Friday, October 22, 2010

                   အိမ်လွမ်းသူ
                   

ယနေ့မိုးရွာလိုက်တာ.
တိုက်လာတဲ့ လေတွေကလည်း
အေးလွန့်လို့...
 ကောင်ကင်ကြီးကကော့
ပြိုမလို လို့နဲ့..
တောင်းတန်းကြီးတွေကလည်း
အားငယ်သလို မျက်နှာထားနဲ့
သမီးကိုကြည့်နေလိုက်ကြတာ
   လွမ်းလိုက်တာ မေမေရယ်...
ဓနီးမိုးတဲ့ အိမ်းအိုအောက်မှာ
ဖေဖေရယ် မေမေရယ်
သမီးတို့ မောင်နှမတွေရယ်
အတူစားသောက်ခဲ့ကြတဲ့
မိသားစုထမင်းဝိုင်းလေး၊
ပြန်လိုချင်လိုက်တာ.
  အခုတောမေမေရယ်..
မေမေရှူမွေးခဲ့တဲ့
သမီးရဲ့ပါးနုနုပေါ်မှာ
လွမ်းမျက်ရည်းစိုလို အိမ်ပြန်ချင်တယ်.
လောကကြီးကများ
သမီးကိုဒဏ်ခတ်ထားတာလားအမေ
လူမျိုးခြား ဘာသာခြားတွေနဲ့
ဟို့ဒီ စက်ဝိုင်းကြီးထဲမှာ
သမီး ဘယ်လောက်ထိ
ကြာကြာနေရအုံ့မှာလည်း
ပြောပါအုံ့မေမေရယ်......
                                          
                အိမ်လွမ်းသူတိုင်းခံစားတတ်ကြပါစေ
                                                           ဒို့ရွာက သဇင်ညှာ

            နှလုံးသားဝယ် ဘုရားတည်

   ရေမြေတောတောင်၊ လျှိုမြောင်းအကြား
   ပြုတည်ထားသည့် ၊ ရုပ်ပွားတလီ
   စေတီပုထိုး ၊ အမျိုးမျိုးကား
  ဘေးဆိုးအန္တရာယ် ၊ အသွယ်သွယ်ကြောင်း
  ပျောက်ကွယ်ခဏ ၊ ပျက်စီရ၏။
  နှလုံးသားတွင် ၊ ဌာပနာသွန်း၍
  မယွင်တည်ထား ၊ မြတ်ဘုရားကား
 ဘေးဆိုးအန္တရာယ် ၊ အသွယ်သွယ်ကြောင့်
 ပျောက်ကွယ်မရှိ ၊ တည်တန့်ဘိ၏ ။
                                           ဒို့ရွာက ဖိုးထောင်

            “မိဘကျေးဇူး”

မိဘကျေးဇူး ၊ ဂုဏ်ပြုထိပ်တင်
စိတ်ကြည်လင်လည်း..
ဆပ်ရင်ချိန်ခါ ၊ မရောက်ပါ၍
နိုင်ငံရပ်ခြား ၊ တိုင်းတစ်ပါးမှာ
နေ့စားလုပ်ခါ ၊ စုဆောင်းမရ
သားဘဝကို ၊ နားလည်နိုင်စေ
မိဘတွေ....
                            ဒို့ရွာက ထွန်းလင်း (ရမ္မာဝတီ) 

ိပ်တန်းပြန် 

ဆည်ဆာနေညို ၊ ငှက်ငယ်ဖော်တို့
အိပ်တန်းပြန်တော့
ရွာအိုရိပ်ညို ၊ အမေ့အိမ်သို့
 လွမ်းစိတ်ပိုလည်း ၊ ငါမပြန်နိုင်
 ကံကြမ္မာဆိုး ၊ သင့်ဆိုကျိန်စာ
ထားခဲ့လေသလား ၊ တိုင်တပါးခြား
နိုင်ငံခြားမှာ ၊ ကျွန်စရစ်ဆိုး
ငါဖြစ်ရသည် ၊ နေ့စားအလုပ်
လုပ်ဖန်များလည်း ၊ ငွေသားတစ်ကျပ်
ငါစုမဖြစ် ၊ ဘယ်သောဘယ်ခါ
အိမ်ပြန်ရမည် ၊ အိပ်တန်းပြန်ငှက်
ဖော်ရွယ်များကို ၊ ကြည့်ကါငေးကါ
အားကျပါရဲ့......။ 
                               ဒို့ရွာက ငထောင်

       မငိုပါနဲ့ အမေ

့အမေ...သားချစ်စိတ်နဲ့
တမှိုင်မှိုင် အိမ်အိုအစုတ်
ဓနီးမိုးအောက်မှာ
အမေ ငို့နေပြီလား......
အမေအိမ်လေး ပြန်လုပ်ပေးဖို့
ရွယ်ရယ်ချက်တွေ ကြီးမားတဲ့သား
ပြန်မလာလို့ လွမ်းစိတ်ပိုလည်း
သားချစ်ဇောနဲ့ဖြေသိမ်းလိုက်ပါ  အမေ...
ရသမျှငွေ စုဆောင်းထားလဲ 
ရွယ်ရယ်ချက်တွေ မပြည်သေးတော့
အိမ်ပြန်လမ်းကို မမှန်းရေးသေးဘူး အမေ
အမေ......ကျားမှန်ရင်ရဲ မီးဆိုရင်လည်းရဲမို့
အမေ့ သားကြီးရဲတင့်ခဲ့တာ အမေနဲ့ညီလေးတွေ
အတွက်ပါ အမေ..
     ရဲတင့်လို့လည်း အမေသားကြီး
     နိုင်ငံခြားမှာ ကျွန်ဖြစ်ရတာ
    ကိုယ့်ကိုကိုယ် ကျွန်လို့သုံးလိုက်လို့
    မငိုလိုက်ပါနဲ့အမေ...
မြန်မာဆိုတာ သူတို့ဆီမှာ အိမ်မွေးကြောင်တစ်ကောင်း
လောက်တန်ဖို့မကြီးပါဘူး..
အမေပို့တဲ့မေတ္တာကြောင့်သာ အမေသားကြီး
ကျမ္မာနေတာပါ 
အကိုကြီးတော့ အဖေအရာမို့
သား...တစ်အိမ်လုံးအတွက် ကြိုးစားပါရစေ
အုံးအမေ...။                          
                                                  ဒို့ရွာက သာထူး

                               
                        အိမ်သူသို့
မရွှင်နှလုံး ပိတိဖုံးလျှက်၊ မောင့်လာလမ်းကို 
စောင့်မျှော်ရှာသူ၊ မျက်နှာငွေလရွှင်ပပကို
တိမ်လွှာဖုံးပမာ၊ ရင်တွင်းမီးလျှံ
လျှော်မျက်ရည်စီး၊ လင်မရှိမိန်းမ
လောကရင်ဆိုင်ခက်လှချေရဲ့ .....။
လခြမ်းသာစေ၊ ရွှေခိုင်သူခင်သက်ထားကို
မောင်မကြင်သည်မဟုတ်။
စစ်ထွက်ပမာ၊ ငါ ယောက်ျားသည်
ဘဝဝမ်းစာဟင်းလျာကို၊ ရှာကြံစုဆောင်း
လက်ဆောင်အသပြာ၊ ညီမအတွက်ရွယ်ရည်ရာတည်......။
ရာသီတစ်ဆယ့်နှစ်၊ အလွမ်းဖြစ်၍
တစ်တိုင်းတစ်ခြား၊ မျိုးမတူဘာသာခြားမှာ
မောင်မပျော်၊ ပန်းကြွေမျက်ရည်
စီးခဲ့ပေသည်၊ သမုဒ်ပြင်တောင်ပြာ
ကာဆီးဝေးလည်း၊ နီးနေသည်က
အချစ်နဲ့စိတ်၊ အရိပ်ဝဲလေ ရာသီခွင်ဝယ်
ရွှေလိပ်ပြာမောင်၊ ပန်းခူးလေသလား
အမှားမြင်စိတ်၊ မထားလေနှင့်
မင်းမျိုးသစ္စာ၊ လူတို့ကတိ
ငါ စောင့်ထိမ်းသည်၊ မျိုးဂုဏ်မထောက်
သစ္စာဖောက်လို့၊ မျိုးမတူဘာသာခြားကို
မောင့်ကြင်ဖော်၊ မပြုလို
တစ်သက်မှာတစ်ခါ၊ တစ်ကမ္ဘာမှာတစ်ချစ်
ညီမသည်သာမောင့်အချစ်သည်သာတည်.......။
                                                                  ဒို့ရွာက ကိုစိုး 

      ပန်းမခူးရ 
ပန်းဆိုသည်မှာ၊ ပင်ထက်သာတွင်
သူငါမြင်က ၊ လန့်ရွှင်မြင်၏။
ပန်းကိုမြတ်နိုး ၊ ခေါင်းမှာ
ထိုးလဲ ၊ ညှိုးချင်ခဏ
ပန်းဘဝသေ နွမ်းလျကြွေပြီ..
ထိုကြောင်း....
ပန်းခူးခဏ
သည်းခံကြလေ
အော်...အဆွေတို့......။ 
                                    ဒို့ရွာက မောင်ယောင်း 
 Type the rest of your post here.

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More