Sunday, March 23, 2014

သခင်ယေရှု၏ ဆူးရစ်သရဖူ ပြင်သစ်၌ သုံးရက်ကြာပြသမည်

 
Sunday, March 23, 2014
        သခင်ယေရှု၏ ဆူးရစ်သရဖူအဖြစ် ခရစ်ယာန်ဘာသာဝင် အများ အပြားက အထွတ်အမြတ်ထားသောရှေး
ဟောင်းအမွေအနှစ် တစ်ခုကို ပြင်သစ်နိုင်ငံ ပါရီမြို့တော် နော်တာဒိန်းဘုရားကျောင်း၌ပြသသွားမည်ဖြစ်ကြောင်း
 မတ်၂၂ ရက်သတင်းများတွင် ဖော်ပြသည်။သခင်ယေရှု၏ ဆူးရစ်သရဖူကိုပြင်သစ်ဘုရင် လူးဝစ်-၉ ခရစ်ယာန်
ဘာသာဝင်အဖြစ်ပြောင်းလဲခြင်း နှစ် ၈၀၀ပြည့်အထိမ်းအမှတ်အဖြစ်နော်တာဒိန်းဘုရားကျောင်းတွင် အများပြည်
သူများအားသုံးရက်ကြာပြသသွားမည်ဖြစ်သည်။
         သခင်ယေရှု၏ ဆူးရစ်သရဖူအကြောင်းကို ၁၅ ရာစုခေတ် ဂျေရုဆလင်ဘုရားဖူးခရီးသည်များက ပထမဆုံး
 မှတ်တမ်းရေးသားဖော်ပြခဲ့ပြီး အေဒီ၁၀ ရာစုတွင် အော်တိုမန်အင်ပါယာ ကွန်စတန်တီနိုပယ်မြို့သို့ အဆိုပါ ဆူးရစ်
သရဖူရောက်ရှိခဲ့သည်။ လူးဝစ်-၉ ဘုရင်လက်ထက် ၁၂၃၉ ခုနှစ်တွင် သခင်ယေရှု၏ ဆူးရစ်သရဖူသည် ကွန်စတန်
တီနိုပယ်မှ ပြင်သစ်နိုင်ငံသို့ ရောက်ရှိလာခဲ့ရာပြင်သစ်တာဝန်ရှိသူ များက ယနေ့ထက်တိုင်ထိန်းသိမ်းစောင့် ရှောက်ခဲ့
ကြသည်။ သခင်ယေရှု၏ ဆူးရစ်သရဖူကိုနှစ်ရာပေါင်းများစွာအတွင်း အများ
            ပြည်သူများအား နှစ်ကြိမ်သာပြသခဲ့ဖူးရာ၁၉၉၇ ခုနှစ်တွင်တစ်ကြိမ်နှင့်ဒုတိယကမ္ဘာစစ်ကြိုကာလ ၁၉၃၀
 ပြည့်နှစ်တွင်တစ်ကြိမ်ဖြစ်ကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More