Wednesday, June 18, 2014

လ၀က တို့အတွက် ညောင်မြစ်တူး ပုတ်သင်ဥပေါ်



                 မြေပုံမြို့၌ ဘင်္ဂလီများအား နိုင်ငံသားစီစစ်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ
အောက်ပါဖြစ်ရပ်တစ်ခု တွေ့ရှိလာရသည် ။မာမောက်ကာဆိန်း(ခ) မောင်တင်အောင် ဆိုသည့်
ကုလားတွင်နိုင်ငံသားစီစစ်ရေး(ပန်းရောင်)ကဒ် ကိုင်ဆောင်ထားကြောင်းသိရှိရသည် ။
ထို မာမက်ကာဆိန်း၏ ဇနီးတွင် ကဒ်ပြား မီးထဲပါသွားသည်ဟုပြောသည် ။နံပတ်ကိုတော့ ပြောမပြနိုင် ။
 အသက် ၄၀ ခန့်ရှိသူတို့တွင် သားတစ်ဦးနှင့် သမီးတစ်ဦးရှိသည် ။
              မြေပုံရခိုင်တို့က သူ့အကြောင်းကောင်းကောင်းသိကြသည် ။မာမတ်ကာဆိန်း ၏ မိဘများသည် 
ဘင်္ဂလာဒေ့ရှ်မှ ၀င်ရောက်လာပြီးပေါက်တောမြို့နယ် ပုဏ္ဏားကြီးမှတဆင့် မြေပုံမြို့သို့ ရောက်ရှိလာသည့် 
ကုလားလင်မယားဖြစ်ကြသည် ။မာမက်ကာဆိန်း ကိုမွေးဖွားပြီး စီးပွားရေး အဆင်မပြေမှုကြောင့် မကြာခင် 
ဘင်္ဂလာဒေ့ရှ်သို့ ပြန်လည်ထွက်သွားကြပြီး ၊ မာမတ်ကာဆိန်းကို မြေပုံမြို့ရှိ သူ့အမေ၏မောင် ဇော်တာမောက်
(ခ)ဖိုးလှ နှင့် ဘာနု(ခ)ကာလာပုယေ ထံတွင် အပ်နှံထားခဲ့ကြသည် ။
              မာမောက်ကာဆိန်း၏ အဖေ ဘင်္ဂလာဒေ့ရှ်တွင် သေဆုံးသွား၍ အမေ ကမြေပုံမြို့သို့ခေတ္တပြန်ရောက်
လာကာ ဘင်္ဂလာဒေ့ရှ်သို့ ပြန်သွားပြီးနောက်အိမ်ထောင်ကျလျက် အခုထိ တက်ကနဖ်တွင်နေထိုင်လျက်ရှိကြောင်း
မြေပုံမြို့သားများ သိရှိကြသည် ။မာမောက်ကာဆိန်း၏ နိုင်ငံသားစီစစ်ရေးကပ်ပြားတွင် အဖေ အမေ နေရာတွင် 
ဖိုးလှ နှင့် ဘာနူ ဟု လိမ်လည်ထည့်သွင်းထားကြောင်းတွေ့ရှိရသည် ။
              ယခုနိုင်ငံသားစီစစ်ရေးဆောင်ရွက်နေသည့် မြို့နယ် လ၀က များအား သိမီလိုက်သည့် မြေပုံမြို့ခံများ
က လိမ်လည်ရယူထားသော ကဒ်ပြားဖြစ်ကြောင်း အထောက်အထားများဖြင့် ပြောပြသော်လည်း တာဝန်ရှိသူတို့
က မာမောက်ကာဆိန်းသည် မည်သိုကပင်ဆိုစေ နိုင်ငံသားကဒ်ပြားရရှိပြီးသူဖြစ်၍သူ့မိသားစု ၄ ယောက်စလုံးအား
 နိုင်ငံသားပေးရမည်ဟု ဆိုလာကြသဖြင့် ၀န်ထမ်းများ နှင့် မြို့ခံစီစစ်ရေးအဖွဲ့ဝင်များအကြား မကြေလည်မှု ဖြစ်
ပေါ်လျက်ရှိကြောင်းသိရှိရသည် ။
( Than Tun Than )

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More