Monday, December 30, 2013

မော်တော်ကား နည်းပညာအတွက် Google နဲ့ Apple လုပ်ဆောင်နေ

Tuesday, December 31, 2013

နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Google နဲ့ Appleတို့ဟာ မော်တော်ကား ဘက်မှာ သူတို့ရဲ့နည်းပညာတွေကို
 ချဲ့ထွင်သွားဖို့ရှိပါတယ်။ နောက်တစ်ပတ် Las Vegas မှာပြသမယ့် သုံးစွဲသူ အီလက်ထရောနစ် ပြပွဲကြီးမှာ Google
 နဲ့ ဂျာမနီကားထုတ်လုပ်ရေး Audi တို့ဟာ မော်တော်ကားပိုင်းဆိုင်ရာ ဖျော်ဖြေရေးနှင့်သတင်းအချက်အလက် စနစ
် ကို Googleရဲ့ Android ဆော့ဖ်ဝဲလ် အခြေခံပြီး ဖွံ့ဖြိုးတိုးတက်အောင်၊ လူတွေနဲ့ အကျွမ်းတ၀င်ဖြစ်အောင် လုပ်ဖို့ရှိ
တယ်လို့ ကြေညာခဲ့ပါတယ်။
       Android ဟာ အနာဂတ် ယာဉ်တွေအတွက် အရေးပါတဲ့နည်းပညာတစ်ရပ်ဖြစ်ကြောင်းကို ထုတ်ပြန်ကြေညာဖို့
အတွက် ချစ်ပ် ထုတ်ကုမ္ပဏီ Nvidia Corp. အပါအ၀င် မော်တော်ကားကုမ္ပဏီတွေ၊ နည်းပညာ ကုမ္ပဏီတွေနဲ့ အတူ
အနီးကပ်ပူပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ပါတယ်။ ရည်ရွယ်ရင်းကတော့ ယာဉ်မောင်းသူနဲ့ လိုက်ပါစီးနင်းသူတွေဟာ
သီချင်းဖွင့်ဖို့၊ လမ်းပြစနစ်သုံးနိုင်ဖို့ နဲ့ Androidစနစ်သုံး ဖုန်းတွေမှာ သုံးလို့ရတဲ့ ၀န်ဆောင်မှုစနစ်တွေနဲ့ အလားတူ
စနစ်တွေကို သုံးနိုင်ဖို့ ဖြစ်ပါတယ်။တစ်နှစ်ကို ကားနဲ့ ထရပ်ကား အစီးရေ သန်း၈၀ရောင်းနေရတဲ့ ကားဈေးကွက်ဟာ
 Apple နဲ့ Google တို့အတွက် အခွင့်အလမ်းသစ်တစ်ရပ် ဖြစ်လာပါတယ်။

Ref:online
Trend Myanmar

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More