Thursday, June 19, 2014

Facebook လူမှုကွန်ရက် အချိန်ပိုင်းပြတ်တောက်မှုဖြစ်ပွား


                       ကမ္ဘာပေါ်တွင် လူသုံးအများဆုံးသော Social ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Facebook သည်
 မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံအများစုတွင် နာရီဝက်ခန့်သုံးစွဲ၍မရခဲ့ဘဲ ပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း
 နိုင်ငံတကာသတင်းဌာနများနှင့် ပြည်တွင်းရှိ အသုံးပြုသူများထံမှ သိရသည်။ ယခုပြတ်တောက်မှုမှာ မွန်းလွဲ ၂ နာရီ 
မိနစ် ၄၀ ခန့်မှ သုံးနာရီဝန်းကျင်အထိ ကြာမြင့်ခဲ့ပြီး ပြည်တွင်းရှိ Facebook သုံးစွဲသူများအားလုံး ယင်းသို့ ကြုံတွေ့
ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
           ‘‘အခုလိုဖြစ်တာက သူတို့ဆိုက်ကိုလာပြီး တိုက်ခိုက်တာမျိုးတွေရှိတဲ့အတွက် ဆာဗာခဏချိန်းလိုက်တာ။ ဒါမှ
မဟုတ် သူတို့မှာ တခြားပြင်စရာတစ်ခုခုရှိ လို့ ခဏဖြုတ်ချပေးလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ Facebook ကတော့
 ဘယ်လိုသတင်းထုတ်ပြန်မလဲတော့ မသိသေးဘူး’’ဟု ရန်ကုန်ုတိုင်းဒေသ ကြီး ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ 
ဦးမင်းဦးက ပြောသည်။
            နိုင်ငံတကာ သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Sky New HD က ယခုလိုဖြစ်ပွားခြင်းကို ထိုင်း၊ ဟောင်ကောင်
၊ ဩစတြေးလျ၊ ဂျပန်နှင့် ဟော်လန် နိုင်ငံတို့တွင် တစ်ပြိုင်တည်းဖြစ်ပွားခဲ့ကြောင်း ၎င်းတို့၏ တွေ့ရှိချက်ကို ဖော်ပြထားသည်။
Sky New HD ဝက်ဘ်ဆိုက်၏ ဖော်ပြချက်တွင် ယခုကဲ့သို့ Facebook Error ဖြစ်ပွားမှုကို ယခုနှစ် ဖေဖော်ဝါရီအတွင်း၌ အမေရိ
ကန်တွင်တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ယမန်နှစ်ကလည်း တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
            "အသုံးပြုသူတွေအနေနဲ့ Facebook ပေါ်ကို ပို့စ်တင်လို့မရဘဲ အချိန်အနည်းငယ်လောက် လိုင်းပြတ်တောက်
သွားခဲ့ပါတယ်၊ ကျွန်တော်တို့ အလျှင်အမြန်ပဲ လုပ်နိုင်ခဲ့ပါတယ်၊ အခုတော့ ရာနှုန်းပြည့် ပြန်လည်အသုံးပြုလို့ ရပါပြီ၊ အခုလို
 ဖြစ်သွားတဲ့အတွက် ကျွန်တော်တို့လည်း တောင်းပန်ပါတယ်" ဟု Facebook မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Email ဖြင့်
 ပြန်လည် ဖြေကြားခဲ့ကြောင်း TechCrunch တွင် ဖော်ပြထားသည်။အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မည်ကဲ့သို့ ဖြစ်ပွားခဲ့သည်ကို
 Facebookမှ အသေးစိတ် ဖြေကြားခဲ့ခြင်းမရှိဟု TechCrunch က ဆိုသည်။
 From / 7daydaily

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More