Saturday, October 23, 2010

ဘာမှန်းလဲမသိဘူး


 ပျင်းလာတာနဲ့ အပြင်တွက်မယ်လုပ်တော့ အမေကပြောတယ်။နင်ငါ့သားမဟုတ်ဘူးတဲ့
ဖအေးလို့ဘဲ ခြေဗွေပါလားတဲ့ ပြီးရော့…..
ရိုက်ပွဲပြီးတာနဲ့ ဆေးရုံးသွားချုပ်တော့ ကြီးကြီးကစ္စတာကပြောတယ် ၊ နင်နာမည်
ကိုပေါက်မဟုတ်ဘူးတဲ့ ကိုထောင်တဲ့ ငါ မွေးချီပေးတုန့်က
 နင်ကိုယ်ပေါ်မှာ ခြစ်ရာတောင်မရှိဘူးတဲ့ ပြီးရော့ ..။
အနောက်ဘက်က သူငယ်ချင်းတွေ့နဲ့ သဘောထားမတိုက်ဆိုင်တာလေးတွေပြောမိတော့
သူတော့ကပြောတယ်မင်းရခိုင်မဟုတ်ဘူးတဲ့ ၊ ရခိုင်စကားကို ဗမာသံဝဲဝဲနဲ့ပြောလို့တဲ့
 ပြီးရော့..။
ကော်လာလည်ကတုံးဝတ်ပြီးတို့ အရေးလို့အော်မိတော့ မော်ကွန်းထိန်းကပြောတယ်
 မင်းကျောင်းသားမဟုတ်တော့ဘူးတဲ့ ခွပ်ဒေါင်းမှန်ရင် ငါကျောင်းပြန်မလာနဲ့တော့တဲ့
 ပြီးရော့..။
လူလည်ကောင် ထ ကန်မိတော့ ရည်းစားကပြောတယ် ရှင်ယောက်ျားမဟုတ်ဘူးတဲ့
 မိန်ကလေးတစ်ယောက်ကို စာအုပ်တစ်အုတ်လောက်တန်ဖိုးမထားလို့တဲ့ ပြီးရော့..။
အလုပ်သမား အခွင့်အရေးပြောပြတော့ အလုပ်ရှင်းကပြောတယ် မင်းယို့ဒယားမဟုတ်ဘူးတဲ့
ဒို့နိုင်ငံမှာ ဒီမိုကရေးစီဆိုတာ စာရွက်ပေါ်ကနေ မြေကြီးပေါ်ရောက်အောင်
မလုပ်နိုင်သေးဘူးတဲ့ ပြီးရော့…
 
Type the rest of your post here.

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More