Saturday, March 22, 2014

သမိုင်းပညာရှင် Dr Jacques Leider က ရိုဟင်ဂျာမှာ တိုင်းရင်းသား နိုင်ငံသား မဟုတ်ဟု ပြော

 

     ရခိုင်သမိုင်းကို နှစ်ပေါင်း ၂၀ ကျော်ကြာ အသေးစိတ် သုတေသနပြု လေ့လာသူ ပြင်သစ်နိုင်ငံသား သမိုင်းပညာရှင်
Dr Jacques Leider က ရိုဟင်ဂျာမှာ တိုင်းရင်းသား မဟုတ်ဟု ပြောဆို။ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားလူမျိုးဖြစ်ပါတယ်
 ဆိုတဲ့ concept မရှိပါဘူး။ သူတို့အနေနဲ့ မတ်တပ်ရပ်ပြီးတော့ သူတို့ဟာ မြန်မာတိုင်းရင်းသားပါ လို့ ကြွေးကြော်လို့
တော့ ရတာပေါ့လေ။ ဒါပေမဲ့ ဒီလို အော်နေတာက အကောင်းဆုံး နည်းလမ်းမဟုတ်ဘူးလို့ ကျွန်တော်ထ...င်ပါတယ်။
သူတို့အနေနဲ့ ရခိုင်ပြည်မှာ မျိုးဆက်တစ်ခုမက နေထိုင်လာကြတဲ့ မူစလင်တွေပါ လို့ ပြောရင်တော့ ငြင်းဖို့ခက်ပါမယ်။
ရိုဟင်ဂျာဆိုတာ ဝေါဟာရ တစ်ခုပါ။ ရှေးဟောင်းစကားလုံး တစ်ခုဖြစ်ပြီးတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း
ရောက်မှသာ ဒါကို အသုံးပြုပြီးတော့ နိုင်ငံရေး ခေါင်းစဉ်တပ်နိုင်ဖို့ အတွက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
             အခုအချိန်အထိတော့ သူတို့အားလုံး (ရခိုင်ပြည်နယ်အတွင်းက မူစလင်တွေ အားလုံး) အနေနဲ့ အဲဒီ နိုင်ငံရေး
ခေါင်းစဉ်တစ်ခု အောက်မှာ အကျုံးဝင်ဖို့ အဆင်သင့် မဖြစ်ပါဘူး။ ကျွန်တော် ဘင်္ဂလားဒေ့ရှ်ကို ရောက်ခဲ့တုန်းက ရခိုင်ပြည်
ကနေ ဘင်္ဂလားဒေ့ရှ်ကို ပြောင်းရွှေ့လာတယ် ဆိုတဲ့ မူစလင်တွေကို မေးကြည့်ခဲ့ဖူးပါတယ်။ ခင်ဗျားတို့က ရခိုင်ပြည်က
လာတဲ့ ရိုဟင်ဂျာလား.. လို့။ သူတို့က ပြောပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ဟာ ရခိုင်ပြည်မှာ
 နေထိုင်ခဲ့တဲ့ မူစလင်တွေပါ။ ကျွန်တော်တို့ကို ရိုဟင်ဂျာဆိုတဲ့ စတေကာ ကပ်ပေးလို့ မရပါဘူး.. လို့ ပြန်ပြောခဲ့ပါတယ်။

Q: Are the So-called Rohingya an ethnic group of Burma?
A: My answer is that So-called Rohingya is not an ethnic concept. Okay, they can stand up and say we are an
ethnic group inside Myanmar. But I think that is not the best way. When you argue we are Muslims and we have
been living in Rakhine for several generations, nobody can deny it. For me, So-called Rohingya is the term, which
is an old word that has been claimed as above all as a political label after the independence of Myanmar. For the
moment, I do not see that all the people there readily submit to one and a single label. When I was in Bangladesh,
 people pointed out Muslims to me who originally lived in Rakhine. They have now moved to Bangladesh and when
you ask them, “are you So-called Rohingya coming from Rakhine?” they say, “no, we are Muslims who live in Rakhine,
we do not take for us the label So-called Rohingya.”

(သမိုင်းလိမ်)ရိုဟင်ဟူသည်မှာ (China ကို တရုတ်ဟု မြန်မာတို့က ခေါ်သကဲ့သို့) ရခိုင်ပြည်ကို ရိုဟင် ဟု ဘင်္ဂလီများက ဘင်္ဂလီဘာ
သာဖြင့် ရှေးခေတ်က ခေါ်ဆိုကြခြင်းသာ ဖြစ်ပြီး ဆင့်ပွား ဝေါဟာရဖြစ်သော ရိုဟင်ဂျာမှာ ရခိုင်ပြည်သားဟု အဓိပ္ပါယ်ရကြောင်း
သိရသည်။ အဆိုပါ ဝေါဟာရမှာ ရခိုင်ပြည်သား သို့မဟုတ် ရခိုင်များနှင့်သာ သက်ဆိုင်ပြီး၊ နောက်ပိုင်းကာလမှသာ ရခိုင်ပြည်သို့
ဘင်္ဂလားမှ ရွှေ့ပြောင်းဝင်ရောက်လာသူ ဘင်္ဂလီများနှင့် သက်ဆိုင်မှု မရှိကြောင်း သိရပါသည်။ ၁၉၅၀ နောက်ပိုင်းတွင်မှ အဆိုပါ
လူမသိ သူမသိသော ရှေးဟောင်း ဘင်္ဂလီ ဝေါဟာရကို ရခိုင်ပြည်နယ်မှ ဘင်္ဂလီ ပညာတတ်များက နှစ်ပေါက်တစ်ပေါက်ရိုက်ကာ
လှည့်စား အသုံးပြုလိုက်ခြင်း ဖြစ်ပြီး၊ ရိုဟင်ဂျင်လူမျိုးဟူသည့် တိုင်းရင်းသား လူမျိုးသစ် နိုင်ငံရေး ကစားကွက် တစ်ခု ပေါ်ပေါက်
လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More