Monday, October 28, 2013

တန်ဖိုးနည်း Tablet ဈေးကွက်ထဲ ပါဝင်ယှဉ်ပြိုင်လာသည့် Avoca 7

Monday, 28 October 2013
တန်ဖိုးနည်း Tablet ကွန်ပျူတာများ အပြိုင်အဆိုင် ထုတ်လုပ်လာသည့်
ဈေးကွက်တွင် Avoca 7ကလည်း ခြေလှမ်းကျဲကျဲဖြင့် ပါဝင်လာပြီ ဖြစ်သည်။ Android OSကို အသုံးပြုထားသည့် Tabletသည်
ဈေးလျှော့ထားသည့် 8GB Version တစ်ခုကို ထုတ်လုပ်လာပြီး ခရစ္စမတ် ကာလတွင် ပြိုင်ဘက်များကို ဖိအားပေးရန် ကြိုးစားလာခဲ့သည်။
 သိုလှောင်မှု ပမာဏ 8GBသာ ဝင်ဆံ့မည့် (၇)လက်မအရွယ် Displayနှင့် Tabletသည် ယခင်က ထုတ်လုပ်ထားသည့် Tescoနှင့် Argosတို့၏
 Tabletများကို ဦးတည် ယှဉ်ပြိုင်ဖွယ် ရှိနေကြောင်း သိရသည်။ Avoca 7သည် သာမန်အားဖြင့် ဗြိတိန်သုံး ငွေကြေး (၉၉)ပေါင်ဖြင့် ဈေးနှုန်း
သတ်မှတ်ထားသော်လည်း ယခုအခါ (၄၉)ပေါင်မျှဖြင့် ဈေးလျှော့ ရောင်းချမည်ဟု ကြေညာခဲ့သည်။
        ငွေကုန်ကြေးကျ သက်သာသည့် အဆိုပါ ပစ္စည်းလေးသည် ငယ်ရွယ်သော ကလေးငယ်များအတွက် စိတ်ကျေနပ်စရာ ခရစ္စမတ်
လက်ဆောင် ဖြစ်လာစေဖွယ် ရှိနေသည်။
        သိုလှောင်မှု ပမာဏကို 8GBသာ ထည့်သွင်းပေးထားသော်လည်း SD Card Slot ပါရှိခြင်းကြောင့် နောက်ထပ် 32GB ထပ်မံ မြှင့်တင်နိုင်မည်
 ဖြစ်သည်။ Carphone Warehouse၏ Tablet ကွန်ပျူတာသည် 1GHz Processor၊ 512MB RAMနှင့် 0.3megapixel အရည်အသွေးရှိ ရှေ့ဘက်
ကင်မရာတို့ ပါရှိလာသည်။ (၃၅၀)ဂရမ် အလေးချိန်စီးသော Tabletတွင် အဓိက OSအဖြစ် Android 4.2 Jelly Beanကို အသုံးပြုထားသည်။
ဘက်ထရီသည် တစ်ကြိမ်အားသွင်းပြီးလျှင် (၈)နာရီမျှ အသုံးခံမည်ဟု ကုမ္ပဏီက ဆိုသည်။
         Argos၏ MyTabletနှင့် Tesco၏ Hudlတို့သည် ရောင်းဈေး ပေါင်(၁၀၀)နှင့် (၁၁၉)ပေါင်တို့မှ အစပြုသော်လည်း Avoca 7၏ ဈေးနှုန်းသတ်
မှတ်ချက်မှာ အလွန်နည်းပါးသဖြင့် ငယ်ရွယ်သည့် ကလေးငယ်များအတွက် လက်ဆောင်အဖြစ် ဝယ်ယူပေးရန် မိဘများအတွက် ကောင်းမွန်သော
 ရွေးချယ်မှုလည်းဖြစ်လာနိုင်သည်။
         Carphone Warehouse၏ CEOဖြစ်သူ ဂရေဟမ် စတက်ပလီတန်က "Tablet ဈေးကွက်မှာ ဝယ်လိုအား (၃)ပုံ (၁)ပုံက ကလေးငယ်တွေ
အတွက် ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမဲ့ Tabletတွေ ဈေးကြီးနေတာက ကလေးတွေလက်ထဲ အမှန်တကယ်
ရောက်မသွားအောင် အတားအဆီးလို ဖြစ်နေခဲ့တယ်။ ဒီအတွက် Avoca 7က အဖြေကောင်းတစ်ခု ဖြစ်လာဖို့ မျှော်လင့်ပါတယ်"ဟု
ပြောကြားခဲ့သည်။ တန်ဖိုးနည်း Tabletဈေးကွက်တွင် Google၏ Nexus 7မှာ လက်ရှိ လူကြိုက်အများဆုံးအဖြစ် ယူဆနိုင်ပြီး ပေါင်စတာလင်
(၁၉၉)ဖြင့် စတင်ရောင်းချနေသည်။ Kindle၏ Fire HDX 7မှာလည်း Androidသုံး Tabletများအနက် ရွေးချယ်သင့်သည့် ထုတ်ကုန်တစ်ရပ်ဟု
 ယူဆနိုင်ပြီး Apple၏ iPad Miniမှာမူ အနိမ့်ဆုံး (၃၁၉)ပေါင်မျှ တန်ကြေးရှိကြောင်း သိရှိရသည်။

Planet Myanmar Network

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More