Saturday, October 23, 2010

အဖေနှင့် သားဘဝ

ရောင်နီပျော်စ ၊ အဖေထ၍
အိမ်မှခြေကျင် ၊ ခရီနှင်သည်။
ကုန်တင်ကုန်ချ ၊ လုပ်ငန်းစသည်
နေကျမှုန်ရီ ၊ ပြန်သတည့်……..
အဖေနှုတ်မှ ၊ ဖွင့်ဆိုဟသည့်
သားလှသေချာ ၊ မှတ်ထားပါတဲ့
ပညာရွှေအိုး ၊ လူမခိုးရွှံစိုမဲ့လမ်း
သားမလှမ့်နဲ့ ၊ လူရွှန်ဖြစ်စေ
ရှေ့မှာနေတဲ့…….
အဖေအိပ်ခိုက် ၊ ယောင်ယမ်း
စိတ်နှင့်မောဟိုက် ၊ ပင်ပန်းဖေဖေ
လမ်းသည်မှန်း၍ ၊ ကြင်နာသနားတယ်။
ကြမ်းချင်တိုင်းကြမ်း ၊ ခရီးကြမ်းလမ်းကို
ကြမ်းမှန်းသိလျှက် ၊ တိုး၍တက်သည်
သားအတွက်ပညာတတ်ချင်သည်တဲ့……

                                ကျိန်းရိပ်မြေ..ကိုမဲထွန်း

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More