Monday, March 31, 2014

ခိုးဝင်လာသူတွေကို ထိန်းချုပ်ကိုင်တွယ်တဲ့ နည်းလမ်းတွေကို သုံးဖို့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး တိုက်တွန်း

  မြန်မာနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်လာသူတွေနဲ့ ရွှေ့ပြောင်းသွားလာနေထိုင်သူတွေကို လက်
ရှိကမ္ဘာပေါ်မှာ တရားမ၀င်ရွှေ့ပြောင်းသွားလာနေထိုင်သူတွေကို ကိုင်တွယ်တဲ့ နှုန်းစံတွေနဲ့အညီ ထိန်းချုပ်ကိုင်
တွယ်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က ပြောကြား
လိုက်ပါတယ်။ မတ်လ ၃၀ ရက်နေ့က MCN TV NEWS နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းကို ဖြေကြားစဉ်မှာ
ဝန်ကြီးက အဲ့ဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီလိုပြောကြားရာမှာတော့ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးစံနှုန်း
တွေ အပြည့်အ၀ရှိတဲ့ အမေရိကန်ပြည်ထောင်စုမှာ မက္ကဆီနိုင်ငံနဲ့ ဂျူးဘားနိုင်ငံတွေက ခိုးဝင်လာသူတွေကို ထိန်း
ချုပ်ကိုင်တွယ်တဲ့ နည်းလမ်းတွေကို နမူနာယူပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနဲ့အညီ ပြည်ထောင်စု အစိုးရ
အဖွဲ့အနေနဲ့ ဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို MCN TV NEWS
ရဲ့ TV သတင်းပေးပို့ချက်မှာ အခုလို တွေ့မြင်ကြရမှာဖြစ်ပါတယ်။

Video By MCN TV News

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More