Sunday, March 30, 2014

မောင်တောမြို့ပေါ် ဘင်္ဂလီများမှ လူမျိုးလိမ် ရိုဟင်ဂျာမထည့်ပေး၍ သန်းခေါင်စာရင်းအကောက်မခံ


(၃၀.၃.၂၀၁၄)
         ယနေ့ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းကောက်ယူခြင်းအား မောင်တောမြို့ပေါ် မြို့မအနောက်
ကောက်ကွက်အတွင်း ကောက်ယူခဲ့ရာ မြို့ပေါ်နေဘင်္ဂလီများမှ လူမျိုးနေရာ၌ ဘင်္ဂလီဟု မရေးသွင်း
ပါက သန်းခေါင်စာရင်းအကောက်မခံကြောင်း၊ အချိုမှ မေးခွန်း တစ်စုံတစ်ရာမမေးမြန်းမီကပင် ၉၁၄
 ရိုဟင်ဂျာထည့်ပေးဟု ပြောပြီး၊ မထည့်ပေးပါက အကောက်မခံကြောင်း၊ ယောက်ျား/ မိန်းမ/ကလေး
မကျန် ရိုဟင်ဂျာဟုသာ ပြောဆိုကြပြီး အကောက်မခံကြောင်း စာရင်းကောက်ဆရာမများထံမှ သိရပါ
တယ်။ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရာ၌ ရိုဟင်ဂျာအမည်သုံးစွဲခြင်းအား လက်ခံ
မည်မဟုတ်ကြောင်း အစိုးရမှ ယနေ့တွင် တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
       ဘင်္ဂလီများအကြား ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူစဉ်အတွင်း ရိုဟင်ဂျာဟုဖြေဆိုရန် ၀ါဒဖြန့်
မှုများ ရှိနေပြီး လူ့အခွင့်အရေးအရ ဖြေဆိုသူပြောကြားသည့် လူမျိုးအား ထည့်ပေးရမည်ဆိုသည့် အချက်
အပေါ် ခုတုံးလုပ်ကာ ရိုဟင်ဂျာလူမျိုးလိမ်အား ၂၀၁၄ သန်းခေါင်စာရင်းအတွင်း နိုင်ငံတကာသိ မှတ်တမ်း
ဝင်ရန် ကြိုးပမ်းနေကြခြင်းဖြစ်ပါတယ်။

Credit (Western Gate Guard)

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More