Sunday, October 20, 2013

မိုးစက်ဝိုင်နဲ့မြန်မာစောင်း

မြန်မာနိုင်ငံကိုယ်စားပြု မယ်စင်္ကြာဝဠပြိုင်ပွဲဝင်ဖို့ ရုရှားနိုင်ငံ မော်စကို ကို ရောက်နေတဲ့ Miss Universe Myanmar 2013
သရဖူ ရှင် မိုးစက်ဝိုင်ဟာ လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ မြန်မာ့စောင်းနဲ့ အတူ ဓာတ်ပုံကို သူ့ ဖေ့စ်ဘုတ်မှာ တင်လိုက်ပါတယ်။

                                     ဓာတ်ပုံ- Miss Myanmar Universe
ရိုးရာ တူရိယာ စောင်းကို မြင်လိုက်တာနဲ့  မြန်မာဆိုတာ အလွယ်တကူသိနိုင်မှာဖြစ်ပါတယ်။
မြန်မာ့ တူရိယာ စောင်းကောက် ဆိုတာ တေးဂီတ သံစဉ်တွေကို ဖော်ကျူးဖို့ ပြုလုပ်ထားတဲ့ ကြိုးတပ် တူရိယာ တမျိုးပဲ ဖြစ်ပါတယ်။
“စောင်း”ဟာ မြန်မာတွေ အမြတ်တနိုး တန်ဖိုးထားတဲ့ မြန်မာ့ ဂီတ အနုပညာ တူရိယာ ပစ္စည်းလည်း ဖြစ် သလို ကြေး၊ ကြိုး၊ သားရေ၊
 လေ၊ လက်ခုပ် ဆိုတဲ့ ကမ္ဘာ့ ဂီတ တီးမှုတ်မှု အနုပညာ အနွယ်ဝင် တမျိုး လည်း ဖြစ်ပါတယ်။
မြန်မာ့တူရိယာစောင်း ဟာ နိုင်ငံတကာ ဆက်ဆံရေးမှာပါ ကြားခံပစ္စည်းတခု ဖြစ်လာတာ သတိထား မိပါတယ်။
ဒီအကြောင်း ဧရာဝတီ မြန်မာပိုင်းစာမျက်နှာမှာ ကိုစိုးရေးသားတင်ပြထားတဲ့ ထိုင်း-မြန်မာဆက်ဆံရေး နဲ့ မြန်မာ့စောင်း
 (http://burma.irrawaddy.org/opinion/viewpoint/2013/10/13/49423.html) ဆို တာမှာလည်း ဖတ်နိုင်ပါတယ်။
မိုးစက်ဝိုင်ကတော့ မယ်စင်္ကြာဝဠာပြိုင်ပွဲမှာ စောင်းတီးပြီး ပြိုင်ပွဲဝင်မယ့်အခန်းတခု ပါမယ်လို့ ပြောထား ဖူးပါတယ်။
*****************
အိမ့်သံစဉ် ~

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More