Tuesday, March 27, 2012

Vlc media player ဖြင့် Desktop ကို VIDEO နဲ့အလှပြင်ကြပါစို့

   Vlc media player လေးတစ်ခုရှိနေပြီးသားဆိုရင် Desktop ကို VIDEO တေးသီချင်း
တွေဖြင့် အလှပြင်နိုင်ပါပြီး မရှိသေးဘူးဆိုင်ရင်လည်း ကျွန်တော်တင်ပေးပြီးသားရှိနေလို့
ဒီမှာယူလိုက်ကြပါ ဒီနည်းလေးကိုတော့ ကျွန်တော် လုံးဝ တတ်လို့ရေးလိုက်တာ
မဟုတ်ပါဘူး တစ်နေ့ ကျွန်တော်ဆီကို သူငယ်ချင်းတစ်ယောက်ရောက်လာပြီးသင်ပြပေးခဲ့
တာပါဗျာ အွန်လှိုင်းပေါ်က မသိသေးတဲ့ မိတ်ဆွေများကို ကျွန်တော်ပြန်ရှယ်လိုက်တာပါ
အွန်လှိုင်းပေါ်ကစာမျက်နှာတွေမှာလည်း ရှိရင်လည်းရှိနေနိုင်ပါပြီး ရှိပြီးသားဆိုရင်လည်း
ကျွန်တော် copy ယူလာတာမဟုတ်ခဲ့ပါ အားလုံကိုနားလည်ပေးကြဖို့ တောင်းပန်ပါတယ်ဗျာ
    စကားကရှည်နေလို့ လိုတာမရောက်ဖြစ်ကုန်ပါပြီး Desktop ကို VIDEO နဲ့အလှပြင်လိုက်
ကြရအောင်ဗျာ Vlc media player လေးကို Click နှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ

အခုမြင်နေရတဲ့ ပုံလို Tools ကိုနှိပ်ပြီး Preferences ကိုဝင်လိုက်ပါ အောက်ပါပုံမှာဆက်ကြည့်
လိုက်ပါအုံးနော်
အခုမြင်နေရတဲ့ပုံပါအတိုင်း Video ကိုရွေးလိုက်ပါ ဆက်ပြီး Default ဘေးနားက တြိဂံပုံလေးကို
နှိပ်ချလိုက်ပြီး Directx (DirectDraw) video output ကိုဆက်ရွေးလိုက်ပါ ပြီး Save လုပ်ခဲ့ပါ
အားလုံး OK သွားပြီးဆိုရင် မိမိဖွင့်ချင်တဲ့ Video တေးသီချင်းတစ်ပုဒ်ကို Vlc media player နဲ့
ဖွင့်လိုက်ပါ
အခုမြင်နေရတဲ့ ပုံလို Video ကို Click လိုက်ပြီး DirectX Wallpaper နှိပ်လိုက်ပါ
Vlc media player ကို Minimize လုပ်လိုက်ပါ ဒါဆိုရင် သူငယ်ချင်းတို့ အလွန်လှပတဲ့
Desktop လေးတစ်ကိုအောင်မြင်စွာပိုင်ဆိုင်နိုင်ပါပြီး အားလုံးအဆင်ပြေပိုင်ဆိုင်နိုင်ပါစေဗျာ.....

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More