Monday, June 9, 2014

ပါကစ္စတန်နိုင်ငံကရာချိမြို့ နိုင်ငံတကာလေဆိပ်ကို စစ်သွေးကြွများဝင်ရောက်တိုက်ခိုက်၍ လူ ၂၃ ဦးသေဆုံး

အစ္စလာမ်မာဘတ်- သေနတ်သမားများသည် ဇွန်လ ၈ ရက်တွင် ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးလေ
ဆိပ်တစ်ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်သူ ၁၀ ဦးအပါအဝင်အနည်းဆုံးလူ ၂၃ ဦးသေဆုံးခဲ့သည်ဟု
မီဒီယာများကဖော်ပြသည်။ပါကစ္စတန်ဝန်ကြီးချုပ်နာဝပ်ရှာရစ်ဖ်အစိုးရသည် နှစ်ကြာမြင့်နေပြီဖြစ်သော နိုင်ငံတွင်း
ဆူပူအကြမ်းဖက်မှုကို အဆုံးသတ်နိုင်ရန်အတွက် ပါကစ္စတန်တာလီဘန်စစ်သွေးကြွများနှင့် စေ့စပ်ညှိနှိုင်းမှု များ
ပြုလုပ်ရန် ကြိုးပမ်းနေစဉ် ကရာချိမြို့ဂျင်းနားနိုင်ငံတကာလေဆိပ်၌ တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်သည်။
ပစ်ခတ်သံများကိုအချိန်အတော်ကြာအောင် ကြားနေခဲ့ရပြီး လေဆိပ်ထဲ၌ မီးများတောက်လောင်နေသည်ဟု
 ရုပ်သံလိုင်းများကဖော်ပြသည်။ ဇွန်လ ၉ ရက် အရုဏ်တက်ချိန်တွင် ဂျင်းနားနိုင်ငံတကာ လေဆိပ်ကို ပြန်လည်
ရယူနိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်ကပြောသည်။ သေနတ်သမားများအားလုံးကိုလည်း ချေမှုန်းနိုင်ခဲ့သည်ဟု
 ဗိုလ်ချုပ်အာဆင်းဘက်ဝါပြောကြားသည်ကို Dawn သတင်းစာကကိုးကားဖော်ပြသည်။
           ဇွန်လ ၈ ရက်နေ့တိုက်ခိုက်မှုကို မည်သည့်အဖွဲ့မျှတာဝန်ယူပြောကြားခြင်းမရှိသော်လည်း ပါကစ္စတန်တာ
လီဘန်စစ်သွေးကြွများသည် အစိုးရကိုဖြုတ်ချ၍ ပြင်းထန်သောအစ္စလာမ်မစ်ဥပဒေ ပြဋ္ဌာန်းရန်ကြိုးပမ်းနေသည်။
ပါကစ္စတန်အစိုးရနှင့် တာလီဘန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ယခုအချိန်ထိ  မအောင်မြင်သေးပေ။

Ref: Reuters
7 Day news daily

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More