Wednesday, June 25, 2014

''ရိုဟင်ဂျာ'' ဆိုသည့် လူမျိုးနာမည်လိမ်ဖြစ်တည်ရေး လှုပ်ရှားမှုခေါင်းဆောင် ဟုသံသဖြင့်ဖမ်းဆီးခံရသူ စစ်တွေသက္ကယ်ပြင်မှ ဘင်္ဂလီဦးကျော်မြင့်တို့အုပ်စုပြန်လွတ်ပြီ


စစ်တွေ၊ ဇွန် ၂၅
         ၂၀၁၃ ခုနှစ်၊ မေလအတွင်းက စစ်တွေမြို့နယ်အတွင်းရှိ ဘင်္ဂလီများအား ဆွဲတင်စစ်ဆောင်ရွက်ရာတွင် 
စာရင်းကောက်အဖွဲ့ဝင်များအား ခဲများဖြင့်ပစ်ပေါက်ခြင်း၊ တုတ်များဖြင့်ရိုက်နှက်ခြင်းများကြောင့် အဖွဲ့ ခေါင်း 
ဆောင် လက၀ ဦးစီးမှူး ဦးရန်အောင်မြင့်၏ လက်ကိုင်ဖုန်းကို လူယုခံရသည့်အပြင် ဦးစိုင်းမြတ်သူ၊ တပ်ကြပ် 
မင်းအောင်၊ အရပ်သားကိုယ်စားလှယ် ဦးထွန်းလှအောင်တို့မှာ ပေါက်ပြဲ ၊ခေါင်းကွဲဒဏ်များရရှိခဲ့ သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကိုယ်ထိလက်ရောက် စော်ကားသူများနှင့် ''ရိုဟင်ဂျာ'' ဆိုသည့် လူမျိုးနာမည်လိမ်
ဖြစ်တည်ရေး လှုပ်ရှားမှုခေါင်းဆောင် ဟု ယူဆရသူ ဘင်္ဂလီ ဦးကျော်မြင့်(ခ) မိုဟာမတ်ဆော်ဒီ၊ ဦးလှမြင့်(ခ) 
အီဆုတို့အား ဖမ်းဆီးခဲ့ကြောင်းသိရသည်။
          သို့သော်လည်း ဆော်ဘီရာမတ်နှင့် ဆာလေအာမတ်တို့ နှစ်ဦးအား ပြစ်မှုပုဒ်မ ၃၃၂/၁၄၄ အရ ထောင်ဒဏ် 
တစ်နှစ်စီချမှတ်ခဲ့ကြောင်း၊ မာမတ်ဟာရှိန်း၊ မဆော်လေမာတို့ နှစ်ဦးအား ပြစ်မှုပုဒ်မ ၁၄၇ အရ ထောင်ဒဏ် ၂ နှစ်စီ
နှင့် ပြစ်မှုပုဒ်မ ၃၃၂ အရ ထောင်ဒဏ် ၁ နှစ်နှင့် ၆ စီ သီးခြားကျခံစေရန် ချမှတ်ခဲ့ကြောင်းသိရသည်။သို့ရာတွင်
 ဦးကျော်မြင့်နှင့် ဦးလှမြင့်တို့အား ပြစ်မှုမရှိဟုထင်ရှားသဖြင့် စစ်တွေခရိုင်တရားရုံးမှ ဇွန်လ ၂၄ ရက်နေ့က တရား
သေ လွှတ်လိုက်ကြောင်းသိရှိရပါသည်။
Ref : RSV

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More