Tuesday, August 5, 2014

ရန်ကုန်တွင် လှုပ်ခတ်ခဲ့သော အင်အားရစ်ခ်ျတာစကေး ၄ ရှိ ငလျင်ကြောင့် သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ ကန်ထရိုက်တိုက်သစ် နှစ်လုံး တိမ်းစောင်းမှုဖြစ်ပွား


              ဩဂုတ် ၄ ရက်က ရန်ကုန်တွင် လှုပ်ခတ်ခဲ့သော အင်အားရစ်ခ်ျတာစကေးလေးရှိ ငလျင်ကြောင့် 
သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီး စံပြ ၅ လမ်းအတွင်းရှိ တိုက်အမှတ် ၁၁၈၊ ၁၁၉ အထပ်မြင့် တိုက်သစ်နှစ်
လုံး တိမ်းစောင်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။   ငလျင်လှုပ်မှုကြောင့် တိမ်းစောင်းသွားသော တိုက်နှစ်လုံး
အား စည်ပင်သာယာနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။   “တိုက်တွေကတော့ 
ဆောက်လုပ်ပြီးတာ တစ်နှစ်ကျော်လောက် ရှိနေပါပြီ။ တိုက်တွေကတော့ လူနေထိုင်ခွင့်ပါမစ် မရသေးပါဘူး။ 
ဒါပေမဲ့ နားလည်မှုနဲ့အိမ်ထောင်စုငါးစုလောက် နေနေကြပါတယ်။ သက်ဆိုင်ရာကတော့ လာကြည့်သွားပါတယ်
၊ အခုဘယ်တိုက်က စောင်းနေလဲဆိုတာ စစ်ဆေးနေကြပါတယ်” ဟု အဆိုပါရပ်ကွက်မှ တာဝန်ရှိသူတစ်ဦးက
 ဆိုသည်။   အဆိုပါတာဝန်ရှိသူမှ ဆက်လက်၍ “တိုက်က တစ်တိုက်နဲ့တစ်တိုက်ကြားထဲမှာ တစ်ပေ ကျော်ကွာ
နေပါတယ်။ ငလျင်လှုပ်တော့ အပေါ်ပိုင်းက လုံးလုံးကိုထိသွားတာပါ။ တိုက်က တဖြည်းဖြည်းနဲ့ လဲသွားတာကို 
လူတွေက ဝိုင်းကြည့်နေကြပါတယ်” ဟု ဆိုသည်။   အဆိုပါအထပ်မြင့်တိုက် ၁၁၉ တွင် နေထိုင်သူတစ်ဦးက “ 
ညနေ ၄ နာရီထိုးကာနီးမှာ မူးကနဲ ဖြစ်သွားတယ်။ အောက်ကနေသူတွေက တိုက်ပြိုတော့မယ်လို့ပြောတော့ 
အောက်ကိုဆင်းပြေးရတယ်။ တော်သေးတာပေါ့ ဘာမှမဖြစ်လို့” ဟု ဆိုသည်။   သင်္ဃန်းကျွန်းမြို့နယ်တွင်းရှိ  
ကန်ထရိုက်အဆောက်အအုံ ၅ဝဝ ခန့်မှာ မြို့နယ်စည်ပင်သာယာ၏ တားမြစ်ခြင်းခံထားရကြောင်း သိရသည်။ 
  အဆိုပါ အထပ်မြင့်တိုက်နှစ်လုံးသည် ခြောက်လွှာအမြင့်ရှိပြီး သံလွင်ဆောက်လုပ်ရေး Pile foundation မှ 
တာဝန်ယူဆောက်လုပ်ခဲ့ကြောင်း လူနေထိုင်ခွင့်ပါမစ်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ 
တင်ထားကြောင်း သိရသည်။   အဆိုပါလှုပ်ခဲ့သော ငလျင်သည် ညနေ ၃ နာရီ ၄၁ မိနစ်က ရန်ကုန်မြို့ကို ဗဟို
ပြု၍ အင်အားရစ်ချက်ရ်တာစကေး လေးအဆင့်ရှိပြီး ရန်ကုန်မြို့နေရာအနှံ သိသာစွာသက်ရောက်ခဲ့ကြောင်း
 မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။    
Ref:  news-eleven

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More