Saturday, October 26, 2013

Android ဖုန်းမဟုတ်သော်လည်း Android app သုံးနိုင်မည့် Jolla စမတ်ဖုန်း

Android, iOS, Blackberry, Windows Phone 8 တို့လောက်ပဲ မိုဘိုင်း OS လောကမှာ ရှိနေတာဟုတ်ပါဘူး။ Ubantu OS
ကလည်း Mobile ထဲ ဝင်လာသလို နောက်ထပ် Platfom တစ်ခု ဝင်လာပါတယ်။
Linux ကိုပဲ အခြေခံပြီး ရေးဆွဲထားတဲ့ မိုဘိုင်းဖုန်း OS တစ်မျိုး ဖြစ်ပြီး သူ့ကို Sailfish လို့ အမည်ပေး ထားပါတယ်။
 ဖင်လန်နိုင်ငံအခြေဆိုက်Jolla အမည်ရ ကုမ္မဏီက ဖုန်းရော၊ စမတ်ဖုန်းပါ တွဲထုတ်ခြင်း ဖြစ်ပါတယ်။ ဖုန်းကိုလည်း Jolla လို့ပဲ
အမည်ပေး ထးပါတယ်။ Nokia တို့ တစ်ချိန်တုန်းက Windows Phone OS ကို မထုတ်ခင် ဖန်တီးခဲ့ဖူးတဲ့ MeeGo OS ကိုမှ်
ပိုထူးခြားသွာစေတာမျိုးလောက်ပဲ နည်းပညာသမားတို့ ဝေဖန် ထားပါတယ်။ Sailfish က Android လိုပဲ Open Source ဖြစ်ပါတယ်။
 ကမ္ဘာတစ်ဝန်းက Developer Commuity များကို Welcome လုပ်ထားခြင်း ဖြစ်ပါတယ်။ အဓိက ထူးခြားချက်ကတော့ လက်ရှိ Android
OS platform က Application များကိုလည်း ရောနှော အသုံးပြုနိုင်မှုပါ။ ဒီတစ်ချက်ကြောင့် Android OS မှ Sailfish ကို Migrate လုပ်ဖို့
User တွေဝန်လေးတော့မှာ မဟုတ်ပါဘူး။
                  OS ပြီးတော့ ကင်မရာကတော့ ပထမဆုံး အလုံးမို့ Specification သိပ်အမြင့်နဲ့ ထုတ်မထားပါဘူး။ ၄.၅ လက်မ
960x540 resolution မျက်နှာပြင်ကို အသုံးပြုပြီး Processor က Dual-core Qualcomm Snapdragon 1.4 GHz ဖြစ်ပြီး RAM က 1GB ထဲပါ။
Storage က 16 GB ရှိပြီး MicrosoSD ကဒ်ထည့်နိုင်ပါသေးတယ်။ ကင်မရာက 8 megapixel Autofus ဖြစ်ပါတယ်။ LED flash ပါဝင်ပြီး ရှေ့ 
မှာလည်း 2MP ပါဝင်ပါသေးတယ်။ Jolla ဖုန်းတစ်လုံးဈေးနှုန်းက ဗြိတိန်ပေါင် ၃၃၇ ပါ။ အမေရိကန်ဒေါ်လာနဲ့တွက်ရင် ၅၄၀ ဒေါ်လာ ဝန်းကျင်ရှိပြီး
 မြန်မာကျပ် ၅ သိန်းဝန်းကျင်ပါ။ ဒီတော့ ဈေးအရ အနည်းငယ်များတဲ့အနေအထားတော့ ရှိပါတယ်။
Sailfish OS ပါဝင်တဲ့ Jolla စမတ်ဖုန်းများကို ၂၀၁၃ နှစ်ကုန်ပိုင်းအတွင်း စတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref:mashable
အောင်ခမ်း ( ရိုးရာလေး )

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More