Monday, June 23, 2014

ထူးအိမ်သင်ကွယ်လွန်ခြင်း (၁၀) နှစ်ပြည့် အမှတ်တရဖျော်ဖြေပွဲ ပြုလုပ်မည်


                     တေးသံရှင်ထူးအိမ်သင် ကွယ်လွန်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သြဂုတ်လ ၁၄ 
ရက်တွင် အမှတ်တရဖျော် ဖြေပွဲတစ်ခုပြုလုပ်ရန် အစီအစဉ် ရှိကြောင်း တေးရေးမြင့်မိုးအောင် ကပြောသည်။
‘‘ထူးအိမ်သင်ဆယ်နှစ်ပြည့် အမှတ်တရအနေနဲ့ Live Show တစ်ခုလုပ်မယ်။ နောက်ပြီး သူ ရေးခဲ့တဲ့သီချင်းတွေ
ကိုစုပြီး အမှတ်တရသီချင်းစာအုပ်လုပ် မယ်။ နောက်ပြီးသူဆုံးတုန်းက အမှတ်တရစာအုပ်တစ်အုပ်ရှိ တယ်။ ‘‘အစိမ်း
ရင့်ရောင်ရက်စွဲ များ ’’ဆိုတဲ့ စာအုပ်၊အဲဒါလည်း ပြန်ထုတ်ဖြစ်မယ်။ နောက်ပြီး ဆရာသိမ်းတင်သားရေးထားတဲ့ စာ
အုပ်လည်း ထုတ်ဖို့စီစဉ်နေ တယ်’’ဟု မြင့်မိုးအောင်ကပြော သည်။ အမှတ်တရအစီအစဉ်များ ကို အတိအကျမပြော
နိုင်သေး သော်လည်း ဖျော်ဖြေပွဲတွင် အိုင်း ရင်းခရော့စ်အဖွဲ့၊ ဇော်ဝင်းထွဋ် စသည့် နာမည်ကြီးအဆိုတော် များပါဝင်
ကူညီရန် အစီအစဉ်ရှိ ပြီး  စိုင်းစိုင်းခမ်းလှိုင်လည်း ပါ ၀င်အားဖြည့်ပေးဖွယ်ရှိကြောင်း ၎င်းကပြောသည်။
            ‘‘သူ့မိသားစုကလည်း အမှတ်တရပွဲလေးလုပ်ချင်တယ် ဆိုတော့ သူ့မိသားစုအတွက် လုပ် ပေးဖြစ်တာပါ။ 
ဒီပွဲကရတဲ့ ၂၅ ရာခိုင်နှုန်းကို ပရဟိတအလှူ အနေနဲ့ လှူမယ့်အစီအစဉ်လည်း ပါတယ်’’ဟု တေးရေးမြင့်မိုး အောင်
ကပြောသည်။ ယင်းဖျော်ဖြေပွဲကို ရုပ်သံ လိုင်းများမှ တိုက်ရိုက်ထုတ်လွှင့် ရန် အစီအစဉ်မရှိဘဲ MRTV-4 တွင်၎င်းစီစဉ်
ထုတ်လွှင့်သော Tribute အစီအစဉ်၌ ပြန်လည် ထုတ်လွှင့်ရန်အစီအစဉ်ရှိကြောင်း၎င်းကပြောသည်။
            ‘Tribute ကစတော့ မစ သေးဘူး။ စမယ်ဆိုရင်တောင် ထူးအိမ်သင်ပွဲပြီးတဲ့အချိန် လောက်မှ စမယ်။ တင်ဇာမော်ပွဲ
 နဲ့ စဖြစ်မလား၊ ထူးအိမ်သင်ပွဲနဲ့ စဖြစ်မလား ဘယ်ပွဲနဲ့ စဖြစ်မလဲ တော့ မသိဘူး’’ဟု မြင့်မိုးအောင် ကပြောသည်။
ထူးအိမ်သင်၏ အမှတ်တရ သီချင်းစာအုပ်အတွက် ဒီဇိုင်း မျိုးဆွေသန်းကလည်း  ထူးအိမ် သင်၏ပုံတူရေးဆွဲထားသည့်ပုံ 
များ၊ သီချင်းများအတွက် သရုပ် ဖော်ပုံများ ၎င်းထံသို့ပို့ပေးရန် ပရိသတ်များအား ဖိတ်ခေါ်ထား သည်။
From / 7daydaily

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More