Wednesday, March 26, 2014
ရခိုင်ညီလာခံ ရန်ပုံငွေ ဖြေဖျော်ပွဲ ရန်ကုန် မျှော်စင်ကျွန်းတွင် ပြုလုပ်မည်
     ဧပြီလ ၂၉ ရက်နေ့ ကျောက်ဖြူမြို့တွင် စတင်ပြုလုပ် ကျင်းပမည့် ရခိုင်အမျိုးသားညီလာခံ
ရန်ပုံငွေအတွက် တေးဂီတ ဖြေဖျော်ပွဲ တစ်ခုကို ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင် မတ်လ ၃၀ ရက်
နေ့ တနင်္ဂနွေနေ့တွင် ပြုလုပ်မည်ဟု သတင်း ရရှိသည်။
         ယင်းတေးဂီတ ဖြေဖျော်ပွဲတွင် ဦးမောင်သိန်း၊ မြတ်ခိုင်ကျော်၊ ၀င်းကိုခိုင်၊ ခိုင်ကျော်လင်း၊
 ခိုင်မြတ်မင်း၊ ဒိုးအ်ရီ၊ L ကိုလင်း၊ ညီမင်းခိုင်၊ ထက်အောင်ကျော်၊ ညှာစိမ်းခိုင်၊ စိမ်းလဲ့လဲ့၊ စောနှင်းနွယ်၊
 ဇင်မာထွန်း၊ ဆူးသျှားသဇင်၊ ရီလိုင်းပြာတို့ ဖြေဖျော်ကြမည်ဟု သိရသည်။
 ဖြစ်သည်။“လုံခြုံ၊ ငြိမ်းချမ်၊ ဖွံ့ဖြိုးရန် ရခိုင်အမျိုးသား ညီလာခံ” ဆောင်ပုဒ်နှင့် ဦးတည်ကျပမည့် ရခိုင်
အမျိုးသား ညီလာခံကို ဧပြီလ ၂၉ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ကြောင်း
သိရသည် ။
0 ထင်မြင်ချက်ပေးရန်:
Twitter Delicious Facebook Digg Stumbleupon Favorites More