မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များ

ကွန်ပျူတာစာအုပ်များနှင့် ဆော့ဝဲလ်များကို အချိန်ရသမျှ တင်းပေးသွားမည်ဖြစ်ပါ၍ လာရောက် စောင့်ပါကြပါရန် မိတ်ဆွေများသို့ ပြောကြားလိုပါသည်...

WINDOW 7 ကို WINDOW 8 ပုံစံဖြင့်အသုံးပြုမယ်

Windows 8 Transformation Pack 7.0 ဆော့ဝဲလ်လေးဟာ WINDOW 7 ကို WINDOW 8 ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်... ခင်မင်လျှက် မိတ်ဆွေအားလုံး သို့ကျွန်တော် ဒီနေ့မျှပေးလိုက်ပါတယ်ဗျာ.. WINDOW 7 ကို သုံးနေပြီး WINDOW 8 မသုံးဘူးသေးတဲ့ မိတ်ဆွေများ အစမ်းသဘော သုံးကြည့်မယ် ဆိုရင် အောက်မှာသာ ဒေါင်းလော့ ရယူနိုင်ပါပြီး

မင်္ဂလာပါ ဖုန်းကတ်သုံးခြင်းဖြင့်ငွေကုန်ကျသက်သာပါမည်...

အဆင်မပြေမှု့ များအတွက် call center မှ (၂၄ )နာရီ ၀န်ဆောင်မှု့ ပေးနေပါသည် ။ လက်လီ လက်ကားရောင်းဝယ်လို သူများ ဆက်သွယ်ရန် မပူစူး ၀၈၅၃၂၃၆၃၃၂ ကိုစံဂျူး ၀၈၉၇၁၁၇၉၅၉ ဘန်ကောက် မြို့ ထိုင်းနိုင်ငံ ။

Windows 7 Manager v 4.3.2 For Win 7 (13MB)

Windows 7 Manager ဆိုရင်တော်တော်များများရင်းနှီးမှာပါ ဒီဆော့ဝဲလ်ကို ကျွန်တော်လိုရှာနေတာကြာပါပြီ နောက်ဆုံးတွက် ကိုနောက်ဆုံးရ သတင်များ facebook မှာတွေလို့ကျွန်တော်ယူလာခဲ့ပါတယ်22/09/2013 နောက်ဆုံးထွက်လေးကို ကျွန်တော်မိတ်ဆွေများအတွက်ပြန်လေ

သင့်ဖုန်းအတွက် ANDROID APPS များ...

သင့်အလိုဆိုနေသော့ ANDROID APPS များ. ကိုရှာကြံစုစည်းပေးသွားပါမည်. သင့်အတွက် အထောက်အကူပြုမည် ဆိုပါက ကျွန်တော် ကြိုးစားရ အားရှိပါမည်.. သို့ဖြစ်ပါ၍ သင့်သည့် ဤ ဆိုဒ်အား Like လုပ်ထားခြင်းဖြင့်အားပေးပါ.

I T သတင်းများ အားရသမျှ သင်သိစေရန်...

သင့်သုံးစွဲနေသော Android များ Compter နှင့် Window များ Programs များ အကြောင်း ကျွန်တော် သိရသမျှ I . T သတင်းများအဖြစ် တင်ပေးသွားပါမည်.. ဤနေရာများ Click လုပ်ပြီး စောင့်မျှော်..ဖတ်နိုင်ပါပြီး...

ကွန်ပျူတာ Games များကိုဤနေရာတွင်ရယူပါ

သင့်အတွက်ကွန်ပျူတာ ဂိမ့်များကို စုစည်းပေးသွားပါမည်.. ဂိမ့်ဝါသနာရှင် မိတ်ဆွေများ အား အချိန်မရလို့ မတင်ဖြစ်သည်ဖြစ်စေ ဒေါင်းလော့အဆင်မပြေသည် ဖြစ်စေ အမှာစကားများ ထားခဲ့ကြပါရန် တောင်ဆိုပါသည်........

Friday, August 29, 2014

ကျောက်ဖြူမှ ပြည်မြို့သို့ တရားမ၀င်ခေါ်ဆောင်လာသည့် ဘင်္ဂါလီ ၂၉ ဦးကို ဖမ်းမိ



RNA (စစ်တွေ၊ သြဂုတ်၂၉)
             ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို၊ ကျောက်တစ်လုံးကယ်ဆယ်ရေး စခန်းမှ ပြည်မြို့သို့ ခေါ်ဆောင်
လာသည့် ဘင်္ဂါလီ ၊ အ စ္စလာမ် ဘာသာဝင်၂၉ဦးကို တောင်ကုတ်မြို့နယ်ရှိ တောင်ပုံကြီး စစ်ဆေးရေးဂိတ်တွင် 
ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှသိရသည်။
             သြဂုတ်လ ၂၈ရက် မွန်းလွဲ၁နာရီတွင် ကျောက်ဖြူမြို့မှ ထွက်ခွာလာသည့် တီအီးအမျိုးအစား ယာဉ်
အမှတ် ၄က/…….. ယာဉ်မောင်း ဦးအောင်မောင်း မောင်းနှင်လာသည့် ယာဉ်ပေါ်တွင် ကျောက်ဖြူမြို့ ကျောက်
တစ်လုံး ကယ်ဆယ်ရေး စခန်းမှတင်ဆောင်လာသည့် ဘင်္ဂါလီ၊ အစ္စလာမ် လူမျိုး ကျား၁၇ဦး၊ မ၁၂ဦး၊ စုစုပေါင်း
၂၉ဦးအား ဖမ်းဆီးရမိခဲ့သည်။
            ယာဉ်မောင်းအားစစ်ဆေးရာ မာန်သစ်ကားဂိတ်တွင် ကုန်ပစ္စည်းများရှာပေးသူ ညီပု ဆိုသူက ပြည်မြို့
သို့ ပြန်သွားလျှင် ဘင်္ဂါလီများအား တင်ဆောင်သွားရန် ပြောဆိုပြီး ကျောက်တစ်လုံး ကယ်ဆယ်ရေး စခန်းအနီး
မှ ဘင်္ဂါလီများကို တင်ဆောင်ပေးခဲ့ကြောင်း ပြောဆိုသည်။
              ဖမ်းဆီးရမိသည့် တောင်ကုတ်မြို့နယ် တောင်ပုံကြီးစစ်ဆေးရေးဂိတ်သို့ သက်ဆိုင်ရာ တာဝန်ရှိသူများ
သွားရောက်ကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျှက်ရှိသည်။ ယခုနှစ် ဇွန်လ၂၇ရက် 
ကလည်း ဘင်္ဂါလီ၉ဦးကို တစ်ဦးလျှင် ငွေကျပ်သုံးသိန်းဖြင့် ရန်ကုန်သို့ခေါ်ဆောင်လာသည့် သူ၂ဦးကို ရန်ကုန်သို့
ပို့ဆောင်ရန်သယ်လာစဉ် အမ်းမြို့ဝင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သေးသည်။
ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများကို အခကြေးငွေယူကာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအ၀င် အခြားမြို့များသို့ 
ပို့ဆောင်ရန် သယ်ယူလာသူများကို ဖမ်းဆီးရမိမှုများ ယခင်ကလည်း ဖြစ်ပွားခဲ့သည်။

Rakhine News Agency

အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းများအား ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်


          ပထမဆုံးအမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်း ၁၀၀ ဦးအား တပ်မတော် (ကြည်း၊ ရေ၊ လေ) 
တပ်ဖွဲ့များတွင် ပြန်တမ်းဝင်အရာရှိများအဖြစ် ဆောင်ရွက်ရန် သြဂုတ် ၂၇ ရက် တွင် ခန့်အပ်လိုက်ကြောင်း
 သတင်းရရှိသည်။ နိုင်ငံတော်ကာကွယ်ရေး သမိုင်းတစ်လျှောက် အမျိုးသမီး ဗိုလ်လောင်းများအား ပထမဆုံး
အကြိမ် တာဝန်ပေးအပ်ခြင်းလည်း ဖြစ်သည်။ ဗိုလ်လောင်း ၁၀၀ ဦး၌ တပ်မတော်(ကြည်း) တွင် ၉၂ ဦး၊ တပ်
မတော်(ရေ)တွင် ငါးဦးနှင့် တပ်မတော်(လေ)တွင် သုံးဦး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်လောင်းများသည် ပြင်ပ
အရပ်သူများထဲမှ မဟာဘွဲ့၊ ပါရဂူဘွဲ့နှင့် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဘွဲ့ရပြီးသူများဖြစ်ကြသည်။
            ‘‘သင်တန်းဆင်း ၁၀၀ ထဲမှ ၁၇ ယောက်က ရန်ကုန်တိုင်း စစ်ဌာနချုပ်အောက်ကို ရောက်လာတယ်။
 အဲဒီထဲက လေးယောက်က သင်ကြားရေးဘက်ကို ပိုစတင်ကျတယ်။ တပ်မတော်ဆေးတက္ကသိုလ်ကို နှစ်ယောက်၊
 တပ်မတော်ဆေးပညာသည်နှင့် သူနာပြုတက္ကသိုလ်ကို နှစ်ယောက်ပေါ့။ လေးယောက်လုံးက သတ္တဗေဒ မဟာဘွဲ့
ရတွေဖြစ်ပါတယ်’’ ဟု ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
             သင်တန်းဆင်းပွဲကို သြဂုတ် ၂၈ ရက်တွင် မှော်ဘီအမှတ်(၁) အမျိုးသမီး ဗိုလ်သင်တန်းကျောင်း၌ ပြုလုပ်
ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တက်ရောက်ခဲ့သည်။‘‘အမျိုးသား ဗိုလ်လောင်း ပြန်တမ်းဝင်အရာရှိဆိုရင်
တော့ သင်တန်းဆင်းပြီးရင် ရှေ့တန်းထွက်ရတာပေါ့။ အမျိုးသမီးကတော့ မထွက်ရဘူး။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာပဲ 
သုံးမယ်’’ ဟု ၎င်းကဆက်လက်ပြောကြားသည်။
              မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ် အမျိုးသမီး ဗိုလ်လောင်းများအား ပြီးခဲ့သည့်နှစ် အောက်
တိုဘာက စတင်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး လျှောက်ထားသူပေါင်း ၅၀၀၀ ခန့်မှ ၁၀၁ ဦးအား ရွေးချယ်ခဲ့သည်။
 ၎င်းတို့အနက် တစ်ဦးမှာ သတင်းပို့ပျက်ကွက်သဖြင့် အလိုအလျောက် ပျက်ပြယ်သွားခြင်းဖြစ်သည်။
                 ယင်းဗိုလ်လောင်းများအား မှော်ဘီ အမှတ်(၁) အမျိုးသမီး ဗိုလ်သင်တန်းကျောင်းတွင် မတ်လမှ သြဂုတ်လ
အထိ ခြောက်လကြာ စစ်သင်တန်းများ ပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းပို့ချနေစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်
ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်လေ့လာစစ်ဆေးခဲ့သည်။ အမျိုးသမီးဗိုလ်လောင်း  ၁၀၀ ကျော်အနက် ၃၀ ဦးမှာ
 ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး ကျန် ၈၀ ဦးခန့်မှာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဖြစ်ကြသည်။ ထို့အပြင်
 (M.B.B.S) ဘွဲ့ရ အမျိုးသမီး ၁၅ ဦးအား စစ်သင်တန်းသုံးလပေး၍ ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ခန့်အပ်ထားခဲ့သည်။
7daydaily

လှတာမက်လို့ ညစာခက်ရပြီ

တိုင်းရေးပြည်ရေး၊ခေါင်းလောင်း အရေး၊နဂါးရေးတွေနဲ့ရှုပ်ယှက် ခတ်နေတဲ့ ချာရာ
ဏသီမြန်မာ ပြည်ကြီးမှာ သိုးသိုးသံ့သံ့လေး တွေကြားနေရတာကတော့ အလှ မယ်လေးတွေရဲ့
သရဖူဇာတ် လမ်း တွေပါပဲ။ အလှမယ်တွေနဲ့ သူတို့ ရဲ့အဖွဲ့အစည်းတွေအကြား သရ ဖူတွေသိမ်း
လိုက် အပြိုင်အဆိုင် ပြန်ရှင်းကြနဲ့ ပြဿနာတွေတိုးတိုး ကျိတ်ကျိတ်ဖြစ်နေတာကတော့ ကြာပါပြီ။ 
မနေ့ညကတော့ အထင်ကရထုတ်ပြန်ချက်တွေနဲ့ ကြားလိုက်ရတာက အိုပါးတို့ဌာနေတောင်ကိုရီးယား
ပြည်ကြီးမှာ မယ်ဘွဲ့ယူထားတဲ့ အလှမယ်လေးရဲ့သရဖူကို ကိုရီးယားအဖွဲ့က ပြန်သိမ်းလိုက်တယ်ဆို
တယ်။ ဘာတွေဖြစ်ကြသတုံးပေါ့ မေးကြမြန်းကြပါဦးပေါ့။တကယ်တော့ မယ်တွေမှာ ဆုအသိမ်းခံရတာ 
မဆန်းပါဘူး တဲ့။ ၁၉၈၃ ခုနှစ်လောက်မယ် အမေရိကဆုကိုရခဲ့တဲ့ ဗာနက် ဆာဝီလျံဆိုရင်လည်း အဲဒီ
လိုသရ ဖူဆုသိမ်းခံရတယ်။ မယ်ရပြီးမှ သူ့ရဲ့ကိုယ်လုံးတီးပုံတွေရိုက်ထား တာပေါ်သွားလို့ပါ။ မကြာ
သေးမီ က ထိုင်းနိုင်ငံရဲ့ မယ်စကြဝဠာဆု ရရှိသူကလေးကလည်း သူ့ရဲ့မယ် ဆုကို ပြန်အပ်ခဲ့တယ်။ 
သူလေးက တော့ ရွေးချယ်မှုမှာ မကျေမနပ် ဝေဖန်တာတွေကို မခံစားနိုင်လို့ပါ တဲ့။ အဲဒီလိုမျိုး ရာဇ
ဝင်တွေရှိ တယ်။ ဒါပေမဲ့ မြန်မာမယ်တွေ သရဖူအသိမ်းခံရတာကျတစ်မျိုး။မြန်မာနိုင်ငံက ပြုပြင်ပြောင်း
 လဲရေးတွေနဲ့ ကမ္ဘာကြီးကို လမ်း ဖွင့်ပေးလိုက်တဲ့အခါ မြန်မာမယ် အလှပဂေးလေးတွေလည်းပါတာ
 ပေါ့။ တစ်သက်လုံး ကိုယ့်တိုင်း ပြည်မှာပွဲတိုးနေရာကနေ ကမ္ဘာ ကို မြန်မာအလှတွေပြဖို့ မြန်မာ မယ်
လေးတွေက ချီတက်ကြ တော့တာပဲ။ အားပေးတဲ့သူတွေ ကလည်း အုန်းအုန်းထလို့ပေါ့။ မျိုး ချစ်စိတ်
ဓာတ်က ဒါမျိုးမှာတော့ တာကျိုးသွားမယ်လေ။ ခွေးကိုက် တာတောင် ကိုယ့်ခွေးနိုင်ချင်တဲ့ စိတ်တွေရှိ
သူမဟုတ်လား။ပြည်တွင်း၊ ပြည်ပမြန်မာ တွေကလည်း ကိုယ့်အလှမယ် လေးတွေ နိုင်ငံတကာကိုချီ
တက် အလှပြိုင်ရင် ကွန်ပျူတာမောက်စ် တွေကိုင်ပြီး တစ်ခဲနက်အားပေး ကြပါတယ်။ ဒါကြောင့် အခု
ဆိုရင် မယ်တွေကလည်း ပေါလာလိုက် တာ လမ်းသွားလို့ခလုတ်တိုက် ရင်တောင် မယ်ဖြစ်နေပြီ။ဒါပေ
မဲ့ မြန်မာမယ်တွေကို အုန်းအုန်းကျွက်ကျွက်အားပေးသူ တွေ မေ့နေတာက အလှမယ်အဖွဲ့ အစည်းဆို
တာ တိုင်းပြည်ဂုဏ်ကို ဆောင်တာတို့၊ မြန်မာအလှကို ကမ္ဘာကသိအောင် ဖော်ထုတ်တာ တို့ စကားလေး
တွေ အလှဆင် ထားပေမယ့် စီးပွားရေးလုပ်ငန်း တစ်ခုဆိုတာပါ။ မယ်ကိုမြေ တောင်မြှောက်ပေးတဲ့အဖွဲ့ 
အစည်းနဲ့ အလှမယ်တို့ရဲ့ အပေး အယူကို ကြားကပရိသတ်မြှောက် စားမှုနဲ့လုပ်ကြတဲ့ စီးပွားရေးလုပ် 
ငန်းပါ။ မိန်းမလှလေးတွေနဲ့ စီးပွားရေးသမားတွေကြားက လုပ်ငန်းခွင်တစ်ခုပေါ့။ မယ်စကြဝဠာလို မယ်
အဖွဲ့အစည်းတွေကိုကြည့်လိုက် သူဌေးကြီး ဒေါ်နယ်လ်ထရမ့်လိုသူတွေ တောင်ပါတာပေါ့။အခုမြန်မာမှာ
 အပြိုင်းအရိုင်း ပေါ်လာတဲ့ ကမ္ဘာ့အလှမယ်အဖွဲ့ အစည်းတွေရဲ့ မြန်မာပြည်ကိုယ်စားလှယ်ဖြစ်ဖို့၊မြန်မာ
ကိုယ်စားပြုမယ်ရွေးရမယ့်အဖွဲ့အစည်းဖြစ်ဖို့ ဆိုတာက နိုင်ငံခြားအဖွဲ့အစည်းဆီမှာ လုပ်ကိုင်ခွင့်လိုင်စင်
သွားဝယ်ရပါတယ်။ ဈေးကတော့ ကိုယ်စားလှယ်လုပ်မယ့် မယ်ဘွဲ့ကကြီးရင်ကြီးသလိုပေါ့။ဒေါ်လာသောင်း
ချီပေးရပါ တယ်။ ဒီလိုလုပ်ပိုင်ခွင့်ရမှ နိုင်ငံ ကိုယ်စားလှယ်မယ်ရှာစပွန်ဆာ ရှာပွဲလုပ်ပြီး မယ်ကိုမြေတောင်
 မြှောက်ပေးရတယ်။ မယ်နာမည် ကြီးရင် သူတို့လည်း အကျိုးအမြတ်ရှိလာမယ်လေ။ တချို့အလှမယ်အဖွဲ့
 အစည်းတွေကတော့ ဂုဏ်သိက္ခာနာမည်နဲ့ အသေအချာလုပ်ကြတာပါ။ စည်းကမ်းတွေလည်းကြီး တယ်။ 
ဥပမာ မယ်စကြဝဠာဆို ရင် နိုင်ငံကိုယ်စားပြုမယ်ရွေးဖို့ ကိုယ်ကြိုက်တဲ့လူကို ကျိတ်လွှတ် လိုက်လို့မရဘူး။ 
သက်ဆိုင်ရာ တိုင်းပြည်မှာ ပြိုင်ပွဲလုပ်ပြီး ရွေးမှ လက်ခံတယ်။ ဆုဆိုလည်း သေချာထိုက်ထိုက်တန်တန်ပေး
တယ်။ တချို့ကတော့ ဟန်ပြထားတဲ့လုပ်ငန်း သက်သက်ပါ။ ဝင်သာပြိုင်တယ် ဆုငွေလည်းမပေးဘူး။ မယ်
က နာမည်ကြီးရုံလောက်ပဲရပြီး သူ တို့ကတော့ မယ်နာမည်ကြီး အောင်လုပ်ပေးတဲ့အတွက် အနု ပညာဝင်
ငွေထဲက အချိုးကျပေးရ တာပေါ့။ဘာပဲပြောပြော သူ့ဘာသာ နှစ်ဦးနှစ်ဖက်ကျေနပ်ကြရင်ပြီး တာပါပဲ။ ကိုယ်
တွေအတွက်တော့ ရေကူးဝတ်စုံလေးတွေဝတ်ထား တဲ့ လှလှပပမယ်လေးတွေကို ကြည့်ရတာ စိတ်ချမ်းသာဖို့ 
တကယ်ကောင်း၊ နိုင်လာရင်လည်း တိုင်းပြည်အတွက် ဂုဏ်ယူစရာပဲ ပေါ့။ အလှပဂေးလေးတွေရဲ့ 
တိုင်းပြည်ပေါ့။ အဲဒါကြောင့် တိုင်းပြည်လည်းပွင့်ရော မြန်မာမှာမယ်တွေတစ်ခေတ်ဆန်းကြတော့တာပါပဲ။
အစောပိုင်းတုန်းက မြန်မာ မယ်တွေကလည်း ပွဲတိုးခါစဆို တော့ နိုင်ငံတကာအတွေ့အကြုံ ကလည်းမရှိဘူး။ 
ကိုယ့်ဆီမှာက လှလှချည်၊ ချောလှချည်ဆိုပေ မယ့် နိုင်ငံတကာမျက်စိနဲ့က တိုးဦးမှ။ အဲဒါကြောင့် နန်းခင်ဇေ
 ယျာတို့၊ ခင်ဝင့်ဝါတို့လို မယ်တွေ ဆိုရင် ဆုကြီးတစ်ခုမှ မချိတ်ဘူး။ နောက်ဆုံးဆန်ခါတင်မှာတောင် မပါကြဘူး။ 
မျိုးချစ်စိတ်နဲ့ မဲပေး ကြတဲ့ အွန်လိုင်းမဲတွေနဲ့ပဲဆုရ တယ်။ ဒါပေမဲ့ အိုကေပါ။ ပြဿ နာမရှိဘူး။ 
              နောက်လူတွေက သူ တို့အတွေ့အကြုံကနေ တဖြည်း ဖြည်းသင်လာကြတာပေါ့။ဟော အခုနောက်ပိုင်း
 မယ် တွေဆို မြန်မာအကြိုက် တောင့် တောင်ဖြောင့်ဖြောင့် ဖြူဖြူဖွေး ဖွေး ရေဆေးငါးကြီးတွေထက် နိုင်ငံတကာ
အကြိုက် ရှည်ရှည်မျောမျောပိန်ပိန်ပါးပါး ညိုပြာညက်လေးတွေဖြစ်လာပြီလေ။ အထင်ရှားဆုံးကတော့ မေမြတ်နိုး
ပေါ့။ သူကလေးကအရပ်ကလည်း နိုင်ငံတကာ အရပ်အမောင်း။ လူကလည်း ညိုပြာညက် ပိန်ပိန်ပါးပါး။ဘိုစကား
လေးကလည်းတတ်။ ပံ့ပိုးသူ အဖွဲ့အစည်းကလည်းကောင်းတော့ အရင်မယ်တွေလို နှစ်သိမ့်ဆုတွေ မဟုတ်ဘဲ 
တကယ့်မယ်ဘွဲ့ဆုကြီးကို ဆွတ်ခူးသွားပါလေရောလား။ တကယ့်ဖိလစ်ပိုင်မယ်တွေ၊ ကိုရီးယားနဲ့ အာရှပစိဖိတ်
ဒေသက မယ်တွေကိုကျော်ဖြတ်ပြီး ရတာဆိုတော့ မြန်မာတွေဆိုတာ ပျော်လွန်းလို့ ထတောင်ခုန်ကြသူတွေရှိသ
တတ်။တုနိုင်ပါရိုးလားပေါ့ လေ။ဒါပေမဲ့ ပျော်ရွှင်မှုတွေ မပီ ပြင်မှာမီပင် နောက်ပိုင်းငိုချင်းချ စရာတွေလည်း ပေါ်
လာပါပြီ။ ဒီမို ကရေစီမှာတောင် မြန်မာစံထုံး၊မြန်မာနည်းလမ်း ဒီမိုကရေစီဆို တာရှိတယ်မဟုတ်လား။ အခု လည်း
 မြန်မာထုံးစံ၊ မြန်မာမှု အတိုင်း အကွဲအပြဲဇာတ်လမ်းတွေက စတင်လာပါပြီ။ အလှမယ် မေမြတ်နိုးနဲ့ အဖွဲ့အစည်း
အကြား အနုပညာ ကြေးရာခိုင်နှုန်းနဲ့ပတ်သက်ပြီး ပြဿနာတွေဖြစ်ကြတာပါ။ ညှိ လို့မရ၊ နှိုင်းလို့မရ၊ တောင်းပန်
လို့ မရ ဖေ့စ်ဘွတ်ခ်မှာတင် အပြိုင် အဆိုင်ကြေညာချက်တွေထုတ် ကြတော့ လူတွေကလည်း ဟို ဘက်သည်ဘက်
ပါသူကပါ။ အလယ်ကလူစကားဝဲ၏ လုပ်သူ ကလုပ်ပေါ့။ တကယ်တော့ အလှ မယ်ဘက်ကလည်း အဖွဲ့အစည်း နဲ့ပူး
ပေါင်းဆောင်ရွက်ရမှာဖြစ် သလို အဖွဲ့အစည်းကလည်း စတင်အလုပ်လုပ်ကတည်းက စည်းကမ်းတွေကို သေချာရှင်း
လင်းပြောကြားရမယ်ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲလုပ်ကြတာပါ။ အခုရှုပ်မှ နောင်ရှင်းဆိုသလိုပေါ့။
နောက်ဆုံးအဖြစ်အပျက်က တော့ အားလုံးသိကြတဲ့အတိုင်း ပါပဲ။ ကိုရီးယားအဖွဲ့က ရွှေပေ လွှာထုတ်ပြီး သူတို့ပေး
ထားတဲ့ မယ်ဆုနဲ့ သရဖူကိုသိမ်းပါတယ်။ ပြုံးစရာကောင်းတာက အဲဒီမယ် ပွဲမှာ ဒုတိယဆုရသူက ကိုရီးယား မယ်
ဆိုတော့ ပထမဆုရတဲ့ မြန်မာမယ် ဆုအသိမ်းခံရတော့ ဒုတိယဆုရသူ ကိုရီးယားမယ်က အလိုအလျောက်သရဖူရ
သွား တာပေါ့။ဟင်း.. ဟင်း မလွှဲသာ မရှောင်သာလို့ နိုင်ငံတော်တာဝန်ကို ယူလိုက်ရသလိုမျိုးပေါ့လေ။ သရဖူကိုသိမ်း
တဲ့ ကြေညာလွှာထဲမှာတော့ မြန်မာမယ်ဟာ စည်းကမ်းမရှိဘူး။ အဖွဲ့အစည်းကို သစ္စာမရှိဘူး။ ချစ်ခင်နှစ်လိုဖွယ်ရာ
မကောင်းဘူးလို့ ကိုရီးယားတွေက ခပ်တင်းတင်းပြောထားကြတယ်။ သူတို့ကတော့ အဒေါ့် ယောက်ျားအရင်းဦး
လေးကိုတောင် ကမ္ဘာသိသတ်ပစ်လိုက်သည်အထိ သစ္စာရှိတဲ့ယဉ်ကျေးတဲ့လူမျိုးတွေဆိုတော့ ပြောအားရှိတာပေါ့။
ဇာတ်ပေါင်းထုပ်တော့ ငွေ ကြေးတွေစိုက်ထုတ်၊ အချိန်တွေ အကုန်ခံအားပေးသူတွေ အသံ ကုန်လည်ချောင်းနာ
အားပေးခဲ့လို့ ဆုရခဲ့တဲ့ ပထမဆုံးမြန်မာရဲ့ နိုင်ငံ တကာမယ်ဆုကြီးက ပလုံသွား တာပေါ့ကွယ်။ မယ်ဆုသိမ်းရတဲ့ 
အကြောင်းရင်းက မယ်အမေရိက ဗက်နာဆာလို မလုံ့တလုံပုံတွေ ရိုက်လို့လည်းမဟုတ်။ ထိုင်းမယ် လိုမျိုးမယ်ဆုနဲ့ 
မထိုက်တန်လို့ တခြားပြိုင်ပွဲဝင်တွေက ကန့်ကွက် ကြတာလည်းမဟုတ်။ တကယ့် ကို ပြိုင်ပွဲမှာ ဒိုင်လူကြီးတွေနဲ့
 ဗိုလ်ပုံအလယ်မှာ အမှန်အကန် အသေအချာရွေးချယ်ထားတဲ့ ဆုကြီးကို မြန်မာအဖွဲ့အစည်းနဲ့ မြန်မာမယ်တို့ကြား
က ပြဿနာ ကြောင့်ဆုံးရှုံးရပြီ။ မြန်မာဟာ ဒီပုံ အတိုင်းဆို နိုင်ငံတကာတွေနဲ့ယှဉ် ပြီး စည်းကမ်းတကျမလုပ်တတ် 
ကြတော့ဘူးလား။ ကိုရီးယားတွေ ပြောသလို စည်းကမ်းမရှိတော့ တာ တကယ်ပဲလား။ ကိုယ့်ကိုယ် ကိုယ်သာမှန်
ကြည့်ပြီးသာဖြေပါ တော့ကွယ်။ အချင်းချင်းညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့စိတ် ကြောင့် ဒီလိုနိုင်ငံတကာမယ်
ဆု ကိုတောင်ရပြီးမှ ပြန်လွှတ်လိုက်ရ တာက ရာဇဝင်ထဲမှာ ကားရားကြီးကျန်ခဲ့ပြီ။အခုကျတော့ အဖွဲ့အစည်း က 
တာဝန်ရှိသူကရော မယ်က ရော သူတို့မှာ အပြစ်မရှိကြောင်း အပြန်အလှန်ကြေညာချက်တွေ နဲ့ရှင်းကြတယ်။ အ
လှမယ်သရဖူ ကြေညာစဉ်ကလို မျက်လုံးလေး ဝိုင်း ပါးစပ်လေးပွင့်ပြီး များတို့ ဘာမှမသိရပါဘူးပေါ့ဆိုတယ်။ ဒါဆို
ရင်တော့ တာဝန်ရှိသူတွေက၊ အပြစ်ရှိသူတွေက ဘယ်သူလဲ။ မြန်မာမယ်ဆိုပြီး မျိုးချစ်စိတ် ဓာတ်နဲ့အားပေးခဲ့ကြသူ
တွေပေါ့။ ကွန်ပျူတာမောက်စ်ကိုင်ပြီး အာ ခေါင်ခြစ်အားပေးခဲ့သူတွေပေါ့။ကိုယ်ကအားပေး၊ သူတို့ချင်း ပြဿနာ
တက်။ ဟော အခုဆုပြန် သိမ်းတော့ အားပေးသူလည်း ကြားထဲကနေ ပေါတောတော တွေဖြစ်မကုန်ဘူးလား။ 
မယ်ပွဲ တွေမှာ ညဘက်အိပ်ရေးတွေပျက် အွန်လိုင်းကနေ မဲနှိပ်တော့ ဖုန်းခ ကုန်။ အလုပ်တွေပျက်ရတော့ နောက်
ဆုံးတော့ အသည်းကွဲဖို့ပဲ လား ဆိုတာမျိုးဖြစ်ရပြီ။ လှတာ မက်ခဲ့ကြတာကိုးကွယ်၊ညစာခက် တာဘာများဆန်း
တော့မလဲ။
         (ဖော်ပြပါ သရော်စာသည် စာရေးသူဦးရီး၏ အာဘော်သာဖြစ်သည်။)
Byဦးရီး 7daydaily

Thursday, August 28, 2014

လူ (၄) ဦးသေဆုံးခဲ့ပြီး ဘာမြူဒါဆီဦးတည်နေတဲ့ ဟာရီကိန်း ခရစ္စတိုဘယ်


Thursday 28th August 2014 MR Tv
              ဟာရီကိန်းမုန်တိုင်း "ခရစ္စတိုဘယ်"ဟာ ဘဟားမက်၊ တာ့ခ်နဲ့ ကိုင်ကော့ကျွန်း၊ ဒီုမီနီကန် 
နိုင်ငံတွေမှာ ၀င်ရောက်တိုက်ခတ်ခဲ့ပြီး အခုအခါ ဘာမြူဒါ ဒေသဆီကို ဦးတည်နေပြီလို့ သိရပါတယ်။
  ပြီးခဲ့တဲ့ အင်္ဂါနေ့က အင်အားကြီး ဟာရီကိန်း "ခရစ္စတိုဘယ်"မုန်တိုင်းဟာ ကာရေဘီယန် ကျွန်းတွေမှာ 
ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် ရေကြီးမှုနဲ့အတူ အနည်းဆုံး လူ (၄) ဦးသေဆုံးခဲ့ ရတယ်လို့ သက်
ဆိုင်ရာ အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
             မီယာမီအခြစိုက် အမျိုးသားဟာရီကိန်းစင်တာ NHC  ရဲ့ နောက်ဆုံးမိုးလေ၀သထုတ်ပြန်ချက်
အရတော့ "ခရစ္စတိုဘယ်" ဟာ တစ်နာရီလေတိုက်နှုး ၁၂၀ကီလိုမီတာနဲ့ ဘာမြူဒါဒေသကို တစ်နာရီ (၁၆) 
ကီလိုမီတာနှုန်းနဲ့ ရွေ့လျားနေပြီလို့လည်း သိရပါတယ်။ မုန်တိုင်းသက်ရောက် မှုဟာ အမေရိကန်နိုင်ငံမှာ
လည်း သက်ရောက်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဗုဒ္ဓဟူးနေ့နဲ့ ညပိုင်းတွေမှာတော့ ဘာမြူဒါ ဒေသ
အနောက်မြောက်ပိုင်းကို ဖြတ်သန်းသွားမယ်လို့ NHC က ခန့်မှန်းထားပါတယ်။
         ဒီမုန်တိုင်း ကြောင့် ဖလောရီဒါမြောက်ပိုင်းကနေ ကာရိုလိုင်းနားမြောက်ဘက်ပိုင်းနဲ့ အမေရိကကမ်း
ရိုးတန်း တစ်လျှောက်မှာတော့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေဖြစ်ပေါ်နေပြီး နောက်ပိုင်းကာလတွေမှာလည်း
 မုန်တိုင်းဟာ မြောက်ဘက်ပိုင်းကို ဦးတည်မှာဖြစ်တယ်လို့ ပြောကြား ထား ပါတယ်။ ခရစ္စတိုဘယ်ဟာ 
Atlantic မုန်တိုင်းရာသီထဲအတွက် တတိယမြောက်ဖြစ်ပြီး ဟာရီကိန်း မာရီမုန်တိုင်းမှ ဆင့်ပွား ဖြစ်တယ်လို့ 
သိရပါတယ်။


Wednesday, August 27, 2014

ပြန်ပေးဆွဲခံ ကန်သတင်းထောက် အိမ်ပြန်ရောက်

ဗွီအိုအေ (မြန်မာပိုင်း)
    အမေရိကန်သတင်းထောက် Peter Theo Curtis ဟာ အမေရိကန် ပြည်ထောင်စုက သူ့ရဲ့အိမ်ဆီ 
အင်္ဂါနေ့မှာ ပြန်ရောက်သွားခဲ့ပါတယ်။ ဆီးရီးယားအစွန်းရောက် အဖွဲ့တဖွဲ့က သူ့ကို ၂၂ လကြာ ဖမ်းထား
ခဲ့တာကနေ ပြန်လွှတ်ပေးခဲ့ပြီးတဲ့နောက် ၂ ရက်အကြာမှာ အိမ်ပြန်ရောက်လာတဲ့အကြောင်း သူ့ရဲ့မိသား
စုက ပြောတာပါ။
             အစ္စရေးလ်နိုင်ငံ တဲလ်အဗီမြို့ကနေ ထွက်လာပြီးတဲ့နောက် နယူးဂျာစီပြည်နယ် Newark Liberty 
အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီ ဒေသစံတော်ချိန် အင်္ဂါနေ့ နေ့လည်ပိုင်းမှာ သူ ရောက်လာခဲ့တယ်လို့ Curtis 
မိသားစုရဲ့ ပြောခွင့်ရက ပြောပါတယ်။
              ညနေပိုင်းမှာတော့ သူ့ရဲ့မိခင်ဖြစ်သူ Nancy Curtis နဲ့ ဘော်စတွန်မြို့က Logan အပြည်ပြည်ဆိုင်
ရာ လေဆိပ်မှာ ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်။ ဘော်စတွန်မြို့သား အသက် ၄၅ နှစ်အရွယ် Curtis ကို ဆူနီ
အစွန်းရောက်အဖွဲ့တခုဖြစ်တဲ့ al-Nusra တပ်ဦးက ပြန်လွှတ်ပေးခဲ့တာပါ။
              ၂၀၁၂ ခုနှစ်မှာ ဆီးရီးယား အရေးအခင်းကို သတင်းယူရင်း ပြန်ပေးဆွဲ ခံခဲ့ရတဲ့နောက် အမေရိကန်
 သတင်းထောက်တဦးဖြစ်သူ James Foley ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အသတ်ခံခဲ့ရပါတယ်။ Foley ကို 
သတ်ပစ်လိုက်တာကို ရိုက်ထားတဲ့ဗွီဒီယိုကို အစ္စလာမ်မစ်နိုင်ငံတော် ဆိုတဲ့အဖွဲ့က အင်တာနက်ပေါ်မှာ တင်ခဲ့ပါ
တယ်။

ရန်ကုန်စည်ပင်ကို ဖျက်သိမ်းပစ်ရန် တိုင်းလွှတ်တော်သို့ အရေးကြီးသည့် အဆိုတင်သွင်း



               ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး 
ဥပဒေအရ ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ဥပဒေဘောင်ကို ကျော်လွန်လုပ်ကိုင်နေသောကြောင့် ဖျက်သိမ်းရန်နှင့် အသစ်
ပြန်ဖွဲ့ရန်လိုသည်ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းလွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းက ရန်ကုန်တိုင်း
လွှတ်တော်သို့ အရေးကြီးအဆို တင်သွင်းလိုက်သည်။
              လက်ရှိကော်မတီသည် လုပ်ပိုင်ခွင့်မရှိသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဆင့်ဆင့် ရွေး
ကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများကို ရေးဆွဲခြင်း၊ အဆိုပါနည်းဥပဒေများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ
ဆိုင်ရာ နိုင်ငံသားများ၏ အခွင့်အရေးကို ဆန့်ကျင်နေခြင်း၊ ဌာနအသီးသီးကလည်း ကော်မတီ၏ အမိန့်၊ ညွှန်ကြားချက်
တို့ကို လိုက်နာအကောင်အထည်ဖော်နေရခြင်းတို့ကြောင့် ကော်မတီကို ဖျက်သိမ်းပစ်ရန် သြဂုတ် ၂၆ ရက်တွင် အဆိုတင်
သွင်းလိုက်ခြင်းဖြစ်သည်။
              “လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ခေတ်ဟောင်းက လူကြီးများ ခန့်အပ်ထားသော
 ကော်မတီဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် စည်ပင်ဥပဒေအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို အခုထိ မဖွဲ့စည်း
ရသေးပါဘူး။ ဖွဲ့စည်းထားတဲ့ ကော်မတီဆိုတာ မရှိသေးပါဘူး။ ကော်မတီအသစ်ဖွဲ့ဖို့ လိုပါတယ်”ဟု ဒေါက်တာ ညိုညိုသင်း
က ပြောသည်။
           ၂၀၁၃ ခုနှစ်၊ အောက်တိုဘာတွင် ပြဋ္ဌာန်းခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေတွင် ရန်ကုန်မြို့ ခရိုင်
လေးခုမှ ကိုယ်စားလှယ်လေးဦး အပါအ၀င် ကော်မတီဝင် ကိုးဦးဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ဖွဲ့
စည်းရမည်ဟု ဖော်ပြထားသည်။ “မဖွဲ့ရသေးဘူးတဲ့ မရှိသေးတဲ့ ကော်မတီကနေ တာဝန်ပေးတယ် အမိန့်ပေးတာတွေဖြစ်
နေတယ်။ လက်ရှိကော်မတီကို ဖျက်သိမ်းပြီး အသစ်ပြန်ဖွဲ့ပြီးတော့ နည်းဥပဒေရေးဆွဲပြီး အကောင်အထည်ဖော်ရမှာ ဖြစ်
ပါတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁)အမတ် ဦးကျော်က ပြောသည်။
             ထို့ပြင် လက်ရှိရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်ဥပဒေ
ဘောင်ကို ကျော်လွန်၍ ၎င်းတို့ ကော်မတီမှ လုပ်ပိုင်ခွင့်မရှိသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်
ရွေးကောက် တင်မြောက်ခြင်းဆိုင်ရာ နည်းဥပဒေများကို ၂၀၁၄ ခုနှစ် သြဂုတ် လ ၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း 
ဒေါက်တာညိုညိုသင်းက ဆိုသည်။
                   “ထုတ်ခွင့်ပေးထားတာက ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ ဖွဲ့စည်းတဲ့ ကော်မတီ
ကိုပဲ ခွင့်ပြုတာပါ”ဟု ၎င်းက ပြောသည်။ ၂၀၁၃ ခုနှစ် ဥပဒေအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်
ပွဲကော်မရှင်ကို ဖွဲ့စည်းရမည်ဖြစ်သည်။ အဆိုပါကော်မရှင်မှ ကော်မတီအသစ်ကို ဖွဲ့စည်းပေးရမည်ဖြစ်ပြီး၊ ထိုကော်မတီအသစ်
မှ ခရိုင်၊ မြို့နယ်အဆင့်ဆင့် ရွေးကောက်ပွဲကော်မရှင်များကို ဖွဲ့စည်းပေးရမည်ဖြစ်သည်။ အဆိုကို သြဂုတ် ၂၉ ရက်တွင် ဆွေး
နွေးမည်။
mizzimaburmese

မော်ဒယ် အေးချမ်းမြတ်မိုး ဓားထိုးခံရ၍ သေဆုံး


     အသက် (၁၉)နှစ်အရွယ် တက်သစ်စမော်ဒယ် မအေးချမ်းမြတ်မိုးကို ၎င်း၏ရည်းစားဟုဆိုသူက
 သြဂုတ် ၂၆ရက် ည ၇နာရီက ဓါးဖြင့်ထိုး၍ သေဆုံးခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကသတင်းထုတ်
ပြန်ထားသည်။ ဒဂုံမြို့နယ်၊ ဦးဝိစာရအိမ်ရာဝင်းအတွင်း နေထိုင်သည့် မအေးချမ်းမြတ်မိုးသည် နေအိမ်
တံခါးကိုခေါက်၍ "အမေရေ ကယ်ပါဦး" ဟုအော်ကာ လည်ပင်းတွင် သွေးထွက်ဒဏ်ရာဖြင့် လဲကျသွား
ခြင်းဖြစ်သည်ဟု အစ်မဖြစ်သူက ဆိုသည်။
                   ယင်းနောက် ၎င်း၏မိသားစုဝင်များက ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ပေးရာ လမ်းတွင်သေ
ဆုံးသွားခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကို ရဲမှတ်တမ်းတွင်မူ ၎င်း၏ရည်းစားဖြစ်သူ မောင်အံ့ဖြိုးပိုင်နှင့် 
စကားများရန်ဖြစ်ရာမှ လည်ပင်းကို ဓါးဖြင့် အထိုးခံခဲ့ရခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
                သေဆုံးသူ၏ အစ်မဖြစ်သူ ပြောဆိုချက်အရ မောင်အံ့ဖြိုးပိုင်နှင့် ယခင်က မိတ်ဆွေအဖြစ် ပတ်
သက်ဖူးသည်ဟု ဆိုပြီး နောက်ပိုင်းတွင် မိဘများက အဆက်အသွယ်ဖြတ်ရန် ပြောထားခဲ့သည်ဟု ဆိုသည်။
"ညီမလေးက သူ့သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားတာ။ ပြီးခဲ့တဲ့ သုံးလလောက်ကစပြီး သူဘယ်သွားသွား အမေ
က အမြဲလိုက်တယ်။ အခု မလိုက်ဖြစ်တဲ့ တစ်ခေါက်မှာဖြစ်သွားတာ"ဟု သေဆုံးသူ၏အစ်မ မအေးချမ်းမြတ်ဖြိုး
က မဇ္ဈိမကိုပြောသည်။
                ဓါးဖြင့်ထိုးခဲ့သူမှာ တစ်ရပ်ကွက်တည်းနေထိုင်သူ ဖြစ်ပြီး သေဆုံးသူ၏ ဝဲဘက်လည်ပင်းကို ထိုးနှက်
ခဲ့ခြင်းဖြစ်သည်ဟု ရဲ မှတ်တမ်းတွင် ဖော်ပြထားသည်။ သေဆုံးသူမှာ ဒဂုံတက္ကသိုလ်၊ အင်္ဂလိပ်စာ(ဒုတိယနှစ်)၊ 
အဝေးသင်တက်ရောက်နေသူ ဖြစ်ပြီး ဂျာနယ်နှင့် မဂ္ဂဇင်းအချို့တွင် မျက်နှာဖုံးမော်ဒယ်အဖြစ် ဖော်ပြခံရဖူးသည်
ဟု အစ်မဖြစ်သူကဆိုသည်။
           အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး သေဆုံးသည်အထိ ဓါးဖြင့်ထိုးခဲ့သူ အံ့ဖြိုးပိုင်အပေါ်အရေးယူပေးပါရန် 
အေးချမ်းမြတ်မိုး၏ မိသားစုဝင်များက တရားလိုပြု တိုင်တန်းချက်ကို ဒဂုံမြို့မရဲစခန်းက(ပ)၁၈၄/၂၀၁၄၊ ပြစ်မှုပုဒ်မ
  ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

Mizzima News Daily

အွန်လိုင်းပေါ်၌ ဗီဒီယိုဖိုင် ပျံ့နှံ့ခဲ့သည့် လက်ဖက်ရည်ဆိုင်အတွင်း ဓားဖြင့်ဝင်ထိုးသည့် လူသတ်မှုမှ ပါဝင်ပတ်သက်သူများအနက် အသက်မပြည့်သူ နှစ်ဦးကို ခံဝန်ဖြင့် မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံ



အွန်လှိုင်းပေါ်၌ ဗီဒီယိုဖိုင် ပျံနှံ့ခဲ့သည့် လှိုင်သာယာမြို့နယ် လက်ဖက်ရည်ဆိုင်အတွင်း ဓားဖြင့်ဝင်ထိုးသည့် 
လူသတ်မှုဖြစ်စဉ်မှ ပါဝင်ပတ်သက်သူ ငါးဦးအနက် အသက်မပြည့်သည့် လူငယ်နှစ်ဦးကို လှိုင်သာယာမြို့နယ် 
တရားရုံးက သြဂုတ် ၁၈ ရက်တွင် ခံဝန်ဖြင့် မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံခဲ့ကြောင်း ယင်းတရားရုံးမှ 
သိရသည်။
            အဆိုပါ အသက်မပြည့်သူ အသက် ၁၃ နှစ်နှင့် ၁၇ နှစ်အရွယ် လူငယ်နှစ်ဦးကို သြဂုတ် ၁၈ ရက်တွင် 
စတင်တရားစွဲဆိုခဲ့ပြီး ယင်းနေ့တွင်ပင် ခံဝန်ပေး၍ မိဘများသို့ အပ်နှံခဲ့ခြင်းဖြစ်သည်။“သူတို့ကို တရားစွဲတဲ့နေ့
မှာပဲ ခံဝန်ပေးလိုက်တယ်။ တရားစွဲခံရတဲ့ လူငယ်နှစ်ဦးက ရှေ့နေငှားဖို့ အခက်အခဲ ရှိတဲ့အတွက် မြို့နယ်တရား
ရုံးကနေ အစိုးရရှေ့နေလိုက်ပေးဖို့ ဥပဒေရုံးကို အကြောင်းကြားစာပေးဖို့ ထားပါတယ်။ နောက်ပြီး စက်တင်ဘာ
 ၃ ရက်ကို ရုံးချိန်းခေါ်ထားပါတယ်” ဟု လှိုင်သာယာမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက သြဂုတ် ၂၆ ရက်
တွင် ပြောကြားခဲ့သည်။
              ထို့အပြင် အဆိုပါလူသတ်မှုတွင် ပါဝင်သည့် သက်မောင်မောင်၊ မျိုးဇော်နှင့် ဖြိုးကိုတို့အား မြောက်ပိုင်း
ခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး(၂)တွင် သြဂုတ် ၂၂ ရက်က တတိယအကြိမ် ရုံးထုတ်ခဲ့ပြီး တရားလိုဘက်မှ
 မလာနိုင်၍ စက်တင်ဘာ ၃ ရက်တွင် ရုံးပြန်ချိန်းခဲ့ကြောင်း သိရသည်။
              ယင်းအမှုဖြစ်စဉ်မှာ ဇွန် ၉ ရက် ည ၁၀ နာရီခွဲခန့်တွင် ၁၉ ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေ ကိုထွန်းနိုင်ဝင်း
 (၃၃) နှစ်သည် ယင်းရပ်ကွက်နေ ကိုဇော်၊ နိုင်လင်းတို့နှင့်အတူ ယင်းမြို့နယ် ၁၉ ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းဘေး
ရှိ ရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေစဉ် ဘေးဝိုင်းမှ အမည်မသိလူငယ်ငါးဦးမှ စကား
ပြောကျယ်သဖြင့် ကိုထွန်းဝင်းနိုင်က “ဒီဘက်ဝိုင်းက စကားပြောကျယ်တယ်၊ ရဲစခန်းအကြောင်းကြားပေးပါ” ဟု ဆိုင်ရှင်
ထိုင်သည့် စားပွဲကောင်တာဘက်သို့ လှမ်းပြောခဲ့ကြောင်း သိရသည်။
              ယင်းသို့ပြောပြီး ၁၀ မိနစ်ခန့်အကြာတွင် အဆိုပါလူငယ်ငါးဦးသည် ဆိုင်ပြင်သို့ထွက်သွားခဲ့ပြီး ခဏအကြာ
တွင် ဆိုင်အတွင်းရှိ ကိုထွန်းနိုင်ဝင်းတို့ထိုင်သောဝိုင်းသို့ ပြန်လည်ရောက်ရှိလာကာ “မင်းလားကွ” ဟုမေးပြီး ကိုသန်းဇော်ဦး
အား ဓားဖြင့်ထိုး၊ ထွန်းနိုင်ဝင်းနှင့် ကိုဇော်တို့အား ဓာတ်ဘူးဖြင့်ဝိုင်းရိုက်၊ လက်သီးဖြင့်ထိုးကြိတ်ကာ ထွက်သွားခဲ့ကြ
ကြောင်း သိရသည်။
            ယင်းသို့ ဓားဖြင့်ထိုးခံရမှုကြောင့် ကိုသန့်ဇော်ဦးမှာ နံစောင်း၊ ခါးစောင်း၊ နောက်ကျောတို့တွင် ထိုးသွင်းဒဏ်ရာများ
 ရရှိကာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ပြီး ကိုထွန်းနိုင်ဝင်းနှင့် ကိုဇော်တို့မှာလည်း ပေါက်ပြဲ၊ ဖူးရောင်ဒဏ်ရာများ
 အသီးသီးရရှိခဲ့ကြောင်း သိရသည်။
            အဆိုပါဖြစ်စဉ်အား လှိုင်သာယာမြို့မ ရဲစခန်းက (ပ)၁၈၆/၁၄ ပြစ်မှုပုဒ်မ ၃၀၂/၃၂၅/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး
 ကျူးလွန်သူများမှာ လှိုင်သာယာမြို့နယ် ၁၉ ရပ်ကွက်တွင် နေကြသည့် ဖြိုးကို (၁၈)နှစ်၊ သက်မောင်မောင် (၁၈)နှစ်၊ မောင်
---(၁၇)နှစ်၊ မျိုးဇော်(၂၄)နှစ်နှင့် မောင်---(၁၃)နှစ်တို့ဖြစ်ကြောင်း သိရပြီး ၎င်းတို့အား ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း 
သိရသည်။ ယင်းကဲ့သို့ မင်းမဲ့စရိုက်ဆန်စွာ ဓားဖြင့်ထိုးပြီး လူသတ်ခဲ့သည့်ဖြစ်စဉ်ကို လူမှုကွန်ရက် စာမျက်နှာများတွင် ရုပ်သံ
ဗီဒီယိုဖိုင်များ ပျံ့နှံ့ခဲ့ကာ ကြည့်ရှု့ခဲ့သူများအနေဖြင့် ရန်ကုန်မြို့တွင်း နေထိုင်ရမှုမှာ လှုံခြုံမှုမရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှုကို
 စိန်ခေါ်သည့် ဖြစ်စဉ်တစ်ခုဟု သုံးသပ်မှုများ ရှိခဲ့သည်။
news-eleven

Tuesday, August 26, 2014

ယူကရိန်းသမ္မတ လွှတ်တော်ဖျက်သိမ်း


ဗွီအိုအေ (မြန်မာဌာန)
     ယူကရိန်းနိုင်ငံသမ္မတ Petro Poroshenko က သူ့ရဲ့ ညွန့်ပေါင်းအစိုးရ ပြိုပျက်သွားပြီး တလအကြာမှာ 
လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး စောစော ရွေးကောက်ပွဲကျင်းပဖို့ ပြောလိုက်ပါတယ်။  သူရဲ့လုပ်ဆောင်မှု
ဟာ အခြေခံဥပဒေနဲ့အညီ ပြုလုပ်တာဖြစ်တယ်လို့ မစ္စတာ Poroshenko က တနင်္လာနေ့မှာ ပြောဆိုပါတယ်။ 
ပါလီမန်အသစ်အတွက် ရွေးကောက်ပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့မှာ ကျင်းပမယ်လို့ သူကပြောပါတယ်။
သမ္မတဟာ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ပါလီမန်ကိစ္စနဲ့ ပတ်သက်လို့ ပြုလုပ်မဲ့ ဆုံးဖြတ်ချက်တွေ မှန်သမျှဟာ
 ယူကရိန်း ပြည်သူတွေရဲ့ ဆန္ဒနဲ့ ကိုက်ညီရမယ်လို့ ပြောဆိုခဲ့ပါတယ်။ သူရဲ့ အခေါ်အဝေါ်အရ ပြည်သူတွေဟာ
 အုပ်ချုပ်ရေးကို အသစ်ကနေ ပြန်စဖို့ တောင်းဆိုနေကြတယ်လို့ ပြောခဲ့ပါတယ်။ 
              တနင်္လာနေ့ စောစောပိုင်းတုန်းကတော့ မစ္စတာ Poroshenko က သူ့အနေနဲ့ရုရှားစစ်တပ်တွေ အရှေ့
ပိုင်းကို ရွှေ့ပြောင်းနေတာနဲ့ ပတ်သက်ပြီး ထူးထူးကဲကဲ စိုးရိမ်စိတ်ဖြစ်နေရကြောင်း ပြောဆိုပါတယ်။ မစ္စတာ
 Poroshenko ဟာ ရုရှားသမ္မတ မစ္စတာ ပူတင် Vladimir Putin နဲ့ ဒီကနေ့ Minsk မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

Monday, August 25, 2014

ထိုင်းစစ်ခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် တရားဝင်ခန့်အပ်ခံရ


ဗွီအိုအေ (မြန်မာဌာန)
              ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်-အိုချာဟာ ဘုရင် ဘူမိဘော-အဒ္ဒူရာဒတ်ရဲ့
ထောက်ခံ အတည်ပြုမှု တရားဝင်ခန့်အပ်လွှာကို လက်ခံရယူပြီးတဲ့နောက် ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ပါပြီ။
ဒီအခွင့်အရေးတွေ လက်ခံရရှိမှုနဲ့အတူ ထိုင်းပြည်သူတွေကို ကျနော် ကတိပေးပါတယ်။ ပြည်သူတွေရဲ့အကျိုး
စီးပွားနဲ့ တိုင်းပြည်အရေးကို ရှေ့ရှုပြီး ရိုးသားစွာနဲ့ တိုင်းပြည်အတွက် ပေးဆပ်သွားပါမယ်၊ ထိုင်းနိုင်ငံ ညီညွတ်
ရေး၊ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ရွှင်နိုင်ဖို့အတွက် ကျနော့်ဘက်က ပြန်လည်ပေးဆပ်သွားမှာ ဖြစ်ပါ
တယ်လို့ ဝန်ကြီးချုပ်သစ် ပရာရွတ်၊ ချန်အိုချာက ဘန်ကောက်မြို့တော်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောသွား
ခဲ့ပါတယ်။
              ကျန်းမာရေးသိပ်မကောင်းလှတဲ့ သက်တော် (၈၆) နှစ်အရွယ် ဘုရင် ဘူမိဘောကိုတော့ ဒီနေ့အခမ်း
အနားမှာ မတွေ့ရပါဘူး။ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး ပရာရွတ်ဦးဆောင်တဲ့ စစ်တပ်က လူထု ရွေး
ကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို အာဏာသိမ်း ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ ပရာရွတ်အ
နေနဲ့ ရှေ့လထဲမှာ ဗိုလ်ချုပ်ကြီးရာထူးကနေ အနားယူမှာ ဖြစ်ပြီး အဲဒီအချိန်မတိုင်ခင်အထိကတော့ ဗိုလ်ချုပ်ကြီး
ရာထူးနဲ့အတူ ဝန်ကြီးချုပ်အဖြစ် ပူးတွဲ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင် ပြေးဆွဲနေသည့် ရထား စက်လျှို့ယွင်းခြင်း၊ ပြေးလမ်းလျှော်ခြင်း ၊ရထားတိမ်းမှောက်ခြင်းများ ဖြစ်ပေါ်လာ


ကျောက်တော်၊ သြဂုတ် ၂၃ 
              ရခိုင်ပြည်နယ်တွင် ပြေးဆွဲနေသည့် ရထား စက်လျှို့ယွင်းခြင်း၊ ပြေးလမ်းလျှော်ခြင်း၊ရထားတိမ်း
မှောက်ခြင်းများ ဖြစ်ပေါ်လာနေကြောင်း သိရသည်။လက်ရှိအချိန်တွင် ပုဏ္ဏားကျွန်း ကွမ်းတောင်ဘူတာမှ
 ကျောက်တော်ဘူတာသို့ သာ ပြေးဆွဲနေသည့် ရထားမှာ ရထားတွဲများ ဟောင်နွမ်းပျက်စီးနေပြီး ရထား
လမ်းဇလီဖာတုံးများ ဟောင်းနွမ်းခြင်း၊ ရထားလမ်းရေတိုက်စားခြင်း တို့ကြောင့် လမ်းလျှော်ခြင်းတို့ဖြစ်ပွား 
နေကြောင်းသိရသည်။
                သြဂုတ်လ ၂၀ ရက်နေ့ကလည်း နေ့လည် ၂ နာရီခန့်အချိန် ကျောက်တော်မြို့နယ်သင်္ဂနက်ဘူတာ
၌ ရထားတိမ်းမှောက်ခဲ့ပြီး အသေအပျောက်မရှိဘဲ ဒဏ်ရာရသူတစ်ဦးရှိခဲ့ကြောင်းလည်းသိရသည်။မြန်မာ့မီးရထား
အနေဖြင့် (၂၉၉ ဒသမ ၂၅)မိုင် ရှည်လျားသောမင်းဘူး-အမ်း-စစ်တွေရထားလမ်းကို ၂ဝဝ၉ ခုနှစ် ၂ လပိုင်းတွင် 
စတင်ဖောက်လုပ်ခဲ့သည်။ ပထမဆုံး ဖွင့်လှစ်နိုင်ခဲ့သည့် ရေချမ်းပြင်လမ်းပိုင်းကို ၂၀၁၂ ခုနှစ်တွင်ပဋိပက္ခများကြောင့် 
လုံခြုံရေးစိုးရိမ်စရာဖြစ်လာပြီး ရပ်နားခဲ့ရသည်။
              ဒုတိယလမ်းပိုင်းအဖြစ် ကွမ်းတောင်- ကျောက်တော်လမ်းကို ၂ဝ၁၁ ခုနှစ် ၄ လ ပိုင်းတွင်ဖွင့်လှစ်နိုင်ခဲ့ပြီး
လက်ရှိ ရထားပြေးဆွဲလျက်ရှိနေသည်။ သို့ရာတွင် မီးရထားလမ်းများက ခိုင်ခန့်မှုမရှိဘဲ တောင်ကျရေစီးများကြောင့်
ပျက်စီးမှုများ ရှိနေဆဲဖြစ်သည်။ ယင်းအပြင် ရထား လမ်းလျှော်ပြီး အနာတရဖြစ်မှု၊ ရထားနင်းမိ၍ သေဆုံးမှုများ
လည်း လမ်းဖွင့်ပြီးများမကြာမီမှာဖြစ်ပွားခဲ့ရသည်။
                  မင်းဘူး-အမ်း-စစ်တွေရထားလမ်းအား ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်တွင်စတင်ဖောက်လုပ်ခြင်းဖြစ်ပြီး
ရထားလမ်းပိုင်းတစ်ခုလုံး ၂၀၂၂ ခုနှစ်မှသာ ပြီးစီးနိုင်မည်ဟု သိရသည်။
R S V

Red Alert 2 PC Game


     Red 2 ဆို Game ကြိုက်တဲ့သူတိုင်းသိကြမှာပါ ကျွန်တော် Game ကြိုက်သူများအတွက်
Red  2 တင်ပေးလိုက်ပါတယ် Install လုပ်စရာမလို့ပဲ Desktop ပေါ်မှာ Shottcut လေးထား
ပြီး ဆော့လို့ရပါတယ် အလွန်ပေါပါးပြီး ကစားလို့ကောင်းတဲ့ Game ပါပဲ Shottcut လုပ်တဲ့နည်းကို
လည်းသိပြီသားဖြစ်မှာပါ မသိသေးးတဲ့ မိတ်ဆွေများ ကျွန်တော် facebook မှာလောက်မေးကြပါ
Game ဝါသနာရှင်များအောက်မှာ Download လုပ်နိုင်ပါတယ် ဖိုင် Size ကတော့ 297 MB ရှိပါတယ်
လှိုင်းမကောင်းသူများ စိတ်ရှည်ရှည်ထားပြီး ဒေါင်းကြပါ....
                                    
                                               DOWNLOAD

Sunday, August 24, 2014

ရခိုင်နှင့် ကုလကြား နှစ်ဖက်နားလည်မှု တည်ဆောက်ရန် ကုလကိုယ်စားလှယ် တိုက်တွန်း



The Voice Weekly ရန်ကုန်၊ သြဂုတ် ၂၄
           ရခိုင်တိုင်းရင်းသားများနှင့် ကုလသမဂ္ဂအကြား နှစ်ဖက်နားလည်မှု တည်ဆောက်ရန် လိုအပ်သည်ဟု 
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားက 
ရခိုင်ပြည်နယ် ခရီးစဉ်တွင် ပြောကြားသည်။
             ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် နမ်ဘီးယားသည် စစ်တွေမြို့တွင် မြို့မိမြို့ဖများနှင့် သြဂုတ်လ ၂၃ 
ရက်နေ့က တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ကုလသမဂ္ဂအနေနှင့် ဘက်မလိုက်မှု၊ မျှတမှု၊ လူသား
ချင်းစာနာမှုတို့ကို လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ပြီး ပဋိပက္ခများကို ဖြေရှင်းရန် ရခိုင်နှင့် ဘင်္ဂါလီ နှစ်ဖက်
ဆွေးနွေးရန် လိုအပ်သည်ဟု နမ်ဘီးယားက ပြောဆိုခဲ့ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက
 ပြောကြားသည်။
             ၁၉၈၂ ခုနှစ် ဥပဒေအတိုင်း ဘင်္ဂါလီများကို နိုင်ငံသားစိစစ်ရာတွင် ပူးပေါင်း ပါဝင်ရန်လည်း နမ်ဘီးယားက
 ရခိုင်တိုင်းရင်းသားများကို တိုက်တွန်းခဲ့သည်။ "ရိုဟင်ဂျာဆိုတဲ့ နာမည်ဟာ မြန်မာနိုင်ငံရဲ့ ဥပဒေအတိုင်းပဲ ဖြစ်စေရ
မယ်လို့ ပြောတယ်" ဟု ဦးသန်းထွန်းက ဆိုသည်။
                   ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းရန် ကြိုးပမ်းနေသည့် အစိုးရကို ဖိအားပေးခြင်း မလုပ်ဘဲ ထိရောက်
သော အကူအညီများပေးရန်၊ နိုင်ငံသားစိစစ်ရာတွင် ပူးပေါင်း ပါဝင်ရန်များကို ရခိုင်တိုင်းရင်းသားများအား မတိုက်တွန်း
ဘဲ ဘင်္ဂါလီများကို သွားရောက်တိုက်တွန်းရန် နမ်ဘီးယားကို တင်ပြခဲ့ကြောင်း မြို့မိမြို့ဖများထံမှ သိရှိရသည်။
                         "UN နဲ့ ရခိုင်တို့ကြားမှာ နားလည်မှု တည်ဆောက်ဖို့ UN ဘက်က အမှန်ကို မြင်တတ်ဖို့ ဦးစွာ ကြိုး
စားရပါလိမ့်မယ်" ဟု ဦးသန်းထွန်းက ဆိုသည်။ နမ်ဘီးယားသည် ရခိုင်ပြည်နယ်သို့ သြဂုတ်လ ၂၃ ရက်နေ့မှ ၂၄ ရက်
နေ့အထိ လာရောက်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။ ရခိုင်ပြည်နယ်တွင် လုပ်ငန်းဆောင်
ရွက်နေသည့် ကုလသမဂ္ဂ အပါအဝင် INGO အများစုသည် လူ့အဖွဲ့အစည်း နှစ်ခုကြား မမျှမတ အကူအညီပေးခြင်း၊ 
ဆက်ဆံခြင်း၊ ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ INGO များကို ရခိုင်တိုင်းရင်းသားများက အကြိမ်ကြိမ် ကန့်ကွက် ဆန္ဒပြခဲ့
ကြသည်။

အားပြင်းငလျင် ကယ်လီဖိုးနီးယားမှာလှုပ်ခတ်


      ဗွီအိုအေ (မြန်မာဌာန)
ဒီနေ့ တနင်္ဂနွေနေ့အစောပိုင်းက  အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမြို့ ဘေးဧရိယာမှာ ၂၅ နှစ်အတွင်း 
အကြီးဆုံးငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။ ဒေသ စံတော်ချိန် မနက်လင်းအားကြီး ၃ နာရီ၊ မိနစ် 
၂၀ မှာ ပြင်းအား ၆  magnitude ရှိတဲ့ ငလျင်ဒဏ်ကြောင့် မော်တော်ယာဉ် သတိပေးချက်တွေ အသံ
မြည်ပြီး အိမ်တွေထဲက လူတွေ ပြေးထွက်လာခဲ့ကြပါတယ်။ Napa ခရိုင်၊ မီးသတ်တပ်ဖွဲ့တွေအားလုံး 
ဖုံးဆက် အကူအညီတောင်းခံမှုတွေနဲ့ အလုပ်ရှုပ်သွားခဲ့ပြီး မီးလောင်မှုတစ်ချို့၊ ဒဏ်ရာရမှုတစ်ချို့နဲ့ 
ရင်ဆိုင်ခဲ့ရတယ်လို့ LA Time သတင်းက အစီရင်ခံပါတယ်။
          ငလျင်ဟာ Sacramento မြို့ အနောက်တောင်ဖက် မိုင် ၅၀ လောက်အဝေးမှာရှိတဲ့ ဒေသကို  
ဗဟိုပြုလှုပ်ခဲ့တာဖြစ်ပါတယ်။ California အဝေးပြေးလမ်းမကြီး ကင်းလှည့် ကြီးကြပ်တဲ့အဖွဲ့တွေက 
လမ်းတံတား ထိခိုက်ပျက်စီးမှု ဘယ်လောက်ရှိလဲဆိုတာ စစ်ဆေးနေကြဆဲဖြစ်ပြီး တချို့နေရာတွေမှာ 
လျပ်စစ်မီးပြတ်တောက်မှုတွေနဲ့ အဆောက်အဦး ပြိုကျမှုတွေ ရှိတယ်လို့သိရပါတယ်။

တပ်မတော် လေ့ကျင့်ရေးကျည်ဆန် မသန်စွမ်းအမျိုးသမီး ဦးခေါင်းကို ထိမှန်


                မန္တလေးတိုင်းဒေသကြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ရှိ အမှတ် ၁၃ လေ့
ကျင့်ရေးသင်တန်းကျောင်း၏ လေ့ကျင့်ပစ်ခတ်မှုတွင် မသန်စွမ်းအမျိုးသမီးတစ်ဦးခေါင်းကို ကျည်ဆန်
ထိမှန်ခဲ့သော်လည်း အသက်သေဆုံး မှု မရှိဟု သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖျာရွာအုပ်ချုပ်ရေးမှူး 
ဦးဇော်နိုင်က သြဂုတ် ၂၄ ရက် တွင် မဇ္ဈိမကို အတည်ပြုသည်။
            လေ့ကျင့်ရေးတပ်၏ လေ့ကျင့်ပစ်ခတ်မှုကြောင့် သြဂုတ် ၂၃ ရက်တွင် ကျည်ဆန်ထိမှန်ခဲ့ခြင်း
ဖြစ်ကာ သြဂုတ် ၂၄ ရက် နေ့လယ်တွင် ခုနစ်မိုင်လေ့ကျင့်ရေး သင်တန်းအမှတ်(၂) ကုတင် ၁၀၀ ဆေး
ရုံတွင် ခွဲစိတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။ “အရင် ၂၀၁၂ လောက်တုန်းကလည်း ဖြစ်ဖူးတယ်။ အဲဒီတုန်း
ကတော့ လူကို ထိတာမဟုတ်ဘူး။ ယာတွေကို ပစ်တာ အဲဒီနောက်ပိုင်း လေ့ကျင့်ရေးလုပ်တော့မယ်ဆိုရင်
 ကြိုအကြောင်းကြားတယ်။ အခုတော့ ကြိုအကြောင်း မကြားဘူး။ ဒီနေ့ (၂၄ ရက်)ဖြစ်ပြီးတဲ့နေ့မှ စာလာ
ပို့တယ်။ တွင်းငယ်၊ ရေညောင်ဦး၊ ဒူးဒင်း တစ်မိုင်ပတ်လည် လေ့ကျင့်ရေးလုပ်မယ်ဆိုပြီးတော့”ဟု ဦးဇော်နိုင်
က ပြောသည်။
         လေ့ကျင်ရေးကွင်းသည် ကျောက်ဖျာရွာနှင့် လေးမိုင်ခန့်ဝေးကွာသော်လည်း ကျည်ဆန်ထိမှန်သည့်
နေရာသည် ကွင်းနှင့် တစ်မိုင်ခန့်အကွာ ယာခင်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။“ဒီကိစ္စနဲ့ပတ်သက်ပြီး အမှု
ဖွင့်ဖို့ကို ဘယ်သူက လုပ်ပေးမလဲဆိုတာ မသိရသေးဘူး။ သူ့ရဲ့အစ်မက စကားမပြောတတ်ဘူး။ ဒီနေ့ခွဲစိတ်ပြီး
တော့ မေ့လိုက်သတိရလိုက်ဖြစ်နေပါတယ်။ အခြေအနေကိုတော့ အတိအကျမသိရဘူး။ လိုက်သွားတဲ့သူတွေ
ဆီက ပြန်သိရတာ”ဟု ကျောက်ဖျာရွာ ဒူးဒင်းရပ်နေ ဦးမင်းမင်းထွန်းက ဆိုသည်။
              အမှတ် (၁၃) လေ့ကျင့်ရေးတပ်သည် သြဂုတ်လ ၂၀ မှ ၂၇ ရက်ထိ အတန်းမြှင့်သင်တန်း လက်နက်
ငယ် ပစ်ခတ်လေ့ကျင့်မှုပြုလုပ်မည်ဟု သြဂုတ် ၂၄ ရက်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်စုများသို့ လာရောက်
 အကြောင်းကြားခဲ့သည်။
                အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗိုလ်မှူးအဆင့်ရှိသူနှင့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တို့ထံ ယင်း
ကိစ္စနှင့် စပ်လျဉ်း၍ မဇ္ဈိမက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေဆိုခြင်း မရှိပေ။

Mizzima News Daily 

အစ္စရေးတိုက်ခိုက်မှုကြောင့် ဟားမာ့စ်ခေါင်းဆောင် တစ်ဦး သေဆုံး


          အစ္စရေးနိုင်ငံက ဟားမတ်စ်အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားပြီး တနင်္ဂနွေနေ့က 
တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာမှာ အကြမ်းဖက်မှုကိစ္စတွေအတွက် အသုံးပြုတဲ့ အဖွဲ့ရဲ့ရန်ပုံငွေကြေး 
အပြောင်းအရွှေ့တွေကို အဓိက ကိုင်တွယ်နေသူတဦး သေဆုံးသွားပါတယ်။ 
                ဂါဇာမြို့တော်မှာ သွားနေတဲ့ကားတစီးကို လေကြောင်းကနေ တိုက်ခိုက်ခဲ့စဉ်အတွင်း 
မိုဟာမက် အယ်လ်ဂူး (Mohammed al-Ghoul) သေဆုံး သွားကြောင်း အစ္စရေးစစ်ဘက်က ပြော
ပါတယ်။ ဒါဟာ ဟားမတ်စ်အဖွဲ့ရဲ့ စစ်ဖက်ဆိုင်ရာ အကြီးအကဲ သုံးယောက် သေဆုံးသွားခဲ့ရတဲ့ 
တိုက်ခိုက်မှု ပြုလုပ်ခဲ့အပြီး ရက်ပိုင်းအကြာမှာ ထပ်မံ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
            အခုသေဆုံးသွားတဲ့ အယ်လ်ဂူးဟာ ဟားမတ်စ် စစ်သွေးကြွအဖွဲ့အတွက် အဓိကအရေးကြီး
တဲ့ ကဏ္ဍကနေ လှုပ်ရှားနေသူတဦးဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။ သူဟာ ငွေတွေကို တနေ
ရာကနေ တနေရာကို လွှဲပြောင်းတဲ့တာဝန်ယူထားပြီး ဂါဇာမှာအခြေစိုက်တဲ့ အကြမ်းဖက်အုပ်စုအတွက် 
အခြေခံ လိုအပ်ချက်တွေကို တည်ဆောက်ပေးနေသူ ဖြစ်ပါတယ်။ ဒီအထဲမှာ အစ္စရေးနိုင်ငံကို တိုက်ခိုက်
ရာမှာအသုံးပြုဖို့ ဥမင်လှိုဏ်ခေါင်း ဖေါက်လုပ်တဲ့ ကိစ္စတွေလည်း ပါဝင်ပါတယ်။
          တနင်္ဂနွေနေ့ အစ္စရေးက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ပြီးတဲ့နောက် အခင်းဖြစ်တဲ့နေရာအနီး
မှာရှိတဲ့ မျက်မြင်သက်သေတွေအဆိုအရ ပျက်စီးနေတဲ့ ကားအတွင်းမှာ အမေရိကန်ဒေါ်လာ ငွေစက္ကူတွေ
ကို တွေ့ရတယ်လို့ ပြောပါတယ်။
VOA

Saturday, August 23, 2014

ဘင်္ဂလီအကြမ်းဖက်အဖွဲ့အစည်း ARNO ထိုင်း-မြန်မာနယ်စပ်တွင် အခြေချခွင့်ရရေး ကြိုးပမ်းခဲ့ကြောင်း အမေရိကန်သံရုံးလျှို့ဝှက်ကြေးနန်း ဖော်ပြ


              ဘင်္ဂလီ အကြမ်းဖက်အဖွဲ့အစည်း ArakanRohingya Natioanal Organization
(ARNO) သည် ဘင်္ဂလားဒေ့ရှ်အစိုးရက ဖိအားပေးသဖြင့် ၎င်းတို့၏ စစ်စခန်းများအားထိုင်-
မြန်မာနယ်စပ်ရှိ Karenni NationalProgressive Party(KNPP) ထိန်းချုပ် နယ်မြေများထံ ရွှေ့
ပြောင်းနိုင်ရေးအတွက် KNPP အား ၂၀၀၂ ခုနှစ်က ဆက်သွယ်ခဲ့ကြောင်း မြန်မာစစ်ထောက်လှမ်း
ရေးအစီရင်ခံစားကို ကိုးကားထားသော မြန်မာနိုင်ငံအမေရိကန်သံရုံးက ပေးပို့သော ကြေးနန်းတခု
အရ သိရသည်။
                  ARNO နှင့် Al-Qaeda ဆက်သွယ်မှုရှိသည်ဆိုသော အစောပိုင်း အစီရင်ခံစာများအား 
ရှင်းလင်းအတည်ပြုလိုသောကြောင့် အဆိုပါစစ်ထောက်လှမ်းရေးအစီရင်ခံစာကို ဗိုလ်မှူးချုပ်ကျော်သိန်း
က အမေရိကန်သံရုံးသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ရေးထားသည်။
                ဘင်္ဂလီ အကြမ်းဖက်အဖွဲ့အစည်း ARNO သည် လက်နက်ကိုင်အဖွဲ့အစည်းများစုပေါင်းထား
သည့် Democratic Alliance Of Burma နှင့် ပူးပေါင်းရန်လည်း ကြိုးပမ်းခဲ့ကြောင်း၊ ထိုစဉ်က ရခိုင်ဒီမိုက
ရက်တစ်မှ အောင်စိန်သာနှင့် ရခိုင်လွတ်မြောက်ရေးပါတီမှ ခိုင်စိုးအောင်တို့က ဘင်္ဂလီ တို့သည် ရခိုင်ပြည်
နယ်မှ ဒေသခံတိုင်းရင်သားလူမျိုး မဟုတ်သောကြောင့် အပြင်းအထန် ကန့်ကွက်ခဲ့သဖြင့် DAB အဖွဲ့ဝင်ဖြစ်
ခွင့် မရခဲ့ကြောင်း၊ DAB အဖွဲ့ဝင်မဖြစ်ခဲ့သော်လည်း စစ်ရေးအရ မဟာမိတ်ဖြစ်ခဲ့ကြောင်း သိရသည်။
ARNO ဒု-ဥက္ကဌ Fayos Ahmed သည် ၂၀၀၂ သြဂုတ်လ ၂၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်မှ ဘန်ကောက် 
ထိုမှတဆင့် ချင်းမိုင်ကို သွားရောက်ခဲ့ကြောင်း၊ ပြီးနောက် KNPP ဒု-ဥက္ကဌ အောင်သန်းလေး၊ အတွင်းရေး
မှုးချုပ် ရေမွန်ထူး၊ တွဲဖက်အထွေထွေအတွင်းရေးမှုးချုပ် ဦးခွန်ရယ်၊ စစ်ဦးစီးချုပ် အောင်မြတို့နှင့် တွေ့ဆုံ
ဆွေးနွေးခဲ့သည်။
              ဘင်္ဂလားဒေ့ရှ်အစိုရက ၎င်းတို့အား နိုင်ငံအတွင်းမှ ထွက်ခွာပေးရန် ပြောထားသဖြင့် အခက်ဖြစ်
နေကြောင်း၊ အမေရိကန်ရှိ ၎င်းတို့၏ အဆက်အသွယ်များနှင့် Al-Qaeda ချိတ်ဆက်များအကြောင်းတို့ကို
လည်း Fayos Ahmed က ဆင်ပြဆွေးနွေးခဲ့သည်။ ယင်းအပြင် Fayos Ahmed သည် အခြားတိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော ပလောင်လွတ်မြောက်ရေးတပ်ဦးမှ အတွင်းရေးမှုး ခွန်ဥက္ကာ၊ ပအို့
လွတ်မြောက်ရေးအဖွဲ့ဥက္ကဌ၊ လာဟူးအမျိုးသားအဖွဲ့မှ အေးမောင်တို့နှင့် တွေ့ဆုံခဲ့သည်။ Fayos သည် စက်
တင်ဘာ ၅ရက်နေ့တွင် ချင်းမိုင်မှ မဲဆောက်သို့သွားရောက်ခဲ့ပြီး KNU ဌာနချုပ်၌ ဗိုလ်မြ၊ ဖဒိုမန်းရှာ၊ တာမလ
ဘောတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အမေရိကန်သံရုံးကြေးနန်းတွင် ရေးသားထားသည်။
             ထိုစဉ်က ချင်းမိုင်၌ အခြေစိုက်လုပ်ကိုင်နေသော သတင်းမီဒီယာများဖြစ်သော BBC၊ VOA၊ RFA တို့နှင့် 
ARNO အဖွဲ့အစည်း၏ အရေးကြီးအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟုလည်း ရေးသားထားသည်။
 မြန်မာနိုင်ငံအမေရိကန်သံရုံးမှ ပေးပို့သော လျှို့ဝှက်ကြေးနန်းစောင်ရေ ၂၀၀၀ နီးပါးအား ၀ီကီလိခ်က ဖွင့်ချခဲ့
ခြင်း ဖြစ်သည်။
News Watch Weekly

၁၀ လခန့် သင်္ဘောတွင်ရောင်းစားခံရသူများ သေကံမရောက်ခဲ့ပဲ ထွက်ပြေးခဲ့သဖြင့် ရခိုင်ပြည်သို့ပြန်ရောက်


သဂုတ်လ ၂၂ ရက်။
မြေပုံမြို့နယ်၊ သရက်တောင်ကျေးသားများနှင့် အမ်းမှ ရခိုင်တိုင်းရင်းသားများ အား နယ်စပ်တွင်အလုပ်အကိုင်
 ပေးမည်ဟု တစ်ရွာတည်းနေ ဒေါ်ပုမချေ တို့မောင်နှမ နှစ်ယောက်မှ ရခိုင် ၁၅ ဦးတို့အား ခေါ်ဆောင်သွားခဲ့ပြီး 
ရောင်းစားခဲ့ရာ အင်ဒိုနီးရှား ငါးဖမ်းလှေပေါ်တွင် ၁၀ လခန့်အကြာ အလုပ်လုပ်ပေးခဲ့ရပြီးနောက် ယင်းနိုင်ငံ၌ ပင်
 ထွက်ပြေးတိမ်းရှောင်ကာ သံရုံးများနှင့်ဆက်သွယ်ခဲ့သည်။ 
           ယင်းသို့ဆက်သွယ်ခဲ့သည့်အတွက် တောထဲတွင်လည်း ၆ ရက်ခန့်အစာငတ်ခဲ့ရသည်။ ယင်းနောက်ပိုင်း 
စာရေးဆရာ ကျွန်းစဉ်မြေစောခက် ၏ အကူအညီဖြင့် သံရုံးမှ အဆက်အသွယ်များလာရောက်တွေ့ဆုံကာ သုံးရုံး
သို့ခေါ်ဆောင်ခဲ့သည်။ အသက်သေချင်သေဟု ဆိုကာ သင်္ဘောမှ ထွက်ပြေးလာခဲ့သော ရခိုင်သားများသည် 
အင်ဒိုနီးရှားတွင် ဒုက္ခမျိုး စုံကို ခံကာ တောထဲတောင်ထဲတွင်နေခဲ့ရသည်။ သို့သော်လည်း ကံကောင်းခဲ့သည်မှာ
 ယင်းတို့တွင် လျှို့ဝက် ၀ယ်ယူထားသော ဖုန်းတစ်လုံးဖြင့် မိမိတို့၏ ရွာသို့လည်း အဆက်အသွယ်ပြုလုပ်နိုင်ခဲ့
သည့်ပြင် မြန်မာနိုင်ငံမှ ဌာဆိုင်ရာ များသို့လည်းအကြောင်းကြားနိုင်ခဲ့ကြောင်းနှင့် အင်ဒိုနီးရှားသံရုံးသို့လည်း 
အကြောင်းကြားနိုင်ခဲ့၊ အဆက် အသွယ်ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
             ယင်းနောက်ပိုင်းတွင် တောထဲမှ တဆင့် IOM အဖွဲ့မှလာရောက်ခေါ်ဆောင်ပြီး ၂ လခန့်ကျွေးမွေးခဲ့သည်။
 ယင်းမှ ဆင့် အင်ဒိုနီးရှားမြို့တော်ရှိ သံရုံးသို့ ပို့ဆောင်ကာ မလေးသို့ လေကြောင်းဖြင့် ပို့ဆောင်ခဲ့ကြောင်း၊ မလေး 
မှတဆင့် မြန်မာနိုင်ငံသို့လေကြောင်းလိုင်းဖြင့်ပို့ဆောင်ခဲ့သဖြင့် သြဂုတ်လ ၂၂ ရက်နေ့တွင် စစ်တွေမြို့ရှိ အမှတ် ၅ 
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု သို့ရောက်ရှိခဲ့ပြီး ဖြစ်စဉ်များကို မေးမြန်းခဲ့ကြောင်းနှင့် မှတ်တမ်းတင်ခဲ့
ကြောင်းသိရသည်။
                  မှတ်တမ်းတင်ပြီးပါက သရက်တောင်ကျေးရွာသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရှိရ 
သည်။ ယင်း သို့ ကူညီပေးခဲ့သူများတွင် စာရေးဆရာ ကျွန်းစဉ်မြေစောခက် နှင့် သံရုံးမှတာဝန်ရှိသူများလည်း ပါဝင်
ခဲ့သည် ဟုသိရသည်။
သတင်း- စစ်တွေသား RSV

Friday, August 22, 2014

Indira Gandhi ရုပ်ရှင်ကား အိန္ဒိယ ပိတ်ပင်


ဗွီအိုအေ (မြန်မာပိုင်း)
       အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း  Indira Gandhi လုပ်ကြံခံရတဲ့ အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို 
ဖြန့်ချီခွင့် အိန္ဒိယအစိုးရက ပိတ်ပင်လိုက်ပါတယ်။ ရုပ်ရှင်ထဲမှာ လုပ်ကြံသူကို အမွှမ်းတင်ရိုက်ကူးထားတဲ့အ
တွက် လူထုကြား အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တာကြောင့် အခုလိုပိတ်ပင်လိုက်တာပါ။ ရုပ်ရှင်ထုတ်ဝေဖြန့်
ချီခွင့်ဘုတ်အဖွဲ့က ဒီရုပ်ရှင်ဟာ လူထုအကြား ဥပဒေစိုးမိုးရေး အပေါ် ခြိမ်းခြောက်မှုတွေ ရှိခဲ့တာကြောင့် အခု
လိုဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ဘုတ်အဖွဲ့ ဥက္ကဌ Leela Samson ဆိုပါတယ်။
            Kaum De Heere လို့အမည်ပေးထားတဲ့ ဒီရုပ်ရှင်ကို ဒီကနေ့သောကြာနေ့မှာ စတင်ပြသဖို့ အစောပိုင်း
တုန်း စီစဉ်ထားခဲ့တာပါ။ လုပ်ကြံခံခဲ့ရတဲ့ Ms. Gandhi ကို သူ့ရဲ့ ကိုယ်ရေး လုံခြုံရေးအရာရှိတဦးက ၁၉၈၄ ခုနှစ်
မှာ လုပ်ကြံခဲ့တာပါ။ Sikhs လူမျိုးတွေကို နှိမ်နင်းမှုကြောင့် မစ္စ ဂန္ဒီ ကို အခုလို လက်စားချေတုန့်ပြန်ခဲ့တာပါ။
Sikhs သီးခြားပြည်ထူထောင်ဖို့ ကြိုးပမ်းနေသူတွေ ခိုအောင်းနေတဲ့ Amritsar မြို့က Sikhs လူမျိုးတွေ အထွတ်
အမြတ်ထားတဲ့ ရွှေကျောင်းကို စစ်တပ်နဲ့ ၀င်ရောက်စီးနင်း နှိမ်နင်းဖို့ မစ္စ ဂန္ဒီက ၁၉၈၄ ခုနှစ် အစောပိုင်းမှာ အမိန့်
ပေးခဲ့တာပါ။
        အဲဒီနှိမ်နင်းမှုအတွင်း  Sikh လူမျိုးရာပေါင်းများစွာ သေဆုံးခဲ့ပါတယ်။ အဲဒီနောက် လအနည်းငယ် အကြာမှာ
တော့ သူ့ရဲ့ ကိုယ်ရေး လုံခြုံရေး အရာရှိ Sikh လူမျိုး ၂ ဦးက မစ္စ ဂန္ဒီကို ပစ်ခတ်လုပ်ကြံခဲ့တာပါ။ ဒီလုပ်ကြံမှုကြောင့်
 လူမှု အသိုင်းအ၀ိုင်းကြား အကြမ်းဖက်မှုတွေ ဖြစ်ပွါးခဲ့ပြီး  လူပေါင်း ၃၀၀၀ သေဆုံးခဲ့ပါတယ်။

Thursday, August 21, 2014

အစ္စရေးလ်တိုက်ခိုက်မှုကြောင့် Hamas ခေါင်းဆောင် ဇနီးနှင့်သားသေဆုံး



ဗွီအိုအေ (မြန်မာဌာန
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးလ်နဲ့ ပါလက်စတိုင်းအကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဗုဒ္ဓဟူးနေ့မှာ 
ဆက်ဖြစ်ခဲ့ပါတယ်။ အစ္စရေးလ်လေကြောင်း တိုက်ခိုက်မှုတခုမှာတော့ ဂါဇာမှာရှိတဲ့ Hamas စစ်ခေါင်းဆောင်
တဦးရဲ့ ဇနီးနဲ့ မွေးကင်းစ ကလေးငယ် သေဆုံးသွားတာပါ။
             မြေထဲပင်လယ်တလျှောက် ပါလက်စတိုင်းနယ်မြေတွင်း ပစ်မှတ် ၉၀ ကျော်ကို ဦးတည်တိုက်ခိုက်ခဲ့
တယ်လို့ အစ္စရေးလ်က ပြောပါတယ်။ ဒီအထဲမှာ Hamas စစ်ခေါင်းဆောင် Mohammed Deif ရဲ့ နေအိမ်လည်း
ပါဝင်ပြီး၊ အစ္စရေးလ် လေကြောင်းတိုက်ခိုက်မှုမှာ သူ့နေအိမ် ထိမှန်ခဲ့တာပါ။
            ဒါပေမဲ့ Mohammed Deif ကတော့ အသက်ရှင်ကျန်ရစ်ပြီး အသက် ၂၇ နှစ်အရွယ် သူ့ဇနီးနဲ့ ၇ လအရွယ် 
သားငယ်တို့ သေဆုံးခဲ့တယ်လို့ Hamas အဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီ အသုဘမှာတော့ လူထောင်ဂဏန်း တက်
ရောက်ခဲ့ကြပြီး၊ လက်တုံ့ပြန်မယ်ဆိုပြီး ကြွေးကြော်အော်ဟစ်ခဲ့ကြပါတယ်။
               ရုပ်အလောင်းတွေကို အစိမ်းရောင် Hamas အလံနဲ့ လွှမ်းခြုံထားပြီး၊ ၀တ်ပြုဗလီတခုကနေ Jabliya က
 ဒုက္ခသည်စခန်းတခုမှာ သင်္ချိုင်းကို ပို့ဆောင်ခဲ့ကြပါတယ်။ အဲဒီ စစ်ခေါင်းဆောင် Deif ဟာ လူသတ်တရားခံဖြစ်ပြီး၊ 
အစ္စရေးလ်အနေနဲ့ သူ့ကို သတ်ဖြတ်နိုင်ဖို့ ပစ်မှတ်ထားသွားရမယ်ဆိုပြီး အစ္စရေးလ် ပြည်ထဲရေးဝန်ကြီး Gideon Saar 
က ပြောခဲ့ဖူးပါတယ်။
              အစ္စရေးလ်နိုင်ငံသားတွေအတွက် တည်ငြိမ်အေးချမ်း လုံခြုံမှု စိတ်ချရတဲ့အထိ ဂါဇာကို ထိုးစစ်ဆင်သွားမယ်
လို့ အစ္စရေးလ်ဝန်ကြီးချုပ် Netanyahu ကလည်း ပြောထားပါတယ်။

ဆီးရီးယားမှာ ဓားစာခံတွေ ကယ်တင်ဖို့ အမေရိကန်ကြိုးပမ်းခဲ့မှု မအောင်မြင်


        နောက်ထပ် အမေရိကန်လူမျိုး သတင်းထောက်တဦးကို သတ်ပစ်မယ်လို့ Islamic State စစ်သွေးကြွ
တွေက ခြိမ်းခြောက်နေတဲ့ကြားမှာပဲ၊ အီရတ်မှာရှိတဲ့ Islamic State စစ်သွေးကြွတွေကို အမေရိကန်က ဗုဒ္ဓဟူး
နေ့မှာ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။
             အမေရိကန်ပြည်ထောင်စုအနေနဲ့ သူ့နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ လုပ်ဆောင်စရာတွေကို 
ဆက်လုပ်သွားမယ်လို့ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။ Islamic State စစ်သွေးကြွအဖွဲ့ကနေ အမေရိကန် 
သတင်းထောက် James Foley ကို ခေါင်းဖြတ်သတ်ခဲ့တဲ့ ဗွီဒီယိုထုတ်ပြန်ခဲ့တာကို ပြန်စစ်ပြီး၊ ဒီဗွီဒီယိုဟာ တကယ့်
အမှန် ဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက အတည်ပြုလိုက်ပြီးနောက် သမ္မတအိုဘားမားက အခုလို 
ပြောလိုက်တာပါ။
            ဒီဗွီဒီယိုကိုကြည့်လို့ တကမ္ဘာလုံးက မယုံနိုင်အောင် တုန်လှုပ်ရတယ်လို့လည်း မစ္စတာအိုဘားမားက ပြော
ပါတယ်။ ဒီလူသတ်သမားတွေနဲ့ အကြမ်းဖက်သမားတွေဟာ သူတို့ရဲ့ ပျက်စီးယိုယွင်းနေတဲ့ အတွေးအခေါ်နဲ့အတူ
 အဆုံးသတ် ကျဆုံးသွားရလိမ့်မယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။ James Foley ကို သတ်ဖြတ်ခဲ့
တာမျိုးကို ဘယ်ဘုရားသခင်ကမှ လက်ခံမှာ မဟုတ်တာကြောင့်၊ Islamic State စစ်သွေးကြွအဖွဲ့ဟာ ဘယ်ဘာ
သာရေးကိုမှ ကိုယ်စားပြု ပြောနေတာ မဟုတ်ဘူးလို့လည်း သမ္မတအိုဘားမားက တုန့်ပြန်ခဲ့ပါတယ်။
           Foley ဟာ ဆီရီယားနိုင်ငံတွင်း သတင်းယူရင်းနဲ့ ၂၀၁၂ နိုဝင်ဘာလကတည်းက ပျောက်ဆုံးသွားခဲ့တာပါ။ 
စစ်သွေးကြွတွေကတော့ အမေရိကန်ဘက်က နောက်လုပ်လာမယ့် ခြေလှမ်းပေါ်မူတည်ပြီး ပြန်ပေးဆွဲထားတဲ့ နောက်
ထပ် အမေရိကန်သတင်းသမားတဦးကိုလည်း သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။ အဲဒီ စစ်သွေးကြွအဖွဲ့ 
ဖမ်းထားတဲ့ အမေရိကန်ဓားစားခံတွေကို ကယ်တင်နိုင်ဖို့ အမေရိကန်က ကြိုးပမ်းခဲ့ပေမယ့်၊ စစ်ဆင်ရေး မအောင်မမြင်
 ဖြစ်ခဲ့ရတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
VOA မြန်မာပိုင်း

ဓမ္မစေတီခေါင်းလောင်းရှာဖွေရေးအဖွဲ့ ရေအောက်တွင် ခေါင်းလောင်း နှစ်လုံးရှာဖွေ တွေ့ရှိထား


           ဓမ္မစေတီခေါင်းလောင်းရှာဖွေ ရေးအဖွဲ့ဝင်များသည် ရေအောက်တွင် ခေါင်းလောင်းနှစ်လုံး
 ရှာဖွေတွေ့ရှိထား ပြီး ယင်းခေါင်းလောင်း ဆယ်ယူရေးလုပ် ငန်းများ အောင်မြင်စေရန် မွန်ဘုရင်မ
 ကြီးရှင်စောပုအား ပွဲပေးဆုတောင်းမည် ဖြစ်ကြောင်း သိရသည်။
            နတ်စင်တစ်ရာဆရာတော် မိန့်ကြား မှုဖြင့် ဓမ္မစေတီခေါင်းလောင်းအား နေ ရာပြောင်းရှာရာမှ 
ခေါင်းလောင်းနှစ်လုံး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဓမ္မစေတီခေါင်း လောင်း ဟုတ်၊ မဟုတ် အတည်ပြုရန် စော
နေသေးကြောင်း ခေါင်းလောင်းဆယ် ယူရေး အထောက်အကူပြု ဆပ်ကော်မ တီမှ သိရသည်။
''ဓမ္မစေတီခေါင်းလောင်း ဆယ်ယူ ရေးအဖွဲ့တွေက နတ်စင်တစ်ရာ ဆရာ တော်ရဲ့ မိန့်ကြားချက်နဲ့ အစ
ကသင်္ဘော အောက်မှာ ခေါင်းလောင်းရှာနေရာက သင်္ဘောဘေးမှာ ရှာကြည့်ပါတယ်။ သြ ဂုတ် ၁၅ ရက်
မှာ တွေ့တယ်။ တွေ့တယ် ဆိုတာက ရေငုပ်သမားတွေ ပြောတာပါ။
             တို့အဖွဲ့(ခေါင်းလောင်းဆယ်ယူရေး အ ထောက်အကူပြုကော်မတီ)တွေက ဓမ္မ စေတီခေါင်း
လောင်းလို့ အတည်ပြုပေး လို့မရသေးဘူး။ ခေါင်းလောင်းက ရေ ငုပ်သမားတွေပြောတဲ့ စကားအရ နှစ်လုံး 
တွေ့တယ်။ အကြီးတစ်လုံး၊ အသေးတစ် လုံး။ သူတို့ပြောတာကတွေ့ပြီ။
                တွေ့တော့ ကြိုးတွေချည်ပြီး ဗောတွေတင်ထားပြီ။ အခု လောလောဆယ် သောင်တူးစက်နဲ့ 
တူးနေတယ်။ သဲတွေစုပ်နေတုန်းပဲ။ အ တည်ပြုပေးဖို့ အချိန်ယူရမယ်''ဟု ဓမ္မ စေတီခေါင်းလောင်းတော်
 ဆယ်ယူရေးအ ထောက်အကူပြုဆပ်ကော်မတီမှ ဒုဥက္ကဋ္ဌ ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ပြောသည်။
နတ်စင်တစ်ရာဆရာတော်ကြီးက ''ခေါင်းလောင်းတွေ တွေ့ထားတယ်။ သြ ဂုတ် ၁၉ ရက် မနက် ၉ နာရီမှာ
 တူးနေ ကြတယ်။ ဘဘုန်း အဲဒီနေရာမှာ ရှိနေ တယ်။ ပြီးရင် ဘဘုန်းတို့သွားစရာလေး ရှိတယ်။ လုပ်စရာ
လေးတွေရှိတယ်''ဟု ပြောသည်။
                  အဆိုပါခေါင်းလောင်းများ အောင်မြင် စွာဆယ်ယူနိုင်ရန် နတ်စင်တစ်ရာ ဆရာတော် နှင့် ဓမ္မစေ
တီခေါင်းလောင်းတော် ဆယ်ယူရေး အထောက်အကူပြုဆပ်ကော်မတီမှ လပွတ္တာ မြို့နယ်တွင် မွန်ဘုရင်မရှင်
စောပုအား ပွဲပေး ၍ ဆုတောင်းသွားမည်ဖြစ်သည်။
               ''နတ်စင်တစ်ရာဆရာတော်ကြီးက ၁၉ ရက် ၂ နာရီမှာ ခရီးထွက်မယ်။ လပွတ္တာမှာရှိ တဲ့ ဘုရင်မကြီး
ရှင်စောပုရဲ့ဘုရား ရှင်စောမြတ် စေတီမှာ ပွဲပေးဖို့ ဆရာတော်ကြီးနဲ့အတူ ကျွန် တော်တို့သွားမယ်။ ဓမ္မစေတီခေါင်း
လောင်း က ဘုရင်မကြီးရှင်စောပုနဲ့လဲ ပတ်သက်ပါ တယ်။ ဓမ္မစေတီမင်းက ရှင်စောပုရဲ့ သမက်ပါ။
             ဘုရင်မကြီးရှင်စောပုက သမက်ကို နန်းလွှဲပြီး ဘုရား၊ တရားပဲလုပ်နေတယ်။ ဦးစံလင်းပြော တာက
 မြုပ်နေတဲ့ထဲမှာ ဘုရင်မကြီးရှင်စောပု ရုပ်တုနှစ်ခုပါတယ်လို့ ပြောတယ်။ တွေ့ရှိတာ တွေအားလုံး ရွှေတိဂုံဘုရား
ကို လှူဒါန်းဖို့ရှိပါ တယ်''ဟု ဦးနိုင်မင်းအောင်(ခ)နိုင်ဝဲ့က ဆက် ပြောသည်။ ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို 
ဦးစံလင်း၊ ဦးဝင်းမြင့်(ရွှေအုန်းပင်)တို့မှ ဆယ် ယူခွင့်ရရှိပြီး သင်္ဘောပျက်အောက်တွင် ရှာဖွေ နေရာမှ နတ်စင်တစ်
ရာဆရာတော်၏ မိန့် ကြားချက်ဖြင့် သင်္ဘောနှင့် မိုင် ၂ဝ၊ မိုင် ၃ဝ အကွာတွင် ရှာဖွေရာ ဆယ်ယူရေးအဖွဲ့ဝင် များ
သည် ခေါင်းလောင်းနှစ်လုံး စတင်ရှာဖွေ တွေ့ရှိခြင်းဖြစ်ပြီး တွေ့ရှိထားသော ခေါင်း လောင်းများသည် ဓမ္မစေတီ
ခေါင်းလောင်း ဟုတ်၊ မဟုတ် ဆယ်ယူလေ့လာရန် အချိန် နှစ်ပတ်၊ သုံးပတ်ခန့်လိုကြောင်း ဆယ်ယူရေး အထောက်
အကူပြု ဆပ်ကော်မတီထံမှ သိရ သည်။

YangonMediaGroup 

အီဘိုလာ ဗိုင်းရပ်စ် သံသယ ရှိသူတွင် ငှက်ဖျား ရောဂါပိုးတွေ့ဟု အစိုးရထုတ်ပြန်


    အီဘိုလာ ဗိုင်းရပ်စ် ရောဂါပိုး သံသယရှိသော မြန်မာသဘောင်္သား ကိုဇင်မင်းဦးကို လတ်တလော
 ပြည်တွင်း ဓာတ်ခွဲစမ်းသပ်မှု အရ ငှက်ဖျား ရောဂါပိုးကိုသာ တွေ့ရကြောင်း အစိုးရ ကျန်းမာရေး 
ဝန်ကြီးဌာနက သြဂုတ်လ ၂၀ ရက် ညနေတွင် ထုတ်ပြန်လိုက်သည်။
              ၎င်းသည် ဂီနီနှင့် လိုက်ဘေးရီးယား နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်အလာ သြဂုတ်လ ၁၉ ရက် 
ညပိုင်းတွင် ရန်ကုန်လေဆိပ်၌ အီဘိုလာ ဗိုင်းရပ်စ် စစ်ဆေးရာ သံသယ ရှိသောကြောင့် မြောက်ဥက္ကလာပမြို့
နယ် ဝေဘာဂီ ဆေးရုံတွင် စောင့်ကြပ်ကုသမှု ခံယူနေရသူဖြစ် သည်။ ကိုဇင်မင်းဦးတွင် ငှက်ဖျားရောဂါပိုး ၂ 
မျိုးဖြစ်သည့် ပလတ်စမို ဒီယမ်ဖယ် စီပရမ်နှင့် မလပ်စမို ဒီရမ်ဗိုင်းဘတ် ရောဂါပိုး ၂ မျိုးကို ကူး စက်ခံ နေရ
ကြောင်း၊ ၎င်းနှင့်အတူ ကုသမှုခံယူနေရသူ သဘောင်္သား ၄ ဦးလုံး၏ ပြည်တွင်း ဓာတ်ခွဲစစ်ဆေးချက်အရ မည်
သည့် ရောဂါ ပိုးမျှ မတွေ့ရှိရသေးကြောင်း သိရသည်။
                   သို့ရာတွင် ၎င်းတို့အားလုံး၏ ဓာတ်ခွဲနမူနာများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ညှိနှိုင်းပြီး အိန္ဒိယနိုင်ငံ 
ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ် ခွဲခန်းသို့ ပေးပို့ရန် စီစဉ်ပြီး ရောဂါစောင့်ကြည့်မှု လုပ်ငန်းကို ဆက်လက်လုပ်ကိုင်
နေကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
                ထိုဓာတ်ခွဲ နမူနာများတွင် ကူးစက်မြန် အီဘိုလာ ဗိုင်းရပ်စ် ရှိ၊ မရှိ အဖြေကိုရရှိရန် ရက်သတ္တပတ် ၁ 
ပတ် ကြာမြင့်မည် ဖြစ်ကြောင်း၊ ငှက်ဖျား ရောဂါခံ စားနေရသူကို ငှက်ဖျားဆိုင်ရာ ကုသမှုပေးနေခြင်းကြောင့် သြဂုတ် 
၂၁ ရက်တွင် ကျန်းမာရေး အခြေအနေ တိုးတက်မှု ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ အသက် ၂၂ နှစ်အရွယ် သဘောင်္
သား ကိုဇင်မင်းဦးသည် သြဂုတ်လ ၁၉ ရက် ည ၈ နာရီအချိန်တွင် MAI လေကြောင်း လိုင်းဖြင့် ထိုင်းနိုင်ငံမှ တဆင့် 
လိုက်ပါရာတွင် လေယာဉ်ပေါ်တွင် ကိုယ်အပူချိန် မြင့်တက်ခြင်း၊ ကိုယ်လက် နုံးချည့်ခြင်း စသည်များ ခံစားနေ ရသည့်
အတွက် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်၍ စောင့်ကြည့်ကုသပေးခဲ့ခြင်း ဖြစ်သည်။
             ၎င်း၏ ခရီးသွား ရာဇ၀င်ကလည်း ကူးစက်မြန် အီဘိုလာ ရောဂါ ဖြစ်ပွားသည့် အာဖရိက အနောက်ပိုင်းဒေသ
 ဂီနီနိုင်ငံနှင့် လိုက်ဘေးရီးယား နိုင်ငံများရှိ တရုတ် သဘောင်္လိုင်းတွင် ၁၃ လကြာ အလုပ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်
လာသူဖြစ်သည်။ ထို့အတွက် ကိုဇင်မင်းဦးနှင့်အတူ ခရီးသွားလာသူ မြန်မာသဘောင်္သား ၄ ဦးကိုလည်း အီဘိုလာရောဂါ 
စောင့်ကြည့်ခြင်းနှင့် ဓာတ်ခွဲ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
            ၎င်းတို့သည် ဂီနီနိုင်ငံတွင် လေယာဉ်စီးရန် ၆ နာရီကျော်စောင့်ခဲ့ရကြောင်း၊ လေယာဉ်စီးသည့်အခါတွင် ကိုယ်
လက် မအီမသာ ဖြစ်ပြီး ရန်ကုန်အရောက်တွင် ကိုယ်အပူရှိန် မြင့်တက်နေသောကြောင့် သံသယလူနာအဖြစ် လူထုအ
တွင်း မပျံ့နှံ့ စေရေးအတွက် ထိန်း သိမ်း ကုသမှုပေးနေကြောင်း သြဂုတ်လ ၂၀ ရက်နေ့က ဝေဘာဂီဆေးရုံအုပ်ကြီး 
ဒေါက်တာ သန်းသန်းဌေးက ပြောသည်။
                   အီဘိုလာ ဗိုင်းရပ်စ်ပိုးသည် နှစ်ပေါင်း ၄၀ အတွင်း အဆိုးဝါးဆုံးသော ရောဂါကူးစက် သေဆုံးမှုဖြစ်ကြောင်း
 ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားသည်။ ဗိုင်းရပ်စ် ကူးစက်ခံရပြီး ၂၁ ရက်အတွင်း အပြင်းဖျားခြင်း၊ မလှုပ်ရှားနိုင်
အောင် အင်အား ကုန်ဆုံးခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်းတို့ဖြစ်ကာ မကြာခဏ 
အော့အန်ပြီး ၀မ်းသွားသည့် ရောဂါလက္ခဏာများ ပြတတ်သည်။
               ရောဂါပြင်းထန်လာလျှင် ကျောက်ကပ်၊ အသည်းတို့ကို ပျက်စီးစေပြီး မျက်လုံး၊ ပါးစပ်၊ နှာခေါင်း စသည်တို့မှ 
သွေးထွက်ခြင်း၊ အရေပြား ပေါက်ပြဲကာ သွေးထွက်ခြင်းများ ဖြစ်ကာ နောက်ဆုံး သေဆုံးစေသည်။ ဂီနီ၊ လိုက်ဘေးရီးယား
နှင့် ဆယ်ရာလီယွန်နိုင်ငံတို့တွင် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများ၏ ၆၀ ရာခိုင်နှုန်းသည် အမျိုးသမီး များဖြစ်ပြီး 
၎င်းတို့သည် သေဆုံးသွားပြီဖြစ်ကြောင်း၊ အီဘိုလာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေမှာ ၁၃၀၀ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံ
တကာ သတင်းများတွင်  ဖော်ပြသည်။
             အီဘိုလာဗိုင်းရပ်စ် ရောဂါပိုးရှိသည်ဟု သံသယရှိသူအနီးသို့ မသွားရန်၊ သွားမည်ဆိုလျှင်လည်း ထိုသူ၏သွေးနှင့် 
အညစ်အကြေးများကို မထိရန်၊ ကျန်းမာရေး ၀န်ကြီးဌာနမှ တားမြစ်ထားသော နေရာသို့ သွားမည်ဆိုလျှင်လည်း အ၀တ်အ
စားများ လုံခြုံစွာဝတ်ရန်၊ လက်ဆေးရန်၊ တကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရန်၊ တောရိုင်းတိရစ္ဆာန်များ၏ အသားကို ကျက်
အောင် ချက်စားရန်၊ အထူးသဖြင့် ၀က်နှင့် မျောက်ကဲ့သို့ တိရစ္ဆာန်များကို သတိပြုရန် ကျန်းမာရေး ၀န်ကြီးဌာနက သတိပေး
ထားသည်။
ဧရာဝတီ

Tuesday, August 19, 2014

ရန်ကုန်မြို့တွင်း လူနေထူထပ်သောမြို့နယ်အချို့၌ပါ လိုင်းမမိခြင်းဖြင် သုံးစွဲသူများဝေဖန်နေတဲ့အူရီဒူး



           သြဂုတ် ၁၅ ရက်က ပထမဆုံးဈေးကွက်စတင်မိတ်ဆက်ကာ တရားဝင်သုံးစွဲခွင့်ရခဲ့သော အူရီဒူးကုမ္ပဏီ၏
 ဖုန်းလိုင်းကွန်ရက်မှာ ရန်ကုန်မြို့တွင်း မြို့နယ်အချို့တွင် လိုင်းမမိခြင်း၊ မြင့်မားသောနှုန်းထား သတ်မှတ်ချက်များ
ကြောင့် သုံးစွဲသူများက ဝေဖန်ပြောကြားလျက်ရှိသည်။
              "ချော်တွင်းကုန်း၊ ကမ္ဘာအေးမှာ အူရီဒူးကတစ်တိုင်မှမမိပါဘူး။ ဒါနဲ့ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး ကွန်ပလိန်း
တက်ရတဲ့ဖုန်းနံပါတ်ကို ဖုန်းဆက်မေးမြန်းတော့ ကမ္ဘာအေးမှာ တိုင်တွေလုံလောက်အောင်မရှိသေးလို့ လိုင်းမမိတာပါ
လို့ဖြေတယ်။ ရန်ကုန်လိုမြို့ကြီးမှာတောင် မြို့နယ်တိုင်းမရတာကတော့ သုံးစွဲသူတွေအတွက်အဆင်မပြေပါဘူး။ အား
လုံးသုံးနိုင်အောင်လုပ်ပြီးမှ ရောင်းချသင့်တယ်လို့ ထင်ပါတယ်" ဟု ကမ္ဘာအေးရှိ သုံးစွဲသူတစ်ဦးက ပြောကြားသည်။
အူရီဒူးကွန်ရက်များမှာ ရန်ကုန်မြို့အတွင်း အခြားလူနေထူထပ်သည့်နေရာများဖြစ်သည့် ကျောက်မြောင်း၊ ရန်ကင်းမြို့
နယ်များရှိ အချို့နေရာများတွင် ဖုန်းလိုင်းမမိကြောင်း သိရသည်။
              လူမှုကွန်ရက်စာမျက်နှာများတွင် ရန်ကုန်မြို့နေ နာမည်ကျော်ကာတွန်းဆရာအချို့ကလည်း ၎င်းတို့နေထိုင်
ရာနေရာများတွင် အူရီဒူး၏ဖုန်းကွန်ရက်မမိကြောင်း ရေးသားထားသည်ကို တွေ့ရသည်။"ကျွန်တော်က ကျောက်မြောင်း
မှာနေပါတယ်။ အူရီဒူးဖုန်းလိုင်းက လုံးဝဆက်လို့မရပါဘူး" ဟု ကာတွန်းဆရာအော်ပီကျယ်က ပြောကြားသည်။
ဖုန်းလိုင်းမှာ အချို့နေရာများတွင် ဆက်၍ရသော်လည်း လိုင်းမကြည်မှု၊ ပြတ်ကျမှုများနှင့် ကြုံတွေ့ရသည်ဟု သိရသည်။
"ကျွန်တော့်ဖုန်းက အမ်ပီတီလိုင်းကိုခေါ်တာမှာ ဟယ်လိုပြောပြီး ပြုတ်ကျတာရှစ်ခါလောက်ကြုံလိုက်ရပါတယ်။ ပိုက်ဆံ
ကျတော့ တစ်စက္ကန့်ပဲဝင်လည်း ၃၅ ကျပ်ဖြတ်သွားပါတယ်။ ပိုက်ဆံဖြတ်တာက ကိစ္စမရှိပေမယ့် လိုင်းကောင်းအောင်တော့ 
လုပ်ပေးထားသင့်ပါတယ်။ အခုက ဟယ်လိုတစ်ခါပြောရပြီး ၃၅ ကျပ်ကျနေပါတယ်" ဟု တောင်ဒဂုံမြို့နယ်ရှိ အူရီဒူးဖုန်း
သုံးစွဲသူတစ်ဦးက ပြောကြားသည်။
              ထိုသို့ ဖုန်းခေါ်ဆိုခကို တစ်စက္ကန့်ဆက်လျှင် တစ်မိနစ်စာဖြတ်ခြင်းအပြင် အူရီဒူး၏အင်တာနက်အသုံးပြုခ ကြီးမြင့်
မှုအပေါ်တွင်လည်း ဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်။ အများစုက အူရီဒူး၏ 3G စနစ်ကြောင့် ဖုန်းအင်တာနက်ဝန်ဆောင်မှု
အပေါ်တွင်လည်း စိတ်ဝင်စားမှုရှိခဲ့ကြပြီး ကနဦးတွင် 1Mb ကို ၂၅ ကျပ်သတ်မှတ်မည်ဆိုသောကြောင့် ဈေးနှုန်းကြီးမြင့်
ကြောင်းဝေဖန်ခဲ့ကြပြီး Package Plan နှုန်းထားများကိုကြေညာချိန်တွင်လည်း နှုန်းထားမြင့်မားမှုကြောင့် ထပ်မံဝေဖန်စ
ရာဖြစ်ခဲ့ကြောင်း သိရသည်။
               အူရီဒူး၏ အင်တာနက်အသုံးပြုခ သတ်မှတ်နှုန်းထားများမှာ နေ့စဉ် 30 Mb အသုံးပြုခြင်းအတွက် တစ်ရက်လျှင် 
ကျပ် ၅၀၀၊ တစ်ပတ်လျှင် 200 Mb အသုံးပြုခြင်းအတွက် ကျပ် ၃၀၀၀၊ တစ်လလျှင် 1Gb အသုံးပြုခြင်းအတွက် ကျပ် ၁၂၀၀၀ 
ကောက်ခံမည်ဖြစ်ပြီး Facebook ကို သတ်မှတ်ပမာဏတစ်ခုအထိ အခမဲ့သုံးစွဲနိုင်မည့် ပရိုမိုးရှင်းအစီအစဉ်များပါဝင်သော်
လည်း ဈေးနှုန်းများပြားလွန်းကြောင်း ကျွမ်းကျင်သူများနှင့် သုံးစွဲသူများကဝေဖန်လျက်ရှိသည်။
            တစ်ရက်လျှင် 30Mb (Facebook ကို 20 Mb အခမဲ့သုံးနိုင်) ဆိုသည်မှာ အင်တာနက်ကို ချွေတာစွာသုံးစွဲရမည်ဖြစ်ပြီး 
တစ်ရက်လျှင် ကျပ် ၅၀၀ ကုန်ကျမည်ဖြစ်ရာ တစ်လလျှင် ကျပ် ၁၅၀၀၀ ခန့်ကုန်ကျမည်ဖြစ်သည်။ တစ်ပတ်လျှင် ကျပ် ၃၀၀၀
 ဆိုသည်မှာလည်းတစ်လလျှင် ကျပ် ၁၂၀၀၀ ကုန်ကျမည်ဖြစ်ပြီး သုံးပြုနိုင်သော အင်တာနက်ပမာဏမှာ တစ်လလျှင် 800 Mb 
သာရရှိမည်ဖြစ်သည်။ ထို့ကြောင့် အသုံးပြုလိုသူသည် တစ်လလျှင် 1Gb အသုံးပြုနိုင်ပြီး ကျပ် ၁၂၀၀၀ ကုန်ကျမည့် Plan ကိုသာ
 ရွေးချယ်ရဖွယ်ရှိကာ အဆိုပါနှုန်းထားမှာလည်း ယခင်ကုန်ကျစရိတ်ထက်များစွာ ပိုမိုနေသည့်အနေအထားဖြစ်နေကြောင်း 
သိရသည်။
             အူရီဒူးကုမ္ပဏီ၏ အင်တာနက်သုံးစွဲစရိတ်မှာ ကြီးမြင့်နေသဖြင့် သာမန်သုံးစွဲသူအများစုမှာ မြန်မာ့ဆက်သွယ်ရေးမှ
 အင်တာနက်လိုင်းကိုသာ ဆက်လက်သုံးစွဲနေကြသည်ဟု အင်တာနက်သုံးစွဲသူများအသိုင်းအ၀ိုင်းမှ သိရသည်။ 

Eleven Media Group

ပြည်တွင်းရေကြောင်းသင်္ဘောများတွင် GPS မပါသဖြင့်သောင်တင်ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူ များကဆို


-ဘူးသီးတောင်၊ သြဂုတ်လ ၁၉ ရက်
ရခိုင်ပြည်နယ်အတွင်းပြေးဆွဲနေသော ပြည်တွင်းရေကြောင်းသင်္ဘောများတွင် GPS မပါသဖြင့် သောင်တင်ခြင်းဖြစ်
ကြောင်း ရေကြောင်းကျွမ်းကျင်သူများနှင့် သင်္ဘောမောင်းနှင်သူများကဆို သည်။ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့
က ဘူးသီးတောင်-စစ်တွေပြေးဆွဲနေသော ပြည်တွင်းရေး ကြောင်း သင်္ဘောတစ်စီးဖြစ်သည် ဓည၀တီ အမှတ်(၃) 
သင်္ဘောသည် စစ်တွေမှ ဘူးသီးတောင် သို့အသွားတွင် မယူမြစ်ကြောင်းအတွင်းမောင်းနှင်နေစဉ် သောင်တင်ခဲ့ကြောင်း
သိရသည်။ ထိုသို့သောင်တင်ရခြင်းသည် ရေကြောင်းသွားလာရေးအတွက် အရေးပါသော GPS တပ်ဆင်မ ထားခြင်း
ကြောင့်ဖြစ်သည်ဟုဆိုသည်။ “အယင်က အဲဒီသင်္ဘောတွေမှာ GPS တပ်ဆင်ထား တယ်။ အဲဒါတွေ ဘယ်ရောက်သွား
လဲတော့မသိတော့ဘူး။ GPS မပါတော့ မောင်းရတာ အခက်အခဲဖြစ် တာပေါ့။ အဓိကတော့ ခရီးသည်တွေ အတွက် စိုး
ရိမ်စရာဖြစ်နေတယ်။ ပြန်လည်ဆန်းစစ်ဖို့လို တယ်လို့ သုံးသပ်မိပါတယ်”ဟု င်္ဘောမောင်းနှင်ခဲ့ဖူးသူ အဘိုးကြီးတစ်ဦးက 
ပြောပါသည်။
            ယနေ့တိုင်အဆိုပါသင်္ဘောသည် မယူမြစ်ကမ်းတွင်သောင်တင် နေဆဲဖြစ်ကြောင်းနှင့် ရေချရန်ကြိုး စားနေဆဲဖြစ်
သည်ဟုလည်းသတင်းများအရသိရသည်။ မယူမြစ်ကမ်းသည် တစ်ခါတစ်ရံတွင် အညာရေကြောင့် ရေများပြည့်လျှံတတ်
လေ့ရှိသဖြင့် သင်္ဘောများမှောင်းနှင်စဉ်ကာလအတွင်း ခရီး သည်များ၏ အသက်ကို အလေးထားစေလိုကြောင်းနှင့် ခရီး
သည်များအနေဖြင့်လည်း ပြည် တွင်း ရေကြောင်းကို ယုံကြည်အားကိုးမှုဖြစ်စေရန် အရေးပါလှသည်ဟု ဒေသခံများက 
ဆိုသည်။
          ဘူးသီးတောင်- စစ်တွေ ခရီးသည် တစ်ခုတည်းသော ရေကြောင်းလမ်းကို အသုံးပြုနေရသည့် အတွက် နေ့စဉ် 
အမြန်ရေယာဉ်များပြေးဆွဲနေသကဲ့သို့ ပြည်တွင်းရေးကြောင်းမှလည်း သင်္ဘော များ နေ့စဉ်ပြေးဆွဲပေးသည်ဟုသိရသည်။
ယင်းအတွက် ပြည်တွင်းရေ ကြောင်းသင်္ဘောများတွင် GPS တပ်ဆင်ထားရန်လိုအပ်ကြောင်းနှင့် လမ်းကြောင်းမလွဲစေဖို့ 
အထူးသတိထားမောင်းနှင်ရန်လိုအပ်သည်ဟုလည်း လေ့လာသူများက ဆိုသည်။
ညောင်ချောင်းကျေးရွာအလွန်တွင် သောင်တင်ခဲ့သော သင်္ဘောသည်လည်း GPS မပါရှိကြောင်းသိ ရှိရပါသည်။
သတင်း- စစ်တွေသား
R S V

ချစ်သူကို ရိုမတ်တစ်ဆန်ဆန် ကြိုချင်ပေမယ့် တစ်ခန်းလုံး မီးလောင်သွားသတဲ့


           ကနေဒါနိုင်ငံက Chatham-Kent မြို့ငယ်လေးမှာ ဖြစ်ပါတယ်။ တစ်လကြာ ခရီးသွားပြီးမှ Jana 
လို့အမည်ရတဲ့ ချစ်သူမလေးဟာ သူမရဲ့ အိမ်ကို ပြန်ရောက်မှာပါ။ ဒီတော့ ဒါကို romantic ဆန်ဆန် ကြိုဆို
ချင်တဲ့ ချစ်သူ ဖြစ်သူက သူမရဲ့ အခန်းကို သေချာ ပြင်ဆင်ပါတော့တယ်။
              အရုပ်ကလေး ဝယ်ထားထားတယ်။ ဝိုင်ပုလင်း၊ ပန်းစီးနဲ့ ကြမ်းပြင်မှာ ဆီးမီးခွက်များနဲ့ စိတ်ကြိုက်
ဖန်တီးပါတော့တယ်။ ဆီမီးနဲ့ အသဲပုံ ပုံစံ အပြင် သူမ ချစ်သူ အမည် Jana ကိုပါ ရေးထိုးထားပါတယ်။ ပြင်ဆင်
မှုအပြီးမှာပဲ ဆီမီးခွက် မှောက်လို့ မီးလောင်မှု စတင်ပါတော့တယ်။ အခန်းက အပိုင် မဟုတ်ပဲ ငှားရမ်းထားခြင်း
 ဖြစ်ပါ သူမတို့ နောက်ထပ် အခန်း တစ်ခုကို ရှာဖွေရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ လောင်ကျွမ်းသွားတဲ့ အခန်း
အတွက်လည်း လျော်ကြေးပေးရအုံးမှာ ဖြစ်ပါတယ်။ ကံကောင်းတာ ကတော့ သူရဲ့ ချစ်သူ Jana စိတ်မဆိုးခဲ့ ပါဘူး။ 
တစ်ခန်းလုံး ရစရာမရှိအောင် အားလုံး လောင်ကျွမ်းသွားပါတယ်။ အခန်းတွင်း ဖယောင်းတိုင်နဲ့ ဆီမီး အသုံးပြုမှုများ
က မီးလောင်မှုကို လွယ်တကူ ဖြစ်စေကြောင်း သတိပြုစေခဲ့ ပါတယ်။ 
.
Ref: Dailymail
အောင်ခမ်း (ရိုးရာလေး)

ဂျက်ကီချန်းရဲ့သားဖြစ်သူကို မူးယစ်သုံးမှုနဲ့ ပီကင်းရဲ ဖမ်းဆီး


            မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ကမ္ဘာကျော် ဟောင်ကောင်မင်းသား ဂျက်ကီချန်းရဲ့
သားဖြစ် သူကို မူးယစ်ဆေးကိစ္စနဲ့ တရုတ်ရဲတွေက ဖမ်းဆီးထိန်းသိမ်း လိုက်တယ်လို့ တရုတ်မီဒီယာတွေ
က တနင်္လာနေ့ က ကြေညာကြပါတယ်။ ပီကင်တိုင်းမ် သတင်းစာက ရေးတာမှာတော့ ထိုင်ဝမ်ပေါ့ပ်စတား 
ကိုင်ကို ဆိုသူကို မူးယစ်ဆေးသုံးစွဲမှုနဲ့ ပြီးခဲ့တဲ့ ရက်သတ္တ ပတ်က ပီကင်းရဲက ဖမ်းလိုက်တဲ့ တချိန်တည်းမှာ
ပဲ အသက် ၃၁ နှစ်အရွယ် Jaycee Chan ကို ဖမ်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ 
              အသေးစိပ်ကိုတော့ သတင်းက ဖော်ပြထားတာမရှိပါဘူး။  သိုင်းပညာသည် သူရဲကောင်းတဦး
အဖြစ်နဲ့ ရုပ်ရှင်ဇာတ်လမ်းတွေမှာ နာမည်ကြီး ဂျက်ကီချန်းရဲ့သားဖြစ်သူ Jaycee Chan ကလည်း ဖခင်ဖြစ်
သူလို သရုပ်ဆောင်လည်း လုပ်သလို သီချင်းလည်း ဆိုပါတယ်။ 
              တရုတ်နိုင်ငံမှာ တရားမဝင် မူးရစ်ဆေးသုံးစွဲမှုနဲ့ နှိမ်နင်းမှုတွေလုပ်ဆောင်နေတာမှာ ဒီနှစ်ထဲမှာပဲ 
ထင်ရှား ကျော်ကြားသူ အနည်းဆုံး ၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းက ဆိုပါတယ်။ လက်ရှိ ရာ
ဇဝတ်မှုနဲ့ ထိမ်းသိမ်းခံလိုက်ရသူဟာ တရုတ်ဥပဒေအရ အများဆုံး ၃၇ ရက်ထိ ချုပ်နှောင် ထားနိုင်ပြီး အဲဒီ
နောက် မှာ တရားရုံးမှာ တရားစွဲဆိုသင့်သလား လွှတ်ပေးမလားဆိုတာကို ဆုံးဖြတ်တယ်လို့ ဘန်ကောက်ပို့စ် 
သတင်းတပုဒ်က ဖော်ပြပါတယ်။ 
             တရားရုံးတင်လိုက်လို့ တရားမဝင် မူးယစ်ဆေးသုံးစွဲတာ ပြစ်မှု ထင်ရှားရင် ထောင်ဒဏ် တသက်
တကျွန်း သို့မဟုတ် သေဒဏ် ပေးကွပ်မျက်ခံရနိုင်ပါတယ်။ အခြား သက်သာတဲ့ပြစ်ဒဏ်ကတော့ အစိုးရရဲ့ 
မူးယစ်ဆေးဖြတ်စခန်းမှာ အကျဉ်းချခံရနိုင်ပြီး ဆေးဖြတ်တဲ့ ကုသမှုတွေ ကို ခံယူရတာမျိုးလည်း ရင်ဆိုင်ရနိုင်
ပါတယ်။ ဖခင်ဖြစ်သူ ဂျက်ကီချန်းကိုတော့  မကြာခဏ ဆိုသလိုလည်း တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားတွေမှာ 
တွေ့ရတတ်ပါတယ်။ 
             တရုတ် တရားရုံးတွေကတော့ အခုနှစ် ဇန်နဝါရီလက မေလ အတွင်းမှာ မူးယစ်ဆေးနဲ့ ဆက်နွယ်တဲ့
 ပြစ်မှု ပေါင်း ၄၃,ဝဝဝ ကျော်ကို စီရင်ခဲ့ပြီးဖြစ်ပါတယ်။ အရင်နှစ် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလက မေလ အတွင်းကာ
လ စာရင်းထက် ၃ဝ ရာခိုင်နှုန်း တိုးလာတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ကြေညာပါတယ်။ 
ဧရာဝတီ

Monday, August 18, 2014

ဆီးရီးယားလူမျိုးစုအဖွဲ့ ၇၀၀ ကျော် မူဆလင်သူပုန်များက ခေါင်းဖြတ်ကွပ်မျက်


          ဆီးရီးယားလူမျိုးစုအဖွဲ့ ၇၀၀ ကျော် မူဆလင်သူပုန်များက ခေါင်းဖြတ်ကွပ်မျက်အိုင်ဆစ် အကြမ်းဖက်
သမားများက ဆီးရီးယားနိုင်ငံအရှေ့ပိုင်း၌ လူပေါင်း ၇ဝဝ ကျော်ကို ကွပ်မျက် လိုက်ကြောင်း စောင့်ကြည့်လေ့
လာရေးအဖွဲ့ တစ်ဖွဲ့က ပြောသည်။
                အဆိုပါသတ်ဖြတ်ခံရမှုတွင်ရှိတ် တာအတ်လူမျိုးစု အများဆုံးပါဝင်ကြောင်း၊ ၎င်းတို့သည် ဒီယာအယ်လ်
 ဇောပြည်နယ်၌ ခေါင်းဖြတ်သတ်ခံရ ခြင်းဖြစ်ကြောင်း ဆီးရီးယားအစိုးရကို ဆန့်ကျင်နေသော ဆီးရီးယား လူ့အခွင့်
အရေးစောင့်ကြည့်လေ့လာ ရေးအဖွဲ့ကပြောကြားသည်။ စစ်သွေးကြွများက ဇူလိုင်လတွင် ရေနံလုပ်ကွက်တစ်ခုကို 
သိမ်းပိုက်ခဲ့ပြီးနောက် အိုင်ဆစ်သူပုန်များနှင့် အဆိုပါလူမျိုးစုတို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။
''ဒီကွပ်မျက်ခံရတဲ့သူတွေ အားလုံးဟာ အယ်လ်ရှိတ်အတ်လူမျိုးစု တွေပါ။ ဒီလူမျိုးစုဟာ ၇ဝဝဝဝ သာ ရှိပါတော့တယ်''
ဟု ဆီးရီးယားလူ့ အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ရာမီအယ်ဒယ်ရာ မန်ကပြောကြားသည်။
''ဒီလူမျိုးစုအဖွဲ့ဝင် ၁၈ဝဝ ကျော်ဟာလည်း ပျောက်ဆုံးနေဆဲပါ''ဟု ယူကေအခြေစိုက်စောင့်ကြည့်လေ့ လာရေးအဖွဲ့
က ပြောကြားသည်။
             ဆီးရီးယားနှင့် အီရတ်နိုင်ငံအတွင်း လှုပ်ရှားနေသော အိုင်ဆစ် စစ်သွေးကြွများအား လက်နက် ဖြုတ်သိမ်းရန်
 တိုက်တွန်းသည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီကသောကြာနေ့တွင် ချမှတ် လိုက်သည်။

Press TV News 

ဓမ္မစေတီခေါင်းလောင်းကြီးကို တွေ့ ပြီဟု နတ်စင်တစ်ရာဆရာတော်မိန့် ကြား



သက်သျှိုင်းသူ

             ရန်ကုန်၊ ဩဂုတ် ၁၇- ဓမ္မစေတီ ခေါင်းလောင်းတည်ရှိသောနေရာကို ဩဂုတ်၁၆ ရက် ကစတင်တွေ့ရှိထား
 ပြီဖြစ်ကြောင်း နတ်စင် တစ်ရာ ဆရာတော် က ပြည်တွင်း မီဒီယာအချို့ ကို မိန့်ကြားလိုက်သည်။''ဓမ္မစေတီခေါင်းလောင်း
ရှာ တဲ့နေရာမှာ သူတို့က ခေါင်းလောင်း ကြီးကို သင်္ဘောပျက်ကြီးအောက် မှာလို့မိန့်တယ်။ ဆရာတော့်အမြင်က သင်္ဘောပျက်
 နဲ့ပေ၂၀ ၊ ၃ဝအကွာမှာ ရှာပါဆိုတော့ ဩဂုတ်၁၆ရက်နေ့က ဓမ္မစေတီခေါင်းလောင်း ကို တွေ့ထား ပါပြီ။ သို့သော်လဲ ဓမ္မစေ
တီခေါင်း လောင်း ရဲ့အသေးအကြီးကို ဆရာ တော်မခွဲနိုင်ပါဘူး။ နောက်လေးငါး ဆယ်ရက်အတွင်း မှာဆိုရင် ထင်ထင် ရှားရှား
ပေါ်လွင်လာပါလိမ့်မယ်''ဟု နတ်စင်တစ်ရာ ဆရာတော် က မိန့် ကြားသည်။
        ဘုရားပစ္စည်း ဆိုသည် တကယ် တမ်းကြည့်မည်ဆိုလျှင် ငရဲမီးဖြစ် ပြီး အတ္တဝိသမလောဘ စိတ်များဖြင့် ဓမ္မစေတီခေါင်း
လောင်း ကြီး ကို ပေါ် အောင်ဖော်မည် ဆိုပါက မည်သည့် အခါမှရရှိမည်မဟုတ်ကြောင်း ရဟန်း၊ ရှင်လူပြည် သူများအနေဖြင့်
လည်း ယခု တစ်သက်ဖူး မြော်ခွင့်ရရှိမည် မဟုတ်ကြောင်း၊ မွန်အဖွဲ့နှင့်ဦးစံလင်း တို့အဖွဲ့သည် ကိုယ်ကျိုးအတွက် မဟုတ်ဘဲ 
ရဟန်းရှင် လူပြည်သူအများ ဖူးမြော်နိုင်ရန် ရွှေတိဂုံစေတီတော်သို့ လှူဒါန်းမည့်အဖွဲ့ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်
သည်။ မွန်ဓမ္မစေတီမင်းခေါင်းလောင်း တော်ကြီး အမြန်ဆုံးအောင်မြင်စွာ ဆယ်ယူနိုင်ရန်အတွက် ဩဂုတ် ၁၇ ရက်တွင် နတ်စင်
တစ်ရာ ဆရာတော် ကြီးနှင့် သံယာတော်များ၊ မယ်သီလရှင် ဆရာလေးများနှင့် ဓမ္မစေတီမွန် ခေါင်းလောင်းတော်ကြီး ဆယ်ယူ 
ရေး အထောက်အကူပြု ဆပ်ကော် မတီ အဖွဲ့တို့မှ မြစ်အတွင်းဓမ္မစေတီ ခေါင်းလောင်း ရှာဖွေဆယ် ယူနေရာ ပတ်ပတ်လည်လှည့်
၍ ပရိတ်တရား တော်များ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ပြီး ဆုတောင်းမေတ္တာပို့ခဲ့ကြသည်။
            မြစ်အတွင်းတွင်နတ်စင်တစ်ရာ ဆရာတော်မှ သမ္ဗန်တစ်စင်း၊ နေ့ နာမ်အလိုက် သံယာတော်သုံးပါးစီမှ သမ္ဗန်တစ်စင်းစီဖြင့် 
သမ္ဗန်ရှစ်စင်း၊ မယ်သီလရှင် ဆရာလေးလေး ပါးမှ သမ္ဗန်တစ်စင်းစီဖြင့် သမ္ဗန်နှစ်စင်း၊ ဓမ္မစေတီ မွန်ခေါင်းလောင်းတော် ကြီး 
ဆယ်ယူရေးအထောက်အကူပြု ဆပ် ကော်မတီ အဖွဲ့တို့မှလည်း သမ္ဗန်များ ဖြင့် မြစ်အတွင်း ပရိတ်တရားတော် များ ရွတ်ဖတ် 
သရဇ္ဈာယ်ခဲ့ပြီး ဆု တောင်းမေတ္တာပို့ခဲ့ကြကြောင်း သိရ သည်။
              သမ္ဗန်များဖြင့် ဆုတောင်း မေတ္တာ ပို့ခဲ့ကြသည့်အချိန်တွင် ရာသီ ဥတု သည် ကောင်း မွန်လျက်ရှိပြီး မိုးရွာသွန်းမှုလည်း 
မရှိခဲ့ကြောင်းသိ ရသည်။''အခုလက်ရှိနုန်းတွေ အောက် ကသောင်ကို သောင်တူးစက်တွေ နဲ့ စုပ်ထုတ်နေ တယ်။ ရေကတော့ ငုပ်
နေသေးတယ်။ ဘယ်နေရာမှာ ဆိုတာကတော့ပြော လို့မရသေးဘူး'' ဟု ခေါင်းလောင်းဆယ်ယူရေးအ ဖွဲ့၏ ဘဏ္ဍာရေးမှူးဦးသန်းစိန် 
က ပြောသည်။ ဓမ္မစေတီခေါင်းလောင်းဆယ် ယူခြင်းလုပ်ငန်းများကို ဩဂုတ်၈ ရက်နေ့မှစတင် ခဲ့ပြီး ဩဂုတ် ၂၆ ရက်တွင် အပြီးသတ်
ဆောင်ရွက် မည်ဖြစ်ကြောင်း ခေါင်းလောင်း ဆယ် ယူသူ ဦးစံလင်းက ပြောသည်။
‪#‎Democracytoday‬

Saturday, August 16, 2014

အမေရိကန်နိုင်ငံ Ferguson မြို့ ကာဖျူးထုတ်


         ဗွီအိုအေ (မြန်မာဌာန)
17.08.2014 07:19
         အမေရိကန်ပြည်ထောင်စု Missouri ပြည်နယ် အုပ်ချုပ်ရေးမှူး Jay Nixon က St. Louis မြို့နယ် 
စီရင်စုထဲက Ferguson မြို့မှာအရေးပေါ် အခြေအနေ ကြေညာလိုက်ပြီးညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
ရဲရဲ့ ပစ်ခတ်မှုကြောင့် African American ဆယ်ကျော်သက်တယောက် August လ ၉ ရက်နေ့ကသေဆုံးခဲ့ပြီးနောက် 
ဆန္ဒပြ ဆူပူ လုယက်မှုတွေ သောကြာနေ့ ညအထိ ဆက်လက်ဖြစ်နေတဲ့အတွက် ခုလို အရေးပေါ်အခြေအနေ ထုတ်
ပြန်ခဲ့တာပါ။
            ခုလိုအရေးပေါ် အခြေအနေထုတ်ပြန်ရတာဟာ ဆန္ဒပြသူတွေရဲ့ အသံတိတ်သွားအောင်လုပ်တာမဟုတ်ဘဲ 
လူမှုအသိုင်းအဝိုင်းအတွက် အန္တရာယ်ရှိတဲ့လက်တဆုတ်စာ လုယက်သူတွေကို ထိန်းသိမ်းနိုင်ဖို့ဖြစ်တယ်လို့ ပြည်နယ်
အုပ်ချုပ်ရေးမှူး Nixon က စနေနေ့က ပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းမှုနဲ့ တရားမျှတမှုပေါ်ပေါက်ရေးအတွက် အသေအ
ချာလုပ်သွားဖို့လည်း သူက အာမခံခဲ့ပါတယ်။ သောကြာနေ့တုန်းက ဆိုင်တွေကို ဖျက်ဆီးလုယက်ကြတဲ့ သူတွေကို 
တားနိုင်ဖို့ကြိုးစားခဲ့တဲ့ ပြည်သူတွေကိုလညါး အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်ခဲ့ပါတယ်။
           ရဲရဲ့ ပစ်ခတ်မှုကြောင့် ၁၈ နှစ်အရွယ် Michael Brown မသေဆုံးခင် သူဟာ ကုန်စုံဆိုင်လေးတခုမှာ လုယက်ပြီး 
ဆိုင်ဝန်ထမ်းကို ခြိမ်းခြောက်နေပုံရတဲ့ Video အပါအဝင် သေဆုံးမှုအစီရင်ခံစာကို Ferguson ရဲတပ်ဖွဲ့က သောကြာနေ့က
 ထုတ်ပြန်ခဲ့ပြီးနောက်မှာ အကြမ်းဖက်မှုတွေ ထပ်ဖြစ်ခဲ့တာပါ။ အခင်းဖြစ်ခဲ့တဲ့ကုန်စံဆိုင်နားမှာ သောကြာနေ့က လူတွေ 
စုဝေးခဲ့ပြီး အဲဒီထဲက တချို့က ဆိုင်တော်တော်များများကို ဖျက်ဆီးလုယက်ခဲ့ကြပါတယ်။ ဒါကို ဆန္ဒပြနေသူတွေက တား
ဆီးဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။
            ပြဿနာဖြစ်တဲ့နေရာကို ရောက်လာတဲ့ အဓိကရုဏ်းနှိမ်နှင်းရေး ရဲတွေကို ဆန္ဒပြသူတချို့က ပုလင်းတွေ တခြား
အရာတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

မောင်တောမြို့ပေါ်ရှိကျောင်းများတွင်ဆရာဆရာမမျာအား လုံခြုံရေးနှစ်ယောက်စီ စီစဉ်ပေးထား



မောင်တော၊ သြဂုတ်- ၁၅ ရက်။
      ရခိုင်ပြည်နယ် မြောက်ဖျားပိုင်းဒေသ ဘင်္ဂလီလူမျိးများ အများဆုံးနေထိုင်ရာ မောင်တောမြို့နယ်
အတွင်းရှိ စာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်လျှက်ရှိသည့် ကျောင်းဆရာဆရာမများမှာ 
ဘင်္ဂလီ-မူဆလင်များ၏ရန်ကို ကြောက်ရွံ့ကာကျောင်းမတက်ဘဲနေကြသည့်အတွက် ဆရာဆရာမများ
အား ကျောင်းတက်ရန်အတွက် ကျောင်းတစ်ကျောင်းလျှင် လုံခြုံရေးနှစ်ဦးကျစီပေးထားကြောင်းသိရသည်။
အဆိုပါလုံခြုံရေးပေးထားရသည့်ကျောင်းများမှာ မောင်တောမြို့ပေါ်နှင့်အနီးပါတ်ဝန်းကျင်ရှိကျောင်းများရှိ 
ဆရာဆရာမများ ကိုသာ ပေးထားခြင်းဖြစ်ပြီး ကျေးလက်ဒေသရှိကျေးရွာများတွင်တာဝန်ကျနေသည့်
 ကျောင်းများရှိ ဆရာဆရာမများအား ယင်းသို့လုံခြုံရေးတစ်စုံတစ်ရာပေးထားခြင်းမရှိကြောင်းသိရသည်။
“မောင်တောမှာက ဘင်္ဂလီတွေရဲ့ ရန်ကိုကြောက်ပြီး ဘယ်ကိုမှမသွားရဲ့ကြဘဲ စာလည်းသွားမပြရဲ့ဖြစ်နေ
ကြပါတယ်။ ဒါကြောင့် မြို့နဲ့ အနီးဝန်းကျင်မှာရှိတဲ့ကျောင်းတွေမှာ ဆရာ/မတွေစာပြနိုင်ဖို့အတွက် မြို့နယ်
အုပ်ချုပ်ရေးအစီအစဉ်နဲ့ ကျောင်းတစ်ကျောင်းကို လုံခြုံရေးနှစ်ယောက်ကျစီပေးထားပါတယ်။ ဆယ်ရက်
လောက်တော့ရှိပါပြီ”ဟု မောင်တောမြို့မှ ကိုမောင်ဝင်းသိန်းကပြောသည်။
        ဆရာ/မများအား ကျောင်းသားများအား စာသင်ပေးနိုင်ရန်အတွက် လုံခြုရေးများထုတ်ပေးထားသော်
လည်း ယင်းကျောင်း များတွင် လာရောက်ပညာသင်ကြားနေသော အနီးပါတ်ဝန်းကျင်ရှိ ကျောင်းသူကျောင်း
သားများအား အန္တရယ်ကင်းရှင်းစွာ လာရောက်ပညာသင်ကြားနိုင်ရန်အတွက် လုံခြုံရေးချပေးထားခြင်းမရှိ
သေးကြောင်းသိရသည်။
           ယင်းသို့ ဆရာ/မများအား ကျောင်းတက်နိုင်ရန်အတွက် လုံခြုံရေးများကို ကျောင်းအလိုက်စီစဉ်ပေး
ထားသော်လည်း ယင်းဆရာ/မများကျောင်းသို့သွားလာနိုင်ရေးအတွက် ကား၊ဆိုင်ကယ်များစီစဉ်ပေးထားခြင်း
မရှိသည့်အတွက် ဆရာ/မများ မှာ မိမိအစီစဉ်ဖြင့် ကျောင်းသို့သွားလာနေကြရသဖြင့် သုံးဘီးဆိုင်ကယ်တစ်စီး
လျှင် တစ်ခေါက်ကို ကျပ်ငွေ ၈၀၀၀ ကျပ်စီပေးကာ ကျောင်းသို့သွားနေကြရကြောင်းသိရသည်။
သတင်း- မြောက်ဦးသား
R S V

Friday, August 15, 2014

ပျောက်ဆုံးနေဆဲ MH370 တွင်ပါသွားတဲ့ ခရီးသည်များရဲ့ ဘဏ်အကောင့်တွေကနေ ငွေထုတ်ယူမှု ဖြစ်ပွား



              ကမ္ဘာလောကကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေက နောက်ထပ် ထူးဆန်းတာတွေ ထပ်ဖြစ်လေ့ ရှိတတ်တယ် 
ဆိုတဲ့ စကားက မှန်သလိုဖြစ်နေပါပြီ။ အခုလည်း ပြီးခဲ့တဲ့မတ်လ ၈ ရက်နေ့ကတည်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူ
ကနေ တရုတ်နိုင်ငံ ပီကင်း မြို့ကို အသွား ထူးထူးဆန်းဆန်း ပျောက်ဆုံးနေဆဲဖြစ်တဲ့ မလေးရှားလေကြောင်းလိုင်း MH 370 
လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည် ၄ ဦး ရဲ့ ဘဏ် အကောင့်တွေကနေ ငွေ ထုတ်ယူမှု ဖြစ်ပွားခဲ့ပါတယ်။
           ဒီအကြောင်း The Straits Times သတင်းတပုဒ်မှာ MH370 လေယာဉ်ခရီးသည်တွေရဲ့ ဘဏ်အကောင့်က ထူးဆန်း
စွာ ငွေ ထုတ်ယူမှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့ သြဂုတ်လ ၁၄ ရက်နေ့က သတင်း ရေးသားထားပါ တယ်။အခုထိ အစအန ရှာမ
ရတဲ့ MH 370 လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည် ၄ ဦးရဲ့ ဘဏ်အကောင့်တွေကနေ မလေးရှား ငွေ RM ၁၁၁, ဝဝဝ ( စင်ကာပူ 
ဒေါ်လာ ၄၃၄၁၉ ) ပမာဏ ရှိ ငွေကြေးကို ATM ကနေ ဇူလိုင် လ ၁၈ ရက်နေ့ က ငွေထုတ်ယူမှုဖြစ်ခဲ့တာကို ဘဏ်က သံသယ
 ဖြစ်ဖွယ် အဖြစ်သတ်မှတ် သတိထားမိပြီး စိုးရိမ်ပူပန်ခဲ့ပါတယ် လို့ City Commercial Crime Investigation Department 
လက်ထောက်အကြီး အကဲ အီဇန္နီ အဗ္ဗဒူလ် ဂါနီက ပြောထားပါတယ်။
               သြဂုတ်လ ၂ ရက်နေ့ ရဲသတင်းပို့မှုမှာ ဒီကိစ္စကို ဘဏ်လုပ်ငန်းဆိုင်ရာ ဌာနတွင်း ခြေရာခံ စုံစမ်းစစ်ဆေးမှု
တွေ လုပ်နေပြီလို့ ဖော်ပြထားပါတယ်။“ ကျနော်တို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပါပြီ” လို့ သူက မနေ့တုန်းက သတင်းထောက်
တွေကို ပြောဆိုထား ပါ တယ်။ စုံစမ်းစစ်ဆေးတဲ့နေရာမှာ ကာယကံရှင် မသိပဲ တရားမဝင် ငွေထုတ်ယူမှုဆိုတဲ့ ဥပဒေချိုးဖောက်တဲ့ 
ကိစ္စ အဖြစ် လို့ ဆိုပါတယ်။မလေးရှားနိုင်ငံရဲ့ ကွန်ပျူတာ ရာဇဝတ်မှု ဆိုင်ရာ ၁၉၉၇ ခုနှစ် အက်ဥပဒေ ပုဒ်မ ၄ (၁) အရ ပြစ်မှု 
ကျူး လွန် သူကို မလေးရှား ငွေ RM ၁ သိန်းခွဲ ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် ၁ဝ နှစ်သို့မဟုတ် ထောင် ဒဏ် နဲ့ ငွေဒဏ် ၂ မျိုး
လုံး အပြစ် ပေးလို့ ရကြောင်း သိရပါတယ်။
            အခုဆို မလေးရှားရဲကတော့ ဒီကိစ္စကို ထူးဆန်းတဲ့ ကိစ္စလည်းဖြစ်နေတော့ ဘက်ပေါင်းစုံက နည်းလမ်းပေါင်းစုံ သုံးပြီး
 စုံစမ်း မှုတွေ လုပ်နေတယ်လို့ ရဲအရာရှိကြီးက ပြောထားပါတယ်။“အခု ငွေထုတ်မှုမှာ ကျူးလွန်တယ်ဆိုတဲ့ သံသဖြစ်စရာတွေကို 
ဘယ်သူဘယ်ဝါဆိုတာ သိနိုင်မယ့် ဘဏ်က စီစီတီဗွီ မှတ်တမ်းကိုလည်း ရရှိထားပါတယ်” လို့ ရဲအရာရှိကြီး အီဇန္နီ အဗ္ဗဒူလ် ဂါနီ
က ဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ဖြစ်စဉ်ကို တွေ့တာနဲ့ တာဝန်သိသူတွေအနေနဲ့ နီးစပ်ရာ ရဲစခန်းကို အကြောင်း
ကြားဖို့ လည်း နှိုးဆော်ထားတယ်လို့ သူက ဆက်ပြောထားပါတယ်။
           ပျောက်ဆုံး MH 370 လေယာဉ်ဟာ အိန္ဒိယသမုဒ္ဓရာထဲ တနေရာရာမှာ ပျက်ကျတယ်လို့ ဂြိုလ်တုမှတ်တမ်း အချက် အ
လက်တွေအရ ယူဆနေကြတာလည်း ရှိပါတယ်။ ဒါပေမယ့် အခုထိ ဘာသဲလွန်စမှ မရခဲ့ပါဘူး။အဲဒီလေယာဉ်ပေါ်မှာ ခရီးသည် 
၂၂၇ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၂ ဦး ပါသွားခဲ့တာမှာ အဲဒီခရီးသည်တွေ ထဲက ၄ ဦးရဲ့ ဘဏ်အကောင့်က အခုလို ထူးထူးဆန်း
ဆန်း ငွေထုတ်ယူမှု ဖြစ်တာပါ ။ ပြောရရင် ပဟေဠိဆန်တဲ့ လေယာဉ်ပျောက်ကိစ္စရဲ့ နောက်ဆက်တွဲ ပဟေဠိဆန်မှု လို့ ပြောရမ
လားပါဘဲ။

Credit : ဧရာဝတီ

Twitter Delicious Facebook Digg Stumbleupon Favorites More