Saturday, June 21, 2014

ဥရုဂွေး၏ ကမ္ဘာ့ဖလား မျှော်လင့်ချက်ကို ရှင်သန်စေခဲ့သည့် ကန့်လန့်ကာနောက်ကွယ်မှ သူရဲကောင်း


 ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် တက်ရောက်ရေး မျှော်လင့်ချက်ကို ဆက်လက်ရှင်သန်စေခဲ့သည့်နောက် 
လူးဝစ်ဆွာရက်ဇ်သည် ဥရုဂွေး ဘောလုံးပရိသတ်များ၏ သူရဲကောင်း ဖြစ်လာသော်လည်း ယင်း၏ နောက်ကွယ်
တွင် နိုင်ငံအတွက် ထဲထဲဝင်ဝင် အနစ်နာခံခဲ့သော သူရဲကောင်း တစ်ဦး ရှိနေခဲ့သေးသည်။
            ဥရုဂွေး အသင်း၏ ကာယကုထုံးဆရာ ဝေါ်လ်တာ ဖာရိုင်ရာသည် ကင်ဆာရောဂါ ခံစားနေရသည့်အတွက် 
၎င်း၏ တာဝန်များကို စွန့်ခွာ အနားယူပြီး ဆေးဝါးကုသမှု ခံယူနေရသူ ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သော (၁)လ
က ဆွာရက်ဇ် အနေဖြင့် ဒူးဒဏ်ရာ ခွဲစိတ်မှု ခံယူခဲ့ရပြီး ကမ္ဘာ့ဖလားတွင် ပါဝင်ကစားရန် မရေမရာ ဖြစ်လာချိန်၌ 
ဖာရိုင်ရာသည် ၎င်း၏ ကုသမှု လုပ်ငန်းစဉ် အားလုံးကို ရပ်ဆိုင်းထားပြီး လက်ရွေးစင် အသင်း၏ တိုက်စစ်မှူးကို အချိန်
ပြည့် အကူအညီပေးရန် ဆုံးဖြတ်ခဲ့သည်။
            ဖာရိုင်ရာ၏ ကျန်းမာရေးအတွက် စွန့်စားမှု ကြီးမားလွန်းသည့် အခြေအနေကြောင့် အသင်းက ယင်းဆုံးဖြတ်
ချက်ကို အားမပေးခဲ့သည့်တိုင် ဖာရိုင်ရာ ကိုယ်တိုင်ကမူ ကင်ဆာကုသမှု လုပ်ငန်းစဉ် အားလုံးကို ဘေးဖယ်ထားခဲ့သည်။
 ၎င်းသည် ဒဏ်ရာမှ နာလန်ထလာပြီးနောက် ဆွာရက်ဇ် အမြန်ဆုံး ပြန်လည် လေ့ကျင့်နိုင်ရန်၊ ကစားနိုင်ရန်သာ အာရုံစူး
စိုက် သင်ကြားပေးနေခဲ့သည်။
            ထို့ကြောင့်လည်း အုပ်စုတက်ရေး မျှော်လင့်ချက်ကို အဆုံးအဖြတ်ပေးမည့် အင်္ဂလန်နှင့် ပွဲစဉ်တွင် ဆွာရက်ဇ်က
 ပါဝင်ကစားနိုင်ပြီး ကိုယ်တိုင်(၂)ဂိုးသွင်းကာ အသင်းအနိုင်ရအောင် ကူညီပေးခဲ့သည်။ ထိုပွဲတွင် ပထမဂိုး သွင်းယူပြီးချိန်၌
 လီဗာပူးလ် တိုက်စစ်မှူးသည် ကွင်းဘေးရှိ ဖာရိုင်ရာကို ပြေးဖက်ရင်း အောင်ပွဲခံကာ ကျေးဇူးတင်ကြောင်း ပြသခဲ့သည်။
 အသက်(၆၃)နှစ်ရှိ ဖာရိုင်ရာက “နည်းပြအဖွဲ့က ဆွာရက်ဇ်ကို ကျွန်တော်တာဝန်ယူ လေ့ကျင့်ပေးဖို့ ယုံယုံကြည်ကြည် အပ်
နှံခဲ့တာနဲ့တင် ကျွန်တော် ဝမ်းသာလှပါပြီ”ဟု ပီတိအပြည့်ဖြင့် ဖွင့်ဟခဲ့သည်။
             ဆွာရက်ဇ်ကိုယ်တိုင်ကလည်း ကမ္ဘာ့ဖလားတွင် မိမိ ခြေစွမ်းပြ ကစားနိုင်ရန်အတွက် ဖာရိုင်ရာက အဓိက ကျေးဇူး
ရှင်ဖြစ်ကြောင်း ညွှန်းဆိုခဲ့သည်။ “ကျွန်တော့်ကို အားပေးကူညီခဲ့တဲ့ သူတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဖာရိုင်ရာသာ မရှိခဲ့
ဘူးဆိုရင် ကျွန်တော် ကမ္ဘာ့ဖလားမှာ ကစားနိုင်မှာ မဟုတ်ပါဘူး။ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းရင်း သူနဲ့အတူ ကျွန်တော်
 ခဏခဏ ငိုကြွေးခဲ့ဖူးတယ်။ သူဟာ တစ်ချိန်လုံး ကျွန်တော့်ကို အကူအညီ ပေးနေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံခဲ့
တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်”ဟု ဆွာရက်ဇ်က ပြောကြားသွားသည်။

Ref: 7daydaily

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More