Thursday, June 19, 2014

ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် Beats နားကြပ်များ အသုံးပြု ခြင်းကို ဖီဖာတားမြစ်


  
                   ဘရာဇီးလ် အကျော်အမော် နေမာ အပါအဝင် ထိပ်တန်း ဘောလုံး ကစားသမားအချို့ တပ်ဆင်
အသုံးပြုကြသည့် Beats by Dr.Dre နားကြပ်များကို ကွင်းအတွင်း အသုံးမပြုရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA 
က တားမြစ်လိုက်သည်။   ယခုကဲ့သို့ Beats နားကြပ်များ အသုံးမပြုရန် တားမြစ်ခြင်းသည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို 
Sony က စပွန်ဆာပေးထားသည့် အတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။   ယခုကဲ့သို့ ကမ္ဘာ့အားကစားပြိုင်ပွဲများ
တွင် Beats နားကြပ်များ အသုံးပြုခွင့် တားမြစ်ခြင်းသည် ပထမဦးဆုံး အကြိမ် မဟုတ်ပေ။ ပြီးခဲ့သည့် နွေရာသီက
 ပြုလုပ်ခဲ့သည့် London Olympics တွင် ကမ္ဘာ့ထိပ်တန်း အားကစားသမားများထံသို့ Beats က နားကြပ်ထောင်
ပေါင်းများစွာ အခမဲ့ ပေးပို့ခဲ့သော်လည်း ပြိုင်ပွဲစပွန်ဆာမှာ Beats မဟုတ်သည့် အတွက် ကမ္ဘာ့အိုလံပစ်ကော်မ
တီက တားမြစ်ခဲ့ဖူးသည်။ ထို့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘောလုံး ကစားသမားကဲ့သို့ပင် အိုလံပစ် ကစားသမား
များကို စပွန်ဆာပေးထားသည့် နားကြပ်များ တပ်ဆင် အသုံးပြုခြင်းကိုလည်း ထိုစဉ်က ပိတ်ပင်တားမြစ်ခဲ့သည်။ 
  ပြီးခဲ့သည့်လက Apple သည် Beats ကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီးနောက် အဆိုပါ Beats 
အမှတ်တံဆိပ်ကို ဂီတနှင့် အားကစားလောကတွင် ရွေးချယ်စရာတစ်ခု ဖြစ်လာလိမ့်မည်ဟု Apple က ပြောကြား
ခဲ့သည်။ 
_Ref: myanmarinternet

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More