မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ
ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...
WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်
Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး
မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...
အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။
Windows 7 Manager v 4.3.2 For Win 7 (13MB)
Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ
သင့်ဖုန်းအတွက် ANDROID APPS များ...
သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.
I T သတင်းများ အားရသမျှ သင်သိစေရန်...
သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...
ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ
သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........
Showing posts with label နေ့စဉ်မြန်မာသတင်းများ. Show all posts
Showing posts with label နေ့စဉ်မြန်မာသတင်းများ. Show all posts
Wednesday, December 31, 2014
၂၀၁၅ နိုဝင်ဘာ လဆန်းပိုင်မှာ အထွေထွေရွေးကောက်ပွဲကျင့်ပမည်
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ရက်အတိအကျ မပါဘဲ အောက်တိုဘာလကုန် နိုဝင်ဘာလ ဆန်းတွင် ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဇန်န၀ါရီ ၁ ရက် ဒီနေ့မှာ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။
မဲပေးရမယ့် မဲဆန္ဒရှင် စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်က ပြုစုနေပြီး နိုင်ငံသားတိုင်း မဲပေးရွေးကောက် တင်မြှောက်ခွင့်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အဲဒီ အခွင့်အရေး မဆုံးရှုံးဖို့ မဲစာရင်းမှာ ပါဝင်လိုကြောင်းနဲ့ မဲပေးနိုင်ရေးအတွက် မဲစာရင်း ကြေညာတဲ့အခါ သွားရောက်ကြည့်ရှုဖို့လည်း တိုက်တွန်းထားပါတယ်။
BY: DVB
Saturday, December 13, 2014
ဗုဒ္ဓဘား ဖမ်းဆီးခံ နယူးဇီလန်နိုင်ငံသားအမှုလိုက်ရန် ရှေ့နေများ ငြင်းပယ်
         ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာဖွင့်လှစ်ထားတဲ့ V Grastro.bar, 
Buddha.bar ပါတီပွဲကြော်ငြာကြောင့် သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ နယူးဇီလန်နိုင်ငံသား
 Mr. Philip အတွက် ကမ်းလှမ်းခဲ့တဲ့ ရှေ့နေ ၄ ဦး အမှုလိုက်ဖို့ ငြင်းဆိုခဲ့ပါတယ်။
          ဒီအမှုဟာ အရမ်းကို ထိခိုက်မခံတဲ့ ကိစ္စဖြစ်တာကြောင့် အခုလို ငြင်းပယ်ခဲ့တာ ဖြစ်တယ်လို့ ဖိလစ် 
မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ရန်ကုန်မှာ ရှိတဲ့ ထင်ရှားတဲ့ ရှေ့နေတဦးကို ချဉ်းကပ်ခဲ့ရာမှာ ကနဦး
လက်ခံထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမှုကို လိုက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ သူက ပြောပါတယ်။
         “ကြာသပတေးနေ့ ညမှာ အမှုလိုက်ဖို့ ရှေ့နေက သဘောတူခဲ့ပါတယ်၊ ဒါပေမယ့် သောကြာနေ့ မနက်မှာ
တော့ အရေးပေါ် တွေ့ဖို့ ခေါ်ပါတယ်။ အရမ်းကို ထိခိုက်လွယ်တဲ့ ကိစ္စဖြစ်တဲ့အတွက် မပါသင့်ဘူးလို့ ရဲက ပြောတဲ့
အတွက် အမှုကို မလိုက်နိုင်တဲ့အကြောင်း သူက ပြောပါတယ်” လို့ ဖိလစ်မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
         ဒီမတိုင်ခင်ကလည်း ရှေ့နေ ၃ ဦးက အမှုလိုက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အသက် 
၃၂ နှစ် ဖိလစ်ကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပြီး တခြား ထိန်းသိမ်းထားတဲ့ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ 
ထွဋ်ကိုကိုလွင်တို့နဲ့ သီးသန့် ထားထားသလို တဦးတယောက်နဲ့မှတွေ့ခွင့်မပေးဘူးလို့လည်း မိသားစုနဲ့ နီးစပ်သူက 
ပြောပါတယ်။ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာဖွင့်လှစ်ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲကြော်ငြာ
မှာ ဗုဒ္ဓရုပ်ပွားတော်ရဲ့နားတော်မှာ နားကျပ်တပ်ဆင်ထားတဲ့သဏ္ဌာန်ဒီဇိုင်းပြုလုပ်ပြီး ပါတီပွဲကြော်ငြာတဲ့အတွက်  
သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားပါတယ်။
By ဒီဗွီဘီ
ထားဝယ်-ရန်ကုန် ခရီးသည်တင်ကား ဓားပြတိုက်ခံရ၊ ကေအန်ယူတပ်သား ၂ ဦးသေဆုံး
By နော်နိုရင်း (ဒီဗွီဘီ)
      တနင်္သာရီတိုင်း ထားဝယ်မြို့ကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့ အောင်ရတနာ မှန်လုံခရီးသည် 
၎စ/၇၄၉၆ တင်ကားဟာ မိုင်တိုင် ၇၉ မလွှဲတောင် ရောက်ရှိချိန်မှာ ဓားပြတိုက်ခံ ခဲ့ရပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ  ၆ နာရီခွဲမှာ အခင်းဖြစ်ပွား ခဲ့တာ ဖြစ်ပြီး ခရီးသည်တင်ကား ဓားပြတိုက်
ခံရစဉ် ကေအန်ယူ တပ်မဟာ ၄ တပ်ရင်း ၁၀ ရဲ့ ဒု-တပ်ခွဲမှူး ဗိုလ်ခင်ဝင်းနဲ့ သူတပည့်တဦး ကားနဲ့ အဲဒီ
နေရာကို ရောက်ရှိလာခဲ့တာပါ။ ကားရပ်ဖို့ ဓားပြအဖွဲ့ကပြောဆိုပြီး သူတို့ ကားပေါ်ကနေ ဆင်းတဲ့အချိန်
မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာလို့ ကေအန်ယူ-မြိတ်ထားဝယ် ခရိုင်တွဲဘက် အတွင်းရေးမှူး ပဒိုစောအယ်
နာက ဒီဗွီဘီကို ပြောပါတယ်။
          “ဗိုလ်ခင်ဝင်းနဲ့ သူတပည့်တယောက်က ကားတစီးနဲ့ အဲဒီကို ရောက်လာတော့ ဓားပြက ခေါ်ပြီး 
ဆင်းခိုင်းတယ်။ သူတို့ကတော့ ဓားပြတိုက်ခံရမှန်း မသိဘူး။ ဆင်းတော့ ဓားပြတွေက သူ့ကိုပစ်တာပေါ့။ 
သူ့တပည့်တယောက်က ထွက်ပြေးတော့ အနောက်ကနေ လှမ်းပစ်ခံရလို့ ဆုံးသွားတယ်။ ”
        ဗိုလ်ခင်ဝင်း ကတော့ သေနတ်နဲ့ပစ်ခံရပြီး ချက်ချင်းမဆုံးသေးဘဲ နောက်မှ သူ့သူငယ်ချင်း တယောက်
က သူ့ ကို ရေးဆေးရုံကို သွားပို့ချိန် လမ်းမှာဆုံးသွားတာလို့ ပြောပါတယ်။ အစိုးရတာဝန်ရှိသူတွေရဲ့ စစ်ဆေး
ချက်အရ ဓားပြတိုက်သူတွေဟာ ၁၀ ဦးလောက်ရှိပြီး အဲဒီဒေသမှာ အရင်တုန်းက ဓားပြတွေ ရှိဖူးတယ်လို့ 
ပြောဆိုကြောင်း ပဒိုအယ်နာက ပြောပါတယ်။
          ဒီကိစ္စနဲ့ပတ်သက်ပြီး ထားဝယ်မြို့ အောင်ရတနာ အဝေးပြေးကားဂိတ်နဲ့ ထားဝယ်ခရိုင် ရဲတပ်ဖွဲ့ကို
 မေးမြန်းရာမှာတော့ အခင်းဖြစ်ပွားတာ မှန်ကန်ကြောင်း အတည်ပြု ပြောဆိုကြပေမယ့် အသေးစိတ် ပြော
ဆိုတာ မရှိပါဘူး။
Monday, December 1, 2014
ခရီးသည်တင် ဘတ်စ်ကားများအတွက် မြို့တွင်း၌ သီးသန့်ယာဉ်ကြော သတ်မှတ်
BY: 7daydaily
      မြို့တွင်းခရီးသည်တင် ဘတ်စ်ကားများ သီးသန့်ပြေးဆွဲ နိုင်ရန် ကွန်ကရစ်တုံးများ ကာရံမှု 
ကို မြို့တွင်း ခြောက်မြို့နယ်တွင် စတင် လုပ်ဆောင်နေပြီဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင် 
သာယာရေးကော်မတီမှ သတင်း ရရှိသည်။
            ကွန်ကရစ်တုံးများ စတင် ကာရံမှုကို နိုဝင်ဘာ ၂၉ ရက်က စ၍ မဟာဗန္ဓုလလမ်းမ၊ ဗိုလ်ချုပ် 
လမ်းမနှင့် အနော်ရထာလမ်းမ ကြီးတို့တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါကွန်ကရစ်တုံးများ မကာရံ
မီက မျဉ်းဝါများဆွဲခြင်းကို နိုဝင်ဘာ နောက်ဆုံးပတ်က စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
          ကွန်ကရစ်တုံးများကို လမ်း ၏ ညာဘက်မျဉ်းဝါတစ်လျှောက် ဘတ်စ်ကား မှတ်တိုင်များရှိရာ 
ဘက်တွင် ချထားပေးခြင်းဖြစ်၍ယခုကာလမှာ စမ်းသပ်ကာလ ဖြစ်ပြီး အချိန်ကာလကိုမူ အ တည်ပြု 
ထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။
         လက်ရှိတွင် အဆိုပါကွန်ကရစ်တုံးများ ကာရံထားသည့် လမ်း ကြောင်းတွင် ခရီးသည်တင်ဘတ်စ်
ကားများကို ပြေးဆွဲခွင့်ပေးမည် ဖြစ်ပြီး နောက်ပိုင်းတွင် BRT စနစ် ဖြင့် ပြေးဆွဲမည့် ဘတ်စ်ကားများ ကိုပါ 
ယင်းလမ်းကြောင်းတွင် ပြေး ဆွဲရန် စီစဉ်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လမ်းပန်း
ဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ခင်က ပြောသည်။
            ကွန်ကရစ်တုံးများ ကာရံ ထားသောကြောင့် ယာဉ်စက်ချို့ ယွင်းလျှင် ဖြစ်လာနိုင်သော အ ခက်
အခဲများကို ဖြေရှင်းရန် လမ်းနံဘေးတွင် ကားပါကင်အချို့ကို ဖျက်သိမ်း၍ ချို့ယွင်းသွားသောကားထားနိုင်
သည့် နေရာများကိုလည်း စီစဉ်သွားမည်ဖြစ်သည်။ ယင်းဘတ်စ်ကား သီးသန့် ယာဉ်ကြော အတွင်းသို့ အခြား
 ယာဉ်များ ၀င်ရောက်မောင်းနှင်ပါ က စည်ပင်သာယာဥပဒေဖြင့် အ ရေးယူမည်ဖြစ်ပြီး အနိမ့်ဆုံးဒဏ်ငွေ 
ကျပ်တစ်သောင်းမှ ကျပ်သုံးသိန်းထိ ချမှတ်နိုင်သည့်အပြင် ထောင်ဒဏ် သုံးလအထိပါ ချမှတ်နိုင်ကြောင်း 
သိရသည်။
              သို့သော် ယခုစနစ်အပေါ် ဘတ်စ်ကားယာဉ်မောင်းများက ကြိုက်နှစ်သက်မှု နည်းပါးနေပြီး တန်းစီ၍ 
မောင်းရမည့် စနစ်ဖြစ် သောကြောင့် နှောင့်နှေးနိုင်ကြောင်း ယာဉ်မောင်းအချို့က ပြောသည်။ စည်းကမ်းဖောက်
ဖျက်သည့် ကားများထဲတွင် ဘတ်စ်ကားများက အများဆုံးဖြစ်ပြီး ကွန်ကရစ်တုံးများ မချသင့်ဘဲ ယာဉ် ထိန်းက
သာ အ၀ါစည်းကို ကျော် ၍ မောင်းနှင်ပါက ဖမ်းဆီးခြင်းပြု လုပ်သင့်ကြောင်း ယခုကဲ့သို့ ပြု လုပ်ခြင်းသည် အိမ်စီး
ကားများအ တွက် လမ်းကြောကျဉ်းသွားပြီး ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်နိုင် ကြောင်း ကမာရွတ်မြို့နယ်မှ အငှား
ယာဉ်မောင်းဦးတင် ကိုကိုလေးက ပြောသည်။
            ‘‘ဘတ်စ်ကားတွေ သွားဖို့ သီး သန့်လမ်းကြောင်းတစ်ခုဖြစ်လာ တာ ကျွန်တော်တို့ယာဉ်လိုင်းပိုင် ရှင်တွေ
အနေနဲ့တော့ ကြိုဆိုပါ တယ်။ အထိုက်အလျောက်ကာ လအတွင်းမှာတော့ အဆင်မပြေ တာတွေရှိနိုင်တယ်’’ဟု ၄၈ 
အထူး ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေး က ပြောသည်။
         လက်ရှိတွင် အဆိုပါကွန်က ရစ်တုံးများ စတင်ကာရံထားသည့်လမ်းကြောင်း၌ ယာဉ်နောက် လိုက်မပါဘဲ
 ပြေးဆွဲမည့် BRT စနစ်ကို လမ်းအူကြောင်းများ ရွေး ချယ်ပြီးပါက စမ်းသပ်ကာလအ ဖြစ် ကိုရီးယားကားများဖြင့် 
ပြေး ဆွဲသွားမည်ဖြစ်ပြီး ယာဉ်လမ်း ကြောင်းအတည်ပြုပြီးပါက မာစီ ဒီး (သို့မဟုတ်) Scania ကားကြီးများဖြင့် 
ပြေးဆွဲသွားမည်ဟု BRT စနစ်ကို လုပ်ကိုင်ခွင့်ရရှိထားသည့်ဘက်စုံမြင်ကွင်းကုမ္ပဏီက ထုတ် ပြန်ထားသည်။
          အဆိုပါ BRT စနစ် လုပ်ကိုင်ခွင့်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဘက်စုံမြင်ကွင်း ကုမ္ပဏီအား 
ခွင့်ပြုလိုက်ပြီဖြစ်ကာ ထပ်မံပြီး ပူးပေါင်းလုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံသူများကို ခေါ်ယူထား သော်လည်း လာရောက်
ဆွေးနွေး မှုမရှိသေးကြောင်း သိရသည်။
Friday, November 21, 2014
KIA ဗိုလ်သင်တန်းကျောင်း သေဆုံး စာရင်း ထုတ်ပြန်
်
       BY: VOA  
          အစိုးရတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကချင်လွတ်လပ်ရေး
တပ်ဖွဲ့ KIA ဗိုလ်သင်တန်းကျောင်းက သင်တန်းသား ၂၃ယောက် ကျဆုံးခဲ့ရာမှာ သူတို့တွေဟာ တိုင်းရင်းသား
 မဟာမိတ် အဖွဲ့ဝင်တွေဖြစ်ကြပြီး ပလောင်ခေါ် တအာင်းအဖွဲ့က ၁၁ဦးနဲ့ ရခိုင်အဖွဲ့က ၈ဦးပါဝင်ခဲ့ပါတယ်။ ဒီပစ်
ခတ်မှုနဲ့ပတ်သက်ပြီး အစိုးရစစ်တပ်ဖက်က KIAက သူတို့ စစ်ကြောင်းကို လာရောက် ပစ်ခတ်တာကြောင့် လက်
နက်ကြီးနဲ့ တန်ပြန်သတိပေး ပစ်ခတ်ရတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ သတင်းကိုတော့ KIO ဖက်က လက်မခံပါ
ဘူး။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
             ဒီလ ၁၉ရက်နေ့ နေ့ခင်းပိုင်းက KIO ဌာနချုပ် အနီး ခရာတောင်ကုန်းမှာ တပ်စွဲထားတဲ့ အစိုးရတပ်က
 ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ KIO ဗိုလ်သင်တန်းကျောင်းမှာ ကျရောက် ပေါက်ကွဲခဲ့ တာကြောင့် သင်တန်း
သား ၂၃ဦးသေဆုံးပြီး လူ၂၀ ထိခိုက်ဒဏ်ရာရခဲ့ရာမှာ သေဆုံးသူသင်တန်းသား အများစု ဟာ ပလောင်နဲ့ ရခိုင်တပ်
ဖွဲ့တွေက ဖြစ်ပါတယ်။
             ဒီသေဆုံးတာနဲ့ ပတ်သက်ပြီး အစိုးရနဲ့ အပစ်အခတ် မရပ်စဲရသေးတဲ့ ပလောင်ခေါ် တအာင်း အမျိုးသား 
လွတ်မြောက်ရေး တပ်ဦး TNLAက ဒုပြန်ကြားရေး တာဝန်ခံ တာ့ပန်လှက အခုလို ပြောပါတယ်။
               "နိုဝင်ဘာလ ၁၉ရက်နေ့ မွန်းလွဲ ၁၁နာရီမှာ အစိုးရတပ်ဘက်က ၁၀၅ မမနဲ့ ရည်ရွယ်ချက် ရှိရှိနဲ့ ပစ်ခတ်
လိုက်တဲ့ အတွက် ကျနော်တို့ဘက်က ၁၁ဦး ကျဆုံးပါတယ်။" ပလောင်တပ်ဖွဲ့က သေဆုံးခဲ့ရသူ သင်တန်းသားတွေဟာ 
အသက် ၁၈နှစ်ကနေ ၂၅နှစ်ကြား အရွယ်တွေ ဖြစ်ပါတယ်။ ဒုတိယ အကျအဆုံး အများဆုံးကတော့ AA ခေါ် ရက္ခိုင့် 
တပ်မတော်က ဖြစ်ပြီး ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ သူတို့ တပ်ဖွဲ့က ၈ဦး ကျဆုံးပြီး ၅ဦး ဒဏ်ရာရခဲ့ကြောင်း
 ဖော်ပြပါတယ်။ ကျန် ကျဆုံးသူတွေကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF 
က ၂ယောက်နဲ့ ချင်းအမျိုးသားတပ်ဦးက ၂ယောက်တို့ ဖြစ်ကြပါတယ်။
            ABSDF မြောက်ပိုင်း တာဝန်ခံ ဦးလဆိုင်း က ကျဆုံးသူ တွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
"နှစ်ယောက်ပါပါတယ်။ ကျနော်တို့ဆီက ဆေးဆရာ သက်ဇော်နဲ့ သင်တန်းဆရာ ဖြစ်တဲ့ ဟိန်းထက် နှစ်ဦးပါပါတယ်။"
အခုလို မဟာမိတ်တပ်ဖွဲ့က သင်တန်းသားအများစု ကျဆုံးရတာဟာ သူတို့တွေက သင်တန်းကို နောက်ကျပြီး ရောက်
လာတဲ့အတွက် သီးသန့် သင်တန်း ပေးနေရ တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
             "တချို့က စစ်ရေးပြမှာ လိုက်မမှီတဲ့ဟာတွေရှိတယ်။ အဲ့တာတွေကို သီးသန့်ပြန်သင်မယ်ဆိုတဲ့ အနေအထား
အပေါ်မှာ ဖြစ်တာပါ။"ဒဏ်ရာရသူ ၂၀ဦးအနက်က ၁၆ဦးလောက်ဟာ ပြင်းထန်ကြောင်းနဲ့ ကျဆုံးသွားသူတွေကိုတော့ 
မနေ့ မနက် သဂြုင်္ိဟ် လိုက်ကြောင်း ပြောပါတယ်။ လိုင်ဇာ ဗိုလ်သင်တန်းကျောင်း ပစ်ခတ်တာနဲ့ ပတ်သက်ပြီး အစိုးရစစ်
တပ်က သတင်းထုတ်ပြန်ရာမှာ ဒီလ ၁၆နဲ့ ၁၇ရက်နေ့တွေကKIA က တပ်မတော် စစ်ကြောင်းကို နှောက်ယှက် ပစ်ခတ်
တာရှိခဲ့ကြောင်း၊ ၁၉ရက်နေ့ကလည်း ရိက္ခာပို့ လမ်းကြောင်းအတွက် လမ်းဖောက်လုပ်ရေးဆောင်ရွက်နေတဲ့ စစ်ကြောင်း
ကို ပစ်ခတ်တဲ့အတွက် လက်နက်ကြီးနဲ့ ပြန်လှန်ပစ်ခတ်ခဲ့ကြောင်း၊ KIA ဖက်ကို ဒီလိုပစ်ခတ် တာတွေအတွက်  အကြိမ်
ကြိမ်သတိပေးခဲ့ပေမဲ့ ထိန်သိမ်းကြပ်မတ် တာမရှိဘဲ စစ်ရှိန်မြင့်မားစေတဲ့ လုပ်ရပ်တွေ တိုးမြှင့်လုပ်လာတဲ့အတွက် တပ်
စခန်းကနေ လက်နက်ကြီးနဲ့ တန်ပြန်သတိပေး ပစ်ခတ်ခဲ့ရာမှာ KIA တပ်စခန်းတွင်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်ဒဏ်
ရာ ရတာတွေ ရှိခဲ့ကြောင်း ဖော်ပြပါတယ်။
            ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကတော့ ဒီသတင်း ထုတ်ပြန်ချက်ကို လက်မခံပါဘူး။
"စစ်တပ်ရဲ့ဖြေရှင်းချက်တွေကတော့ အမြဲတမ်း အဲ့လိုပါပဲ။ သူတို့ရဲ့ တပ်စခန်းတွေနဲ့ ကျနော်တို့ရဲ့ KIA တပ်စခန်းတွေနဲ့ 
အနီးကပ်ဆုံး နေရာမှာ လာရောက်ပြီး စခန်းချထားပြီး အင်အားဖြည့်တင်းနေတာဟာ သူတို့ရည်ရွယ်ချက်က ဘာလဲဆိုတာ
 အားလုံးက အသိဖြစ်ပါလိမ့်မယ်။ အဲ့မှာ သူတို့လာပြီးတော့ စစ်ကြောင်းတွေ ရိက္ခာပို့တာတို့ လူနာပို့တာတို့ သူတို့ ခါတိုင်းပြော
နေကျ သူတို့ကို ဖြတ်ပြီး ပစ်တယ် ခတ်တယ်။ တိုက်တယ် ခတ်တယ်ဆိုတာမျိုးက သူတို့ NCCT ကနေ ဆွေးနွေးပွဲ စတင်ပြီး
နောက်ပိုင်း ဒီလိုဟာမျိုး ကျနော်တို့ဘက်က လုံးဝ စတင်ပြီးတော့ ပစ်တာ မရှိဘူးဗျ။ မဖြစ်အောင် ကျနော်တို့ဘက်က အောက်
ခြေတပ်ဖွဲ့တွေက အားလုံး ထပ်ခါထပ်ခါ ညွှန်ကြားပြီးဖြစ်တယ်။ "
          ကြာသပတေးနေ့က KIOရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီပစ်ခတ်တိုက်ခိုက်တာဟာ ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်တာဖြစ်
ကြောင်းနဲ့ ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဖော်ပြပါတယ်။ကချင်ပြည်နယ် နယ်စပ်ရေးရာ နဲ့ လုံခြုံရေး ၀န်ကြီး 
ဗိုလ်မှုးကြီးသန်းအောင်က ကြာသပတေးနေ့ ညနေပိုင်း က မြစ်ကြီးနားမြို့သတင်းစာရှင်းလင်းပွဲမှာတော့ ဒီပစ်ခတ် တာဟာ 
တမင်တကာ ရည်ရွယ်ပြီး လုပ်ဆောင်တာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ပဋိပက္ခ ညှိနှိုင်း
ရေးဆွေးနွေးပွဲမှာ ဆွေးနွေးမှာဖြစ်ကြောင်း နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အပျက်ခံမှာ မဟုတ်ကြောင်းလည်း ထည့်သွင်း
ပြောဆိုခဲ့ပါတယ်။
Wednesday, November 12, 2014
အကြမ်းဖက်သမား (၄) ဦးဝင်ရောက်မှု မြန်မာရဲတပ်ဖွဲ့ သတိပေး
BY: ဗွီအိုအေ ( မြန်မာ)
        မွန်ပြည်နယ်အတွင်း ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ကလို့ယူဆရတဲ့ အကြမ်းဖက်သမား
 (၄) ဦး ၀င်လာတဲ့အတွက် ပြည်နယ်ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံစုံစမ်း ရှာဖွေနေတယ်လို့ ပြည်နယ်အစိုး
ရအဖွဲ့ဝင်တွေက ပြောပါတယ်။ ဒီ အကြမ်းသမားတွေဝင်ရောက်လာမှုဟာ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံ
ထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေးရေးအရ စိတ်ပူစရာအနေအထားမှာရှိနေတယ်လို့ ပြောဆိုမှုတွေရှိနေတဲ့
အကြောင်းကို ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
 ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) ကစေလွှတ်လာတယ်လို့ယူဆရတဲ့
          အကြမ်းဖက်သမား (၄) ဦးဟာ မွန်ပြည်နယ်အတွင်း ၀င်ရောက်လာတဲ့ အတွက်ကြောင့် ပြည်နယ်ရဲတပ်ဖွဲ့တွေ
အနေနဲ့ အပူတပြင်း လိုက်လံစုံစမ်း ရှာဖွေနေတယ်လို့ မွန်ပြည်နယ်၊ နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး 
ဌေးမြင့်အောင်က ပြောပါတယ်။ 
           “ကျနော်တို့လည်း ရောက်လာတယ်ပဲ သိရတာပဲ၊ ရှာတော့ရှာနေတာပဲ၊ တွေ့သမျှလူထုနဲ့ရော ဘာနဲ့ရော
 အကုန်လုံး ဧည့်စာရင်းစစ်တာတွေရော၊ ရဲတပ်ဖွဲ့က နယ်ထိန်းတွေရော အကုန် ရှာဖွေနေပါတယ်။ လမ်းကြောင်း
ကတော့ မြဝတီက ဝင်လာတယ်လို့ သိရတယ်။ ဘယ်သွားမလဲတော့ ဖမ်းမမိသေးတော့ မသိသေးဘူးပေါ့။”
အကြမ်းဖက်သမား (၄) ဦးဟာ ထိုင်နိုင်ငံ မဲဆောက်-မြ၀တီလမ်းကြောင်းကနေ မော်လမြိုင်မြို့ကိုရောက်လာတာဖြစ်
ကြောင်း ဗိုလ်မှူးကြီးဌေးမြင့်အောင်က ပြောပါတယ်။ အကြမ်းဖက်သမားလို့ယူဆရသူ (၄) ဦးရဲ့ဓာတ်ပုံနဲ့ ကိုယ်ရေး
အချက်အလက်တွေကို မော်လမြိုင်မြို့လမ်းဆုံလမ်းခွတွေမှာကပ်ထားပြီး ပြည်သူတွေကို အသိပေးကြေညာထား
တယ်လို့လည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး အတည်ပြုခဲ့ပေမယ့် တခြားအချက်အလက် တွေကို
တော့ ဖြေကြားပေးတာ မရှိခဲ့ပါဘူး။
             ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) က ပြည်တွင်းလှုပ်ရှားမှုတာဝန်ခံ သန်းဝင်း၊ အဖွဲ့ဝင် အိုစမာ
(ခ)ဒါဝတ်၊ အစ္စလာမ်မစ် စစ်သွေးကြွတိုက်ခိုက်ရေး သင်တန်းဆင်း အာဖက်(ခ)အမင်းနှင့် အစ္စလာမ်မစ် စစ်သွေးကြွ
အကူ ဖောက်ခွဲရေးသမား အီစမိုင်(ခ)ဇော်ဝင်းတို့ရဲ့ ဓာတ်ပုံတွေနဲ့တကွ မွန်ပြည်နယ် ရဲတပ်ဖွဲ့ကနေ သတိပေး ကြေ
ညာထားပါတယ်။
           အခုလိုအကြမ်းဖက်သမားတွေ အချိန်ကိုက်ဝင်ရောက်လာတာဟာ နေပြည်တော်မှာကျင်းပမယ့် အာဆီယံ 
ထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေးအရ စိတ်ပူစရာအနေအထားမှာရှိနေတယ်လို့လည်း မွန်ပြည်နယ်ဝန်ကြီး 
ဒေါက်တာလှဦးက ပြောပါတယ်။ ဒါကြောင့်မို့လို့ သတိရှိရှိနဲ့ အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အကြမ်းဖက်
မှုမဖြစ်ပွားအောင် ရဲတပ်ဖွဲ့တွေအနေနဲ့ အချိန်မီ ဖော်ထုတ်နိုင်အောင် ကြိုးစားနေတဲ့အကြောင်း မွန်ပြည်နယ်ဝန်ကြီး
ဒေါက်တာလှဦးက အခုလို ပြောပါတယ်။
            “သတိရှိတာတော့ ကောင်းတာပေါ့။ … ဖော်ထုတ်ပေးနိုင်တယ်ဆိုတော့လည်း ပိုအကျိုးရှိတာပေါ့။ တကယ့်
အခမ်းအနားတွေ လုပ်ကိုင်ပြီးမှ ဘာမှန်းမသိလေ၊ ကောင်းလေလေပေါ့။ ….ဆိုတော့လေ။” နိုဝင်ဘာ (၁၂) ရက်က 
(၁၃) ရက်အထိ နေပြည်တော်မှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို အာရှနဲ့အရှေ့တောင်အာရှ ထိပ်သီး
 ခေါင်းဆောင်တွေအပါအ၀င် အမေရိကန်သမ္မတ အိုးဘားမားလည်း ပါဝင်တက်ရောက်မှာဖြစ်ပါတယ်။
            အာဆီယံထိပ်သီးအစည်းအဝေးလုံခြုံရေးအတွက် နေပြည်တော်နဲ့ စပ်ဆက်ခရိုင်တွေဖြစ်တဲ့ ရမည်းသင်း၊
 တောင်ကြီး၊ တောင်ငူ၊ မကွေးမြို့တွေမှာ ရဲတပ်ဖွဲ့ဝင်အင်အား နှစ်သောင်းကျော်နဲ့ လုံခြုံရေးတိုးမြှင့်ချထားတယ်လို့
 မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲမှူးချုပ်စိုးမြိုင်က သတင်းမီဒီယာ တွေကိုပြောခဲ့ပါတယ်။
             အာဆီယံထိပ်သီး အစည်းအဝေးကျင်းပမယ့်ကာလတွေမှာ ပြည်တွင်းပြည်ပ ခရီးသွားလာသူတွေအပေါ်
 စိစစ်ဆေးမှုတွေကို တိုးမြှင့်သွားမှာဖြစ်လို့ နိုင်ငံသား စိစစ်ရေးလက်မှတ် သို့မဟုတ် ခိုင်လုံတဲ့အထောက်အထားတွေ
 ယူဆောင်လာကြဖို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Friday, October 17, 2014
ဦးဆန်းဆင့်ကို ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေတစ်သိန်း ချမှတ်
      By: 7daydaily   
              သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ဒက္ခိဏသီရီခရိုင်တရားရုံးက 
ယနေ့နံနက်တွင် ထောင်ဒဏ် ၁၃ နှစ်နှင့် ဒဏ်ငွေ ကျပ်တစ်သိန်း ကျခံရန် အမိန့်ချမှတ်လိုက်သည်။
နိုင်ငံပိုင်ငွေ အလွဲသုံးစားလုပ်မှုပုဒ်မ (၄၀၉)ဖြင့် ထောင်ဒဏ်သုံးနှစ်၊ နိုင်ငံတော်အကြည်ညိုပျက်စေ
မှုပုဒ်မ ၁၂၄(က)ဖြင့် ဒဏ်ငွေတစ်သိန်းနှင့် ထောင်ဒဏ် ၁၀ နှစ်ကျခံစေရန် ယနေနံနက် ၁၁ နာရီဝန်း
ကျင်တွင် ဒက္ခိဏခရိုင်တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
             ဦးဆန်းဆင့်ကို နိုင်ငံပိုင်ငွေအလွဲသုံးစားလုပ်မှုဖြင့် ၂၀၁၄ ဇွန်လ ၁၉ ရက်တွင် စတင်ဖမ်းဆီး
စစ်ဆေးခဲ့ပြီး၊ တရားရုံးတင်စစ်ဆေးစဉ် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် ထပ်မံတရားစွဲဆိုခဲ့ခြင်း
အား ပြစ်မှုများရုပ်သိမ်းပေးရန် လွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးက လက်မှတ်ရေးထိုးတောင်းဆိုထားပြီး
 ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုတရားသူကြီးချုပ်
ထံသို့ အဆိုပါတောင်းဆိုထားချက်နှင့်ပတ်သက်၍ သဝဏ်လွှာပေးပို့ထားသည်။
Thursday, October 16, 2014
သက်သေခံကတ်ပြားနမူနာပုံစံများ ရေးကူးဖြန့်ဝေရန် ဆောင်ရွက်သူ ဘင်္ဂလီတစ်ဦးအား ဖမ်းဆီးစစ်ဆေးနေ
ဘူးသီးတောင်၊ ၁၆၊ အောက်တိုဘာလ၊ ၂၀၁၄။ Coral Arakan News 
               ယနေ့ညနေ(၅း၃၀)အချိန်ခန့်က ဘူးသီးတောင်မြို့၊ မြို့မဈေးအနီး မိတ္တူဆိုင်တစ်ဆိုင်တွင် 
ဘင်္ဂလီတစ်ဦးသည် နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံကို အတုယူရေးသားထားသော ပုံစံများကိုမိတ္တူကူး
ယူနေကြောင်း တွေ့ရှိသဖြင့် ထိန်းသိမ်းစစ်ဆေးနေကြောင်း သိရှိရသည်။
            ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာနေ၊ ဂျာကဲရ်အာမက် (ဘ) ဖွေယော့စ် ၊ အသက်
(၂၇)နှစ်သည် မြို့မဈေးအနီးရှိ စိုး ဓါတ်ပုံနှင့် ကွန်ပျူတာ၊ မိတ္တူဆိုင်တွင် နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံပါ 
အချက်အလက်များကို အတုယူ၍ ဗလာစာရွက်ပေါ်တွင် လက်ရေးဖြင့် ရခိုင်ပြည်နယ်သက်သေခံလက်မှတ်
ဟု ခေါင်းစဉ်တပ်ကာ ရေးသားထားသော ပုံစံများလာရောက်ကူးယူနေကြောင်း အကြောင်းကြားချက်အရ 
စည်းကမ်းထိန်းသိမ်းရေး သံဃာတော်များအဖွဲ့မှ မြို့မရဲစခန်းသို့ ထပ်ဆင့်အကြောင်းကြားခဲ့ကြောင်း၊ ထို
သူကို သက်သေခံစာရွက်များဖြင့် တွေ့ရှိသဖြင့် မြို့မရဲစခန်းတွင်ခေါ်ယူစစ်ဆေးနေကြောင်း ဘူးသီးတောင်မြို့
 စည်း/ထိန်းအဖွဲ့မှ အတွင်းရေးမှူးဆရာတော် အရှင်နာယက, က ပြောပါသည်။
လက်ဝယ်တွေ့ရှိရသော စာရွက်ရှေ့ဘက်တွင် အမှတ် ဘသတ(နိုင်)၁၂၃၅၇၂၊ အမည် မောင်တင်ရွှေ
(ခေါ်) ဂျာကဲရ်အမောက်၊ လူမျိုး/ဘာသာ ရခိုင်နှင့်ဗုဒ္ဓဘာသာ စသည်ဖြင့်ရေးသားထားပြီး အချက်အလက်များမှာ
 နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံအတိုင်းဖြစ်သည်။ ကျောဘက်တွင် အရပ် ၅’-၂”၊ သွေးအုပ်စု ရခိုင်သားကို အား
ပေးတဲ့အုပ်စု စသည်ဖြင့်ရေးသားဖေါ်ပြပြီး နိုင်ငံသားစီစစ်ရေးကတ်ပြားပုံစံ ရေးသားကာ လက်ဗွေနှိပ် ထားသည်
ကိုတွေ့ရှိရသည်။ (ပုံပါအတိုင်း) ထိုသို့ဖမ်းမိခြင်းနှင့်ပတ်သက်၍ အရှင်နာယက, က `ဦးဇင်းတို့က သက်ဆိုင်ရာ
ကို အရေးယူပေးဖို့ အပ်ခဲ့ပါပြီ။ နောက်ပြီးကူးတာက တစ်ခုထဲမဟုတ်ပဲ စောင်ရေ ၄၀လောက်တောင် ကူးတာပါ။ 
ဒါက ဖြန့်ဝေဖို့လုပ်နေတာ ဖြစ်ပါတယ်။ ဓါတ်ပုံလဲကပ်ထားတာ တွေ့ပါတယ်။ အလွတ်တွေလဲ ပါပါတယ်။ ရေးထား
တဲ့ အချက်အလက်တွေကို ကြည့်ပါဦး။ ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာတဲ့၊ ဒါကတော့ လူမျိုး၊ ဘာသာကို ထိခိုက်ညှိုးနွမ်း
စေတဲ့ အပြုအမူလို့ပဲ သတ်မှတ်ပါတယ်။ နိုင်ငံသားကတ်ကို ပုံစံတူ ဆင်တူယိုးမှား အချက်အလက်တွေနဲ့ဆိုတော့ 
ဘာကိုရည်ရွယ်ပြီးလုပ်သလဲ၊ ဘယ်လိုပယောဂတွေ ပါသလဲဆိုတာ သေချာအောင် စုံစမ်းဖို့တော့ လိုပါမယ်။ အခု 
၈၂ဥပဒေအရ နိုင်ငံသားစီစစ်ရေးလုပ်မယ့် ကိစ္စတွေလဲရှိတယ်ဆိုတော့ သွေးထိုးလှုံ့ဆော်မှုလည်း ဖြစ်နိုင်ပါတယ်။ 
အခုတော့ သက်ဆိုင်ရာက စစ်ဆေးနေပါပြီ၊ ဦးဇင်းတို့ကတော့ ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူ
ပေးဖို့ပဲ တိုက်တွန်းပါတယ်´ဟု ပြောပါသည်။
           အချို့က အဆိုပါလုပ်ရပ်ကို ရူးကြောင်ကြောင်လုပ်ရပ်အဖြစ် ထင်မြင်သူများရှိသော်လည်း 
အချို့က နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း၊ မိတ္တူဆိုင်တွင် တမင်လာ
ရောက် ကူးယူခြင်းဖြင့် ပဋိပက္ခဖြစ်လာအောင် တမင်ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။ 
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစီစစ်ရေးလုပ်ငန်းများ ဆောင်ရွက်တော့မည်ဟု သတင်းများဖြစ်
ပေါ်နေချိန်တွင် ယခုကဲ့သို့ နိုင်ငံသားကတ် ပုံစံတူနမူနာများကို ဖြန့်ဝေခြင်းဖြင့် ဘင်္ဂလီများအနေဖြင့် နိုင်ငံသား
အဖြစ်ရရှိရန် စည်းရုံးဆောင်ရွက်နေကြောင်း သက်သေခံ တစ်ခုဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။
ဗေဒါပျံ
ပူးတွဲပါ - ထိန်းသိမ်းစစ်ဆေးခံနေရသူနှင့် မိတ္တူကူးယူထားသည့် ပုံစံ
(ဓာတ်ပုံ - စည်း/ထိန်း၊ ဘူးသီးတောင်)
ကမ္ဘောဇလေယာဉ်ပေါ်မှာ ISနဲ့ ပတ်သက်တဲ့ စာရွက်တွေတွေ့
               အောက်တိုဘာ ၁၃ ရက်နေ့ က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်လာတဲ့ ရန်ကုန်
-ညောင်ဦး-မန္တလေး-ဟဲဟိုး ခရီးစဉ် KBZ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်ပေါ်မှာ IS အစ္စလာမစ် နိုင်ငံ 
လက်နက်ကိုင် အဖွဲ့နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း တချို့ကို တွေ့ခဲ့အပြီး လုံခြုံရေး စိုးရိမ်မှုတွေ ဖြစ်သွားခဲ့ကြပါတယ်။
မန္တလေး လေဆိပ်မှာ လေယာဉ် ဆိုက်ထားချိန် လေယာဉ် သန့်ရှင်းရေး လုပ်စဉ်မှာ အဲဒီ စာရွက် စာတမ်းတွေကို တွေ့
ရှိခဲ့တာ ဖြစ်ပြီး မန္တလေး ရဲတပ်ဖွဲ့ကနေ လေကြောင်း လုံခြုံရေး တပ်ဖွဲ့ကို အကြောင်းကြားခဲ့တယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့
ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး မြင့်ဦးက ဘီဘီစီကို ပြောပါတယ်။
             စာရွက်စာတမ်း တွေ့ရှိခဲ့ရာ ထိုင်ခုံမှာ ထိုင်သွားခဲ့သူ ခရီးသည်ကို လိုက်လံ စုံစမ်းပြီး စစ်ဆေး မေးမြန်းခဲ့ရာမှာ 
အဲဒီ ခရီးသည်က သူ့ရဲ့ စာရွက်စာတမ်းတွေ မဟုတ်ကြောင်း ငြင်းဆိုတယ်လို့ ဆိုပါတယ်။
               IS အဖွဲ့နဲ့ ပတ်သက်တဲ့ အဲဒီ စာရွက်တွေဟာ အင်တာနက်ကနေ download လုပ်ထားတဲ့ စာရွက်တွေ ဖြစ်တယ်
လို့လည်း ဒုရဲမှူးကြီး မြင့်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံကို အကြမ်းဖက် တိုက်ခိုက်ဖို့ အယ်လ် ကိုင်ဒါအဖွဲ့ က စီစဉ်နေတယ် 
ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရှမ်းပြည်ကနေ မန္တလေးကို လာတဲ့ ကားတစင်းပေါ်မှာ 
ဖေါက်ခွဲရေး ပစ္စည်းတွေ သိမ်းဆည်းမိခဲ့ပါတယ်။
              အရင်ကထက် စာရင် မြို့အဝင် ဂိတ်တွေမှာ ရှာဖွေ စစ်ဆေးမှုတွေ ပိုလုပ်နေပြီး လုံခြုံရေး စီမံချက် တရပ်အနေနဲ့
 ဆောင်ရွက်နေတယ်လို့ ဒုရဲမှုကြီး မြင့်ဦးက ဘီဘီစီကို ပြောပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
Saturday, October 11, 2014
မြန်မာ ၂ ဦး မတရားစွပ်စွဲခံနေခြင်းအပေါ် NLD နှုတ်ဆိတ် နေမှု ဝေဖန်ခံရ
             ထိုင်းနိုင်ငံတောင်ပိုင်း စူရဌာနခရိုင် လိပ်ကျွန်း(ခိုတောင်ကျွန်း) ပေါ်တွင်ဖြစ်ပွားခဲ့သော
 ဗြိတိန်နိုင်ငံသားနှစ်ဦး အသက်ခံရမှုတွင် မြန်မာ ၂ ဦး မတရားစွပ်စွဲခံနေခြင်းအပေါ်NLD နှုတ်ဆိတ်နေမှု 
ဝေဖန်ခံနေရကြောင်းသတင်းရရှိသည်။ ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များတွင် ဟာကွက်များစွာရှိနေရာ
 ထိုင်းသတင်းစာများသာမက ကမ္ဘာ့တင်းစာများကပါ ထောက်ပြမှုများရှိခဲ့ပြီး သမ္မတဦးသိန်းစိန်မှ အထူး
ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ကာ ပြန်လည်စစ်ဆေးစေခဲ့သည်။
           မြန်မာလူမှုကွန်ရက်များတွင်လည်း ကန့်ကွက်မှုများ ပြင်းထန်နေပြီး ဂျပန်နှင့် UK ရှိမြန်မာများမှလည်း
 ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိချိန်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ပါတီမှ ဝေဖန်ချက် (သို့မဟုတ်) ကန့်ကွက်ချက်ဟူသော ကြေညာချက် တစ်စုံတစ်ရာ ထွက်မလာခြင်းအပေါ်
 မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူများသာမက သာမန်ပြည်သူများကပါ စိတ်ပျက်စွာ ဝေဖန်လျက်ရှိကြောင်း သိရ
သည်။ ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်မယူမှုနှင့်ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်း ချင်းမိုင်မှ မြန်မာ 
ရွေ့ပြောင်း အလုပ်သမားတစ်ဦးမှ ယခုလိုပြောဆိုခဲ့သည်။
            “အမေစုကို အရင်ကအားကိုးတယ်.. ဒီကိုလာတုန်းကလည်းသွားကြိုခဲ့တယ်.. အခုတော့ အားကိုးလို့ 
မရမှန်း တဖြည်းဖြည်းသိလာတယ်.. ဥပဒေဆိုတာ နိုင်ငံသားတွေကို ကာကွယ်ဖို့၊ တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုပြီး
 သူပဲပြောခဲ့တာပဲ… အခုတော့ ဘာသံမှထွက်မလာဘူး.. အရမ်းစိတ်မကောင်းဖြစ်မိတယ်..” ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးမှ NLD ပါတီဝင်တစ်ဦးမှ ဒေါ်အောင်ဆန်းစုကြည်နှုတ်ဆိတ်နေခြင်းနှင့် ပတ်သက်၍ ယခု
ကိစ္စတွင် အဖွဲ့ချုပ်ဥက္ကဌနှင့် ဘာမှမဆိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ သာမန်ပါတီ ဥက္ကဌ တစ်ဦးသာဖြစ်
ခြင်းကြောင့် ဘာမှလုပ်မပေးနိုင်ကြောင်း ဖြေရှင်းထားသည်ကို တွေ့ရသည်။
            အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှလည်း ယခင်တုန်းက တစ်ခုခုဖြစ်တိုင်း ကြေညာချက် ထုတ်ခဲ့ပြီး
 ယခုတစ်ကြိမ်မှ ဘာကြေညာချက်မှမထွက်လာတာ မရိုးသားကြောင်း အခုလိုပြောခဲ့သည်။“အရင်တုန်းက စက္ကူပေါတိုင်း
 ကြေညာချက်တွေ ဆက်တိုက်ထုတ်နေတာပဲ၊ မှတ်ချက်တွေ ပေးနေတာပဲ… ရခိုင်အရေး၊ မိတ္ထီလာအရေးနဲ့ အစိုးရလုပ်
ဆောင်မှုတွေနဲ့ ပတ်သက်ပြီး သူနဲ့ ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ဝင်ပြောနေတာပဲလေ.. အခုဟာက တရားဥပဒေစိုးမိုးရေးကိစ္စနဲ့ 
ဥပဒေအရ ကာကွယ်ရေးကိစ္စပဲ.. တာဝန်ရှောင်တာ အသိသာကြီးပါ…” ဟု ဆိုသည်။
           ပြည်ပရောက် သံဃာတစ်ပါးမှလည်း “ဘာလုပ်ပိုင်ခွင့်မှမရှိရင် ကုလားကိစ္စလည်းမလုပ်နဲ့လေ၊ မပြောနဲ့လေ 
မလုပ်နဲ့လေ၊ ဘာဖြစ်လို့ လျှာရှည်နေရတာလည်း၊ ဒီမိုကရေစီဆို ဒီမိုကရေစီပဲလုပ်လေ မိတ္ထီလာ ဗလီပြန်ဆောက်မှပိုက်
ဆံထုတ်ပေးပီး မောင်တောကဘုန်းကြီးကျောင်း ဆယ်ကျောင်းကုလားမီးရှို့ခံရလို့ ပြန်ဆောက်တော့ ဘယ်ကုလားနဲ့အ
လေလိုက်နေတာလည်း အဲဒါတာဝန်ရှိလို့တာဝန်ယူတာလား ဘယ်သူက ပေးတဲ့ တာဝန်လည်း၊ အခုကိစ္စမှာ ချိုတယ် 
ငံတယ်လောက်တော့ ပြောလို့ ရပါတယ်လေ” ဟု မိန့်ကြားသည်။
               ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်စိတ်ပျက် မိ
ကြောင်းနှင့် လူထုခေါင်းဆောင်ဟု အမည်မခံသင့်တော့ကြောင်း ပြောဆိုခဲ့သည်။ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်
 David Miller နှင့် HannahWitheridge တို့နှစ်ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များမှာ 
ဟာကွက်များစွာရှိနေပြီး မြန်မာပြည်သူ တို့၏ လူမှုကွန်ရက်များတွင် အလျှင်အမြန် ပျံ့နှံ့လာကာ ဝေဖန်မှုများ၊ တောင်း
ဆိုမှုများ ပြင်းထန်လာခဲ့ရာ သမ္မတအမိန့်ဖြင့် စစ်ဆေးရေးအဖွဲ့များ ချက်ချင်းစေလွှတ်ခဲ့သည်။
              ထို့ပြင် စစ်ဆေးမေးမြန်းရန် ပြည်ထောင်စု အဆင့်အဖွဲ့တစ်ခုဖွဲ့စည်းပြီး ထပ်မံသွားရောက်စစ်ဆေးရန် နိုင်ငံတော်
သမ္မတရုံးက ညွှန်ကြားထားကြောင်း သိရသည်။ မနေ့က ဝန်ကြီးချုပ်ပရာရွတ် နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံချိန်တွင်လည်း 
သမ္မတမှ တောင်းဆိုခဲ့ပြီး ကာချုပ်မင်းအောင်လှိုင်မှလည်း ထိုင်းဒုဝန်ကြီးနှင့်တွေ့ဆုံစဉ် တောင်းဆိုပေးခဲ့ကြောင်း သိရသည်။
မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်ကမှ စွပ်စွဲခံ မောင်ဇော်လင်း နှင့် မောင်ဝင်းဇော်ထွန်း နှစ်ဦးလုံးကို တွေ့ဆုံ
ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးကို ဝန်ခံမှုရရှိအောင် ညှင်းဆဲစစ်ဆေးမှုများရှိကြောင်း မီဒီယာများသို့ ပြောဆိုခဲ့သည်။
             ဘန်ကောက်ပို့စ် သတင်းစာ၏ လက်ထောက်အယ်ဒီတာ မစ္စ Sanitsuda Ekachai မှ စွပ်စွဲမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်
သာမှုမရှိကြောင်း၊ ဟာကွက်များရှိကြောင်း ဝေဖန်ထားသည့်အပြင် ရစ်ချက်ဘားနက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးဆိုင်ရာအဖွဲ့
 (Richard Bennett, AmnestyInternational ) မှလည်း " နှိပ်စက်ပြီး ၀န်ခံခိုင်းမှုဆိုတဲ့ကိစ္စကို ထိုင်းအာဏာပိုင်တွေမှ ထိထိ
ရောက်ရောက် ၊ ပွင့်လင်းမြင်သာပြီး မှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရမယ်" ဟု ပြောဆိုထားသည်။
             လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ရှေ့နေများကွန်ယက်နှင့် အခြားလူ့အခွင့်အရေး လှုပ်ရှားသူများ နှုတ်ဆိတ် 
နေသော်လည်း မနေ့က ရန်ကုန်မြို့ နှင့် တိုကျိုမြို့တို့တွင် ဆန္ဒပြခဲ့ကြသည်။ ပြည်တွင်းပြည်ပရှိ ပြည်သူများမှာ နိုင်ငံအသီးသီးရှိ 
ထိုင်းနိုင်ငံသံရုံးများတွင် ဆန္ဒပြရန် တက်ကြွလှုပ်ရှားသူများနှင့် ရွှေ့ပြောင်းအလုပ်သမားများ အရေး လှုပ်ရှားသူများကစီစဉ်လျက်
ရှိကြောင်း သတင်း ရရှိသည်။
ဇော်မျိုးဦး
 မြန်မာပြည်သား
ကော့ကရိတ်မြ၀တီလမ်း အလယ်ဗိုလ်တဲတွင်ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့
 ယနေ့ နေလည် ၁၂း၀၀နာရီခန့် တွင်ကော့ကရိတ်မြ၀တီလမ်း အလယ်ဗိုလ်တဲတွင် မည်သည့်နေရာ
ကပစ်မှန်းမသိသောလက်နက်ကြီးပေါက်ကွဲခဲ့သည်။ ပေါက်ကွဲမှုအနီးတ၀ိုက်ရှိ ခရီးသည်ကားနှင့်ဈေးရောင်း
သူများ ထိခိုက်ဒါဏ်ရာရ သေကြေခဲ့သည်။
               အခင်းဖြစ်နေရာတွင်ပင် ၂ဦးသေဆုံးပြီးထိခိုက်ဒါဏ်ရာရသူများကို ကော့ကရိတ်ဆေးရုံသို့
ပို့ဆောင်ဆေးကုသမှု ခံနေကြသည်။ဒါဏ်ရာရသူများထဲမှကျား၁ဦးမှာ ဆေးကုသမှုခံယူနေစဉ်သေဆုံးသွားသဖြင့်
စုစုပေါင်းသေဆုံးသူ ၃ဦးဖြစ်သည်။ဒါဏ်ရာရသူများမှာ မောင်ဝေဦး အသက်၁၈နှစ် (ရင်ဘတ်ထိ)ရွှေတောကျေးရွာ
 ဘားအံမြို့နယ်၊မရိုင်း ၃၂နှစ် (၀ဲဘက်ခြေသလုံး ဒါဏ်ရာ၃ချက်)ကော့ရမိုင်ရွာ ဘားအံမြို့နယ်၊စောလာပုန်းအွာ ၁၇
နှစ် (၀ဲဘက်ပေါင် ၁ချက်)ကော့အိမိတ်ရွာ ဘားအံမြို့နယ်။
           ကလေးနှစ်ယောက် မောင်အာကာမင်း၉နှစ်၊မခင်ချိုဝင်း ၂တန်း(အမက.၉)လက်ပေါက်ပြဲဒါဏ်ရာ၊ တံတား
ဦးကော့ကရိတ်မြို့၊ကိုဇော်လင်းဦး မခင်မာဝေ (၀ဲဘက်ပေါင်ပေါက်ပြဲ) တံတားဦးရပ်၊ကော့ကရိတ်မြို့၊စောထမွီး ၁၂နှစ် 
၃တန်း(အ.မ.က၂)ကျောက်ဖျာ ၊ရွှေတောရွာ ဘားအံမြို့နယ်၊၃ဦးသေ၊ကလေး၃ဦး၊ မ ၃ဦး၊ ကျား ၅ဦးဒဏ်ရာရရှိသည်။
အလယ်ဗိုလ်တဲ ဘုန်းတော်ကြီးကျောင်းဆရာတော်လည်း ခြေထောက်တွင်
          လက်နက်ကြီးစထိမှန်ဒါဏ်ရာရသည်၊ဆရာတော်ကို မြ၀တီတွင်ဆေးကုသရန်အတွက်ဒါယကာများမှပင့်ဆောင်
သွားခဲ့ကြသည်။ကော့ကရိတ်ဆေးရုံသို့ ကော့ကရိတ်ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ရဲမှူးကြီးနှင့်ရဲတပ်ဖွဲ့ သတင်း
တပ်ဖွဲ့များမှတာဝန်ရှိသူများ၊ သွေးအကူအညီပေးရေးအဖွဲ့၊ကရုဏာဖောင်ဒေးရှင်းအဖွဲ့၊ရပ်ကွက်နာရေးအသင်းများမှ 
တာဝန်ရှိသူများ ကော့ကရိတ်ဆေးရုံမှ ၀န်ထမ်းများမှကူညီဆောင်ရွက်ပေးနေပါသည်၊။
BY: Dawna Aungtoe
Thursday, October 9, 2014
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အား ဆန္ဒပြမှုတစ်ခုဖြစ်ပွား
             ထိုင်းနိုင်ငံ၌ လူသတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထား ရသည့် မြန်မာနိုင်ငံသားနှစ်ဦးနှင့်ပတ်သက်၍ 
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်အား ဆန္ဒပြမှုတစ်ခု ရန်ကုန်မြို့လယ် မဟာဗန္ဒလ
ပန်းခြံအနီးတွင်ဖြစ်ပွားခဲ့သည်။ တတ်ကြွလှုပ်ရှားသူဆယ်ဦးခန့်သည် ဗြိတိန်နိုင်ငံသားနှစ်ဦးအား သတ်ဖြတ်
မှုဖြင့် ထိုင်းနိုင်ငံအတွင်း တရားခံအဖြစ်စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးအား သံယအကျိုး 
ခံစားခွင့်ပေးရန်နှင့် ဥပဒေအရဖြေရှင်းပေးရန် တောင်းဆိုထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြ
ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ဆန္ဒပြသူများသည် မဟာဗန္ဒုလပန်းခြံကို လမ်းလျှောက်လှည့်လည်ခဲ့ကာ ဆူးလေ
စေတီတော်ကို တတ်ရောက်ပြီး အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးအတွက်ရည်ရွယ်ပြီး ၀တ်ပြုဆုတောင်းခဲ့ကြ
သည်။
(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)
Monday, October 6, 2014
IS နိုင်ငံတကာ အကြမ်းဖက်သမားစာရင်း မြန်မာလက်ခံရရှိ
VOA (မြန်မာ)
          ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံပေါင်း ၃၃ နိုင်ငံရဲ့အကြမ်းဖက်သမား ၇၈၁
 ဦးစာရင်းကို မြန်မာနိုင်ငံကလည်း လက်ခံ ရရှိထားပြီး ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို နယ်စပ်ဖြတ်ကျော် မှုခင်း
ဌာန ရဲမှူးကြီးတဦး ကပြောပါတယ်။
                  ရှေ့လထဲမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အမေရိကန် သမ္မတ ဘရက်ခ် အိုးဘားမား 
ကိုယ်တိုင် လာရောက်ဖို့ရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့လုံခြုံရေး ကိုလည်း အခုထဲက တိုးမြှင့်ထားတယ်လို့ သူကပြောပါတယ်။
 အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။ ၆၉ ကြိမ်မြောက် ကုလ
သမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံပေါင်း ၅၀ ကျော်ပါဝင်ပြီးတော့ ကုလလုံခြုံရေးကောင်စီ ဆွေးနွေးပွဲကို အမေရိကန်
သမ္မတ အိုဘားမားက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တာပါ။ အဲဒီအစည်းအဝေးအတွင်းမှာပဲ နိုင်ငံပေါင်း ၃၃ နိုင်ငံက အကြမ်း
ဖက်သမား ၇၈၁ ဦးရဲ့ စာရင်းကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအကြမ်းဖက်သမား ၇၀၀ ကျော် အစ္စလာမ်မစ် အစွန်း
ရောက်အဖွဲ့ IS နဲ့ ပူးပေါင်းထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
                       အခုထုတ်ပြန်ခဲ့တဲ့ စာရင်းဟာ အမေရိကန် CIA က ဦးဆောင်ပြီးတော့ ရရှိထားတဲ့ စာရင်းကို နိုင်ငံတကာ
 ရဲတပ်ဖွဲ့ (Interpol) ကနေတဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ပေးပို့လာတာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံဖြတ်ကျော်
 မှုခင်းဌာနက ရဲမှူးကြီး ဦးအောင်ဌေးမြင့် က ပြောပါတယ်။
               "အမေရိကန် အစိုးရကတော့ အားလုံးသိတဲ့အတိုင်းပဲလေ၊ Leading Role မှာပဲ သူပါတယ်။ အဲဒီဟာနဲ့ ပတ်သက်
လို့ အချက်အလက်တွေရတယ်၊ ဘာညာဆိုလို့ရှိရင် Interpol ကိုပေးတယ်၊ Europol ဆိုတာ ဥရောပသမဂ္ဂ ရဲအဖွဲ့ဆိုတာရှိ
တယ်။ Europol ကိုပေးတယ်၊ Interpol ကိုပေးတယ်။ ပြီးရင်ကျနော်တို့ ဒီဘက်ကနိုင်ငံတွေနဲ့ ဆက်စပ်မယ်ဆိုလို့ရှိရင် 
အာဆီယံ နိုင်ငံတွေနဲ့ ဆက်စပ်မယ်ဆိုရင် Aseanapol ကို သူပေးတယ်။ အဲဒါကတော့ သူကတော့ အကုန်လုံး အချက်
အလက်တွေကိုပေးမယ်၊ ဒါကတော့ အားလုံးနိုင်ငံတွေ ၀ိုင်းဝန်းပြီးတော့ ကာကွယ်ထိန်းသိမ်းနိုင်ဖို့ ဆိုတဲ့ဟာပေါ့။ ဒီအကြမ်း
ဖက်သမားလို့ သတ်မှတ်ချက်ဆိုတာ သူတို့ရဲ့ CIA ရဲ့ ရရှိတဲ့ သတင်းအချက်အလက်တွေအပေါ်မှာ မူတည်ပြီး သတ်မှတ်
ထားတယ်။ ဒါက terrorist, terrorism ဒါက ဘယ်သူတွေ၊ ဘယ်သူတွေဆိုတာ သတ်မှတ်ချက်ပေါ့နော်။"
                    အကြမ်းဖက်သမားလို့ သတ်မှတ်ခံထားရတဲ့ ၇၈၁ ဦးလုံးရဲ့ အမည် စာရင်းကို ရရှိထားပေမဲ့လည်း အားလုံးရဲ့ 
အချက်အလက် ပေါင်းစုံကိုတော့ မရသေးဘူးလို့ သူက ဆက်ပြောပါတယ်။"ဟုတ်ကဲ့ အဲဒီဟာနဲ့ ပတ်သက်လို့ သူတို့ကတော့ 
အကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ လူတွေနဲ့ပတ်သက်ရင် ကျနော်တို့ Interpol ပေါ့နော်၊ Interpol အဖွဲ့ဝင်နိုင်ငံတွေ 
အားလုံးကိုတော့ သူတို့ share လုပ်ပါတယ်။ share လုပ်ပြီးတော့မှ အဲဒီအကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ လူတွေရဲ့ 
ကိုယ်ရေးအချက်အလက်တွေ၊ ပတ်စ်ပို့မှတ်ပုံတင် နံပတ်တွေ၊ ဒါတွေကတော့ အကုန်လုံး share ထားတာပေါ့နော်။ ဒါပေမဲ့ 
၇၀၀ ကျော်လုံးရဲ့ အချက်အလက်တွေ အားလုံးကတော့ ကျနော်တို့ဆီ မရောက်သေးဘူး။ ကျနော်တို့က Interpol နဲ့ ဆက်
တဲ့အခါမှ 24/7 Channel နဲ့ ဆက်တာပေါ့နော်။ Chat-7 ဆိုတာကလည်း ဘယ်လိုခေါ်မလဲ ကျနော်တို့ Gmail လိုပါပဲ။ 
ဒါပေမဲ့ safety connection တခုနဲ့ ဆက်ထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မရောက်သေးပါဘူး။ အဲဒါတွေ၊ နောက်ကျရင် 
ကျနော်တို့ကို ဆက်ပြီးပေးမှာပဲ။ အခုတော့ အကြမ်းဖျဉ်းပဲ သိရတယ်ပေါ့နော်ရှေ့လ နိုဝင်ဘာလထဲ မြန်မာနိုင်ငံမှာ အရှေ့
တောင်အာရှ ထိပ်သီးဆွေးနွေးပွဲတွေလည်း ကျင်းဖို့ ရှိနေတာပါ။ ဒီအစည်းအဝေးကို နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့အ
တူ အမေရိကန်သမ္မတ အိုဘားမားလည်း လာရောက်ဖို့ ရှိပါတယ်။ ဒါကြောင့် အခုလို အကြမ်းဖက်သမားစာရင်းတွေ ထွက်
ပေါ်လာတာနဲ့အတူ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု ခံထားရတဲ့ မြန်မာနိုင်ငံ အနေနဲ့လည်း လေဆိပ်ဝင်ပေါက် 
အပါအ၀င် နယ်စပ်ဝင်ပေါက်တွေမှာပါ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ရဲမှူးကြီးက ဆက်ပြောပါတယ်။
            "လုံခြုံရေး ဆက်တိုးမြှင့်ထားတယ် ဆိုတာကတော့ ဒီလိုပါ။ မကြာခင် ကျနော်တို့နိုင်ငံမှာ Summit ဆိုတာကြီးကို 
ကျင်းပတော့မှာ ဖြစ်တယ်လေ။ အားလုံးသိတဲ့အတိုင်း၊ ဒီ Summit မှာ ကျနော်တို့ Asean plus ပေါ့ dialogue partner အင်
အားကြီးနိုင်ငံတွေက အကြီးအကဲတွေ လာမှာဖြစ်တယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ယခင်ကထက် ပိုပြီးတော့မှ ကျနော်
တို့က လုံခြုံရေး ဆောင်ရွက်မှုတွေကို ဂရုစိုက်တယ်ပေါ့။ အဲဒီတော့ လုံခြုံရေးဆောင်ရွက်မှုတွေကို ဂရုစိုက်တယ်ဆိုတဲ့ ဥစ္စာမှာ
 ဘာတွေကို စလုပ်ရလဲဆိုတော့ အဝေးစည်းတွေပေါ့၊ နယ်စပ်ဝင်ပေါက်တွေကနေမှ အ၀င်အထွက် နေရာတွေမှာ စစ်ဆေးမှု
တွေကို ကျနော်တို့ ပိုပြီးတော့မှ၊ စနစ်တကျ ပိုပြီးတော့မှလုပ်တယ်။ မသင်္ကာတာတွေ့လို့ရှိရင် ဟိုဖက်နိုင်ငံ ဒီဖက်နိုင်ငံ၊ ဥပမာ 
ထိုင်းနယ်စပ်မှာ ဆိုလို့ရှိရင် ကျနော်တို့ မဲဆောက်ကနေ ၀င်တဲ့လမ်းရှိတယ်။ ဟိုဖက်က မဲဆိုင်ကနေ ၀င်တဲ့လမ်းရှိတယ်။ ကော့
ကရိတ်က ၀င်တဲ့လမ်းရှိတယ်။ အဲဒီ တရားဝင် ၀င်ထွက်ခွင့်လမ်းထားတဲ့ Legal Routes တွေကနေ ၀င်တဲ့လမ်းကြောင်းတွေမှာ
 ပိုပြီးတော့မှ စိစစ်မှုတွေကို ဂရုစိုက်ဆောင်ရွက်တယ်။ တခြား international airports တွေမှာ၊ မန္တလေး၊ ရန်ကုန်၊ နေပြည်တော် 
အဲဒီမှာ ၀င်တဲ့ဟာတွေကို ကျနော်တို့ စစ်တဲ့ဟာတွေရှိတယ်။ Interpol Channel ကနေပြီးမှ ပြစ်မှုနဲ့ပတ်သက်ပြီးမှ ကျူးလွန်
တဲ့ Data တွေအားလုံး သူတို့မှာရှိတယ်။ အဲဒီ Data တွေကို အင်တာနက်နဲ့ တခါတည်းဆက်ပြီး တန်းစစ်၊ တန်းစစ် မိနစ်ပိုင်း
အတွင်းမှာ ဒီကောင်တွေ ပတ်စ်ပို့အားဖြင့်သော်လည်းကောင်း၊ လက်ဗွေအချက်အလက် အားဖြင့်သော်လည်းကောင်း လူဆိုး
စာရင်းဝင်၊ အကြမ်းဖက်စာရင်းဝင် စသဖြင့် အဲဒီလိုမျိုး စာရင်းဝင်ထားတဲ့လူ ပါလာတာနဲ့ ကျနော်တို့က ချက်ခြင်းသက်ဆိုင်ရာ 
နိုင်ငံကို အကြောင်းကြားတယ်။"
            Al-Qaida ခေါင်းဆောင် Ayman al-Zawahiri က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေက
 မူဆလင်တွေအတွက် Al-Qaida အိန္ဒိယအဖွဲ့ခွဲ ဖွဲ့စည်းပြီးစီးကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ကြေညာခဲ့အပြီး မြန်မာ
နိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲမယ်လို့ သူက ကြေညာထားတာပါ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအင်အားစုတွေကလည်း အဲဒီလို
 ပြောဆိုခဲ့ပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး အပါအ၀င် နေပြည်တော်မှာပါ လုံခြုံရေးတိုးမြှင့်မှုတွေ တောက်လျှောက် လုပ်ဆောင်
ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ကတော့ အခုလို အကြမ်းဖက် ခြိမ်းခြောက်မှု ခံထားရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ 
မရှိဘူးဆိုပြီးတော့လည်း သူ့ရဲ့ အောက်တိုဘာလ ၁ ရက်နေ့ မိန့်ခွန်းမှာ ပြောဆိုခဲ့ပါသေးတယ်။
Saturday, October 4, 2014
KIA နှင့် တာလီဘန်များပူးပေါင်း၍ စစ်အခြေခံနှင့် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းဖွင့်မည်ဟုဆို
Oct 4, 2014
KIA နှင့် တာလီဘန်များပူးပေါင်း၍ စစ်အခြေခံနှင့်အကြမ်းဖောက်ခွဲရေးသင်တန်းကို KIA ဌာနချုပ်တွင် 
ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်း စစ်အခြေခံနှင့်အကြမ်းဖောက်ခွဲရေးသင်တန်းတက်ရောက်ရန်
 အတွက် ပဏာမ လူ အယောက် ၅၀ ဦးခန့် ရွေးချယ်ထားပြီး ထိုထဲမှ အမိန့်နာခံမှု ကောင်းသူ ၄၀ ဦးအား 
နှုတ်ထုတ်ရွေးချယ်သွားမည်ဖြစ်သည်။ထိုသင်တန်းဖွင့်လှစ်ရန်အတွက် ပါကစ္စတန်အခြေစိုက် RNSC (Rohinga
 National Security Council)လိုအပ်သည့် ငွေကြေးဆိုင်ရာအခက်အခဲအားလုံးကိုဖြည့်တင်းပေးသွားမည်ဖြစ်
ကြောင်းသိရှိရသည်။
           လက်ရှိအနေအထားတွင် သင်တန်းတက်ရောက်ရန်အတွက် ကေအိုင်အေဌာနချုပ်တွင် လူအယောက်၅၀ 
အားစုစည်းထားပြီး ထိုအထဲမှ အယောက် ၄၀ ကို ဆန်ကာတင်ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။ထိုလူ ၄၀ဦး
အား နှစ်ဖွဲ့ခွဲကာ ပါကစ္စတန်သို့ ၂၀ ၊ KIA ဌာနချုပ်တွင် ၂၀သင်ကြားပေးသွားမည်ဖြစ်သည်။KIA ဌာနချုပ်တွင် 
တက်ရောက်မည့် အယောက် ၂၀ အား နာဂ လွတ်မြောက်ရေးတပ်ဦး၏ အကူအညီဖြင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ
တစ်ဆင့် အိန္ဒိယနယ်စပ်အားဖြတ်ကျော်ကာ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းခိုင်လုံသော သတင်းတစ်ရပ်အရ
သိရသည်။
          ထို့အပြင် မကြာသေးခင်ကပင် ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ RSO (Rohingya Solidarity Organization)
 ၊ BRAT (Burmese Ro-hingya Association in Thai-land) အဖွဲ့ဥက္ကဋ္ဌ မောင်ကျော်နု တို့နဲ့ KIO ဗဟိုကော်မတီ 
ဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင် တို့ KIO ထိန်းချုပ်နယ်မြေအတွင်း ရိုဟင်ဂျာ တပ်မတော် ထူထောင် အခြေစိုက်ခွင့်
ပြုရေး ဆွေးနွေးမှု ရုပ်သံဖိုင်များလည်း ပျံ့နှံ့ခဲ့သေးသည်။
ခွန်တူး
မြန်မာပြည်မြောက်ဖျားဆီက
New Myanmar News
Monday, September 29, 2014
ဦးဝီရသူ သီရိလင်္ကာ ဗုဒ္ဓဘာသာ ညီလာခံ တက်ရောက်
         သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ မနေ့ကကျင်းပတဲ့ သံဃာတော်များ ညီလာခံမှာ မြန်မာနိုင်ငံ 
မစိုးရိမ် တိုက်သစ်က အရှင်ဝီရသူက အစွန်းရောက် ဂျီဟတ် မွတ်စလင်တိုက်ဖျက်ရေးမှာ သီရိလင်္ကာ 
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့နဲ့အတူ လက်တွဲဆောင် ရွက်သွားမယ်လို့ မိန့်ကြားခဲ့
ကြောင်း AP သတင်းက ဖေါ်ပြ ပါတယ်။
          ညီလာခံတက်ရောက်လာကြတဲ့ သီရိလင်္ကာ ရဟန်း ပရိသတ်နဲ့ လူပရိသတ်တွေကို မိန့်ကြားခဲ့
တာဖြစ် ပါတယ်။ မိမိရဲ့ မဘသ ခေါ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့အနေနဲ့ အာရှတိုက်
မှာ ဗုဒ္ဓသာသနာ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ဘောဓု ဗလ သေန ခေါ် သီရိလင်္ကာ 
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ထောက်ခံကူညီသွားမှာဖြစ်ကြောင်း၊ ဒီကနေ့မှာ ဗုဒ္ဓဘာ
သာဟာ အစ္စလာမ် အစွန်းရောက် ဂျီဟတ်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရကြောင်း၊ ဗုဒ္ဓဘာသာ
ဝင်တွေရဲ့ သည်းခံခြင်းတရားကို အားနည်းချက်အဖြစ် ရှုမြင်နေကြကြောင်း၊ ဗုဒ္ဓဘာသာစေတီပုထိုးတွေ 
ဖျက်ဆီးခံနေရကြောင်း မိန့်ကြားခဲ့ပါတယ်။
          ဒီညီလာခံကို သီရိလင်္ကာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး လုပ်ဆောင်နေတဲ့ Bodu Bala 
Sena (BBS) အဖွဲ့က ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။ အဲဒီအဖွဲ့ခေါင်းဆောင် အရှင် ဝိမာလယောသိက
လည်း သိရိလင်္ကာဟာ ယဉ်ကျေးမှုအစုံရှိတဲ့ နိုင်ငံမဟုတ်ဘဲ၊ ဆင်ဟာလီ ဗုဒ္ဓဘာသာ တိုင်းပြည်သာဖြစ်
ကြောင်း၊ သီရိလာင်္ာသမ္မတအနေနဲ့ မိမိတို့အဖွဲ့ တောင်းဆိုထားတဲ့ ဘာသာသာသနာ ကာကွယ်စောင့်ရှောက်
မှုဆိုင်ရာ အပြောင်းအလဲတွေချမှတ်ဖို့ ပျက်ကွက်မယ်ဆိုရင် အစိုးရပြုတ်ကျအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း
 ဟောပြောခဲ့ပါတယ်။
            မြန်မာနိုင်ငံမှာ ဘာသာရေး ပဋိပက္ခတွေဖြစ်စေတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲခံနေ
ရတဲ့ ဦးဝီရသူကို ပင့်ဖိတ်ခဲ့တာနဲ့ ပတ်သက်လို့ သီရိလင်္ကာ မွတ်စလင်ကောင်စီက စိုးရိမ်ပူပန်ကြောင်း ပြောဆို
ခဲ့သလို အစိုးရက ပြည်ဝင်ခွင့်ဗီဇာပေးလိုက်တာဟာ ပြည်တွင်းမှာ ဘာသာနှစ်ရပ်ကြား ရင်ကြားစေ့ရေးထိခိုက်
စေနိုင်ကြောင်း တမီးလ်အမျိုးသားမဟာမန်အဖွဲ့က ပြောပါတယ်။ ဦးဝီရသူဟာ စက်တင်ဘာ ၂၆ ရက်နေ့က
 သီရိလင်္ကာကို ရောက်ရှိခဲ့ပြီး၊ ၄ ရက်ကြာ သီတင်းသုံးမယ်လို့ သိရပါတယ်။
RFA Burmese
Wednesday, September 24, 2014
နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီ ၄၀ ဦးကျမ်းသစ္စာကျိန်ဆိုပွဲ ရခိုင်ဒေသခံများကန့်ကွက်
်
            မြေပုံမြို့နယ်တွင် စက် တင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့သောနိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီလူ
 မျိုးများ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ရခိုင်ဒေသခံများက ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သတင်းရရှိ 
သည်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂါလီလူမျိုး ၄၀ ဦး၏ ကျမ်းသစ္စာကျိန် 
ဆိုပွဲကို မြေပုံမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကျမ်းသစ္စာကျိန် ဆိုပွဲကို ဒေသခံများက အိမ်များ၊
 ဈေးဆိုင်များပိတ်ကာ လမ်းများ ပေါ်သွားလာလှုပ်ရှားခြင်းမပြုဘဲ ကန့်ကွက်ဆန္ဒ ဖော်ထုတ်ခဲ့ကြ ခြင်း
 ဖြစ်သည်။ ‘‘အထောက်အထားပြည့်စုံ မှုမရှိတဲ့ ဘင်္ဂါလီလူမျိုးတွေကို နိုင် ငံသားကတ်ထုတ်ပေးတာကြောင့်
တစ်မြို့လုံးက ကန့်ကွက်တာ။ တံခါးပိတ်ဆန္ဒထုတ်ဖော်ကြတာ’’ဟု မြေပုံမြို့နယ်မှ ပြည်နယ်လွှတ် တော်
ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။
                မြေပုံမြို့နယ်တွင် နိုင်ငံသား စိစစ်ရန် လျှောက်လွှာတင်သွင်း သူ ၁၀၉၄ ဦးရှိပြီး ၁၉၈၂ ဥပဒေ 
အရ စစ်ဆေးရာ နိုင်ငံသားဖြစ်ခွင့် ၄၀ ဦး၊ နိုင်ငံသားပြုခွင့်ရသူ ၁၆၉ ဦးရှိသည်။ ယင်းအထဲမှ အချို့မှာ မိဘ၊
 အဘိုး၊ အဘွားမှတ်ပုံတင် မရှိသူများ၊ တိုင်းရင်းသားဘာသာ စကားမပြောဆိုတတ်သူများ ဖြစ် ပြီး အထောက်
အထားမပြည့်စုံသူ များဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
             ထို့အပြင် ကျမ်းသစ္စာကျိန်ဆိုပွဲကို ကန့်ကွက်သည့်အနေဖြင့် ရဟန်းသံဃာများက ဆွမ်းခံမကြွခြင်း၊
 ဒေသခံများက စာတမ်း၊ ဆိုင်းဘုတ်များတွင် ‘‘အထောက်အထားပြည့်စုံမှုမရှိသော ဘင်္ဂါလီလူမျိုးများအား 
နိုင်ငံသားကတ်ထုတ်ပေးခြင်းကို လုံးဝလုံးဝကန့်ကွက်ကြောင်း’’ရေးသားဖော်ပြ ခြင်းတို့ကို ပြုလုပ်ခဲ့သည်။
စက်တင်ဘာ ၂၂ ရက်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦး မောင်မောင်အုန်းကိုယ်တိုင် မြေပုံ မြို့သို့ သွားရောက်ခဲ့
သော်လည်း ကျမ်းသစ္စာကျိန်ဆိုပွဲပြုလုပ်ခဲ့ သော ဘင်္ဂါလီကျေးရွာသို့ မလိုက် ပါခဲ့ကြောင်း သတင်းရရှိသည်။
၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေ အရ ၁၉၄၈ ခုနှစ်မတိုင်မီ ၁၀ နှစ် အတွင်း မြန်မာနိုင်ငံနယ်နိမိတ် ၌ ရှစ်နှစ်ဆက်
တိုက်တစ်ဆက် တည်း နေထိုင်သူများ၏ တတိယ မျိုးဆက်ကို နိုင်ငံသားပြုခွင့်ရရှိ မည်ဖြစ်သည်။
            လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးခင်ရီက ဘင်္ဂါ လီများကို
 စိစစ်ရာ မြို့နယ်အဆင့် မှစ၍ ဗဟိုအထိ အဆင့်ဆင့်စစ် ဆေးပြီးမှ ခွင့်ပြုခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂၁ 
ရက်က ပြော ကြားခဲ့သည်။ 
7daydaily
Sunday, September 21, 2014
မြ၀တီမြို့ကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှားကြောင့် စိုးရိမ်မှုလွန်ကဲကာ မွန်းလွဲပိုင်းက လူစုလူဝေး ဖြစ်ပေါ်ခဲ့
               မြဝတီမြို့တွင် ဖြစ်ပေါ်ခဲ့သော ကောလာဟလ သတင်းစကားများကြောင့် စာသင်ကျောင်းများ၌ 
ပညာသင်ကြားနေသော ကလေးငယ်များအား မိဘများက လာရောက်ခေါ်ယူကြ၍ မွန်းလွဲ ၁း၃ဝ ခန့်က လူ
စုလူဝေးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ လူစုလူဝေးဖြစ်ပေါ်ရာ အမှတ်(၁) အထက်တန်းကျောင်းရှေ့
သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင်DKBA ကလို့ထူးဘောတပ်ဖွဲ့မှ ဆက်
ဆံရေးတာဝန်ခံ ဗိုလ်ကြီးစိုးမြင့်တို့ လာရောက်ပြီး မဟုတ်မမှန် ကောလာဟလများကြောင့် အစိုးရိမ်မလွန်ကြဖို့ 
ကျောင်းသားမိဘများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
             “ကောလာဟလ စကားတွေကြောင့် ကျောင်းသားမိဘတွေက အစိုးရိမ်လွန်ပြီး အခုလို စုရုံးရာက်လာ
ကြတာပါ။ မြဝတီမြို့မှာ ဘာမှမဖြစ်ပါဘူး။ ကျောင်းသားတွေကို ကျောင်းလွှတ်ချိန်ကျမှ တံခါးဖွင့်ပေးမှာပါ” ဟု 
အမှတ်(၁) အထက်တန်းကျောင်း အနီးတွင် စုရုံးရောက်ရှိလာသော ကျောင်းသားမိဘများအား တာဝန်ရှိသူများ
က ရှင်းပြခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ကလို့ထူးဘော ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် မြဝတီ
ဆက်ဆံရေးရုံးတာဝန်ခံက DKBA ကလို့ထူးဘောတပ်ဖွဲ့သည် ငြိမ်းချမ်းရေး အဖွဲ့အစည်းဖြစ်သည့်အတွက် ပဋိ
ပက္ခများကို ငြိမ်းချမ်းရေး နည်းလမ်းဖြင့်သာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ယခုထွက်ပေါ်နေသည့် ကောလဟာ
လမျိုးကို ဘယ်တော့မှ ပြုလုပ်မည် မဟုတ်ကြောင်း ပြောကြားသည်။
               မြဝတီမြို့တွင်းကို မွန်းလွဲ ၂ နာရီ တိုက်ခိုက်မည်ဆိုသည့် ကောလာဟလ သတင်းစကားများကြောင့်
 မိမိတို့၏သားသမီးများကို လာရောက်ခေါ်ယူကြခြင်းသာ ဖြစ်ကြောင်း အမှတ်(၁) အထက်တန်းကျောင်းသို့ ရောက်
ရှိလာသည့် ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။
                 မြဝတီမြို့သည် နယ်စပ်မြို့ဖြစ်သည်နှင့်အညီ နှစ်ရက်ဆက်တိုက် မိုင်းတွေ့ရှိခြင်း၊ စက်တင်ဘာ ၁၉ 
ရက် နံနက် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးနောက် ပြည်သူလူထု အထိတ်တလန့် ဖြစ်ပေါ်နေသော်လည်း မြို့တွင်း၊ မြို့ပြင် 
တပ်မတော်၊ ရဲ၊ BGF၊ ပြည်သူ့စစ်၊ ရပ်ကွက်လူထု ပူးပေါင်းပါဝင်သည့်အဖွဲ့များက မြို့တော်လုံခြုံရေးအတွက် နေ့ည
အချိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
news-eleven
Thursday, September 18, 2014
တာချီလိတ် ရေဘေးသင့်
ဗွီအိုအေ (မြန်မာ)
        ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမူတွေ ကြောင့် နှစ်ပေါင်း ၁၅ နှစ်ကျော် အတွင်း  
ဒီတလထဲမှာ ဒုတိယအကြိမ် တောင်ကျရေတွေ ကျလာပြီး ရုတ်တရက် ရေကြီးမူတွေ ရှိနေတာကြောင့် မဲဆိုင်၊ 
တာချီလိတ် ချစ်ကြည်ရေး တံတားကို ယာယီပိတ်ခဲ့ရသလို ရေကြီးမူတွေ အတွင်းလူတွေ မျောပါ၊ ပျောက်ဆုံး မူတေ
ွ ရှိနေတယ်လို့ ဆိုပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။
                   ထိုင်းမြန်မာနယ်စပ်မြို့ ဖြစ်တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့မှာ  စက်တင်ဘာ ၁၈ ရက်နေ့ 
မနက် ၂နာရီကျော် အချိန်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် တောင်ကျရေတွေ ရုတ်တရက် ဝင်လာပြီး 
ရေကြီးရေ လျှံမူတွေ ဖြစ်ခဲ့ပါတယ်။ ထောင်နဲ့ချီ ရှိတဲ့ လူထုတွေ ဒုက္ခရောက်နေကြောင်း ကယ်ဆယ်ရေး လုပ်ငန်းတွေကို 
လုပ်ကိုင်နေတဲ့ တာချီလိတ်မြို့က သံဃာတပါးက အခုလို ရှင်းပြပါတယ်။
            " မနေ့ညက ရွာခဲ့တဲ့ မိုးကြောင့်ပေါ့။ မနေ့ကညက ည နှစ်နာရီလောက်မှာ စပြီးတော့ ရေကြီးတယ်။ ရေကြီးတဲ့
အခါကျတော့ လက်ရှိအနေအထားကတော့ ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေး တံတားကိုလည်း နှစ်နိုင်ငံ သဘောတူ 
ပိတ်လိုက်တယ်။ နောက်ပြီးတော့ တာချီလိတ်မှာလည်း ရပ်ကွက်၊ မဲခေါင်ရပ်ကွက် အစရှိတဲ့ ရပ်ကွက် တချို့မှာလည်း 
ရေကြီးမှုတွေ ခံနေရတယ်။ လက်ရှိ အနေအထားကတော့ တာချီလိတ်မြို့ရဲ့ အလည်ခေါင် မဲခေါင်ရပ်ကွက်မှာတော့ ပစ္စည်း
တွေ မျောပါနေတယ်။ လူတွေလည်း ဒုက္ခရောက်တယ်။ လူတွေလည်း ထောင်နဲ့ချီပြီး အားလုံးက ဒုက္ခရောက်နေကြတယ်။
ဒီကနေ့ ရေဘေးသင့်တဲ့ တောင်ကျရေကြောင့် ရေဘေး ဒုက္ခသည် သောင်းနဲ့ချီ ရှိပါတယ်။ သူ့ယောက်ကျားရော ကလေး
ရော ရေထဲ ပါသွားလို့တဲ့။ လမ်းမမှာ ငိုနေတယ်။ တာချီလိတ်မြို့ရဲ့ အလည်ခေါင်မှာ လူတွေ ဝိုင်းမေးနေကြတဲ့အခါကျတော့ 
သူ့ယောက်ကျားနဲ့ ကလေးက ရေထဲပါသွားပြီတဲ့ အဲ့တာကြောင့် ငိုနေတယ်ပြောပါတယ်။ နှစ်နာရီလောက်မှာ ရေကြီးတယ်။
 ငါးနာရီလောက်မှာ တံတားစ ပိတ်လိုက်တယ်။ ယခုချိန်ထိ နှစ်ဘက်စလုံး သွားလာလို့မရသေးဘူး။"
              နှစ်နိုင်ငံ ကုန်သွယ်မူလုပ်နေတဲ့ မဲဆိုင်၊ တာချီလိတ် ချစ်ကြည်ရေးတံတားကို သစ်တုံးတွေ အမှိုက်တွေ ရိုက်ခတ်မူ
တွေ ရှိနေတာကြောင့်  ဒီနေ့ ယာယီပိတ်ပြီး အမှိုက် ရှင်းလင်းမူတွေလည်း လုပ်နေရပါတယ်။ ရပ်ကွက်တချို့ အိမ်ခေါင်မိုးထိ 
ရေနစ်မြုပ်နေတဲ့ အတွက် လူတွေကိုဘေးလွတ် ရာရွှေ့ ပြောင်းပေးနေပြီး စားသောက်ရေး အကူညီတွေပေးနေတယ်လို့  
တာချီလိတ်မြို့  နာရေးကူညီမူ အသင်း ဥက္ကဋ္ဌ ဦးလှမိုးကလည်း ပြောပါတယ်။
           "အခြေအနေကတော့ ကျနော်တို့အသင်းအနေနဲ့ လက်ရှိအခြေအနေပေါ် မူတည်ပြီး လိုအပ်သလို ကူညီနေပါတယ်။ 
လက်ရှိကတော့ ပြီးခဲ့တဲ့အပတ် ကထက် ရေပိုကြီး တယ်ဗျ။ တချို့နေရာတွေဆိုရင် လည်ပင်းလောက် အထိ မြုပ်တယ်။ ရေ
ဘေး ကယ်ဆယ်ရေး လူတွေကို ကယ်တင်ပေးတယ်။ ထမင်းထုတ် လိုက်ဝေမှာပေါ့နော်။ လောလောဆယ်က စားဝတ်နေရေး
ကို ဖြေရှင်းပေးတယ်။"
             ရုတ်တရက်ကျလာတဲ့ တောင်ကျရေကြောင့် တမြို့လုံးနီးပါးမှာ ရေတွေဝင်လာပြီး အိမ်တွေ၊ ဆိုင်တွေက ပစ္စည်းတွေ
တောင် ရွှေ့ချိန်၊ သယ်ချိန်မရခဲ့တဲ့ ရပ်ကွက်တွေရှိနေသလို မဲဆိုင်ချောင်း နဘေး နေထိုင်နေတဲ့ မိသားစုတွေ ထဲက တချို့ ရေ
ထဲပါသွားလို့ ပျောက်ဆုံးနေတယ်လည်း ကယ်ဆယ်ရေး လုပ်နေသူတွေကဆိုပါတယ်။
               မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒ ဦးစီးဌာနရဲ့ဒုညွှန်မှူး ဦးကျော်လွင်ဦး ကတော့ မြန်မာနိုင်ငံတဝှမ်း စိုးရိမ်ရတဲ့နေ
ရာတွေကို သတိပေးချက်တွေ ထုတ်ပြန်ထားပြီး စက်တင်ဘာလ ၁၈ရက်နေ့ တိုင်းထွာချက်တွေအရ  မိုးကြီးရေလျှံ ဖြစ်နေရတဲ့ 
နေရာဒေသတွေကိုလည်း  ပြောပြခဲ့ပါတယ်။
              " ဒီကနေ့ မိုးလေဝသ အခြေအနေအရဆိုရင် အများဆုံး မိုးရွာသွန်းခဲ့တဲ့ ဒေသ ကတော့ လောင်းလုံမြို့မှာ ၈.၅ လက်မ၊
 ရေးမြို့မှာ ၆.၉၃ လက်မ၊ ဘားအံမြို့မှာ ၆.၁၈ လက်မ ပေါင်မြို့မှာ ၅.၈၇ လက်မဆိုပြီးတော့ မြန်မာနိုင်ငံ အထက်ပိုင်းရယ်။ မွန်၊ 
တနင်္သာရီ ကမ်းရိုးတန်းရယ်၊ ရှမ်းပြည်နယ် ဒေသတချို့မှာလည်း နေရာ ကွက်ကြားပြီးတော့ မိုးကြီးခဲ့တဲ့ အနေအထားမျိုး တွေ့ရှိ
ရပါတယ်။ နောက် အခုလက်ရှိ အခြေအနေမှာတော့ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်း
တခု ပြီးခဲ့တဲ့ နှစ်ရက်လောက် ဖြစ်နေတာ လည်း အခု ဆက်လက် တည်ရှိနေတဲ့ အနေအထားမျိုးမှာဆိုလို့ရှိရင် အနောက်တောင် 
မုတ်သုံလေ ကတော့ အားအသင့်အတင့်ကနေ အားကောင်းနေတဲ့ အနေအထားဖြစ်ပါတယ်။ အရှေ့ဖက်ကတော့ တိုင်ဖုန်းမုန်တိုင်း 
ကြောင့်မို့လို့ မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အထက်ပိုင်းတွေမှာနရာအနှံ့ ဒေသအလိုက် မိုးကြီးနိုင်တဲ့အခြေအနေကို ကျနော်တို့တွေ 
ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်လောက်ကတည်းက ထုတ်ပြန်ထားတာရှိပါတယ်။"
                တာချီလိတ်မြို့မှာ လွန်ခဲ့တဲ့ ငါးနှစ်ကလည်း ရေကြီးမှု ဖြစ်ခဲ့သေးပေမယ့် ၁၅ နှစ်အတွင်းမှာတော့ ဒီနှစ် ရေကြီးတာ
တွေက  ပိုပြီးဆိုးဝါးပြင်းထန်ခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။ ပြိးခဲ့တဲ့ စက်တင်ဘာ ရရက်နေ့က ရေကြီးခဲ့တုန်းကတော့  ပစ္စည်း
တွေ ရေထဲမျောပါတာတွေ ရှိခဲ့ပြိး တာချီလိတ်မြို့က ပျက်စီးဆုံးရှုံးမှုတွေဟာ  ဘတ်ငွေ သန်းနဲ့ချီပြီး ရှိခဲ့ ကြောင်း မြို့ခံတွေက ပြော
ပါတယ်။
Sunday, September 14, 2014
အမြဲတမ်းအတွင်းဝန်ရာထူးအား လက်ရှိအစိုးရ လက်ထက်တွင် ခန့်အပ်မည်ဟုဆို
                 အတွင်းဝန်ရာထူးခန့်အပ်လျှင် ၀န်ကြီးဌာနများ၌ ပြည်ထောင်စုဝန်ကြီးများ ခရီးသွားခြင်း၊ 
လစ်လပ်ခြင်းများ ဖြစ်ပေါ်လျှင် ဌာနလုပ်ငန်းများ မနှောင့်နှေးအောင်အတွင်းဝန်က ဆက်လက်လုပ်ကိုင်
သွားမည်ဟုဆိုသည်။ ပြည်ပခရီးစဉ် တစ်ခုမှ ပြန်လာသော နိုင်ငံတော်သမ္မတကို ကြိုဆိုနေသော ပြည်
ထောင်စုဝန်ကြီးအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ −နိုင်ငံတော်သမ္မတရုံး)
ကျက်သည့် နိုင်ငံ့ဝန်ထမ်းများကို သာ ရွေးချယ်တာဝန်ပေးအပ်သွား မည်ဖြစ်ပြီး ဦးသိန်းစိန်အစိုးရ သက်
တမ်းမကုန်မီစတင်ခန့်အပ် မည်ဟု သတင်းရရှိသည်။
            လက်ရှိအစိုးရသက်တမ်း ၁၉လသာကျန်တော့ချိန်တွင်ဝန် ကြီးဌာနများ၌ ၀န်ကြီးအပြောင်း အလဲ
ဖြစ်သော်လည်း မူဝါဒမ ပြောင်းဘဲ ဆက်လက်လည်ပတ် နိုင်ရန် အမြဲတမ်းအတွင်းဝန်ရာ ထူးခန့်အပ်ရေးကို
 စဉ်းစားဆောင် ရွက်နေပြီး အတွင်းဝန်စနင်ကျင့် သုံးသည့် ဒီမိုကရေစီနိုင်ငံများကဲ့ သို့ အတွေ့အကြုံရှိနိုင်ငံ့
ဝန်ထမ်း များကိုသာရွေးချယ်တာဝန်ပေး မည်ဟု ပြည်ထောင်စုဝန်ကြီးဦးရဲ ထွဋ်ကပြောသည်။
          ထို့အပြင် ၀န်ကြီးဌာနများအတွင်း ရာထူးတစ်ခုအတွက်ဖွဲ့ စည်းပုံ ပြင်ဆင်ရေးဆွဲခြင်းမှာ လွှတ်တော်နှင့် 
မသက်ဆိုင်ဘဲ လက်ရှိ  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ၀န်ကြီး၊ ဒုဝန်ကြီးခန့် ထားမှုများတွင်သာ လွှတ်တော်
သို့ တင်ပြရကြောင်း ဦးရဲထွဋ်ကဆိုသည်။ ပြည်လည်ခန့်အပ်မည့်အမြဲ တမ်းအတွင်းဝန်မှာ ၀န်ကြီးဌာ နတစ်ခုလုံး
တွင် အကြီးဆုံးဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ် အထက်မှ နေ၍ စီမံခန့်ခွဲရမည်ဖြစ်သည်။
            မြန်မာနိုင်ငံရေးတွင်ဝန်ကြီး ချုပ်ဦးနုလက်ထက်၌ အမြဲတမ်း အတွင်းဝန်နှင့်ပါလီမန်အတွင်း ၀န်နှစ်မျိုးရှိ
ခဲ့ပြီး ဗြိတိသျှစနစ်ကို ယူ၍ ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ထို စဉ်က အမြဲတမ်းအတွင်းဝန်များ ကို နိုင်ငံ့ဝန်ထမ်းများသာ
ခန့်အပ် ခဲ့ပြီး ပါလီမန်အတွင်းဝန်မှာ အ ရပ်သားများထဲမှ ပညာတတ်အ ချို့ကို လွှတ်တော်ဆိုင်ရာဆက်ဆံ ရေးအ
တွက်ခန့်ခဲ့ခြင်းဖြစ်သည်။
             တော်လှန်ရေး ကောင်စီ လက်ထက်တွင် အမြဲတမ်းအ တွင်းဝန်များကို ဆက်လက်ခန့် ထားခဲ့သော်လည်း
 တပ်မတော်မှ အရာရှိများကပါ လာရောက်တွဲ ဖက်လုပ်ကိုင်ခဲ့သည်။ ၁၉၈၈ နောက်ပိုင်း နအဖအစိုးရလက် ထက်
တွင် ဒုတိယညွှန်ကြားရေး မှူးချုပ်များကို ရုံးအဖွဲ့မှူးတာဝန် ပေး၍ အတွင်းဝန်ဆန်ဆန်ခန့်အပ် သုံးစွဲမှုရှိခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေး နှင့် အပြောင်းအလဲတို့တွင်လွှတ် တော်သဘောထား
ရယူရပြီးအမြဲ တမ်းအတွင်းဝန်မှာ ယခင်ပါလီ မန်ခေတ်တွင် ဒုဝန်ကြီးအဆင့်နှင့် ညီကြောင်း ပြည်သူ့လွှတ်တော် 
ကိုယ်စားလှယ်ဦးဝင်းထိန်ကပြော သည်။ ‘‘အခုက ဒုဝန်ကြီးရှိတော့ ဒီအတွင်းဝန်ခန့်တာက လွှတ်တော်ကို တင်ချင်
လည်းရတယ်။ မတင် လည်းရတာပေါ့’’ဟု ၎င်းကဆို သည်။
7daydaily
Saturday, September 13, 2014
“ဦးဝီရသူလှူဒါန်းသော ငွေများထုတ်ပြီးအပြန် ဆိုင်ကယ်အတိုက်ခံရ”
             10.9.2014 ရက်နေ့ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ သံတွဲခရိုင်၊ ငပလီမြို့၊ ဂျိတ္တောရွာမှ 
ဦးပဉ္စင်း ဦးဉာဏက ဦးဝီရသူလှူသော ငွေ(၆၅၁)သိန်းကို သံတွဲမြို့မှ ထုတ်ပြီးအပြန် မြပြင်ရွာမှာ
 ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဦးဉာဏနှင့် ကားဆရာ ဒကာဦးဝင်းမြင့်တို့က ရှေ့တည့်တည့်မှ အပြင်း
မောင်းလာသော ဆိုင်ကယ်ကိုတွေ့လို့ အရှိန်လျှော့ချလိုက်ပါတယ်။ ဆိုင်ကယ်က ဘယ်လမ်းကြော
အတိုင်း ကားဆီကို ဦးတည်မောင်းလာတာဖြစ်လို့ ဦးဝင်းမြင့်က ကားကို လမ်းဘေးမြေသားပေါ်
 ချပြီး ရပ်ပေးလိုက်ပါတယ်။ ဆိုင်ကယ်က အရှိန်မထိမ်းနိုင်ဘဲ ကယ်ဘက်ကားဘီးကို ဝင်တိုက်လိုက်
ပါတယ်။ ကားဘော်ဒီယိုင်နဲ့သွားပါတယ်။(ကားမောင်းကြည့်မှ သိရတာပါ။) ဘက်မှန်အိမ်ကျိုးပဲ့သွား
ပါတယ်။ ဆိုင်ကယ်သမားက လွင့်ပြီး လမ်းလယ်ခေါင်ပေါ် ပက်လက်လန်သွားပါတယ်။ ဘယ်ပေါင်-
ညာဒူးနှင့် ဦးခေါင်း မှာ ဒဏ်ရာရသွားပါတယ်။
           ခဏအကြာ ဆိုင်ကယ်သမားရဲ့အစ်ကို ရောက်လာပါတယ်။ ညီအစ်ကိုနှစ်ယောက်လုံးက
 ဇီးဖြူကုန်းရွာမှ မူဆလင်တွေဖြစ်ပါတယ်။ ကုလားကို သံတွဲဆေးရုံမှာတင်ထားပါတယ်။
လွန်ခဲ့တဲ့ မတ်လတုန်းကလည်း ဂျိတ္တောရွာဆရာတော်ကားကို ကုလားက သုံးဘီးဆိုင်ကယ်နှင့် အခုလို 
လမ်းပြောင်းပြန်ပုံစံကြီးနှင့်ပဲ တိုက်ခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း ဦးဝီရသူ ရခိုင်ခရီးစဉ်အတွင်း 
သံတွဲ ရောက်ခိုက်ဖြစ်ပွားခဲ့တာပါ။ အခုလည်း ဦးဝီရသူ လှူဒါန်းသော ငွေထုတ်ပြီး သံတွဲမှအပြန် ဝင်
တိုက်ခံရခြင်း ဖြစ်ပါတယ်။ တိုက်လည်းတိုက်ဆိုင်လွန်းပါတယ်။
တိုက်လည်း တိုင်နိုင်လွန်းပါတယ်ဗျာ။
ရဲရဲနီတဲ့ ရဲရဲ ဗမာသွေး
Twitter Delicious Facebook Digg Stumbleupon Favorites More