို့ စိုက်ကွင်းအတွင်းသို့ သွား ရောက်ကြည့်ရှုရာ တဲအတွင်းရှိ မြေကြီးပေါ်၌ ဦးဇော်မင်းမှာ လည်ပင်းပြတ်၊ ခေါင်းရှာမတွေ့၊ ယာရင်အုံထိုးသွင်းဒ ဏ်ရာတစ်ချက်၊၄င်း၏ဇနီး ဒေါ်တင်ရွှေ မှာ ၀မ်းဗိုက်ဝဲဘက်ထိုးသွင်း ဒဏ်ရာ တစ်ချက်ဖြင့်သေဆုံးသည်ကို တွေ့ရှိရတာပါ။
အဆိုပါ လူသတ်မှုအား ဦးဇော်နိုင်ဦး(၃၆)နှစ်၊ (ဘ)ဦးလှမြင့်မှ တရားလိုပြုလုပ်၍ ဖြူးမြို့မစခန်းသို့ တိုင်ကြားခဲ့ရာ စခန်းမှ (ပ)၄၃၃/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂ အရအမှုဖွင့် အရေးယူထားပြီး တရားခံအား အပူတပြင်းလိုက်လံ ဖမ်းဆီး ဖော်ထုတ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။
ကိုသန့် ဇင်
christv_online_premium
ချစ်မိတ်ဆွေများ ခဗျာ ဒီနေ့ မိတ်ဆွေများအတွက် အထူးလက်ဆောင်အဖြစ် Software တစ်ခု
တင်ပေးလိုက်ပါပြီး ဒီကောင်လေးကတော့ မိမိကွန်ပျူတာကနေ အင်တာနက်ချိတ်ဆက်ထားပြီး
အားကားစား TV လှိုင်းများနှင့် သတင်း TV လှိုင်းများကိုပါ ကြည့်ရှူးနိုင်မှာဖြစ်ပါတယ်..
မိတ်ဆွေများ အစမ်းကြည့်နိုင်အောင်.. အောက်က လင့်မှာဒေါင်းနိုင်ပါပြီး
အားလုံး အဆင်ပြေကြမှာပါ
                                              DOWNLOAD
ထိုင်း-မြန်မာ ဆက်ဆံရေးနဲ့ မြန်မာ့ စောင်း
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ်ကို မြန်မာ့ ရိုးရာ စောင်း လက်ဆောင်ပေးနေစဉ် (ဓာတ်ပုံ – မစ္စ ရင်လတ် ရှင်နာဝပ် ဖေ့စ်ဘုတ်)
လူတဦး က အခြားတဦးကို တူရိယာပစ္စည်း လက်ဆောင်ပေးတာဟာ ဘယ်လို အဓိပ္ပာယ်မျိုးကို ဆောင်ပါသလဲ။
အထူးသဖြင့် နိုင်ငံကိုယ်စားပြု နိုင်ငံ့ထိပ်ပိုင်း တာဝန်ရှိ ပုဂ္ဂိုလ်တဦးက အလားတူ အခြားနိုင်ငံရဲ့ တာဝန်ရှိသူတဦးကို
လက်ဆောင် ပေးအပ်ခြင်း ဆိုပါက လေးနက်တဲ့ အဓိပ္ပာယ်တွေ ရှိနိုင်ပါလိမ့်မယ်။
         ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်ပိုင်းက မြန်မာ စစ်တပ်ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
 မင်းအောင်လှိုင်က ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ်ကို မြန်မာ့တူရိယာ “စောင်းကောက်” တလက်
လက်ဆောင် ပေးလိုက်ပါတယ်။ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ထိုင်း-မြန်မာ အဆင့်မြင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ
 အစည်းအဝေးတက်ဖို့ ရောက်လာရင်း ပေးလိုက်တာပါ။
        အဲဒီ “စောင်း” တူရိယာ လက်ဆောင်ပေးတဲ့ ဓာတ်ပုံကို မီဒီယာတွေမှာ တွေ့လိုက်ရလို့ ထူးခြားမှုတခု အနေနဲ့ စိတ်ဝင်စား
သွား မိပါတယ်။ မြန်မာ့ တူရိယာ စောင်းကောက် ဆိုတာ တေးဂီတ သံစဉ်တွေကို ဖော်ကျူးဖို့ ပြုလုပ်ထားတဲ့ ကြိုးတပ် တူရိယာ
တမျိုးပဲ ဖြစ်ပါတယ်။
      “စောင်း”ဟာ မြန်မာတွေ အမြတ်တနိုး တန်ဖိုးထားတဲ့ မြန်မာ့ ဂီတ အနုပညာ တူရိယာ ပစ္စည်းလည်း ဖြစ်သလို ကြေး၊ ကြိုး၊
သားရေ၊ လေ၊ လက်ခုပ် ဆိုတဲ့ ကမ္ဘာ့ ဂီတ တီးမှုတ်မှု အနုပညာ အနွယ်ဝင် တမျိုးလည်း ဖြစ်ပါတယ်။
တကယ်တော့ “စောင်း” (Harp) တူရိယာဟာ မြန်မာ တနိုင်ငံတည်း အသုံးပြုတာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာလည်း မြန်မာ
စောင်းလို ကြိုးတပ် တူရိယာ အသုံးပြုစရာ ရှိပြီးသားပါ။ စောင်းကို ထိုင်းဘာသာ အရ “ဖင်န်” လို့ ခေါ်တယ်လို့ သိရပါတယ်။
စောင်းဟာ ကမ္ဘာပေါ်ရှိ တူရိယာများ အနက် ရှေးအကျဆုံး ကြိုးတပ် တူရိယာ ဖြစ်ပါတယ်။ စောင်းကို အကြမ်းအားဖြင့် လေးကိုင်းပုံ
စောင်းနဲ့ တြိဂံပုံ စောင်းဆိုပြီး ၂ မျိုး ခွဲထားတာရှိပါတယ်။ မြန်မာ့ စောင်းကောက် အမျိုးအစားဟာ လေးကိုင်းပုံ စောင်း အမျိုးအစား
 ဖြစ်ပြီး အိန္ဒိယက ဆင်းသက်လာဟန် ရှိတယ်လို့လည်း ဆိုပါတယ်။
       လေးကိုင်းပုံသဏ္ဌာန် စောင်းကို ရှေးခေတ် အီဂျစ် နိုင်ငံ၊ အိန္ဒိယ တိုင်းနဲ့ ဂျာဗားကျွန်း တို့မှာ ပေါ်ထွန်း ခေတ်စားခဲ့ပြီး ဘီစီ
၃၀၀၀ လောက်ကစလို့ အီဂျစ်ပြည်မှာ ထွန်းကားလာဟန်ရှိတယ်လို့ သိရပါတယ်။ စောင်းကို အီဂျစ်၊ ဗေဗီလုံ၊ ပါရှား၊ ဂျာဗား၊
အိန္ဒိယ စတဲ့ နိုင်ငံ အသီးသီးမှာ အလွန်ရှေးကျတဲ့ ခေတ်ကတည်းက စပြီးရှိနေခဲ့တယ်လို့လည်း ဆိုပါတယ်။
       ရှေးဘုရင်များ ခေတ်ကတည်းက စောင်းကို နန်းသုံးတော်ဝင် တူရိယာအဖြစ် သုံးခဲ့ကြပါတယ်။ နန်းတက်ပွဲ အခမ်းအနား၊
မင်း မိဖုရား နန်းဆောင်တွေ နဲ့ မင်းခမ်း မင်းနားတွေမှာ စောင်းတူရိယာကို တီးခတ် အသုံးတော် ခံကြတယ်လို့လည်း သမိုင်း
မှတ်တမ်း တွေမှာ တွေ့ရပါတယ်။
       ညောင်ရမ်းခေတ် (၁၅၉၇-၁၇၅၁) စာဆို ၀န်ကြီး ပဒေသရာဇာ ကလည်း “စာပေဝတ္ထု၊ ရတုကဗျာ၊ ပျို့လင်္ကာနှင့်၊ သာသည့်
သီချင်း၊ အဲစောင်းညှင်း ကို မကင်းမပြတ်၊ ဖတ်ရွတ်လေ့ကျက်၊ တီးမှုတ်လျက်သာ၊ နေကောင်းစွာ”လို့ ဆိုထားတာ မှတ်သားဖူးပါတယ်။
 လူသားတို့ ဘဝမှာ စာပေ၊ ဂီတ၊ အနုသုခုမ ပညာတွေနဲ့ နေပျော်အပ်တယ်လို့ စာဆို ၀န်ကြီးရဲ့ ဆိုလိုရင်းကို ယူဆမိပါတယ်။
စောင်းကို အခုအထိလည်း နိုင်ငံတော်အဆင့် အခမ်းအနားတွေမှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ မနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့
နော်ဝေနိုင်ငံ အော်စလိုမြို့ နိုဗဲလ် ငြိမ်းချမ်းရေး ဆုယူတဲ့ အခမ်းအနားမှာတောင် မြန်မာ စောင်းနဲ့ ဖျော်ဖြေတာကို တွေ့ရပါသေးတယ်။
မြန်မာ စောင်းနဲ့ပတ်သက်ပြီး ဂျပန် နိုင်ငံမှာလည်း လူသိများစေတဲ့ ၀တ္ထုတပုဒ်ကို “မြန်မာ့စောင်း” (Biruma No Tategoto) အမည်နဲ့ပဲ
ဂျပန် စာရေးဆရာ ထာကဲရာမမိကျိအို က ရေးသားခဲ့ပါတယ်။ ဒီဝတ္ထုကို အကြိမ်ကြိမ် ရိုက်နှိပ်ခဲ့ရပြီး ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးပြသခ
ဲ့လို့ ဂျပန်လူမျိုးတွေ အလွန် စိတ်ဝင်စားခဲ့ကြပါတယ်။ ၀တ္ထုကို ဂျပန် ဘာသာကနေ မြန်မာဘာသာ ပြန်ဆို ထုတ်ဝေ ထားတာလည်း
ရှိပါတယ်။ မြန်မာ စောင်းဟာ လွန်ခဲ့တဲ့ ၁၁ ရာစု ပုဂံ ခေတ်ကတည်းက ရှိခဲ့တယ်လို့ ပညာရှင်တွေက ယူဆကြပါတယ်။ ကျန်စစ်မင်း
 တည်ထားခဲ့တဲ့ ပုဂံ အာနန္ဒာ စေတီ အတွင်းရှိ နံရံကပ် ကျောက်ရုပ်တုတွေမှာ စောင်းကောက်ပုံ တပုံကို အစောဆုံးတွေ့ရှိရလို့
ပုဂံခေတ် ကတည်းက မြန်မာ နိုင်ငံမှာ စောင်း တူရိယာ ခေတ်စားခဲ့တယ်လို့လည်း မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ဒီလို သမိုင်းရာဇ၀င်ရှိတဲ့ မြန်မာ စောင်း တလက်ကို နိုင်ငံတော်အဆင့် လက်ဆောင်ပေးတဲ့နေရာမှာ အသုံးပြုတာဟာ ရည်ရွယ်ချက်
 ရှိတယ်လို့ ဆိုရပါမယ်။
       ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်း ၀န်ကြီးချုပ်ကို လက်ဆောင်ပေးဖို့ တခြား တန်ဖိုးရှိတဲ့ ပစ္စည်းတွေ မရွေးချယ်ဘဲ
ဘာဖြစ်လို့ ဂီတ တူရိယာ စောင်းကို ရွေးချယ်ခဲ့ရ တာပါလဲ။ စစ်သားကြီး ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ “စောင်း”
တူရိယာ တီးခတ် တတ်သလား၊ မတတ်ဘူးလား၊ ဂီတ အနုပညာ ခံစားတတ်သလား၊ မခံစားတတ်ဘူးလား ဆိုတာတော့ မသိပါ။
တကယ်တော့ ထိုင်းနဲ့ မြန်မာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေး၊ ငါးရာလောက် ကတည်းက ပဋိပက္ခတွေ ရှိခဲ့တဲ့အပြင် မြန်မာ ဘုရင်တွေက
တိုက်ခိုက် သိမ်းပိုက်မှုတွေ ပြုလုပ်ခဲ့တာလည်း ရှိခဲ့ပါတယ်။ အထင်အရှား ဆိုရင်တော့ အလောင်းမင်းတရား ဦးအောင်ဇေယျ
(နန်းစံ ၁၇၅၂-၁၇၆၀) ကိုယ်တိုင် တိုက်ခိုက်ခဲ့ပါတယ်။ ဟံသာဝတီ ဘုရင် ဘုရင့်နောင် (အေဒီ ၁၅၅၁-၁၅၈၁) ကလည်း ယိုးဒယား
 (ထိုင်း) ကို သိမ်းပိုက် အောင်ပွဲခံပြီး အခု ချင်းမိုင်လို့ ခေါ်တဲ့ ဇင်းမယ်ကိုလည်း မြန်မာ လက်အောက်ခံ အနေနဲ့ အုပ်ချုပ်ခဲ့တဲ့
ရာဇ၀င် သမိုင်းတွေ ဖြစ်ပွားခဲ့ပါတယ်။
      ထိုင်း-မြန်မာ သံတမန် ဆက်ဆံရေးကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့ ၁၉၄၈ ခုနှစ်က စခဲ့တာ အခုနှစ်ဆိုရင် ၆၅ နှစ် ရှိပါပြီ။
ဒီ သံတမန်ဆက်ဆံရေး ကာလတွေအတွင်းမှာပဲ တင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။ ၂၀၀၀ – ၂၀၀၂ ခုနှစ်ဝန်းကျင် မြန်မာ စစ်အစိုးရ
လက်ထက်မှာတင်ပဲ နယ်စပ်ပြဿနာ၊ မူးယစ်ဆေးဝါး ပြဿနာနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး
တင်းမာ မှုတွေ ရှိခဲ့ပါတယ်။ မြန်မာ အစိုးရဘက်ကဆိုရင် အဲဒီ ပြဿနာတွေနဲ့ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ ၁၀ ကြိမ်မက
လုပ်ခဲ့တဲ့ မှတ်တမ်းတွေ ရှိပါတယ်။
      တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ အခြေအနေက ကမ္ဘာ့အလယ်မှာ အထီးကျန် နိုင်ငံတနိုင်ငံ ဖြစ်နေပြီး နိုင်ငံရဲ့ စီးပွားရေး၊
 ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍ အသီးသီးမှာလည်း ထိုးဆင်းနေတဲ့အခြေအနေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အတွင်းကိုလည်း
 မြန်မာ ဘက် က ဒုက္ခသည်တွေ၊ အလုပ်သမားတွေ အပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် လူပေါင်း သန်းနဲ့ ချီပြီး ရောက်ရှိနေ
ခဲ့တာ အခုအချိန် အထိ ပါပဲ။ အဲဒီလို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား အများစုဟာလည်း အခက်အခဲ ဒုက္ခ မျိုးစုံ ကြုံတွေ့ကြရတာ
တွေ ရှိပါတယ်။
      ပြီးခဲ့တဲ့ မေလကုန်ပိုင်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ် အကြား ချစ်ကြည်ရေး
 တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းဘုရင်မင်းမြတ်က တော်ဝင် ဘွဲ့တံဆိပ် ချီးမြှင့် လိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ထိုင်းအစိုးရနဲ့ လုပ်ငန်း
ရှင်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလို ဖိတ်ခေါ် ပြောဆိုမှုတွေကြောင့်ပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စီးပွားရေး ၀င်လုပ်နေပြီလား ၊
၂၀၁၅ ရွေးကောက်ပွဲ ၀င်ဖို့ ပြင်ဆင်နေတာလား ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ် ခဲ့ပါသေးတယ်။
လွန်ခဲ့တဲ့ ဇူလိုင်လအတွင်းက ဟောင်ကောင်မှာ ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ ထိုင်း ဒု ကာကွယ်ရေး ၀န်ကြီး
 Yutthasak Sasiprapa တို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ပတ်သက်ပြီး တိတ်တဆိတ် ပြောဆိုခဲ့တယ်လို့ ယူဆရတဲ့ အသံဖိုင
် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီအသံဖိုင်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့လူယုံတော်၊ စစ်တပ်ကိုထိန်းချုပ်
 ထားနိုင်တဲ့ အတွက် သြဇာ အာဏာနဲ့ ငွေကြေးချမ်းသာသူ၊ ဒါကြောင့် သူ့ကို အပိုင်စည်းရုံးထားနိုင်ရင် ထားဝယ်ဆိပ်ကမ်းကို
ရရှိမှာဖြစ်တယ် ဆိုတဲ့ ပြောဆို ဆွေးနွေးချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
      အခု ၁ နှစ် ၂ နှစ်အတွင်းမှာကိုပဲ ထိုင်းဘက်က မြန်မာ ကို အရင်ကနဲ့ မတူတဲ့ ဆက်ဆံရေးမျိုးတွေ ရှိလာတာလည်း သတိထား
မိပါတယ်။ ဒီလို အခြေအနေတွေနဲ့ သမိုင်းကြောင်း နောက်ခံတွေ ရှိခဲ့တဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ “စောင်း”တလက် လက်ဆောင်
နဲ့လည်း သက်ဆိုင်မှု ရှိလာနိုင်မလား ဆိုတာ တွေးတော စရာပါ။ ဂီတ တူရိယာ ပစ္စည်းတခုဟာ နူးညံ့မှု၊ သိမ်မွေ့မှု၊ ငြိမ်းချမ်းမှု
အငွေ့အသက် တွေကို ရရှိစေတယ် မဟုတ်ပါလား။
      ဒါကြောင့် အခုပေးအပ်လိုက်တဲ့ လက်ဆောင် ပစ္စည်းအရ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အနာဂတ်ဟာ အခုထက်ပိုမို
ကောင်း မွန် လာမယ့် လက္ခဏာ တရပ်၊ သင်္ကေတ တခုလို့တော့ ယူဆရပါတယ်။ “မလျော့ မတင်း စောင်းကြိုးညင်း” ဆိုတဲ့
စကားလည်း ရှိပါတယ်။
     ဒါပေမယ့် “ပိုးသာကုန် မောင်ပုံ စောင်း မတတ်” တို့၊ “ကျွဲပါး စောင်းတီး” တို့ ဆိုတဲ့ မြန်မာ စကားပုံ တွေကိုလည်း သတိရနေ
 မိပါတယ်။     ။
နွယ်နီ...
ကျွန်တော် ချစ်သော မိတ်ဆွေများအတွက် VIDOE သီချင်းလေးတစ်ပုဒ်
တင်းပေးလိုက်ပါတယ်ဗျာ..ဒီသီချင်းလေးကြည့်မိရင်တော့ ဟိုတုန်က ကျောင်းတော်ကြီး
ကိုသတိရမိကြမယ်လို့ထင်ပါတယ်.. ကျွန်တော်ကတော့ တိုက်ဆိုင်လွန်လို့ဗျာ...
မိုးစက်ကရှမ်းမြန်မာတရုတ်ပါ
မန်မာပြည်ကို ကိုယ်စားပြုပြီး ဒီနှစ်အတွက် မယ်စကြာဝဠာသရဖူ ရယူဖို့ ကြိုးစားနေတဲ့ မိုးစက်ဝိုင်က သူ
ဘာလူမျိုးလဲ ဆိုတာကို သူ့ဖေ့စ်ဘုတ်မှာ မနေ့က ကြေညာလိုက်ပါတယ်။
သူဟာ မြန်မာပြည်သားစစ်စစ်ဖြစ်တယ်၊ ရန်ကုန်သူ၊ လူမျိုးကတော့ "ရှမ်းမြန်မာတရုတ်" လို့ ဆိုပါတယ်။
အပြည့်အစုံကို သူ့ဖေ့စ်ဘုတ်ကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။
   " မိဘပြည်သူများအားလုံးပဲမင်္ဂလာပါရှင်... အားလုံး သိချင်နေကြတဲ့အကြောင်းလေးတစ်ခုကို မိုးစက်ရှင်းပြပါရစေ,
 မိုးစက်ကရှမ်းမြန်မာတရုတ်ပါ.. မိုးစက်မိဘများက ရှမ်းပြည်မှာမွေးတာပါ... မိုးစက်က ရန်ကုန်မှာမွေးတာပါ..
.ထို့အတွက်ကြောင့် မိုးစက်မြန်မာနိုင်ငံသားစစ်စစ်ဖြစ်ပါတယ်... တရုတ်ပြည်မှာလည်းပြိုင်ပွဲမဝင်ဘူးပါ..
 ကုန်သည်ကြီးများအသင်းနှစ်၁၀၀ပြည့် အထိမ်းအမှတ်အတွက်Trader hotel တွင် ကျင်းပတဲ့ပွဲတစ်ခုတည်းသာပါဝင်ဖူးပါသည်။
မိဘပြည်သူများကို မိုးစက်အနေဖြစ်ဤမျှသာ ရှင်းပြလိုပါသည်။ ချစ်ခင်လေးစားရသော မိဘပြည်သူများအားလုံး အားရကျေနပ်နိုင်
မည်ဟုမျှော်လင့်ပါသည်....
    ကျေးဇူးတင်ပါတယ်ရှင်
    မိုးစက်ဝိုင် "
ဒီပုံက မနေ့တုန်းက ရိုက်ကူးထားတာဖြစ်တယ်လို့ သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။
အပေါ်ဆုံးကပုံကတော့ မယ်စကြာဝဠာပြိုင်ပွဲကျင်းပတဲ့အဖွဲ့ရဲ့ ၀က်ဆိုက်မှာ ဒီကနေ့ တက်လာတဲ့ပုံ ဖြစ်ပါတယ်။
    ဧရာဝတီ Facebook / ဧရာဝတီ Twitter
Thursday, October 10, 2013
ကြီးကြီးကျယ်ကျယ် ပြောရရင်.
ဘယ်အနုပညာသမားမဆို ကိုယ်ဖန်တီးထားတဲ့ အနုပညာလက်ရာတခု၊ စာတပုဒ်၊ ကဗျာတပုဒ်ကို
ပြင်ဆင်ခံရတာ မကြိုက်ဘူးဗျ
သတ်ပုံမှားလို့ပြင်တာ၊ စာလုံးကျပေါက်လို့ ပြင်တာက တမျိုးလေ
မိဘတွေလိုပေါ့ဗျာ... ကိုယ်မွေးထားတဲ့ သားသမီး မလိမ္မာရင် ကိုယ်ပဲ ရိုက်နှက်ဆုံးမမယ် သူများက ဝင်ပြီးဆုံးမတာမျိုး
ဘယ်မိဘကမှ လက်ခံမှာ မဟုတ်ဘူး
ဒါဟာ အတ္တမဟုတ်ဘူးဗျ
ဒါဟာ "ရင်နှစ်သည်းခြာပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာ"
ခုရက်ပိုင်း ကျနော်လည်း ခံစားနေရတယ်ဗျာ
ကျနော် စာတွေ ပြင်ဆင်ဖျက်စီးခံနေရတယ်
အကြောင်းပြန်တိုက်ဆိုင်လို့ လွန်ခဲ့တဲ့လတွေက ရေးခဲ့တဲ့ စာလေးတပုဒ် ပြန်တင်လိုက်ပါတယ်ဗျာ... ....
(သန်၎ကို)
==========
သတ်ပုံမှားတဲ့ ဘဝ
==========
1.
ပြီးခဲ့တဲ့လထုတ် မဂ္ဂဇင်းတစ်စောင်မှာပါ
ကျနော်ရေးတဲ့စာကို မှားတယ်ထင်ပြီး ပြင်တာကို ခံလိုက်ရတာလေးနဲ့ ပတ်သက်လို့ ဆက်စပ်တွေးမိတာလေးတွေ
 ပြောပြချင်လို့ပါ…
အယ်ဒီတာက ပြင်တာလား၊ စာစီစာရိုက်လုပ်သူကပဲ ပြင်တာလား ဆိုတာကိုတော့ မသိပါ
2.
ကျနော်ရေးတာက ဒီလိုပါ...
ဇာတ်ထဲမှာ ရာဇဝတ်သားကို မင်းချင်းစစ်သားတွေက လိုက်ဖမ်းနေတဲ့အခန်းကို ရေးတာ
ကျနော်က….
'တပ်တော်ပါဗိုလ်ထုနဲ့ လူစုပြီးလိုက်တယ်'... လို့ ရေးတာကို ဘာအောက်မေ့တယ် မသိဘူး 'မ' တစ်လုံးတိုးထည့်လိုက်ကြတယ်။
နောက်တစ်နေရာမှာလည်း ကျနော်က...
'တပ်တော်ဗိုလ်'... လို့ ရေးတာကို 'မ' တစ်လုံးထပ်ထည့်ပြန်တယ်
အဲဒီတော့ ဘယ်လို ဖြစ်သွားလဲဆိုတော့...
'တပ်မတော်ပါဗိုလ်ထုနဲ့ လူစုပြီးလိုက်တယ်'
'တပ်မတော်ဗိုလ်'.... အဲလိုမျိုးတွေ ဖြစ်ကုန်ရော
ကျနော်ရေးတာက ရှေးခေတ်က အကြောင်းပါ
ရှေးဘုရင်တွေခေတ်အခေါ် 'တပ်တော်' လို့ဘဲ သုံးချင်တာပါ။ 'တပ်မတော်' လို့ မသုံးချင်ဘူး
ဒါကို စာလုံးကျနေတယ်ထင်ပြီး ဖြည့်စွက်ပေးလိုက်ကြတယ်
အဆိုတော်ကြီး ပြည်လှဖေ ကွယ်လွန်သွားတာ ကံကောင်းတာပေါ့
နို့မို့ သူ့ခမျာ 'နတ်ရှင်နောင်သီချင်း' ဆိုတဲ့အခါ...
♫ တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ ♫ ... လို့ မဆိုရပဲ
♫ တပ်မတော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတံခွန်တွေ ♫… လို့ ဆိုနေရမယ်၊
ခက်ဘူးလားဗျာ
3.
ခုခေတ် facebook ပေါ်လာတော့ တစ်ချို့လူတွေက ညစ်ညစ်ညမ်းညမ်း ဆဲကြဆိုကြနဲ့၊ ဖတ်ရတာ ရင့်သီးလွန်းလို့
လန့်တောင်လန့်တယ်….
facebook အသုံးပြုသူ သန်းပေါင်းများစွာကို စောင့်ကြည့်ပြီး တည်းဖြတ်ပေးဖို့ရာလည်း ဖြစ်မှမဖြစ်နိုင်တာကိုး
ကျနော် အမြဲဝင်ရေးဖြစ်နေတဲ့ web site တစ်ခု ရှိပါတယ်
mmcybermedia တဲ့၊ အဖွဲ့ဝင် တစ်သောင်းကျော် နှစ်သောင်းလောက်ရှိမယ်
ဒီလောက် များပြားလှတဲ့ အဖွဲ့ဝင်တွေ ရေးတဲ့စာကို စောင့်ကြည့်တည်းဖြတ်နေဖို့ မဖြစ်နိုင်တော့ Admin တွေက
Auto Correction ကို ထည့်ထားလိုက်တယ်
ညစ်ညမ်းတဲ့ စကားလုံးတွေကိုရိုက်ရင် Auto Correction က အလိုအလျောက် ပြင်ပစ်လိုက်တယ်
ငါးခြောက်တောင် ချက်လို့ရတယ်၊ ကြော်လို့ရတယ်၊ ဖုတ်လို့ မရဘူး။
'ငါးခြောက်ချက်' လို့ ရိုက်၊ အိုကေတယ်။
'ငါးခြောက်ကြော်' လို့ ရိုက်၊ အိုကေတယ်။
'ငါးခြောက်ဖုတ်' လို့ ရိုက်၊ မရဘူး၊ ‘ဖုတ်’ ပါတာကိုး
'ဖုတ်' လို့ ရိုက်လိုက်တာနဲ့ အော်တိုမတစ် '-ုတ်' ဖြစ်သွားတော့တာ
တခြားစကားလုံးတွေလည်း ရှိသေးတယ်၊ ရေးပြလို့မကောင်းလို့ သိပ်မရိုင်းတာလေးတွေပဲ ဥပမာပြောပြချင်ပါတယ်...
mmcybermedia ထဲမှာ Member တွေက တပ်မတော်သားတွေလည်း ပါနေတယ်။
ဒီတော့ စာရေးတဲ့အခါ 'စစ်သား' လို့ ရေးတာကို ရင့်သီးတယ်လို့ သူတို့က ကွန်ပလိန်းတက်တာနဲ့
Auto correction က 'စစ်သား' လို့ ရိုက်တိုင်း 'တပ်မတော်သား' လို့ ပြင်ထည့်လိုက်တယ်။
အဲ... အဲဒီတော့
ပုဂံရာဇဝင်လို အကြောင်းလည်း ရေးရော ပြဿနာတက်တော့တာဘဲဗျို့...
'ကျန်စစ်သား' လေ၊ ဘယ်လိုမှ 'ကျန်စစ်သား' လို့ မရဘူး၊ 'ကျန်စစ်သား' လို့ ရိုက်လိုက်တိုင်း
'ကျန်တပ်မတော်သား' ချည့် ဖြစ်နေတော့တာ....
ပုဂံခေတ်က စစ်သည်တော် လေးသိန်းအားနဲ့ညီတဲ့ သူရဲကောင်းလေးယောက်နာမည်လည်း
mmcybermedia ထဲရောက်မှ....
1. ညောင်ဦးဖီး
2. ငလုံးလက်ဖယ်
3. ငထွေရူး နဲ့
4. ကျန်တပ်မတော်သား.... ဖြစ်ရော
4.
နောက်တစ်ခုရှိပါသေးတယ်...
mmcybermedia မှာ ရိုင်းမှာစိုးလို့ ပြင်ထားတဲ့ စကားလုံးတွေ မိုလို့ သူတို့အကြောင်းပြောတော့ နည်းနည်းရိုင်းနေရင် ခွင့်လွှတ်ပါ
အဲဒီထဲမှာ 'ဖင်' ဆိုတဲ့ စကားလုံးလည်း ရိုက်မရဘူး၊
'ဖင်' လို့ ရိုက်လိုက်တာနဲ့ Auto correction က 'စအို' လို့ ပြင်လိုက်တယ်...
“ဒယ်အိုးဖင်ကို မီးပြင်းတိုက်ပါ”… လို့ ချက်နည်းပြုတ်နည်း အခန်းမှာ တစ်ယောက်ကရေးတယ်
ဒါကို Auto correction က ပြင်ထည့်လိုက်တယ်
“ဒယ်အိုးစအိုကို မီးပြင်းတိုက်ပါ”… တဲ့
သူ့ချက်နည်းပြုတ်နည်းကို အဟုတ်မှတ်လို့ လိုက်ချက်တဲ့လူ အဲဒီနေရာကျရင် ဘာဆက်လုပ်ရမှန်းကို သိမှာမဟုတ်တော့ဘူး
နောက်တခါ... သိပ္ပံပညာရှင် Stephen Hawking အကြောင်း ရေးပြန်တော့လည်း ပြဿနာရှိနေပြန်ရော...
ဘယ်လိုမှ 'စတီဖင်ဟော့ကင်း' လို့ ရိုက်မရဘူး၊ 'စတီစအို ဟော့ကင်း' ချည့် ဖြစ်နေတော့တာရယ်...
ဟိုကသိရင် သူ့နာမည်ဖျက်ရပ့ါမလားဆိုပြီး ထကန်ချင် ကန်နေမှာ၊ ခြေမသန်တာ ကံကောင်းတယ် မှတ်ရမယ်
5.
ဒီတော့ဗျာ...
စာရေးသူတွေက တခါတလေ သူ့ခံစားချက်နဲ့သူရေးတာကို တည်းဖြတ်သူများက ကိုယ့်အထင်အမြင် အယူအဆတွေနဲ့
 ပြင်ထည့်လိုက်တော့ လိုရင်းလေးတွေ ပျောက်ကြရတာပေါ့
ကဗျာမှာဆို အဲလို အပြင်ခံရရင် ပိုဆိုးမယ် ထင်ရဲ့
ကဗျာက စကားလုံး sensitive ပိုဖြစ်တာကိုးဗျ... နော်
သန်၎ကို-ပေါက်ကရရေးသည်
Twitter Delicious Facebook Digg Stumbleupon Favorites More