Sunday, June 8, 2014

စည်းကမ်းထိန်းသိမ်းရေးသံဃာတော်များအဖွဲ့မှ ဆရာတော်အရှင်ကေသရတစ်ကိုယ်တော် ဆန္ဒပြ



ဘူးသီးတောင်၊၈၊ ဇွန်လ ၊ ၂၀၁၄၊ Coral Arakan News
ကိုအောင်(Hyacinth)
            မောင်တောမြို့သို့ ရောက်ရှိနေသောစည်းကမ်းထိန်းသိမ်းရေးသံဃာတော်များအဖွဲ့မှ အတွင်းရေး
မှူးဆရာတော် အရှင်ကေသရသည် ယနေ့ နေ့လည် (၁၂း၀၀)နာရီတွင် မောင်တောမြို့မှ စတင်၍ ဘူးသီး
တောင်မြို့အထိ (၁၆)မိုင်ခရီးကိုခြေထောက်ဗလာ၊ ဖိနပ်မစီးပဲတစ်ကိုယ်တော် လမ်းလျှောက်၍ ဆန္ဒပြ ထွက်
ခွာလာခဲ့ရဘူးသီးတောင်မြို့သို့ ညနေ (၅း၃၀)ခန့်တွင် ရောက်ရှိလာခဲ့သည်။
         ဆရာတော် တစ်ပါးတည်းလမ်းလျှောက်ဆန္ဒပြ ထွက်ခွာလာကြောင်း ကြားသိရသည့်အတွက် ဘူးသီး
တောင်မြို့မှ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ၊ စိတ်ဝင်စားသူ ပြည်သူများကဘူးသီးတောင် - မောင်တော
လမ်းဘူးသီးတောင်မြို့နယ်အပိုင် တောင်ခေါင်းကြီးအနီးတွင် စောင့်ကြိုအားပေးခဲ့ကြသည်။
            ဘူးသီးတောင်မြို့သို့ ၀င်ရောက်လာချိန်တွင် မြို့အ၀င်မှ စောင့်ကြိုအားပေးသူများပြားလာခဲ့ပြီးအင်အား
တစ်ရာခန့်ရှိခဲ့သည်။ လမ်းဘေးဝဲယာ နေအိမ်များမှလည်းစောင့်ကြိုအားပေးခဲ့ပြီးရေသန့်ဘူး၊ အချိုရည်များဆက်
ကပ်လှူဒါန်းသူများပြားခဲ့သည်။ အေးစေတီကျောင်းတိုက်အထိနောက်မှလိုက်ပါအားပေးသူများခဲ့ပြီး ရဲတပ်ဖွဲ့ဝင်
များက လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးခဲ့သည်။
           ဆရာတော် ခေတ္တတည်းခိုမည့် ဘူးသီးတောင်မြို့ အေးစေတီကျောင်းသို့ ညနေ (၅း၃၀)တွင် ရောက်ရှိပြီး
အားပေးသူတကာတကာမများအားကျေးဇူးတင်စကားမိန့်ကြားခဲ့သည်။ တစ်ပါးတည်းလမ်းလျှောက် ဆန္ဒထုတ်ဖေါ်
 ဖြစ်ပုံနှင့် ပတ်သက်၍ ဆရာတော်က `မောင်တောမြို့ အရေးအခင်းဖြစ်ခဲ့တဲ့နေရာတွေကိုဒေသန္တရအခြေအနေလေ့
လာဖို့အတွက် အဓိကလာခြင်းဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံး ဖြစ်ခဲ့တဲ့ နယ်စပ်ခြံစည်းရိုးအထိတော့ မရောက်ခဲ့နိုင်
ပါဘူး။ တကယ်ဆိုရင် အခုလိုနယ်စပ်ဒေသမှာ လုံခြုံရေးတာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်ကရော၊ ရဲတပ်ဖွဲ့ဝင်
တွေပါ သေကြေပျက်စီးတဲ့အထိတိုက်ခိုက်ခံနေရတယ်၊ တရားဥပဒေစိုးမိုးမှု အားနည်းတယ်။ ဖြစ်ခဲ့တဲ့ အခြေအနေတွေ 
အားလုံးဟာနယ်စပ်လုံခြုံရေး၊ ရေပိုင်နက် လုံခြုံရေးအားနည်းလို့ ဖြစ်ခဲ့တာတွေပဲဖြစ်တယ်။ အခုဆိုရင်မောင်တောဘူး
သီးတောင်က ပြည်သူတွေရဲ့ အခြေအနေကို ကြည့်ရင် စိုးရိမ်စရာအခြေအနေမှာနေထိုင်နေရတာကိုမြင်နေရတဲ့အတွက်
ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ထိထိရောက်ရောက် အကောင်အထည်ဖေါ် ၏ပေးနိုင်ဖို့အတွက်
 တောင်းဆိုတဲ့အနေနှင့် ဆန္ဒပြရခြင်းဖြစ်ပါတယ်´ ဟုဆရာတော်ကရှင်းပြပါသည်။ဆရာတော်သည် ယနေ့ဘူးသီးတောင်
မြို့ အေးစေတီကျောင်းတိုက်တွင် ကျိန်းစက်ရပ်နားမည်ဖြစ်ပြီးနက်ဖြန်ခါ စစ်တွေမြို့သို့ ပြန်လည်ကြွရောက်မည်ဖြစ်သည်။
ကိုအောင်(Hyacinth),

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More