Saturday, March 29, 2014

စစ်တကောင်းသည် မြန်မာပိုင်နယ်မြေဖြစ်သည်


             ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ်နေ့စဉ်သတင်းစာပါဆောင်းပါးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ
နိုင်ငံခြားရေးဝန်ကြီး ဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သတိထောက်လွှာ
များပေးအပ်ခဲ့..ဟူသော သတင်း တစ်ပုဒ်ကိုဖတ်လိုက်ရတဲ့အခါ မြန်မာနိုင်ငံတစ်ဦးအနေဖြင့် ၀မ်း
သာစွာထောက်ခံမိပါတယ်။ ဆောင်းပါးရှင် Zeeshan Khan ရေးသားတဲ့ A referendum in
Rakhine State? နဲ့ပတ်သက်လို့ ပြည်သူလူထုအတွင်းမှာ ဒေါသတွေပေါက်ကွဲနေပါတယ်။ ဆောင်း
ပါးရှင် Zeeshan Khan ဟာမြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို သွေးထိုး လှုံ့ဆော်နေသလိုမြန်မာနိုင်ငံ
အတွင်းမတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။
               စစ်တွေနဲ့မောင်တောဒေသတွေမှာခရိုင်းမီးယားလို ဆန္ဒခံယူပွဲလုပ်ပြီး ဘင်္ဂလားဒေ့ရှ်က
စစ်တကောင်းနဲ့ ပူးပေါင်းသင့်တယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် Dhaka Tribune သတင်းစာမှာ
ရေးသားထားတာဖြစ်ပါ တယ်။ ရခိုင်ဒေသမှာလက်ရှိဖြစ်နေတဲ့ အနေအထားတွေကို အခြေအနေပိုမို
ဆိုးရွားအောင် ထပ်ဆင့်သွေးထိုး လှုံ့ဆော်လိုက်တာဖြစ်လို့ ပြည်သူတွေဒေါသထွက်နေကြတာဖြစ်ပါ
တယ်။ သတင်းစာဆရာ ဇီးဟန်းခန်ဆိုသူက “ရခိုင်ပြည်နယ်မှာ ဆန္ဒခံယူပွဲလား” (A Referendum in
Rakhine State) လို့ ခေါင်းစဉ်တပ်ပြီး ရခိုင် ပြည်နယ်မှာ နေထိုင်သူတွေရဲ့ ၄၂ ရာခိုင်နှုန်းဟာ ဘင်္ဂါလီ
စကား ပြောနေကြတယ်။ စစ်တွေနဲ့ မောင်တောမှာ ၉၅ ရာခိုင်နှုန်းရှိတယ်။ စစ်တွေနဲ့မောင်တောမှာ ခရိုင်း
မီးယားလို ပြည်သူ့ဆန္ဒခံယူပြီး ရခိုင်ပြည်နယ်အစား ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်တကောင်းပြည်နယ်
အောက်ကို အဲဒီဒေသတွေ ပူးပေါင်းသင့်တယ်ဆိုပြီး ရေးထား တာပါ။
     စစ်တွေနဲ့မောင်တောမှာ ခိုးဝင်နေထိုင်ကြတဲ့ ကုလားတွေဆိုတာ မြန်မာတိုင်းရင်းသားတွေမဟုတ်သလို
မြန်မာစကားနဲ့ဒေသခံတိုင်းရင်းသားစကားတွေကို ပြောတတ်သူတွေလဲမဟုတ်ပါဘူး။ အမေရိကန်လို
ဒီမိုက ရေစီ နိုင်ငံကြီးမှာတောင် သူတို့ဘာသာစကား မပြောတတ်တဲ့သူ၊ မပြောနိုင်တဲ့သူကို အမေရိကန်
 နိုင်ငံသား အဖြစ်မသတ်မှတ်ပါဘူး။ဘဂါင်္လီတွေကိုနိုင်ငံသားဖြစ်ခွင့်ပေးဖို့တောင် ခက်ခဲနေတဲ့အချိန်မျိုးမှာ
စစ်တွေနဲ့ မောင်တောဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဖို့ဆန္ဒခံယူဖို့ ရေးသားတဲ့သူဟာ တော်တော်ကြီးကိုဦး
နှောက် မကောင်းတဲ့သူ၊ ဒါမှမဟုတ် အခုချိန်ကျမှ ခရိုင်းမီးယားအရေးကို ပုံတူကူးချပြီး ဒီလိုသွေးထိုးလှုံ့ဆော်
ရေးသား လိုက်တာ ရခိုင်ပြည်နယ်မှာရှိတဲ့ကုလားတွေကို ဒုက္ခရောက်သထက်ရောက်အောင် တွန်းပို့လိုက်
တာပါပဲ။
       ပြောရမယ်ဆိုရင် စစ်တကောင်းဒေသဟာ မြန်မာဘုရင်တွေ လက်ထက်ကဆိုရင် မြန်မာတွေ ပိုင်တဲ့နယ်
မြေ ဖြစ်ပါတယ်။ ၁၈၂၄ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲမှာ စစ်ရှုံးလို့ ရခိုင်ဒေသကိုနယ်ချဲ့အင်္ဂလိပ်ဆီ ပေးလိုက်ရ
ပြီးနောက်ပိုင်းကျမှ စစ်တကောင်းဟာ အိန္ဒိယပိုင်နက်ထဲပါသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ဖြစ်လာ ခဲ့တာပါ။
စစ်တကောင်းဆိုတာနဲ့ မြန်မာလူငယ်တိုင်းကမြန်မာပိုင်နယ်မြေလို့ပဲ ကြားသိထားပြီးတစ်ဆက်တည်း မှာပဲ
စစ်သူကြီးမဟာဗန္ဓုလရဲ့ စွမ်းရည်သတ္တိတွေကို မြင်ယောင်နေကြပါတယ်။ စစ်တွေနဲ့မောင်တောဟာ ဘယ်အ
ချိန်၊ဘယ်ကာလကမှ ဘင်္ဂလားဒေ့ရှ်ပိုင်မဖြစ်ခဲ့ပါဘူး။စစ်တကောင်းကသာမြန်မာပိုင်စစ်စစ်ဖြစ်ခဲ့တာပါ။ သမိုင်း
ကြောင်းအရ ထင်ထင်ရှားရှားရှိခဲ့တဲ့ဖြစ်ရပ်တွေရှိနေပါသေးတယ်။ ဒါကြောင့်မို့ တကယ်ဖြစ်ရမှာက စစ်တကောင်း
ကသာ မြန်မာနယ်မြေ ဖြစ်သင့်ပါတယ်။

credit : Maung Myochit Thu


0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More