Wednesday, August 6, 2014

မိုးရွာသွန်းမှုကြောင့် စလစ်ဖြစ်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘာရီယာတုံးများအား ၀င်ရောက်တိုက်မိ တိမ်းမှောက်



နေပြည်တော်၊ သြဂုတ် ၆
            ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့ ည ၆ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ် မြို့နယ်၊ ရန်ကုန်-
မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၅၆/၀-၁)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ပေပင်
လေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ 
သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ရန်ကုန်မှ မန္တလေးဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့
နယ်၊ (၉)ရပ်ကွက်နေ ထွန်းလင်းနိုင်(၃၄)နှစ် မောင်းနှင်လာသော 1D/xxxx တိုယိုတာ ဆာဖာရီ အပြာရောင်ယာဉ်သည်
 မိုးရွာသွန်းမှုကြောင့် စလစ်ဖြစ်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘာရီယာတုံးများအား ၀င်ရောက်တိုက်မိပြီး
 တိမ်းမှောက် ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ တိုက်မိသဖြင့် ထွန်းလင်းနိုင်နှင့် ယာဉ်ပေါ်ပါ ရန်ကုန်တိုင်းဒေသကြီး၊ 
မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဦးမျိုးညွန့်(၅၈)နှစ်ပါ (၄)ဦးတို့၌ ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ထွန်းလင်းနိုင်
အား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း 
သတင်းရရှိသည်။
Ref: ရဲဇာနည်

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More