Tuesday, March 18, 2014

မလေးရှား မှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဒေါက်တာအေးမောင် အမှုနဲ့ ပတ်သတ်၍



      မလေးရှားနိုင်ငံက အစိုးရတာဝန်ရှိသူများရဲ့ လုပ်ပုံကိုင်ပုံများနဲ့ ပတ်သက်ပြီး ကမ္ဘာ့ နိုင်ငံများရဲ့ ဝေဖန်မှု့ 
တွေ တဖြည်းဖြည်း ကျယ်လောင် လာနေပါတယ်.. ဒါဟာလုံခြုံရေးပိုင်ဆိုင်ရာအဖွဲ့အစည်းများရဲ့ တာဝန်ပိုင်း
ပေါ့လျော့မှု့ .. အကျင့်ပျက် ခြစားမှု့ တို့ရဲ့ အကျိုးဆက်တွေလို့ ပြောလို့ရနိုင်ပါတယ်..
           အနီးစပ်ဆုံး ဒေါက်တာအေးမောင် လုပ်ကြံခံရမှု့ မှာ သတင်းခြေရာခံနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေပေမဲ့
စုံစမ်းဖော်ထုတ်နိုင်မှု့ တွေ အားနည်းခဲ့တယ်.. ဖိအားတွေ ရှိလာမှပဲ ဂြိုလ်တုမှ ရိုက်ယူထားတဲ့ ပုံရိပ်များကို အသုံးပြုပြီး
 အမှု့ နဲ့ ဆက်နွယ်တဲ့ လူတစ်ဦးကို ဖမ်းဆီးခဲ့တယ်.. သူဟာ ဒေါက်တာအေးမောင်တို့ကားကို နောက်ယောင်ခံ လိုက်
နေခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ဆိုင်ကယ်ပေါ်က တရားခံနဲ့ ချိတ်ဆက် လှုပ်ရှားခဲ့တဲ့ အချက်အလက်တွေကို ဖော်ထုတ်
နိုင်ခဲ့ပေမဲ့ အဓိကတရားခံတွေဟာ လွတ်မြောက်နေဆဲပါ..
        ပြီးတော့ ဒီအမှု့ ဟာ ၈၈ကိုအောင်ကြီး အသတ်ခံရတဲ့ အမှု့ နဲ့ ဆက်စပ်နေနိုင်တဲ့ အထောက်အထားတွေ ရှိနေပါတယ်.
. ကိုအောင်ကြီး အလောင်းကို အပြင်လူ ကြည့်ခွင့် မပေးခဲ့ပေမဲ့ ရဲစစ်ချက်မှတ်တမ်းများ ထွက်ပေါ်လာချိန်မှာတော့ သတင်း
တွေဟာ ဖုံးကွယ်လို့ မရဖြစ်ခဲ့တယ်.. သူ့ကို စကေဘာအချွန်လိုမျိုးနဲ့ တစ်ကိုယ်လုံး အနှံ့ ထိုးခဲ့တယ်.. လက်နှစ်ဖက်ကိုလဲ
ဓားနဲ့လှီးထားတာ တွေ့ရတယ်.. မသေခင်မှာ ဘယ်လောက် ခံစားခဲ့ရမလဲ.. ဒီဒဏ်ရာတွေကို ကြည့်ရင် မသေခင်မှာ သူ့ကို
နှိပ်စက်ပြီး တစ်စုံတစ်ခုကို မေးမြန်းဖော်ထုတ်ခဲ့တယ်ဆိုတာ သိသာပါတယ်.. ဒေါက်တာအေးမောင်တို့နဲ့ စကားပြောနေစဉ်မှာပဲ
 ဒီဖုန်းလာခဲ့ပြီး သူစကားပြန်ပြောခဲ့တယ်.. ပြီးတော့ ကိစ္စလေးတစ်ခု.ရှိနေလို့ပါ ပြောပြီး သူပြန်သွားခဲ့ရာမှာ အဖမ်းဆီးခံခဲ့ရ
တာပါ.. ဒီဖုန်းနံပါတ်ကို ကိုအောင်ကြီး သိနေပေမဲ့ မလေးထောက်လှမ်းရေးများကတော့ Unknown number လို့ ပြောပါတယ်..
ဒေါက်တာအေးမောင်ကတော့ မြန်မာနိုင်ငံမှာကော.. မလေးမှာပါ အမှု့ ဖွင့်ထားတယ်လို့ သိရပါတယ်..
       ကာယကံရှင်များသာမက မြန်မာနိုင်ငံ သံရုံး.. ကောင်စစ်ဝန်ရုံးနဲ့ အဖွဲ့အစည်း အသီးသီးတို့ကလဲ သွေးအေးမနေပဲ
ဖိအားပေးဖို့ လိုပါတယ်.. ဘာကြောင့်ဆို ဒီအမှု့ တရားခံ ဖော်ထုတ်နိုင်မှု့ ဟာ မလေးရှားမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားများရဲ့
 အနာဂတ် လုံခြုံရေးနဲ့ သက်ဆိုင်နေလို့ပါ......။

အက်ရှင်ဘဘ ဒီမို

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More