Monday, June 23, 2014

ဘရာဇီး အသာရစေရန် FIFA လှည့်ကွက်များ အသုံးပြုထားဟု နယ်သာလန်နည်းပြ ဗန်ဂါးလ်စွပ်စွဲ


             ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)သည် ပွဲစဉ်ရေးဆွဲမှုတွင် အိမ်ရှင် ဘရာဇီးအသင်း အသာရစေမည့် 
လှည့်ကွက်များ အသုံးပြုထားကြောင်း နယ်သာလန်နည်းပြ လူးဝစ်ဗန်ဂါးလ်က စွပ်စွဲပြောကြားခဲ့သည်။
အုပ်စု(A)မှ အိမ်ရှင်ဘရာဇီးသည် အုပ်စု(B)မှ နယ်သာလန်ထက် ယခင်အုပ်စု(၂)ပွဲလုံး စောကစားခဲ့သော်လည်း
 အုပ်စုအပိတ် ပွဲစဉ်တွင်မူ နယ်သာလန်ထက် နာရီအနည်းငယ် နောက်ကျပြီးမှ ယှဉ်ပြိုင်ရန် FIFAက ပွဲစဉ်ရေးဆွဲ
ထားသည်။
           အဆိုပါအခြေအနေကြောင့် ဘရာဇီးသည် အုပ်စု(B)၏ အနေအထားကို စောင့်ကြည့်ပြီး နောက်တစ်ဆင့်
တက်ရန်အတွက် ၎င်းတို့စိတ်ကြိုက် ဆုံးဖြတ် ခြယ်လှယ်နိုင်မည့် အခြေအနေ ဖြစ်လာသည်။ နယ်သာလန်နှင့် ဘရာဇီး
တို့သည် ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်းများ စာရင်း၌ ပါဝင်နေပြီး (၁၆)သင်း ရှုံးထွက်အဆင့်
တွင် မတွေ့ဆုံဖြစ်ရန် နှစ်သင်းလုံးက လိုလားနေသည်။
            အုပ်စုနောက်ဆုံး ပွဲစဉ်များတွင် နယ်သာလန်က ချီလီနှင့် အုပ်စုဗိုလ် နေရာအတွက် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး
 ဘရာဇီးကမူ နယ်သာလန်နှင့် ပွဲအပြီးတွင်မှ ကင်မရွန်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ကမ္ဘာ့ဖလား အပြီးတွင် မန်ချက်စ
တာ ယူနိုက်တက် အသင်းကို တာဝန်ယူ ကိုင်တွယ်ရန် ကြိုတင်သဘောတူညီမှု ရရှိထားပြီးဖြစ်သည့် ဗန်ဂါးလ်က FIFA 
အနေဖြင့် ပွဲစဉ်ရေးဆွဲမှုတွင် Fair Playဆိုသော ဆောင်ပုဒ်ကို လှည့်ကွက်များဖြင့် ရှောင်လွှဲထားခြင်းဟု ပြောကြားခဲ့သည်။
“FIFAက ဘောလုံးပွဲတစ်ပွဲ မစခင် သူတို့ရဲ့ Fair Play ဆောင်ပုဒ်ကို ကြေညာလေ့ရှိတယ်။ ပြီးရင် ခုလိုမျိုး လှည့်ကွက်တွေ
ကို သုံးတယ်။ ဒါမျိုးကတော့ လုံးဝ မကောင်းဘူးဆိုတာ သေချာပါတယ်”ဟု ဗန်ဂါးလ်က ဆိုသည်။
            ၎င်းက “ကျွန်တော်တို့ကတော့ ချီလီနဲ့ပွဲမှာ အနိုင်ရဖို့ အာရုံစိုက်သွားပါမယ်။ ဒီရလဒ်ဟာ ဘရာဇီးက ကျွန်တော်တို့
ထက် နောက်ကျပြီးမှ ကစားရတဲ့အပေါ် သက်ရောက်မှု ရှိ၊ မရှိ တွေးမနေချင်တော့ဘူး။ ဘရာဇီးဟာ သူတို့ရဲ့ အားကစား 
တာဝန်ကို ကျေပွန်အောင် ကြိုးစားမယ်လို့ပဲ ကျွန်တော် ယူဆထားပါတယ်။ ဒါပေမဲ့ ခုလို အခြေအနေမျိုးတွေနဲ့ ပတ်သက်ရင် 
ဆွေးနွေးစရာတွေက အမြဲတမ်း ရှိနေတယ်။ ဒီတော့ FIFAက ဘာလုပ်နေသလဲ။ ဒါက မျှတတဲ့ မေးခွန်းတစ်ခုလို့ ကျွန်တော်
ထင်ပါတယ်”ဟုလည်း ဆော်ပေါ်လိုမြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
                ဗန်ဂါးလ်က စပိန်၊ ဩစတြေးလျတို့နှင့် ပွဲများတွင် ပင်နယ်တီပေးခဲ့ရသည့် အခြေအနေများမှာ မျှတမှု မရှိကြောင်း
 ဝေဖန်ခဲ့ပြီး ချီလီနှင့်ပွဲတွင် ကမ္ဘာ့ဖလား၏ လူသစ်တန်း ဒိုင်လူကြီး ဘာကာရီ ဂက်ဆာမားက အကောင်းဆုံး တာဝန်ယူနိုင်ရန်
 မျှော်လင့်ကြောင်းလည်း ဆိုသည်။ အသက်(၃၅)နှစ်ရှိ ဂမ်ဘီယာ ဒိုင်လူကြီးသည် ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်ရပ်ကို ပထမဆုံးအ
ကြိမ် တာဝန်ယူခွင့် ရလာသူ ဖြစ်သည်။
            “အရင်တုန်းက ဒီဒိုင်လူကြီး တာဝန်ယူခဲ့တဲ့ ပွဲစဉ်တွေကို ကျွန်တော် တစ်ခါမှ မကြုံခဲ့ဖူးဘူး။ FIFAက အကောင်းဆုံး 
ဒိုင်တွေကို ရွေးထားတာလို့ပဲ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့ ပေးခဲ့ရတဲ့ ပင်နယ်တီ နှစ်လုံးဟာ မျှတတဲ့ အခြေအနေ 
မဟုတ်ပါဘူး။ ဒီပြိုင်ပွဲမှာ ဘယ်နိုင်ငံ အသင်းမှာ ဒီလိုမျိုး မကြုံခဲ့ဘူး။ ဒါကြောင့် ဒီတစ်ခါ တာဝန်ယူမယ့် ဒိုင်လူကြီးကတော့ ပို
ကောင်းတဲ့ အရည်အသွေး ရှိပါစေလို့ မျှော်လင့်ပါတယ်”ဟုလည်း ဗန်ဂါးလ်က ပြောကြားသွားသည်။

_Ref: 7daydaily

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More