Tuesday, October 14, 2014

IS အဖွဲ့ကို လက်စားချေမှုအဖြစ် အီရတ်တွင် ဆွန်နီမွတ်ဆလင်များ သတ်ဖြတ်ခံနေရ


       အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့ကို လက်စားချေသည့် အနေဖြင့် ဆွန်နီမွတ်ဆလင် 
အရပ်သားများကို အီရတ်ရှိ ရှီးဟိုက် မွတ်ဆလင် ပြည်သူ့စစ်များက သတ်ဖြတ်နေကြောင်း နိုင်ငံတကာ 
လူ့အခွင့်အရေးအဖွဲ့ (IA)က ပြောကြားခဲ့သည်။
            IS သည် အစွန်းရောက် ဆွန်နီ အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်းတို့၏ 
ရည်မှန်းချက်များတွင် ရှီးဟိုက် မွတ်ဆလင်များကို ဖိနှိပ်ရန်ဆိုသည့် အတွေးအမြင် မူဝါဒလည်း ပါရှိသည်။
 IS အဖွဲ့သည် အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေ အများအပြားကို သိမ်းပိုက်ကာ အစ္စလာမ်မစ် ကိုယ်ပိုင်နိုင်ငံ
 တစ်ခုကို (ကမ္ဘာက အသိအမှတ် မပြုဘဲ) ထူထောင်ထားသည်။
          IS အဖွဲ့၏ ကြမ်းတမ်းရန်လိုမှုများကို လက်စားချေသည့် အနေဖြင့် အီရတ်ရှိ  ရှီးဟိုက် မွတ်ဆလင် 
တိုက်ခိုက်ရေးသမား အချို့ကလည်း ဆွန်နီ မွတ်ဆလင် အရပ်သားများကို ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်ခြင်းများ
 ပြုလုပ်နေမှု တစ်စထက်တစ်စ မြင့်တက်လာကြောင်း IA က ဆိုသည်။ အဆိုပါ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို 
အီရတ် အစိုးရက ကျောထောက်နောက်ခံပြုကာ လက်နက် တပ်ဆင်ပေးထားခြင်း ဖြစ်သည်။
           IAက ဘဂ္ဂဒက်မြို့တော် မြောက်ပိုင်းရှိ ဆွန်နီ မွတ်ဆလင် အများစု နေထိုင်ရာ ဆာမာရာမြို့တွင် ဇွန်လ
နောက်ပိုင်း ကတည်းက ဆွန်နီအမျိုးသား (၁၇၀)ထက်မနည်း ပြန်ပေးဆွဲခံရကြောင်း ဖော်ပြခဲ့သည်။ ဇွန်(၆)ရက်
 တစ်ရက်တည်းတွင်ပင် ဆွန်နီအမျိုးသား (၃၀)မျှသည် နေအိမ်မှ အဓမ္မ ခေါ်ထုတ်ပြီး ပစ်သတ်ခံခဲ့ရကြောင်း၊ ၎င်း
တို့၏ ရုပ်အလောင်းများကို ပစ်သတ်သည့် နေရာတွင်ပင် စွန့်ပစ်သွားခဲ့ကြောင်း IA အဖွဲ့က ဆိုသည်။
          “အခုလို သတ်ဖြတ်မှုတွေဟာ IS စစ်သွေးကြွတွေရဲ့ ဩဇာလွှမ်းမိုးမှုတွေကို တုံ့ပြန်တဲ့ သဘောနဲ့ လုပ်
ဆောင်နေတာပါ”ဟုလည်း အဖွဲ့ကြီးက သုံးသပ်ခဲ့သည်။ IS စစ်သွေးကြွ တပ်များကို အမေရိကန်နှင့် မဟာမိတ် 
နိုင်ငံများက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေသည့်တိုင် ၎င်းတို့၏ အရှိန်အဟုန်ကို ရပ်တန့်တားဆီးရန် အခက်
အခဲများ ကြုံနေဆဲ ဖြစ်သည်။

_Ref: BBC

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More