Saturday, October 26, 2013

အသက် ၁၈ လနှင့် မဂ္ဂဇင်း ဖတ်နိုင်သော စင်္ကာပူ ကလေးငယ် အိုင်ကျူ ၁၄၀ ရှိ

စင်္ကာပူမှ Kyler Lim အမည်ရ ကလေးငယ် တစ်ဦး ဖြစ်သူ သည် အသက် ၁၈ လ ကတည်းက မဂ္ဂဇင်းများ ကို ဖတ်ရှု နိုင်ပြီး အိုင်ကျူ
အဆင့် ၁၄၀ ရှိကြောင်း သိရသည်။ ယခု Kyler သည် ၂၀၁၂ ဇူလိုင် က အသက် ၄ နှစ်ရှိ သာ ရှိသေးပြီး ကျောင်း ပညာရေး ပြဌာန်း
စာအုပ် များကို ဖတ်ရှု လေ့လာနေ မှတ် သားနေပြီ ဖြစ်ကြောင်း သိရ သည်။
            အသက် ၁၈ လ သာ ရှိခဲ့စဉ် က သူသည် မဂ္ဂဇင်း ကို အသံ... ကျယ်လောင်စွာ နှင့် ဖတ်ခဲ့ရာ မိဘများ အံ့သြ ၍ ဥာဏ်ရည်
အဆင့် လေ့လာရေး သုတေသီ သို့ သွားရောက် စစ်ဆေး ခဲ့ရာ အိုင်ကျူ အဆင့် ၁၄၀ ရှိသည် ကို တွေ့ရှိ ခဲ့သည်။ သာမန် စင်္ကာပူ လူမျိုး
တစ်ဦး ၏ အိုင်ကျူ အဆင့် သည် ၁၀၃ သာ ရှိသဖြင့် ကလေးငယ် ကို ဥာဏ်ကြီးရှင် ဟု သတ်မှတ် ခဲ့သည်။
          အင်္ဂလိပ် စကားလုံး ဝေါဟာရ များ ကို သီးသန့် သင်ကြား ပေးစရာ မလိုပဲ သူ့အလိုလို တတ်မြောက် လျက် ရှိသည် ကို လည်း တွေ့ရ သည်။
 ထို့အပြင် စာ ကိုလည်း ဘယ်ရော၊ ညာပါ လက် နှစ်ဖက်လုံး နှင့် ကျွမ်းကျွမ်း ကျင် ကျင် ရေးတတ် သည် ကို လက် တွေ့ပြ ခဲ့သည်။
ယခု အခါ Kyler Lim သည် စင်္ကာပူ ဥာဏ်ရည်မြင့် သူများ အဖွဲ့ ( Mensa Singapore ) ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်လာ ပြီး ဗဟုသုတ စွယ်စုံကျမ်း များ၊
အလယ် တန်း သင်ရိုး ညွန်း စာပေ၊စာအုပ် များ ဖတ်ရှု လေ့လာ မှတ် သား နေပြီ ဖြစ်ကြောင်း သိရသည်။

အောင်ခမ်း ( ရိုးရာလေး )

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More