မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Tuesday, March 27, 2012

Vlc media player ဖြင့် Desktop ကို VIDEO နဲ့အလှပြင်ကြပါစို့

   Vlc media player လေးတစ်ခုရှိနေပြီးသားဆိုရင် Desktop ကို VIDEO တေးသီချင်း
တွေဖြင့် အလှပြင်နိုင်ပါပြီး မရှိသေးဘူးဆိုင်ရင်လည်း ကျွန်တော်တင်ပေးပြီးသားရှိနေလို့
ဒီမှာယူလိုက်ကြပါ ဒီနည်းလေးကိုတော့ ကျွန်တော် လုံးဝ တတ်လို့ရေးလိုက်တာ
မဟုတ်ပါဘူး တစ်နေ့ ကျွန်တော်ဆီကို သူငယ်ချင်းတစ်ယောက်ရောက်လာပြီးသင်ပြပေးခဲ့
တာပါဗျာ အွန်လှိုင်းပေါ်က မသိသေးတဲ့ မိတ်ဆွေများကို ကျွန်တော်ပြန်ရှယ်လိုက်တာပါ
အွန်လှိုင်းပေါ်ကစာမျက်နှာတွေမှာလည်း ရှိရင်လည်းရှိနေနိုင်ပါပြီး ရှိပြီးသားဆိုရင်လည်း
ကျွန်တော် copy ယူလာတာမဟုတ်ခဲ့ပါ အားလုံကိုနားလည်ပေးကြဖို့ တောင်းပန်ပါတယ်ဗျာ
    စကားကရှည်နေလို့ လိုတာမရောက်ဖြစ်ကုန်ပါပြီး Desktop ကို VIDEO နဲ့အလှပြင်လိုက်
ကြရအောင်ဗျာ Vlc media player လေးကို Click နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ
အခုမြင်နေရတဲ့ ပုံလို Tools ကိုနှိပ်ပြီး Preferences ကိုဝင်လိုက်ပါ အောက်ပါပုံမှာဆက်ကြည့်
လိုက်ပါအုံးနော်
အခုမြင်နေရတဲ့ပုံပါအတိုင်း Video ကိုရွေးလိုက်ပါ ဆက်ပြီး Default ဘေးနားက တြိဂံပုံလေးကို
နှိပ်ချလိုက်ပြီး Directx (DirectDraw) video output ကိုဆက်ရွေးလိုက်ပါ ပြီး Save လုပ်ခဲ့ပါ
အားလုံး OK သွားပြီးဆိုရင် မိမိဖွင့်ချင်တဲ့ Video တေးသီချင်းတစ်ပုဒ်ကို Vlc media player နဲ့
ဖွင့်လိုက်ပါ
အခုမြင်နေရတဲ့ ပုံလို Video ကို Click လိုက်ပြီး DirectX Wallpaper နှိပ်လိုက်ပါ
Vlc media player ကို Minimize လုပ်လိုက်ပါ ဒါဆိုရင် သူငယ်ချင်းတို့ အလွန်လှပတဲ့
Desktop လေးတစ်ကိုအောင်မြင်စွာပိုင်ဆိုင်နိုင်ပါပြီး အားလုံးအဆင်ပြေပိုင်ဆိုင်နိုင်ပါစေဗျာ.....

Sunday, March 18, 2012

Computer Memory အင်အားမြင့်တင်ခြင်း

  ကျွန်တော်တို့ ကွန်ပျူတာ Memory အလုပ်လုပ်တာတွေဟာတစ်ခါတစ်လေ
 နည်းနေတာတွေ့ရတတ်ပါတယ် ဒီတော့ ကွန်ပျူတာ Memory တွေကိုလိုတာ
ထက်နည်းနည်းလေးလောက်အင်အားမြင့်တင်ကြည့်ရအောင်ဗျာ သိပြီးသား
ဆိုတော့ ဆက်မဖတ်ပါနဲ့တော့ဗျာ မသိသေးတဲ့ သူငယ်ချင်းတွေ ဆိုတော့ အသိ
တစ်ခုရတာပေါ့ ဆက်ဖတ်လိုက်ကြပါနော် Window KEY + R KEY ကိုတွဲနှိပ်ပြီး
RUN BOX မှာ regedit ကိုရေးထည့်လိုက်ပါHKEY_LOCAL_MACHIE/
SYSTEM/CurrtentControlSet/Control / Session Manager
အဆင့်ဆင့်ဝင်ရောက်ပြီးတော့  Memory Management တွေလျှင်
Click နှစ်ချက်နှိပ်ပြီး ယာဘက်ဘေးမှာ Disable PagingExecutive
ကို Click နှစ်ချက်နှိပ်ပြီး ပေါ်လာတဲ့ BOX မှ Valu data: မှာ 1 လိုရေးထည့်ပြီး
OK လုပ်လိုက် စက်ကို Restart လုပ်ပေးလိုက်ပါ window ပြန်တက်လာရင် ပေါပါးစွာ
သုံးနိုင်မှာပါ
မရှင်းမှာစိုးလို့ ပုံရိပ်တွေကိုပါ ရိုတ်တင်လိုက်ပါတယ်ဗျာ အားလုံးပျော်ရွှင်သောနေ့လေးတွေကို
ပိုင်ဆိုင်နိုင်ကြပါစေ.....












Saturday, March 17, 2012

Winrar ဖိုင်းချူံ့ခြင်းအကြောင်း

    winrar ဖိုင်းချူံ့ခြင်းသည်ကျွန်တော်တို့ ဘလော့ဂါ သမားတွေ နှင့် ဝက်ဆိုဒ်သမားတွေ
အတွက် မိမိမှာစုထား သိမ်းထားတဲ့ ဆော့ဝဲလ်တွေ စာအုပ်တွေကို Size ကြီးကြီးကနေ
 Size သေးလုပ်ပြီး Download ဆိုဒ်တွေကမျှဝေပေးတဲ့အခါ အလွန်အသုံးဝင်သည့်
Software တစ်ခုပါ winrar ဖိုင်းချူံ့ခြင်းသည်ကား ကျွန်တော်သိသလောက် သုံးမျိုးရှိနေ
ပါတယ် နောက်လည်းရှိနေနိုင်ပါတယ် ကျွန်တော်သိသလောက် သုံးမျိုးကို အခုမသိသေးတဲ့
သူငယ်ချင်းမိတ်ဆွေကြီးများအတွက် တစ်မျိုးစီးကိုရှင်းပြပေးပါမယ် အခု winrar ဖိုင်းမချူံ့မည်
မိမိစက်မှာ winrar Software လေးတော့ရှိဖို့လိုနေပါတယ် မရှိသေးဘူးဆိုရင်တော့ ကျွန်တော်
တင်ပေးထားတာရှိပါတယ် ဒီမှာယူလိုက်ပြီး အလျှင် RUN ထားလိုက်ပါ ရှိနေပြီးပြီဆိုတော့ ပထမ
တစ်မျိုးကိုကျွန်တော်ရှင်းပြပေးပါမယ် 
အခုမြင်နေရတဲ့ ပုံလေးအတိုင် မိမိချုံ့ချင်တဲ့ ဖိုင်တစ်ခုကို
 Right Click လုပ်ပြီး Add to Archive ကိုနှိပ်လိုက်ပါ ပေါ်
လာတဲ့ BOX ကArchive name မှာကြိုက်ရာအမည်တစ်ခု
ကိုရေးထည့်နိုင်ပါတယ်မထည့်ရင်လည်းရပါတယ် လက်ရှိ
မိမိသုံးထားတဲ့ အမည်အတိုင်ရလာမှာပါ အားလုံးစိတ်တိုင်း
ကျဖြစ်ပြီးဆိုရင်OKလုပ်လိုက်ရင်ခဏစောင့်လိုက်တာနဲ့
winrar ဖိုင်းချူံ့ပြီးသားဖိုင်တစ်ခုရလာမှာပါနောက်တစ်မျိုး
ကတော့ ချူံ့လိုတဲ့ဖိုင်ကို သူများမသုံးစေချင်လိုဘဲဖြစ်ဖြစ်
 မိမိခွင်းပြုချက်ကိုရယူလို၍ဘဲဖြစ်ဖြစ် Password ပေးထားလို
ရပါတယ် ပထမအပေါ်ကလိုပါဘဲချုံ့
လိုတဲ့ဖိုင်တစ်ခုကို Right Click လုပ်ပြီး Add to Archiveကိုရွေးရမှာဖြစ်ပါတယ်
ယာဘက်ဘေးမှာပုံ(၁)လိုအမည်
ပေးပြီးရှင်းပြပေးလိုက်ပါတယ် ဆက်ပြီး
ဘယ်ဘက်အခုပုံပါလို BOX တက်လာမှာပါ Advanced ကိုရွေးရပါလိမ့်မည် ဆက်ပြီး Set Password ကိုရွေးလိုက်
ပါ ဘယ်ဘက်ပုံကိုဆက်ကြည့်လိုက်ပါအုံး
အခုမြင်နေရတဲ့ပုံမှာ Enter Password နေရာမှာ
မိမိထည်လို့တဲ့Password ကိုထည့်လိုက်ပါ
Reenter Password for verificationနေရာမှာ
လည်း Enter Password နေကထည့်ခါတာကိုဘဲ
ပြန်ထည့်ပေးရမှာပါ အားလုံးပြီးရင် OK လုပ်ပါ
ဆက်ပြီးတော့ အပေါ်ကပုံ (၁) လို BOX မှာ OK
လုပ်ပြီးခဏစောင့်ရင်winrar ဖိုင်းချူံ့ပြီးသားဖိုင်
တစ်ခုရလာမှာပါ ၄င်းဖိုင်ကိုဖွင့်ကြည့်လိုက်ပါ
Passwordဖြည့်ထည့်ဖို့အကြောင်းကိုပြော
ပြနေတာကိုတွေရပါလိမ့်မည် ဖွင့်လို
လျှင် ဖိုင်ချုံ့စဉ်ကဖြည့်ခဲ့တဲ့ Password ကိုထည့်ပြီး OK ပေါ့ဗျာ
ဒီလောက်ဆိုရင် ဒုတိယ နည်းကိုလည်း နားလည်းနိုင်မှာ နောက်ဆုံး နည်းကတော့ ဖိုင် Size ကြီးတွေကို ဖိုင်ခွဲနည်းဖြစ်ပါတယ် ဘာကြောင်းခွဲရသလဲလိုဆိုရလျှင်ကျွန်တော်တို့
ဖိုင်တွေ ဆော့ဝဲလ်တွေကို Upload ဆိုဒ်တွေမှာ Upload တင်တဲ့အခါ 200 MB ထက် ကျော်သွားလျှင်
လက်မခံတော့လို့ပါဗျာ ဒီတော့ကျွန်တော်တို့ ဖိုင် Size 400 MB ရှိနေပါက ခွဲချုံ့ရင်လိုအပ်ပါတယ်
ကဲခွဲချုံ့မယ်ဗျာ ပထမအပေါ်ကလိုပါဘဲချုံ့လိုတဲ့ဖိုင်တစ်ခုကို Right Click လုပ်ပြီး Add to Archive ကိုရွေးရမှာဖြစ်ပါတယ်
အခုမြင်နေရတဲ့ ပုံလို့ BOX ကျလာပါလိမ့်မည် General
ကိုရွေးပါSplit to volumes, bytes အောက်က BOX
 လေးနားက တြိဂံအမှတ်ကလေးကိုနှိပ်ပြီး
 Zip 100: 98078kb ကိုရွေးဖို့လိုအပ်ပါတယ်
 အားလုံးပြီးရင် OK လုပ်ပါ400 MB ရှိတဲ့ဖိုင်းကို
 ချုံ့ပါက ဖိုင် 4 ခုရလာပါလိမ့်မည့်ဒီလောက်ဆို
ရင်အားလုံးဘဲ Winrar ဖိုင်းချူံ့ခြင်းအကြောင်း
ကိုနားလိုက်ကြပါလိမ့်မယ်ဗျာ နောက်နေ့တွေမှာ
လည်းသိနိုင်သမျှ လေ့လာနိုင်သမျှတွေကို မျှဝေပေးပါမယ်ဗျာ

အားလုံးကိုခင်မင်လေ့စားလျှက် ကြိုးစားလျှက်ရှိနေပါကြောင်းကို
ဒီ Post လေးနဲ့ အသိပေးလိုက်ပါတယ်ဗျာ....

Monday, March 12, 2012

Crackerလမ်းညွှန် မြန်မာ E.BOOK

      ဒီတစ်ခါတော့ Cracker ဖြစ်ချင်တဲ့ သူများအတွက် Crackerလမ်းညွှန်
 မြန်မာ E.BOOK ကိုအခမဲ့ ပေးလိုက်ပါတယ်ဗျာ ဘယ်ဆရာရေးထားသလဲ
တော့မသိတော့ဘူးဗျာ စာအုပ်ပိုင်ရှင်း ဆရာတွေကိုလည်း ဒီ Post လေးနဲ့
ခွင်းပြုပါလို့တောင်းပန်းလိုက်ပါရစေဗျာ ဒီစာအုပ်ကိုလည်း ကျွန်တော်သူငယ်ချင်း
တစ်ယောက် လှိုင်းပေါ်ကနေ လှမ်းပေးလို့ ဆွဲထားလိုက်တာပါ အလိုရှိနေသူများ
အသုံးပြုလို့ရအောင် ပြန်တင်ပေးလိုက်တာပါဗျာ လိုချင်သူများလည်း အောက်က
လင့်မှာဘဲ ဆွဲသွားလိုက်ကြပါဗျာ
                                       DOWNLOAD
 

Lock all taskbar settings ကိုအသုံးပြုခွင်းပိတ်ထားခြင်း

  ကျွန်တော် အပေါ်ကခေါင်းစီးလေးကို မပြောမီ အတွေ့အကြုံလေးတစ်ခုပြောပြပါမယ်
ကျွန်တော်ကို အကိုတစ်ယောက်လိုခင်တဲ့ ညီငယ်လေးတစ်ယောက်အကြောင်းပေါ့
ဒီလိုဗျာ ဒီကောင်းလေးက ကွန်ပျူတာ သင်တန်းတက်ခဲ့ဖူးတယ်တဲ့ အခုကိုယ်ပိုင်လက်တော့
လေးတစ်လုံးဝယ်သုံးနေတယ် Window 7 ပေါ့ ကွန်ပျူတာအသစ်ကလေးကိုင်ခါစဆိုတော့
ဟိုကလိ ဒီကလိပေါ့ဗျာ ကျွန်တော်လည်း ဒီလို့ကလိ ခဲ့တယ်သိလား :P ... ပြဿနာတော့စပြီးဗျာ
Window  ပြဿနာ taskbar တွေအပေါ်ရောက်လိုက် ဘေးရောက်လိုက်နဲ့ ဒါနဲ့ကျွန်တော်ကိုအကူး
ညီတောင်းရော့ စေနာရှိရှိနဲ့ လွယ်လွယ်လေးမို့ လုပ်ပေးလိုက်ပါတယ် လာပြန်ပြီးဗျာ နောက်တစ်နေ့
လုပ်စမ်းပါအုံး အစ်ကိုရာတဲ့ ဘာလဲလို့ ကြည့်တော့ ဒီ taskbar ဘဲ ဒါနဲ့ မထူးတော့ဘူးဆိုပြီး ကျွန်တော်
လည်း လုပ်ပေးလိုက်ပါတယ် ဒီနေကစပြီး မလာတော့ဘူးဗျာ ဘာလုပ်လိုက်လဲသိလား
Lock all taskbar settings တစ်ခုလုံးကို Enabled လုပ်လိုက်တယ် မိတ်ဆွေတို့လည်း
လုပ်ကြည့်ချင်ရင်ဒီလို့လုပ်သိပြီးသားသူတွေကိုမပြောပါဘူးဗျာ Window KEY + R KEY /
 gedit.msc ရေးထည့်မယ်/ User Configuration / AdministrativeTemplates /
Start Menu and taskbar အဆင့်ဆင့်သွားပါမယ်Lock all taskbar settings
 တွေအောင်ရှာပြီး Click နှစ်ချက်နှိပ်ပြီး
Lock all taskbar settings BOX မှာ  Enabled ကိုရွေးပြီး Apply OK လုပ်လိုက်ပါ
 အားလုံးပြီးသွားရင်တော့taskbar  ပေါ်မှာ Right Click လုပ်ပြီး Properties
ကိုဝင်ကြည့်လိုက်ပါ Start Menu တစ်ခုကိုသာတွေရတော့မှာပါ taskbar တို့
Toolbars တို့ကိုတွေရတော့မှာမဟုတ်တော့ပါ ပြန်သုံးချင်ရင်တော့အပေါ်က
အတိုင်ပြန်သွားလိုက်ပါ Lock all taskbar settings BOX မှာ  Not Configured
 ကို ရွေးပြီး Apply OK လုပ်လိုက်ပါ အားလုံးအဆင်ပြေကြပါစေဗျာ...

Sunday, March 11, 2012

USBWriteProtect

    မိမိစက်ထဲမှ ဖိုင်းများကို USB Drive နဲ့လွယ်လွယ်ကူးယူမရနိုင်အောင်
 USBWriteProtectလေးနဲ့ တားမြစ်နိုင်ရင် ကျွန်တော်သူငယ်ချင်းများ
 ကိုဒီဆော့ဝဲလ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ ဒီဆော့ဝဲလ်လေးရဲ့
အားသာချက်ကတော့ စက်မလေးခြင်း Install လုပ်စရာမလိုခြင်း တို့ဖြစ်ပါတယ် 
ဆော့ဝဲလ် လေးကိုဒေါင်းယူလိုက်ပြီးမိမိစက်ထဲက တစ်နေရာမှာသိမ်းထားလိုက်ပြီး 
အသုံးပြုလို့သည့် အခါမှာ USBWriteProtect လေးကို Click နှစ်ချက်နှိပ်ပြီး
 အခုလို့ပုံလေးနဲ့ မြင်တွေ့ရလျှင် Enable Write Protect မှာအမှတ်လေးထားလိုက်ပြီး
Apply လုပ်လိုက်ရုံပါဘဲ USB Drive ထဲသို့ဖိုင်များကိုကူးထဲလိုက်တိုင်း
  အခုလိုပြပေးနေမှာပါ သူငယ်ချင်းအနေနဲ့ အလွယ်တစ်ကူ ကူးယူခွင်းကိုပေးထားချင်ရင်တော့
USBWriteProtect လေးကို Click နှစ်ချက်နှိပ်ပြီး Disable Write Protect မှာအမှတ်လေးထား
လိုက်ပြီး Apply ပြန်လုပ်လိုက်ပါ Close နဲ့ပြန်ထွက်လိုက်ပါ
ကဲ့ပါဗျာ ဒီနေ့တော့ ဒီလောက်ပါဘဲ အားလုံးလည်း အဆင်ပြေနိုင်ကြမှာပါ ဆော့ဝဲလ်လေးကိုတော့
အောက်မှာယူလိုက်ကြပါ 
                                     DOWNLOAD

Sunday, March 4, 2012

Window 7 တွင်း RUN အသုံးပြုခွင့်ကို ပိတ်ထားခြင်း

     Window တိုင်းတွင့် Start + R KEY ကိုတွဲနှိပ်ပြီး ပေါ်လာတဲ့ RUN BOX မှာ
စာရေးပြီး မိမိလိုရာကို အလွယ်တစ်ကူ ဝင်ရောက်ပြင်ဆင်နိုင်ဒါကို အားလုံး
သိကြမှာပါ မိမိအနေနဲ့ ဘာရေးလို့ ဘာဝင်လုပ်ရမှာကို မသိနိုင်ပေမယ့်
တကယ်တတ်ကျွမ်းသိနားလည်တဲ့ ကွန်ပျူတာ hacker တွေကဝင်ရောက်ပြင်
ဆင်သွားတတ်ပါတယ် မိမိကို စချင်နောက်ချင်လို့ဘဲဖြစ်ဖြစ် တကယ့်လုပ်ချင်လို
ဘဲဖြစ်ဖြစ် အသုံးပြုခွင့်ပိတ်ထားလိုသည့်နေရာများကို အလွယ်တစ်ကူဝင်မရောက်
နိုင်အောင် RUN ကိုပိတ်ထားလိုက်ရုံဖြင့် အချိန်ကို နှေးစေနိုင်မှာပါ တကယ့်ဟတ်ချင်
ရင်တော့ RUN ကိုပိတ်ထားလိုက်ရုံနဲ့ မရနိုင်ပါ ဝင်ရောက်နိုင်တဲ့ တခြားနည်းတွေလည်း
ရှိနေပါသေးတယ် တစ်ခြားနည်းတွေကိုလည်း အသုံးပြုမရနိုင်အောင် ပိတ်ထားမယ့်
နည်းလမ်းတွေကိုတော့ ဖြေးဖြေး လေ့လာကြရအောင်ဗျာ ကျွန်တော်လည်း လေ့လာ
တုန်းပါ ဒီ Post ကိုလည်း တတ်ကျွမ်းလို့ ရေးတာမဟုတ်ပါကြောင့် ကျွန်တော်လေ့လာမိ
သမျှကို အများသော မိတ်ဆွေများ ကျွန်တော်နဲ့ အတူမသိနားမလည်းသေးတဲ့ မိတ်ဆွေ
များသို့ ဝေမျှရခြင်း စေတနာ တစ်ခုတည်းပါလို့ အားလုံးသောမိတ်ဆွေများနားလည်းကြပါ
လို့ပြောချင်ပါတယ် မှားတာရှိရင်လည်း တောင်းပန်ပါတယ် သိတာတွေရှိရင်လည်း ပြန်လေ
မျှပေးကြပါလို့ တောင်းဆိုပါတယ်ဗျာ
     ကဲ့..ကဲ့ စကားရှည်နေလို့ လိုရာမရောက်ဖြစ်နေပါပြီး အခု RUN BOX ကိုပိတ်ထားမယ့်
နေရာကို သွားလိုက်ကြရအောင်  အခုတော့ ကျွန်တော်တို့ Run ကိုမပိတ်သေးတဲ့ အတွက်
Start + R KEY ကိုတွဲနှိပ်ပြီး ပေါ်လာတဲ့ RUN BOX မှာဘဲ gpedit.msc လိုရေးပြီး
Local Grup Policy Editor သိုဝင်လိုက်ပါ Local Grup Policy Editor ရောက်ပြီးဆိုလျှင်
User Configuration / Administrative Templates / Start Menu and Taskbar
အတိုင်းအဆင့်ဆင့်ဝင်ရောက်ပြီးလျှင်
အခုပြထားတဲ့ ပုံပါအတိုင် Remove Run menu from Start menu. ကို Click လိုက်ပါ
အခုမြင်နေရတဲ့ ပုံမှာမြှားပြထားတဲ့နေရာကလို့ Enabled မှာအမှတ်ထားခဲ့ပြီး Apply OK
လုပ်ပြီး ထွက်လိုက်ပါ အခုလုပ်လိုက်တာ အောင်မြင်လားဆိုတာသိချင်ရင် RUN ကိုပြန်ခေါ်
ကြည့်လိုက်ပါဗျာ အောင်မြင်တယ်ဆိုရင်တော့ ခေါ်လို့ရမျာ မဟုတ်တော့ပါ
   တကယ်လို့ မိတ်ဆွေရယ်  Run BOX ကိုပြန်သုံးချင်ရင်တော့ C:/ Windows /System32
/gpedit အဆင့်ဆင့် ဝင်ရောက်ပြီး  User Configuration / Administrative Templates /
 Start Menu and Taskbar ကိုပြန် Click ပါ Not Configurd ကိုပြန်အမှတ်လုပ်ပြီး
Apply OK လုပ်လိုက်ရုံပါဘဲဗျာ အားးလုံးအဆင်ပြေကြပါစေဗျာ ....

Thursday, March 1, 2012

Trun off Unused Window 7 Features ကိုလေ့လာကြည့်ခြင်း

     ဒီနေ့အလုပ်နည်းနည်း အားနေလို့ ပျင်းပျင်းနဲ့ ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားလိုက်ပါတယ်
ကွန်ပျူတာ အကြောင်းလေးတစ်ခု သတိရလို့ အပေါ်ကခေါင်းစီးလေးကို ကျွန်တော်နဲ့ အတူလေ့လာ
ကြည့်ကြမယ်ဗျာ မသိသေးတဲ့ သူငယ်ချင်းများကိုပြောတာပါနော် သိပြီးသားသူတွေကို ပြောဒါမဟုတ်ပါဘူးဗျာ
          လိုရင်းမရောက် တစ်ခုလောက်ကြိုပြောပြပါအုံးမယ် အခုကျွန်တော်ပြောပြမယ့် အကြောင်အရာလေးဟာ
Window 7 ကိုအရှိန်မြင့်ရန် အတွက် လုပ်ဆောင်နည်းလည်းတစ်ခု ဖြစ်နေပါတယ် စိတ်ဝင်စားရင်  လုပ်ကြည့်ကြရအောင်ဗျာ အောက်မှာကျွန်တော်လမ်းညွှန်းပေးထားတဲ့
             Control Panel မှတဆင့် Programs ကိုသွားလိုက်ပါ မရှင်းမှာစိုးလို့ အောက်မှာပုံရိုက်ပြီးပြလိုက်ပါမယ်




   အခုလိုပုံလေးတွေလာပြီဆိုရင် ကျွန်တော် မြှားပြထားတဲ့ Turn Windows features on or off ကိုဆက်ပြီးနှိပ်ပါမယ်



         အခုမြင်နေရတဲ့ Windows Features BOX တစ်ခုထက်ကျလာပါမယ် အခုကျွန်တော်မြှားပြပေးလိုက်တဲ့ BOX ထဲက
အမှတ်လေးတွေကို ပျက်လိုက်ပါ OK လုပ်ပြီးခဏစောင့်ပေးလိုက်ပါ ဒါပေမယ့် တစ်တော့သတိထားပါ
 အမှတ်ပျက်လိုက်တဲ့ ဖိုင်တွေဟာ အသုံးပြုလို့မရနိုင်တော့ပါ ပြန်သုံးချင်ရင်တော့ အမှတ်တွေပြင်လုပ်ပေးလိုပါဗျာ ပြီးရင်OK လုပ်ပြီးခဏစောင့်ပေးရပါမယ် ကျွန်တော်အနေနဲ့ အကြံပေးချင်းဒါကတော့ အားလုံးကို အမှတ်ပျက်လိုက်မယ့်အစားကိုမလိုအပ်တာကို ဘဲပျက်ကြပါလို့ ကြံပေးချင်ပါတယ်ဗျာ အပေါ်ပုံလေးမှာ ကျွန်တော် မြှားပြပေးထားတဲ့ Games ဖိုင်းလေးကိုအလျှင်အစမ်းလုပ်ကြည့်ကြပါ မိတ်ဆွေ စက်မှာ Game ဆော့လို့ရမှာ
မဟုတ်ပါဘူးဗျာ  ဒီနေ့တော့ ဒီလောက်နဲ့ အဆင်ပြေအောင်စမ်းကြည့်ပါနော် အဆင်ပြေကြပါစေဗျာ
         

Twitter Delicious Facebook Digg Stumbleupon Favorites More