Saturday, March 17, 2012

Winrar ဖိုင်းချူံ့ခြင်းအကြောင်း

    winrar ဖိုင်းချူံ့ခြင်းသည်ကျွန်တော်တို့ ဘလော့ဂါ သမားတွေ နှင့် ဝက်ဆိုဒ်သမားတွေ
အတွက် မိမိမှာစုထား သိမ်းထားတဲ့ ဆော့ဝဲလ်တွေ စာအုပ်တွေကို Size ကြီးကြီးကနေ
 Size သေးလုပ်ပြီး Download ဆိုဒ်တွေကမျှဝေပေးတဲ့အခါ အလွန်အသုံးဝင်သည့်
Software တစ်ခုပါ winrar ဖိုင်းချူံ့ခြင်းသည်ကား ကျွန်တော်သိသလောက် သုံးမျိုးရှိနေ
ပါတယ် နောက်လည်းရှိနေနိုင်ပါတယ် ကျွန်တော်သိသလောက် သုံးမျိုးကို အခုမသိသေးတဲ့
သူငယ်ချင်းမိတ်ဆွေကြီးများအတွက် တစ်မျိုးစီးကိုရှင်းပြပေးပါမယ် အခု winrar ဖိုင်းမချူံ့မည်
မိမိစက်မှာ winrar Software လေးတော့ရှိဖို့လိုနေပါတယ် မရှိသေးဘူးဆိုရင်တော့ ကျွန်တော်
တင်ပေးထားတာရှိပါတယ် ဒီမှာယူလိုက်ပြီး အလျှင် RUN ထားလိုက်ပါ ရှိနေပြီးပြီဆိုတော့ ပထမ
တစ်မျိုးကိုကျွန်တော်ရှင်းပြပေးပါမယ် 

အခုမြင်နေရတဲ့ ပုံလေးအတိုင် မိမိချုံ့ချင်တဲ့ ဖိုင်တစ်ခုကို
 Right Click လုပ်ပြီး Add to Archive ကိုနှိပ်လိုက်ပါ ပေါ်
လာတဲ့ BOX ကArchive name မှာကြိုက်ရာအမည်တစ်ခု
ကိုရေးထည့်နိုင်ပါတယ်မထည့်ရင်လည်းရပါတယ် လက်ရှိ
မိမိသုံးထားတဲ့ အမည်အတိုင်ရလာမှာပါ အားလုံးစိတ်တိုင်း
ကျဖြစ်ပြီးဆိုရင်OKလုပ်လိုက်ရင်ခဏစောင့်လိုက်တာနဲ့
winrar ဖိုင်းချူံ့ပြီးသားဖိုင်တစ်ခုရလာမှာပါနောက်တစ်မျိုး
ကတော့ ချူံ့လိုတဲ့ဖိုင်ကို သူများမသုံးစေချင်လိုဘဲဖြစ်ဖြစ်
 မိမိခွင်းပြုချက်ကိုရယူလို၍ဘဲဖြစ်ဖြစ် Password ပေးထားလို
ရပါတယ် ပထမအပေါ်ကလိုပါဘဲချုံ့
လိုတဲ့ဖိုင်တစ်ခုကို Right Click လုပ်ပြီး Add to Archiveကိုရွေးရမှာဖြစ်ပါတယ်
ယာဘက်ဘေးမှာပုံ(၁)လိုအမည်
ပေးပြီးရှင်းပြပေးလိုက်ပါတယ် ဆက်ပြီး
ဘယ်ဘက်အခုပုံပါလို BOX တက်လာမှာပါ Advanced ကိုရွေးရပါလိမ့်မည် ဆက်ပြီး Set Password ကိုရွေးလိုက်
ပါ ဘယ်ဘက်ပုံကိုဆက်ကြည့်လိုက်ပါအုံး
အခုမြင်နေရတဲ့ပုံမှာ Enter Password နေရာမှာ
မိမိထည်လို့တဲ့Password ကိုထည့်လိုက်ပါ
Reenter Password for verificationနေရာမှာ
လည်း Enter Password နေကထည့်ခါတာကိုဘဲ
ပြန်ထည့်ပေးရမှာပါ အားလုံးပြီးရင် OK လုပ်ပါ
ဆက်ပြီးတော့ အပေါ်ကပုံ (၁) လို BOX မှာ OK
လုပ်ပြီးခဏစောင့်ရင်winrar ဖိုင်းချူံ့ပြီးသားဖိုင်
တစ်ခုရလာမှာပါ ၄င်းဖိုင်ကိုဖွင့်ကြည့်လိုက်ပါ
Passwordဖြည့်ထည့်ဖို့အကြောင်းကိုပြော
ပြနေတာကိုတွေရပါလိမ့်မည် ဖွင့်လို
လျှင် ဖိုင်ချုံ့စဉ်ကဖြည့်ခဲ့တဲ့ Password ကိုထည့်ပြီး OK ပေါ့ဗျာ
ဒီလောက်ဆိုရင် ဒုတိယ နည်းကိုလည်း နားလည်းနိုင်မှာ နောက်ဆုံး နည်းကတော့ ဖိုင် Size ကြီးတွေကို ဖိုင်ခွဲနည်းဖြစ်ပါတယ် ဘာကြောင်းခွဲရသလဲလိုဆိုရလျှင်ကျွန်တော်တို့
ဖိုင်တွေ ဆော့ဝဲလ်တွေကို Upload ဆိုဒ်တွေမှာ Upload တင်တဲ့အခါ 200 MB ထက် ကျော်သွားလျှင်
လက်မခံတော့လို့ပါဗျာ ဒီတော့ကျွန်တော်တို့ ဖိုင် Size 400 MB ရှိနေပါက ခွဲချုံ့ရင်လိုအပ်ပါတယ်
ကဲခွဲချုံ့မယ်ဗျာ ပထမအပေါ်ကလိုပါဘဲချုံ့လိုတဲ့ဖိုင်တစ်ခုကို Right Click လုပ်ပြီး Add to Archive ကိုရွေးရမှာဖြစ်ပါတယ်
အခုမြင်နေရတဲ့ ပုံလို့ BOX ကျလာပါလိမ့်မည် General
ကိုရွေးပါSplit to volumes, bytes အောက်က BOX
 လေးနားက တြိဂံအမှတ်ကလေးကိုနှိပ်ပြီး
 Zip 100: 98078kb ကိုရွေးဖို့လိုအပ်ပါတယ်
 အားလုံးပြီးရင် OK လုပ်ပါ400 MB ရှိတဲ့ဖိုင်းကို
 ချုံ့ပါက ဖိုင် 4 ခုရလာပါလိမ့်မည့်ဒီလောက်ဆို
ရင်အားလုံးဘဲ Winrar ဖိုင်းချူံ့ခြင်းအကြောင်း
ကိုနားလိုက်ကြပါလိမ့်မယ်ဗျာ နောက်နေ့တွေမှာ
လည်းသိနိုင်သမျှ လေ့လာနိုင်သမျှတွေကို မျှဝေပေးပါမယ်ဗျာ

အားလုံးကိုခင်မင်လေ့စားလျှက် ကြိုးစားလျှက်ရှိနေပါကြောင်းကို
ဒီ Post လေးနဲ့ အသိပေးလိုက်ပါတယ်ဗျာ....

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More