Monday, October 21, 2013
ထားထက်ထက်နှင့် မိုးစက်ဝိုင် People's Choice ဆုအတွက် ပထမနေရာတွင် ရပ်တည်နေ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် Miss Grand International ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်
ယှဉ်ပြိုင်နေသည့် အလှမယ် ထားထက်ထက်နှင့် ရုရှနိုင်ငံ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် Miss Universe 2013
 ပြိုင်ပွဲအတွက် သွားရောက်ယှဉ်ပြိုင်သည့် မိုးစက်ဝိုင်တို့ နှစ်ဦးစလုံးသည် အင်တာ နက်မှ မဲပေးရသည့် People's Choice
 ဆုအတွက် ပထမနေရာတွင် ရပ်တည်နေပြီဖြစ်သည်။
         Miss Universe ပြိုင်ပွဲတွင် People's Choice ဆုအတွက် ထားထက်ထက်က အောက်တိုဘာ ၂၀ ရက်တွင် မဲအရေ
အတွက် ၁၃၇၆၁၇ မဲဖြင့် ပထမနေရာတွင် ဦးဆောင်လျက်ရှိနေပြီး ဒုတိယနေရာတွင် နယူးဇီလန် အလှမယ်က ၉၆၁၁၄ မဲဖြင့်
ရပ်တည်နေသည်။ ယင်းအပြင် ရုရှနိုင်ငံ မော်စကိုတွင် ကျင်းပပြုလုပ်မည့် Miss Universe 2013 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်
 အောက်တိုဘာ ၂၀ တွင် မဲအရေအတွက် ၈၄၂၂၄ နှင့် ပထမနေရာ ရောက်ရှိသွားပြီဖြစ်ပြီး Missosology People's Choice Award,
 Miss Universe မှ ချီးမြှင့်မည့် People Choice Award ဆုများအတွက်လည်း မိုးစက်ဝိုင်က ပထမနေရာတွင် ရပ်တည်နေသည်။
Miss Grand International ပြိုင်ပွဲကို ဦးဆောင်ကျင်းပသည့်T-pageant website မှ မဲအရေအတွက် အများဆုံးနိုင်ငံကို
People's Choice Award အတွက် ဆုပေးမည်ဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့ မှစတင်ပြီး Miss Popular Vote အတွက်
တရားဝင် မဲပေးနိုင်မည် ဖြစ်သည်။
        အင်တာနက်မှပေးသည့် မဲအများဆုံးရရှိသည့် အလှမယ်သည် Miss Popular Vote ဆု ရရှိမည်ဖြစ်ပြီး ဆုကြေးအနေဖြင့်
အမေရိကန်ဒေါ်လာ ၃၀၀၀ ချီးမြှင့်မည် ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပပြုလုပ်မည့် Miss Grand International 2013
 ပြိုင်ပွဲသည် ယခုနှစ်တွင် ပထမဆုံး ကျင်းပသည့်ပွဲဖြစ်ပြီး နိုဝင်ဘာ ၃ ရက်မှ ၂၀ ရက်ထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။
Mizzima
0 ထင်မြင်ချက်ပေးရန်:
Twitter Delicious Facebook Digg Stumbleupon Favorites More