Monday, June 30, 2014

ဒိုင်ဗင်သမားအဖြစ် စွပ်စွဲခံနေရသည့် နယ်သာလန် အသင်းဖော် ရော်ဘင်ကို ဂိုးသမား ဆီလက်ဆန်ကာကွယ်


             အာဂျန်ရော်ဘင်ကို ဟန်ဆောင်လှဲချသူ ဒိုင်ဗင်သမား တစ်ဦးအဖြစ် စွပ်စွဲမှုများအား နယ်သာလန် ဂိုးသမား
 ဂျက်စ်ပါ ဆီလက်ဆန်က ငြင်းဆန်ပြီး အသင်းဖော်ဘက်မှ ကာကွယ်ရပ်တည်ခဲ့သည်။ နယ်သာလန်က မက္ကဆီကိုအား
 (၂-၁)ဖြင့် အနိုင်ရသည့် ပွဲစဉ်တွင် ရော်ဘင်သည် နောက်ဆုံးမိနစ်ပိုင်း၌ ရာဖေးလ်မားကွက်ဇ်၏ ဖျက်ထုတ်မှုကြောင့် 
လဲကျပြီး ပင်နယ်တီ ရရှိခဲ့သည်။ ယင်းပင်နယ်တီကို နယ်သာလန် တိုက်စစ်မှူး ကလက်စ်ဂျန် ဟန်တဲလားက အသင်း
၏ အနိုင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။
            မက္ကဆီကိုနည်းပြ မီဂွယ် ဟာရဲရာက ရော်ဘင်သည် ယခုပွဲတွင် သုံးကြိမ်တိတိ ဒိုင်ဗင်ထိုး ဟန်ဆောင်လှဲချခဲ့
ကြောင်း စွပ်စွဲ ဝေဖန်ခဲ့သော်လည်း ဆီလက်ဆန်ကမူ မိမိ၏ အသင်းဖော်သည် အလွယ်တကူ လဲကျသွားလေ့ ရှိသူမ
ဟုတ်ကြောင်း တုံ့ပြန် ပြောကြားခဲ့သည်။
            “ရော်ဘင်က အလွယ်တကူ လဲကျသွားတတ်တဲ့ ကစားသမား မဟုတ်ပါဘူး။ တကယ်ဆိုရင် ပထမပိုင်း က
တည်းက သူ့ကို မက္ကဆီကိုက လူချကစားခဲ့ပြီး ကျွန်တော်တို့ ပင်နယ်တီ ရခဲ့သင့်ပါတယ်။ ကျွန်တော် အဲဒီဖြစ်ရပ်ကို 
သေချာပြန် မကြည့်ရသေးဘူး။ ဒါပေမဲ့ ပင်နယ်တီ ရခဲ့သင့်တယ်လို့ ထင်ပါတယ်။ တကယ်လို့ ဒါဟာ ပင်နယ်တီပါလို့ 
ရော်ဘင်က ထုတ်ပြောထားတယ်ဆိုရင် သူပြောတာကို ကျွန်တော် ယုံတယ်”ဟု ဆီလက်ဆန်က ဆိုသည်။ ရော်ဘင်က
 နောက်ဆုံးမိနစ် ပင်နယ်တီမှာ အမှန်တကယ် ထိုက်တန်ကြောင်း ပြောကြားထားသော်လည်း ပထမပိုင်းကမူ တစ်ကြိမ်
 ဟန်ဆောင်လှဲချခဲ့ကြောင်း ဝန်ခံထားသည်။
           ယခုပွဲတွင် အရန်တိုက်စစ်မှူး ဟန်တဲလားက ဂိုးသွင်းယူနိုင်ခဲ့ပြီး နယ်သာလန်ကို ကွာတားဖိုင်နယ်တက်အောင် 
ကူညီပေးခဲ့သည့်နောက် ဆီလက်ဆန်က အသင်း၏ အရန်အင်အား တောင့်တင်းမှုကိုလည်း ချီးကျူးခဲ့သည်။ ၎င်းက “
ကျွန်တော်တို့ ရှုံးနေတဲ့ တစ်လျှောက်လုံး ယုံကြည်မှု မပျက်ပါဘူး။ တစ်ဂိုးပြန်ချေလိုက်ရင် သေချာပေါက် နိုင်အောင် က
စားနိုင်တော့မယ်လို့ ခံစားမိနေခဲ့တယ်။ အသင်းမှာက တောင့်တင်းတဲ့ အရန်အင်အား ရှိတယ်လေ။ ကစားသမားတိုင်းက
 ပွဲမှာ ပါဝင်ကစားဖို့ နိုးကြား တက်ကြွနေကြတယ်။ ချီလီနဲ့ပွဲမှာ လီရွိုင်ဖား၊ ဩစတြေးလျနဲ့ ပွဲမှာတော့ မမ်ဖစ်ဒီပေတို့လို 
အရန်ကစားသမားတွေက ဂိုးတွေသွင်းပြခဲ့တယ်။ နယ်သာလန်ဟာ တကယ်တောင့်တင်းတဲ့ အသင်းကောင်း တစ်ခုကို 
စုဖွဲ့ပိုင်ဆိုင်ထားတာပါ”ဟုလည်း ပြောကြားသွားသည်။

_Ref: 7daydaily

0 ထင်မြင်ချက်ပေးရန်:

Twitter Delicious Facebook Digg Stumbleupon Favorites More