Saturday, March 29, 2014
ရဲတပ်ဖွဲ့ ဝင်များပစ်သက်ခဲ့ပြီးနောက်သေဆုံးသူ၏ အလောင်းကိုဖုံးဖိထားရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့''
ရှိနိုင်ငံခြားအိုင်အမ်ဂျီအို အဖွဲ့အစည်းတစ်ခုမှနိုင်ငံခြားသူ တစ်ဦးမှသာသနာ့အလံအားဖြုတ်ယူသော
ကြောင့်ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရသည်။ မာလ်တေဇာရုံးမှ တာဝန်ခံအမျိုးသမီးက အလံလွှင့်ထူကို
 ဖြုတ်ယူသောကြောင့် ဒေသခံပြည်သူများက မကျေမနပ်ဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခြင်းဖြစ်သည်။
အဆိုပါအလံကိုတပေါင်းလပြည့်နေ့  ဖြစ်သောကြောင်း သာသနာ့အလံလွင့်ထူးထားခြင်းမျိုးမဟုက်ဘဲ
သန်းခေါင်းစာရင်းတွင် ‘’’ ရိုဟင်ဂျာ’’’အမည်ကိုထည့်သွင်းထားခြင်းနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်တစ်ပြည်
လုံးသပိတ်မှောက်ကာအလံလွင့်ထူးထားခြင်းဖြစ်သည်။
         အဆိုပါ မာလ်တေဇာရုံးမှ တာဝန်ခံအမျိုးသမီးက အလံကို မထိလေးစားပြုကာလုပ်မူကြောင့် ဒေသခံပြည်
သူများက မကျေမနပ်ဖြစ်ကာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြစ်ပြီး ထိုကိစ္စနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲဝင်တွေမှ မှားယွင်း
ပစ်မိခဲ့တာကြောင်း အသက်(၁၃ )နှစ်ကလေးငယ်တစ်ဦးအသက်ဆုံးရှူံးခဲ့ရသည်။
                    ထိုကလေးငယ်သည်’’ရှင်ပြုပွဲသွားရန်မိခင်ထံမှ ဖိနပ်တစ်ရံနဲ့  ၀ယ်ပေးရန်တောင်းဆိုခဲ့ပြီး”’
သူ့ သူငယ်ချင်းများနဲ့  ရှင်ပြုပွဲသို့  အတူသွားရန်ချိန်ဆိုထားပြီး ဖြစ်သည်ဟုသေဆုံးသွားသူမိခင်''မှပြောသည်။
 ရဲတပ်ဖွဲဝင်မှာလည်းသေဆုံးသူကလေးကိုတည်တည်ပစ်ခြင်းမဟုက်ပဲမှားယွင်းစွာပစ်ခက်ခဲ့ခြင်းသာဖြစ်ကြောင်း
ပြောဆိုခဲ့သည်။ အကယ်၍ များရဲ့တပ်ဖွဲဝင်များမှ မိုးပေါ်သို့  ခြောက်လှန်ပစ်ခက်သည်ဟုဆိုလျှင်သေဆုံးသွားသူ၏
 နောက်ကျော့ ( ခါးတစ်နေရာ)ကို ထိမှန်လိမယ်မည်မဟုက်၊ သေချာအကွက်ဆင်ပြီးမှ ပစ်သက်လိုက်ခြင်းဖြစ်သည်’’
ဟုစစ်တွေမြို့ခံများမှထိုအခင်းဖြစ်ပွားခြင်းနေရာ တွင်သုံးသပ်ပြောဆိုကြသည်။
           ထိုနေရာသို့ ရောက်ရှိသောလူငယ်တစ်ဦးပြောပြချက်အရ ထိုကလေးငယ်သည် နောက်ဖေးခန်းတွင်းထမင်း
စားနေစဉ် ပစ်သက်ခြင်းကို ခံရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ဝင်များမှ သေနက်သံများအဆက်မပြတ်ပစ်ဖောက်ပြီး၊ လူ
များကိုထွက်ပြေးအောင်လုပ်ခဲ့ကြောင်းပြောပြသည်။
 ပစ်သက်ခဲ့သော ရဲတပ်ဖွဲ့ ဝင်များသည်ထိုကလေးငယ်သေဆုံးမူကို ဖုံးဖိထားရန်ကြိုးစားခဲ့သော်လည်း မအောင်
မြင်ခဲ့ဖြစ်ပြီး ထိုသေဆုံးသွားသောကလေးငယ်၏ မူခင်းကိုစစ်ဆေးခဲ့သော ဆရာဝန် ပြောပြချက်အရ “” သေနက်ကိုမိုး
ပေါ်ထောင်ပြီးပစ်သက်ခဲ့ခြင်းမဟုက်ဘဲ ကလေးငယ်ကိုတည်တည်သာပစ်သက်ခြင်း သာဖြစ်သည်ဟုသုံး သပ်ပြောဆို
သွားသည်။ထိုနေရာတွင်ကလေးငယ်သည်ပြင်းထန်ဒဏ်ရာရှိခဲ့ပြီးနောက် ဆေးရုံးတွင်ဆုံးပါးသွား သည်ဟု၎င်းမိခင်မှ
ပြောသည်။ သို့ သောမြန်မာအသံ MRTV မှ ယမန်နေ့  ည(၈ )နာရီသတင်းထုတ်လွှင့်ချက်တွင် တာဝန်မဲ့စွာထုတ်လွင့်ခဲ့ပြီး
(NGO ) အဆောက်အဦးများကိုအကြမ်းဖတ်ရခိုင်များမှ အကြမ်းဖက်သွားသည် ‘’ဟုထုတ်လွှင့်ကြေညာသွားသည်။
             ပြဿာနာအစပြုသော နေ့ ၊ ရက်၊ ဘယ်သူ၊ ဘယ်ဝါများ ပြုလုပ်ခြင်းဖြစ်သည်ဟု ဖော်ပြခြင်းကို မလုပ်ခဲ့ပေ၊
ခိုင်လုံသောသတင်းရင်းမြစ်ကို ကိုးကားချက်မပါရုံးမက အကြမ်းဖတ်လူတစ်စုမှ’’’ NGO အဆောက်အဦးအကြမ်းဖတ်သွား
သည်ဟု ဦးတည်ကာ ထုတ်လွှင့်ခဲ့ပြီး မြန်မာ့အသံ ‘’’MRTV ‘’ ၏ အာဘော်သက်သက်သာထုတ်လွှင့်ခဲ့သည်ကိုဝမ်း
နည်းစွာတွေ့ ရသည်။
       မာလ်တေဇာရုံးမှ တာဝန်ခံအမျိုးသမီးက အလံလွှင့်ထူကို ဖြုတ်ယူပြီး မဖွေမရာလုပ်ကာ ဘောင်ဘီအိပ်ထဲသို့ 
ထည်ပြီးစက်ဘီးနဲ့ ထွက်ပြေးသွားပြီးနောက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲခြင်ဖြစ်ပြီး ပဋိပက္ခကိုအစပြုစေခဲ့သောသူမှာ ‘’
’မာလ်တေဇာရုံးမှ တာဝန်ခံအမျိုးသမီးမှ သာသနာ့အလံလွှင့်ထူးထားကို ဖြုတ်ယူရာသောကြောင့်ပြဿာနာစဖြစ်ခြင်းကို
 ’’’  မြန်မာ့အသံ MRTV မှမဖော်ပြခဲ့ပေ၊ ထိုအမျိုးသမီးသည် ၄င်းကိစ္စကို မလုပ်ခဲ့ပါလျှင်ပြဿာနားကြီးထွား လာစရာ
အကြောင်းမရှိ သည်ကားအမှန်ပင်ဖြစ်သည်။ရခိုင်ပြဿာနာသည်လက်တစ်လောအခြေအနေအရာတည်ငြိမ်းအေးချမ်း
နေသောအချိန်မဟုက်သေးအတွက် ပဋိပက္ခများကိုထရှလွယ်သော”” အပြုအမူ စော်ကားမူ၊သည်’’ယခုအခါမာလ်တေ
ဇာရုံးမှ တာဝန်ခံအမျိုးသမီးမှာ များစွာတာဝန်ရှိလှသည်။
             မလိုအပ်သောပြဿာနာများတက်လာခြင်းအတွက် ရခိုင်ပြည်များအဖို့ မှာလည်းထိခိုက်နစ်နာမူ များစွာရှိလှ
သလို၊ ပြည်ပအဖွဲ့ အစည်း အပေါ်တွင်လည်း မြန်မာနိုင်ငံသားအနေဖြင့် ယုံကြည့်မူများနည်းပါး လာခဲ့ရသည်။ရခိုင်ပြည်
နယ်စစ်တွေမြို့တွင် သန်းခေါင်စာရင်း တွင် ''ရိုဟင်ဂျာ'''ဟု ထည့်သွင်းသည့်ကိစ္စအား သဘောမ တူသောကြောင့် ဒေသ
ခံပြည်သူများက သပိတ်မှောက်သည့်အနေဖြင့် နေအိမ်များတွင် သာသနာ့အလံကို လွှင့်ထူထားခြင်းဖြစ်
ကြောင်းဖြစ်သည်။
ခိုင်မောင်ဦး
ရွှေမြန်မာမီဒီယာဂရု
0 ထင်မြင်ချက်ပေးရန်:
Twitter Delicious Facebook Digg Stumbleupon Favorites More