Tuesday, August 5, 2014

၁၂၅ နှစ်အကြာ ပဟေဠိ ဖြစ်ခဲ့တဲ့ ဂန္တ၀င်လူသတ်သမားကို ထိပ်သီး စုံထောက်များမှ စုံစမ်းဖော်ထုတ်နိုင်ခဲ့


                      ၀ိတိုရိယ ဘုရင်မကြီး အုပ်စိုးစဉ်လက်ထက် လန်ဒန်မြို့ ရဲ့ လမ်းတွေထဲမှာ Jack The Ripper ဆိုတဲ့ 
လူသတ်သမားက ပထမဆုံးအကြိမ် လူသတ်မှုကို စတင်ကျူးလွန်ခဲ့စဉ်ကတည်းက တစ်ကမ္ဘာလုံးက စိတ်ဝင်တစားရှိ
နေခဲ့ကြတဲ့ ပဟေဠိကို ယင်းလူသတ်သမား ကျူးလွန်ခဲ့တဲ့ ကြောက်မက်ဖွယ်ရာ လူသတ်မှုများရဲ့  ၁၂၅ နှစ်မြောက် နှစ်
ပတ်လည်နေ့ မှာ လူသတ်မှုစုံစမ်းထောက်လှမ်းရေး စုံထောက်ဟောင်းမှ အဖြေညှိဖော်ထုတ်ပေးခဲ့ပါတယ်။
           ဒါပေမယ့် အင်္ဂလန်နိုင်ငံရဲ့ အဆိုးရွားအရက်စက်ဆုံးသော ဒီကွင်းဆက်လူသတ်သမား အမှန်တော့ တကယ်မရှိ
ခဲ့ဘူးဆိုတဲ့ ဒီသတင်းဟာ ကမ္ဘာတစ်ဝှမ်းက ယင်းလူသတ်သမား ဘယ်သူ ဘယ်ဝါဆိုတာကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေခဲ့
ကြတဲ့ ၀ါသနာရှင် စုံထောက်တွေအတွက်တော့ သတင်းဆိုးပါပဲ။
             အရက်သမားတစ်ဦးဖြစ်တဲ့ စာနယ်ဇင်းသတင်းသမား Thomas Bulling ဆိုသူဟာ ဒီလူသတ်သမားကို ဖန်တီး
 လုပ်ကြံခဲ့တာ ဖြစ်ပြီး ၄င်းဟာ ၁၈၈၈ ခုနှစ်မှာ Jack The Ripper ကနေ အင်္ဂလန် ဗဟို ရဲဌာနချုပ်ကို စာပေးပို့ တဲ့ ပုံစံဖန်
တီးခဲ့ပြီး သူဟာ အဲပို့  စာသတင်းအတွက် သတင်းဦး၊သတင်းထူး ဆုကြေးတွေရရှိခဲ့ပါတယ်။
             စာအုပ်ပေါင်း ၃၀၀ ကျော်နဲ့ မြောက်များစွာသော ရုပ်ရှင် တီဗွီအစီအစဉ်တွေမှာ ယုံကြည်ဖို့ ခက်ခဲတဲ့ သက်သေ
အထောက်အထားတွေနဲ့ အမျိုးသမီး ၅ ယောက်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး ကလီစာတွေ ဆွဲထုတ် သတ်ဖြတ်ခဲ့တဲ့ 
Whitechapel ရဲ့ ညဘက်လမ်းမတွေထက်ဆီကို အကြောက်တရားတွေ သယ်ဆောင်လာခဲ့တဲ့ Jack The Ripper လို့ သံ
သယ ရှိသူ ယောင်္ကျားပေါင်း ၁၀၀ လောက်ကို အမည်တပ် စွပ်စွဲခဲ့ကြပါတယ်။
           ယင်းသံသယရှိ စွပ်စွဲခံရသူတွေထဲမှာ ၀ိတိုရိယ ဘုရင်မကြီးရဲ့  မြေးတော်ဖြစ်တဲ့ Duke of Clarence ကနေပြီးတော့
 Alice in Wonderland စာအုပ်ကိုရေးသားသူ Lewis Carroll အထိ ပါပါတယ်။ ၁၈၈၀ ခုနှစ်မှာ ကျွဲရိုင်းစီးသူ Buffalo Bill 
ဆိုသူက Wild West Show ပြသဖို့ အတွက် အင်္ဂလန်ကို သူနဲ့ အတူပါလာခဲ့သူ အမေရိကားတိုက်မှ လူနီလူမျိုး စစ်သူရဲ Black Elk 
ဆိုသူပင်လျှင် လူသတ်သမားဖြစ်နိုင်တယ်လို့  အချို့က ပြောကြသလို ချို့ တဲ့ ကလေးများအတွက် ရန်ပုံငွေလှူဒါန်းရေး စည်းရုံး
လှုံ့ ဆော်ရေးမှူး ဒေါက်တာ Barnardo ဟာ Jack ဖြစ်တယ်လို့  ယုံကြည်ခဲ့ကြပါတယ်။
                ဒါပေမယ့် Bedfordshire ရဲဌာနမှာ လုပ်ခဲ့တဲ့ ယခင် လူသတ်မှု စုံစမ်းဖော်ထုတ်ရေး စုံထောက်ဟောင်းဖြစ်သူ 
Trevor Marriott ဟာ ဒီအမှုမပေါ်တဲ့ လူသတ်မှုတွေရဲ့  အသေးစိတ်အချက်အလက်တွေကို ၁၁နှစ်ကြာအောင် ပြန်လည်
သုံးသပ်လေ့လာနေခဲ့ပါတယ်။ သူဟာ ဗဟိုရဲဌာနချုပ်ရဲ့ ဖိုင်တွဲတွေကို လှန်လှောရှာဖွေ ဖတ်ရှုပြီး ခေတ်မီ ရဲဌာန နည်းစနစ်
တွေနဲ့ မှုခင်းလေ့လာဆန်းစစ်ရေး အတတ်ပညာတွေကို ပေါင်းစပ်အသုံးချခဲ့ပါတယ်။
             “င်္ဒီအမှုတွေရဲ့ အချက်အလက်တွေကို နှစ်ပေါင်းများစွာကြာအောင် လုပ်ကြံဖန်တီးပြောဆိုနေခဲ့ကြတယ်” လို့  Marriott
 ကဆိုပါတယ်။“ လူထုကြီးက စာရေးဆရာတွေနဲ့  ထုတ်ဝေသူ မြောက်မြားစွာတို့ရဲ့  လမ်းလွှဲမှုကို ခံနေခဲ့ကြရတယ်။ Jack က ဒီလူ
သတ်မှုငါးခု အတွက် တာဝန်ရှိခဲ့တယ်လို့ ယူဆတယ်။ ဒါပေမယ့် ဗြိတိန်မှာတင်မဟုတ်ပဲ အမေရိကမှာရော ဂျာမနီလိုနိုင်ငံမျိုးတွေမှာ
ပါ သူကျူးလွန်ခဲ့တဲ့ အမှုလိုမျိုး ပုံစံတူ ရှေ့ ရော နောက်ရောမှာ ကျူးလွန်ခဲ့ကြတာတွေလည်းရှိပါတယ်” လို့  သူကဆိုပါတယ်။
Marriott ဟာ ၁၈၆၃ ခုနှစ်ကနေ ၁၈၉၄ ခုနှစ်အတွင်းမှာ ကျူးလွန်ခဲ့တဲ့ Jack The Ripper နဲ့ အလားသဏ္ဍန်တူ မှုခင်းပေါင်း စုစု
ပေါင်း ၁၇ ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ Carl Feigenbaum ဆိုသူ ဂျာမန်လူမျိုး ရေကြောင်း ကုန်သွယ်ရေးသမား က ယင်းမှုခင်း 
အချို့အတွက် တာဝန်ရှိတယ်လို့ သူက ယုံကြည်ပါတယ်။ အကုန်လုံးတော့ မဟုတ်ပါဘူး။
              Feigenbaum ဟာ Whitechapel နားမှာ ပုံမှန် ကျောက်ချလေ့ရှိတဲ့ သဘောင်္များမှာ တာဝန်ထမ်းဆောင်တဲ့ သဘောင်္သား
တစ်ဦးပါ။ သူဟာ နယူးယောက်မြို့မှာ Ripper ပုံစံဆန်ဆန် လူသတ်နေတာကို အမေရိကန်ရဲတွေက ဖမ်းမိသွားပြီးနောက် ၁၈၉၆ 
ခုနှစ်မှာ ယင်းနယူးယောက်မြို့ မှာပဲ ကွပ်မျက်ခံခဲ့ရပါတယ်။ “အမှန်တရားကတော့ အမှုမပေါ်နိုင်တဲ့ လူသတ်မှုတွေ အတော်များများ
ရှိနေခဲ့တယ်။ အဲ့အမှုတွေတော်တော်များများက လူတွေ မမှတ်မိကြတော့ဘူး။ဒါပေမယ့် Thomas Bulling ဆိုတဲ့ စာနယ်ဇင်းသမား
လက်ထဲရောက်သွားတဲ့အခါကျတော့ တစ်မျိုးဖြစ်သွားတာပေါ့”
            Bulling ဟာ ဗဟိုရဲဌာနချုပ်က ရဲတော်တော်များများနဲ့ အဆက်အသွယ်ရှိတဲ့ အရက်သမား စာနယ်ဇင်းရှင် တစ်ဦး ဖြစ်ပါတယ်။
၁၈၈၈ ခုနှစ်မှာ လန်ဒန်အခြေစိုက် ဗဟိုသတင်းအေဂျင်စီမှာ အလုပ်လုပ်ခဲ့တယ်။သတင်းစာတွေထဲမှာထည့်တဲ့ မှုခင်းတွေအတွက် သူ့
ကိုပိုက်ဆံပေးရပါတယ်။“ Jack The Ripper လို့  Bulling က လက်မှတ်ထိုးရေးသားထားတဲ့ စာတစ်ဆောင်ကို ရဲတွေရခဲ့တယ်။ဒီလုပ်
ရပ်ဟာ ယင်းပဟေဠိကို နှစ်ပေါင်း ၁၂၅ နှစ်လောက် ရှင်သန်နေအောင် ထိန်းသိမ်းထားခဲ့တဲ့ အရမ်းကို ပါးနပ်လှတဲ့ ဇာနယ်ဇင်း
ပညာရဲ့ တစ်စိတ်တစ်ပိုင်းပေါ့။ Jack The Ripper ဆိုတာဟာ ယနေ့ခေတ် ပါးစပ်ရာဇ၀င်ဟုတ်မဟုတ်ဆိုတာ ခင်ဗျားတို့ ကို ခင်ဗျား
တို့  မေးကြည့်ဖို့ လိုတယ်။ သူ့အကြောင်းရေးတဲ့ စာအုပ်တွေရဲ့ ၈၀ရာခိုင်နှုန်းလောက်မှာ သူ့ ပုံစံက အနက်ရောင် ၀တ်ရုံရှည်ကြီးကို
ဝတ်ထားပြီး ဦးထုပ် အရှည် အနက်ရောင်ကြီးနဲ့ လန်ဒန်မြို့ရဲ့ လမ်းမတွေထက်မှာ လျှောက်လှမ်းနေတဲ့ ပုံစံမျိုးကို အမြဲပြသထားတယ်။
 အ၀တ်အစားတွေက အထက်တန်းစား လူချမ်းသာတွေဝတ်တဲ့ ပုံစံမျိုး။ဒါပေမယ့် ၁၈၈၈ ခုနှစ် လောက်မှာတုန်းက အဲ့လို လူချမ်း
သာအ၀တ်အစား ပုံစံမျိုးနဲ့ ညသန်းခေါင်ယံကြီး Whitechapel တ၀ိုက်မှာ လမ်းလျှောက်နေခဲ့တယ်ဆိုရင် အဲ့လူဟာ ၅ မိနစ်တောင် 
ခံမှာမဟုတ်ပါဘူး” လို့ သူကဆိုပါတယ်
                “ Whitechapel ဟာ လန်ဒန်မြို့ ရဲ့  မပေါ်နိုင်တဲ့ အမှုတွေနဲ့ ပြည့်နေတဲ့ နေရာလေးသာသာတစ်ခု မဟုတ်ပါဘူး။ အဲနေ
ရာဟာ အင်္ဂလန်တစ်နိုင်ငံလုံးရဲ့ အဆိုးရွားဆုံးနေရာတွေထဲက တစ်ခုပါ။ဒါဟာ ဟောလိဝုဒ်ရုပ်ရှင် ထုတ်လုပ်ရေးသမားတွေ အကြိုက်
ဖန်တီးထားတဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်။ အချက်အလက် အသစ်တွေလည်း ခုရှာတွေ့ခဲ့ပါပြီ။ လူသတ်သမားဟာ အခင်းဖြစ်ပွားရာနေရာ
မှာတင်ပဲ ကလီစာကို ဆွဲထုတ်တာမျိုးမဟုတ်ခဲ့ပါဘူး။အလောင်းထားတဲ့အဆောင်ထဲကို ရောက်မှာ အသတ်ခံရသူရဲ့ ကလီစာတွေကို 
ထုတ်ယူခဲ့တာပါ။ Jack က အဲ့လိုမျိုးသတ်ခဲ့တယ်ဆိုတဲ့အဆိုကို ပယ်ဖျက်ရမှာပါ။ဒါပေမယ့် Jack The Ripper ရဲ့ ပဟေဠိက သိပ်ကို 
ပြင်းထန်လွန်းနေပါသေးတယ်” လို့  Marriott ကဆိုပါတယ်။
 Credit: Trend Myanmar

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More