Sunday, March 23, 2014

နယူးယောက်မြို့မှာ သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး ရခိုင်တွေကန့်ကွက်ဆန္ဒပြ




(နိရဉ္စရာ- ၂၃ မတ်လ ၂၀၁၄)
သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ဘင်္ဂလီ လူမျိုးနေရာမှာ ရိုဟင်ဂျာဆိုတဲ့ နာမည် ထည့်သွင်းမယ့်
အစီအစဉ်ကို ဆန့်ကျင် ကန့်ကွက်တဲ့ဆန္ဒပြပွဲ တစ်ခုကို မတ်လ ၂၂ ရက် မနေ့က အမေရိကန်ပြည်
ထောင်စု၊ နယူးယောက်မြို့၊ မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ ရခိုင်လူမျိုး ၃၀ ခန့်က ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်သူတွေဟာ ပိုစတာတွေ၊ ဆိုင်းဘုတ်တွေကို အသီးသီးကိုင်ဆောင်ပြီး “ သမိုင်းလိမ်
ခိုးဝင်ဘင်္ဂလီ – အလိုမရှိ၊ ၈၂-နှစ်ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ အခြေခံဥပဒေ-  အမြန်ဆုံး အကောင်
အထည် ဖေါ်ပေး” စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ ကိုခိုင်ဘခင်ကတော့  “ကုဒ်နံပတ် ၉၁၄ နံဘေးမှာ ရိုဟင်ဂျာလို့
ထည့်ဖို့ စီစဉ်တာဟာ လူ့အခွင့်အရေးကို အရေခြုံပြီး နိုင်ငံရေးလှည့်ကွက် လုပ်လာတဲ့ အတွက် ရိုးသား
မူ မရှိတာကြောင့် ကန့်ကွက်တယ်လို့ ပြောပါတယ်။  အဲဒီလိုသာ ခွင့်ပြုခဲ့မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ထဲက တရားမ၀င် ခိုးဝင်လာတဲ့ ဘင်္ဂလီတွေဟာ အလိုလို ရိုဟင်ဂျာဆိုပြီး ဖြစ်သွားနိုင်တယ်။ ဒါဟာ တိုင်း
ပြည်အတွက် အလွန် အန္တရာယ်ကြီးတယ်” လို့ ဆိုပါတယ်။
        ဒါ့ပြင် “ နိုင်ငံတကာကို ရောက်နေကြတဲ့ ဘင်္ဂလီတွေဟာ အခွင့်အရေးနဲ့ နိုင်ငံခြားတိုင်းပြည်တွေ
မှာ ခိုလုံခွင့်ရအောင် ရိုဟင်ဂျာ အမည်ခံပြီး လူပ်ရှားနေကြတဲ့ အတွက် ရိုဟင်ဂျာလို့ ဖြစ်လာရင် သူတို့
ကို မြန်မာနိုင်ငံ အနေနဲ့ လက်ခံသွားရမယ့် အခြေအနေမျိုး ရောက်သွားနိုင်တယ်လို့ လူဝင်မှုကြီးကြပ်
ရေးဝန်ကြီး  ဦးခင်ရီထံသို့ အိတ်ဖွင့်ပေးစာရေးသားရာမှာ ဖေါ်ပြထားတယ်” လို့ သူက ဆိုပါတယ်။
ဒါ့ပြင် သူတို့အနေနဲ့ အကြောင်း အမျိုးမျိုးကြောင့်  ပြည်ပနိုင်ငံတွေကို ရောက်နေကြရပေမယ့် ရခိုင်ပြည်
တွင်းနေထိုင်နေကြတဲ့ ရခိုင် လူထုနဲ့ တထပ်တည်း၊ တစ်သားတည်း ရှိနေတယ်ဆိုတာကို ပြသချင်တဲ့
အတွက် မြန်မာကောင်စစ်ဝန် ရုံးရှေ့မှာ ခုလို ဆန္ဒပြရတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
        ရခိုင်အမျိုးသား ၀ါရင့်နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ခိုင်အောင်ကျော် (နယူးယောက်) ကတော့ “
ရခိုင်ပြည်ဟာ ဗမာနိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးကစားကွက်တခုလိုဖြစ်နေတယ်။ ရခိုင်လူမျိုးတွေဟာ
ကိုယ့်အိမ်မှာ ကိုယ်နေပြီး ဒုက္ခရောက်နေကြရတယ်” လို့ ပြောဆိုပါတယ်။
      ရခိုင်ပြည်နယ် အတွင်း သန်းခေါင်စာရင်းကောက်ယူတဲ့ အခါ လူမျိုးအမည်မှန် ဘင်္ဂလီကို မထည့်ဘဲ
 ရိုဟင်ဂျာ ဆိုတဲ့ နာမည် အတုကို ထည့်သွင်းခွင့်ပြုမယ်ဆိုရင် ရခိုင်လူမျိုးတွေက သန်းခေါင်စာရင်းကောက်
တာကို သပိတ်မှောက်သွားမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။
         ဆန္ဒပြပွဲကို နေ့လယ်  ၁၂ ခွဲကနေ စတင်ခဲ့ပြီး မွန်းလွဲ ၂ နာရီမှာ  ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More